အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များကို တပ်မတော်တွင် အရည် အချင်းအလိုက် ပြန်လည် ခန့်အပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။
Monday, 31 March 2014
ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမ ဆုံး တွေ့ဖူး သည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း

ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။
ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်

MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီးသည်များ၏ မိသားစုများ နှင့်ဆွေမျိုးများသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက်သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်း စစ်ဆေးနေခြ င်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။ ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာချက်အပေါ်တွင် စိတ်ဆိုး ကာ လူသတ်သမားတွေဟု ပြောနေကြသည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြေ ကြာင်း ပြောခဲ့သည်ဟု သိရသည်။
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း အား ညနေ ၅ နာရီကျော်ပါက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ညအချိန်တွင် ယင်းလမ်းကြောင်းပေါ်မှ သစ်ခိုးထုတ်မှုများရှိနေဟုဆို

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီးရှိ သစ်တောများအား ခုတ်ယူထားမှု ကို တွေ့ရစဉ်
စစ်ဖြစ်ပွားနေဆဲဖြစ်သည့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအား ညနေ ၅ နာရီကျော်လွန် ပါက သွားလာခွင့်ပိတ်ပင်ထားပြီး အဆိုပါလမ်းကြောင်းပေါ်မှ ညအချိန်တွင် သစ်ခိုးထုတ်မှု များ ဖြစ်ပေါ်နေကြောင်း SHINGNIP Kachin Legal Aid Network Group မှ ဥက္ကဋ္ဌ ဦးခွန်နောင် က ပြည်သူ့ခုံသမာဓိဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
ယူကရိန်းနယ်စပ်က ရုရှားတပ်တွေရုပ်ဖို့ အမေရိကန်တောင်းဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Sergei Lavrov (ယာ) ပဲရစ္စ်မြို့က ရုရှားသံအမတ်နေအိမ်မှာ တွေ့ဆုံစဉ်
ယူကရိန်းနယ်စပ်တလျှောက်မှာ ချထားတဲ့ ထောင်သောင်းချီတဲ့ ရုရှားတပ်တွေကို ပြန်ဆုတ်ပေးဖို့ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အခုလိုတပ်တွေ ချထားတာဟာ ယူကရိန်းနိုင်ငံတွင်း စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်လာအောင် လုပ်နေသလို ဖြစ်နေတယ်လို့ လည်း ပြောပါတယ်။
အမေရိကန်အဆင့်မြင့် နည်းပညာသုံးကိရိယာနဲ့ မလေးလေယာဉ်ပျောက် ရှာဖွေ

မလေးရှားခရီးစဉ် MH 370 ကိုရှာဖွေနေတဲ့ ရေပြင်ဧရိယာ
လေယာဉ်ပျံသန်းမှုကို မှတ်တမ်းတင်တဲ့ black box ကိုရှာဖွေနိုင်မယ့် အမေရိကန်လုပ် အဆင့်မြင့် နည်းပညာသုံးစက်တပ်ထားတဲ့ Australia စစ်သင်္ဘောတစီးပျောက်နေတဲ့ မလေးရှားလေကြောင်း လိုင်းလေ ယာဉ် ကို ရှာဖွေဖို့သွားနေပြီလို့ Australia တာဝန်ရှိသူတွေကပြောပါတယ်။
ပညာရေးဥပဒေ မူကြမ်းကို တ.က.သ. ကန့်ကွက် ဆန္ဒပြ
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ)အဖွဲ့ဝင်တွေက ဒီကနေ့ ညနေပိုင်းက ကန့် ကွက် ဆန္ဒပြ ခဲ့ကြပါတယ် ။
သရက်မြို့မှ လက်ဝှေ့ပြိုင်ပွဲ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
သရက်မြို့ သတ္တဌာန ဘုရားဝင်းအတွင်း ကျင်းပသည့် လက်ဝှေ့ပြိုင်ပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့၍ သရက်မြို့မှ ဆယ်အိမ်မှူးတစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဆေးလိပ်မီးမှလောင်သောမီး ရွာလုံးကျွတ်ပြာကျ
မကွေးတိုင်း ဒေသကြီး မယ်ဇလီအုပ်စုတွင် မတ်လ ၂၈ ရက် ညနေက ဆေးလိပ်မီးမှ တစ်ဆင့် မီးလောင် ရာမှ တစ်ရွာလုံးရှိ လူနေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ရှမ်းနီဒေသမှ ၂၀၁၄ သန်းကောင်စာရင်း၏ ကသောင်းကနှင်းများ
၃၀.၃.၂၀၁၄ စီခမ်းကြီး ၊ စီအူကျေးရွာများ သန်းခေါင်စာရင်းကောက်ခွင့်ရရှိ ယခင်စီခမ်းကြီး ၊ စီအူ ၊ ကောင်လွင် ကျေးရွာများတွင် KIA တပ်ရင်း(၁၂)မှ သန်းခေါင်စာရင်းကောက်ခွင့်မပေး နိုင်ကြောင်း တားမြစ် ထားသော်လည်း ယနေ့သတင်းအရ အစိုးရစစ်တပ်၏ လုံခြုံရေးအကူအညီပေး မှုဖြင့်သန်းခေါင် စာရင်းကို ပြန်လည်ကောက်ခံခွင့်ရရှိကြောင်းသိရပါသည်။ ကောင်လွင်ကျေးရွာမှာမူ ယခုအချိန်အထိ KIA တပ်ရင်း (၁၂) မှ သန်းခေါင်စာရင်းကောက်ယူခွင့် မပေးသေးကြောင်းသိရှိရပါသည်။
မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို မြို့တော်စည်ပင်မှ ဖယ်ရှားရန်ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက သပိတ်စခန်း ဆက်လက်ဖွင့်လှစ်

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက် ၄ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရန်ပြုလုပ်သော် လည်း သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသူများက နစ်နာမှုများအတွက် ဆက်လက်၍ ဖွင့်လှစ်သွား မည်ဖြစ်ကြော င်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ မ .ထ .သ အုပ်ချုပ်မှုကို လိုလားမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲခွင့်ပြုရန် ဆန္ဒထုတ်ဖော်
တိုက်ကြီးမြို့နယ်ရှိ ဟိုင်းလပ်ယာဉ်များမှ
မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ) ဗဟို၏
အုပ်ချုပ်မှုကို လိုလာမှုမရှိကြောင်းနှင့် စည်ပင်နယ်နိမိတ်အတွင်း
ပုံမှန်ပြေးဆွဲခွင့်ပြုရန် ဆန္ဒ ထုတ်ဖော်ခြင်းကို မတ် ၃၀ ရက် နံနက် ၈
နာရီတွင် တိုက်ကြီးမြို့နယ်၌ ပြုလုပ်ခဲ့သည်။
မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်

မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြ သူကို ရဲတပ်ဖွဲ့ဝင်များက Traders ဟိုတယ်ရှေ့တွင် ဖမ်းဆီးနေစဉ်
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် ဒဂုံဆိပ်ကမ်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးမှ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြို့ လယ်ခေါင်ဖြစ်သည့် Traders ဟိုတယ်အနီး၌ မီးရှူးဖောက်၍ လက်ပံတောင်းတောင်စီမံကိန်း ကန့်ကွက်ကြောင်း ဆန္ဒပြမှုကို တစ်ကိုယ်တော်ပြု လုပ်ခဲ့သည်။
သန်းခေါင်းစာရင်းကောက်ယူမှု လုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည်အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တိုက်တွန်း
ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက် ယူ မည့်သူများကို တွေ့ဆုံနေစဉ် (ဓာတ်ပုံ-သန်းလှိုင်(စစ်တွေ))
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည် အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မတ် ၃၀ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့ကြောင်း မတ် ၃၀ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြ ချက်အရ သိရသည်။
၁၁ ရက်ကြာကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၃၀ ရက်တွင် စတင်ကောက်ယူ

မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို မတ် ၃၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူဦးရေစာရင်းအမှန် ရရှိရေး ရည်ရွယ်ချက်ဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား မြန်မာနိုင်ငံ အနှံ့အပြားတွင် မတ် ၃၀ ရက်မှစတင်ကာ ကောက်ယူလျက်ရှိပြီး ဧပြီ ၁၀ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ မြို့နယ်များ၌ ဓာတ်အားပြတ်တောက်မှု ဆက်တိုက်ဖြစ်ပေါ်
မတ် ၃၀ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက်နေစဉ်
အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်နေ့မတိုင်မီ မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
အစိုးရမှ မီတာခ တိုးမြှင့်ကောက်ခံမည့် ဧပြီ ၁ ရက်နေ့မတိုင်မီ မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ မြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
Sunday, 30 March 2014
သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရသည့် ပါတီ ၁၁ ပါတီသာရှိ

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီ ၆၃ ပါတီအနက် အချိန်အခက်အခဲကြောင့် သမ္မတထံ တိုက်ရိုက်တင်ပြခွင့်ရခဲ့သည့် ပါတီမှာ ၁၁ ပါတီသာ ရှိခဲ့သည်။
သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးပါတီအားလုံးနှင့် မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ တွေဆုံခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက် ၆၃ ပါတီမှ ကိုယ်စားလှယ် ၁၇၉ ဦး တက်ရောက်ခဲ့သည်။
အဆိုပါ တက်ရောက်လာသည့် ပါတီများကို သမ္မတထံ တိုက်ရိုက်တင်ပြခွင့်အတွက် မဲနှိုက်စေခဲ့ပြီး နံပါတ်စဉ် ၁ မှ ၁၁ အထိရသည့် ပါတီများက တိုက်ရိုက်တင်ပြခွင့် ရခဲ့ကြခြင်းဖြစ်သည်။
မောင်တောမြို့နယ်အတွင်း စိုက်ခင်းရေလောင်းရန် သွားသော ဒေသခံတစ်ဦး မတ် ၂၉ ရက် နေ့လယ်ပိုင်း၌ အသတ်ခံခဲ့ရ
မောင်တောမြို့မှ လေးမိုင်အကွာတွင်ရှိသော မကျည်းကုန်း
တိုင်းရင်းသားကျေးရွာမှ သက်လူမျိုး တောင်သူတစ်ဦးဖြစ်သည့် ဦးထွန်းစိန်မှာ
မိမိစိုက်ခင်းထဲသို့ နွားကျောင်းရင်းဖြင့် စိုက်ခင်းရေလောင်းရန်
သွားရောက်ခဲ့စဉ်အတွင်း နေ့လယ်ပိုင်းအချိန်၌ပင် သတ်ဖြတ်ခံခဲ့ရကြောင်း
သတင်းရရှိသည်။
သတ်ဖြတ်ခံရသူမှာ မကျည်းကုန်းကျေးရွာနေ ဦးထွန်းစိန်၊ အသက်(၄၉)နှစ်၊ (ဘ) ဦးထွန်းဇံဖြစ်ပြီး ဖြစ်စဉ်မှာ ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၎င်း၏ တောင်ယာစိုက်ခင်းသို့ နွားကျောင်း၊
သတ်ဖြတ်ခံရသူမှာ မကျည်းကုန်းကျေးရွာနေ ဦးထွန်းစိန်၊ အသက်(၄၉)နှစ်၊ (ဘ) ဦးထွန်းဇံဖြစ်ပြီး ဖြစ်စဉ်မှာ ရွာ၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ ၎င်း၏ တောင်ယာစိုက်ခင်းသို့ နွားကျောင်း၊
သမီးကလေးကျေးရွာ ပြောင်းရွှေ့သူများ အဆင်မပြေသဖြင့် အများစု DKBA နောက်သို့ လိုက်တော့မည်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဘေးတွင်ရှိသည့် ၀ါးယားကုန်းကျေးရွာ အနီးရှိ မြေကွက်သို့ မတ် ၂၇ ရက်က ပြောင်းရွှေ့ခဲ့ကြသည့် သမီးကလေးကျေးရွာမှ အိမ်ထောင်စု ၆၄ စုမှာ ပြန်လည်ချပေးသည့် မြေကွက်မှာ ရေရှည်အာမခံချက် မရှိဟုဆိုကာ မတ် ၂၉ ရက် နံနက်ပိုင်းက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော်ဦးအဂ္ဂဓမ္မက The Daily Eleven သတင်းစာသို့ မိန့်ကြားသည်။
Subscribe to:
Posts (Atom)
