Wednesday, 22 January 2014
Tuesday, 21 January 2014
ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ။ ။ ။
တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။
ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Thursday, 16 January 2014
လပွတ္တာ-သင်္ကန်းကြီး ခရီးသည်တင်ကား တိမ်းမှောက် ဒဏ်ရာရ လူနားအချို့ ဒဏ်ရာရ လူနားအချို့



ဧရာဝတီတိုင်းဒေသကြီး
လပွတ္တာ-သင်္ကန်းကြီးရွာ ခရီးသည်တင်ကား ဇန်န၀ါရီ ၁၆ ရက်နေ့ မနက် ၇
နာရီခွဲလောက်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်၊ ကလေးငယ်
အပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။
UWSA ၀တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးသံသရာ

ရှမ်းပြည်နယ်မှာရှိတဲ့
ဟိုပန်၊မိုင်းမော၊ပန်ဝိုင်၊နားဖန်း၊မက်မွန်းနဲ့ ပန်ဆန်း(ပန်ခန်း)
မြို့နယ်(၆ )မြို့နယ်ကို ခရိုင်(၂)ခရိုင်ဖွဲ့စည်းပြီး ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့် သွင်း သတ်မှတ်ထားပါတယ်။
သာသနာပြုခြင်းကို လူမှုရေးလုပ်ငန်းနှင့် တွဲလုပ်ခြင်းဖြင့် အမျိုးစောင့်နိုင်ဟု သီတဂူဆရာတော် အရှင်ဉဏိဿရမိန့်
ရဟန်းသံဃာတော်ပေါင်း သောင်းချီတက်ရောက်သော မန္တလေး သံဃညီလာခံတွင် သီတဂူဆရာတော် အရှင်ဉဏိဿရက အမျိုးဘာသာ သာသနာအရေးများနှင့် ပတ်သက်ပြီး သဘောထားများကို မိန့်ကြားခဲ့ သည်ဟု RFA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
ကားပေါ်တွင်ဆေးကုသမှုပေးမည့် NLD ကျန်းမာရေးကွန်ရက်၏ လူနာတင်ယာဉ် ဧပြီတွင် စသုံးမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမျိုးသားကျန်းမာရေးကွန်ရက်၏ အရေးပေါ် ဆေးကု သမှုပြုလုပ် နိုင်သော (Emergency Medical Service) လူနာတင်ယာဉ်ကို လာမည့် ဧပြီလကုန်ပိုင်းတွင် စတင်အ သုံးပြုနိုင်ရန် စီစဉ်နေသည်ဟု ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
လားရှိုးမြို့က အမျိုးသမီးငယ်ကို တရုတ်နိုင်ငံသို့ရောင်းစားသူ ဖမ်းမိပြီ
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့မှ အမျိုးသမီးငယ်တစ်ဦးကို တရုတ်နိုင်ငံရှိ သစ်ခွခြံတွင် အလုပ်ရမည်ဟု စည်း ရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားနှင့် လက်ထပ်ရန် ရောင်းစားခဲ့သူ မခင်သန်းမြင့်ကို အရေးယူပေးရန် မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဖမ်းမိပြီဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် သမ္မတ မျှော်မှန်း
လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်းခံခြင်းလည်း ဖြစ်သည်။
NLD လူငယ်များ အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းရန် ဒေါ်စုပြော
NLD လူငယ်ညီလာခံကျင်းပရန် ကြုံတွေ့ရသည့်အခက်အခဲများကို လူငယ်များကိုယ်တိုင် ဖြေရှင်းကြရန် လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မဇ္ဈိမကို ပြောသည်။
နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ရမည်
ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှု နှေးကွေးနေသေးသည့် မြန်မာနိုင်ငံတွင်၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံခြား ဘဏ်များ စတင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောကြားသည်။
မျိုးစောင့်ဥပဒေ အတည်ပြုပြဋ္ဌာန်းသည်ထိ ဆောင်ရွက်မည်ဟု သံဃာ့ညီလာခံ ထုတ်ပြန်
မျိုးစောင့်ဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်သည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေး တွင် ကျင်းပပြုလုပ်သည့် အထက်မြန်မာပြည် သံဃာ့ညီလာခံက အချက် ၁၁ ချက်ပါ ကြေညာချက်တစ် စောင်ကို ဇန်န၀ါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
ကျူးကျော်များနှင့် ဒေသခံများ အပြန်အလှန်ရိုက်နှက်၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ထိန်းသိမ်း
လှိုင်သာယာ-တွံတေး တံတားအနီး ပန်းလှိုင်မြစ်ဘေး ကျူးကျော်တဲထိုးနေထိုင်သူများနှင့် ကျူးကျော်တဲ များကို ဖျက်သိမ်းသူ ဒေသခံရွာသားများအကြား အပြန်အလှန် ရိုက်နှက်မှုများ ဖြစ်ပွားလာသည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ထောင်ပစ်ကာ လူစုခွဲပြီး ကျူးကျော်နေထိုင်သူအချို့ကို ခေတ္တထိန်းသိမ်းထားသည် ဟု တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြုပြောသည်။
မူးယစ်ဆေးပြဿနာတွင် အိမ်သုံးဆေး တရားမ၀င်သယ်ဆောင်ခြင်းလည်း ပါဝင်နေ
ပြည်တွင်းတွင် ဖြစ်ပွားနေသော မူးယစ်ဆေးပြဿနာများတွင် ဆူဒိုအက်ဖီဒရင်းပါဝင်သည့် အိမ်သုံးဆေး များ တရားမ၀င်သယ်ဆောင်ခြင်းက အဓိက ခြိမ်းခြောက်မှုများဖြစ်နေသည်ဟု မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ဇန်န၀ါရီ ၁၅ ရက်တွင် ပြောသည်။
သမ္မတအရည်အချင်းသတ်မှတ်ချက် စစ်ရေးအမြင်ရှိရုံဖြင့် မပြည့်စုံ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ဖြစ်သည့် သမ္မတလောင်းအရည်အချင်း သတ်မှတ်ချက်တွင် ပါဝင်သည့် စစ်ရေးအမြင်ရှိရမည်ဆိုသည်မှာ ပြည့်စုံမှုမရှိကြောင်း၊ ၎င်းပုဒ်မကို ရွေးချယ်မှု သုံးခုတို့ဖြင့် တဖြည်းဖြည်းပြင်သွားနိုင်ရန် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုစာ တင်သွင်းခဲ့သော ပြည် ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက မဇ္ဈိမသို့ ပြောကြားခဲ့သည်။
ပညာရေးကဏ္ဍတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင်ဖြစ်ပေါ်လာရေး သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်
ပညာရေးကဏ္ဍတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ရုပ်ပတ်ဝန်းကျင် ကောင်းများ ဖြစ်ပေါ်လာရေးအတွက် သင်ထောက်ကူပစ္စည်းများသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေ သည်ဟု ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ဖြည့်ဆည်းရေးအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် (၂)ဖြစ်သူ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရည်က မဇ္ဈိမကို ပြောသည်။
သဘာဝသယံဇာတထုတ်လုပ်မှု ပွင့်လင်းမြင်သာရေး ဧရာဝတီတွင် တိုင်းအဆင့်ဖွဲ့စည်း
သဘာဝသယံဇာတတူးဖော်ထုတ်လုပ်မှု ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေး အရပ်ဘက် လူမှုအဖွဲ့အ စည်းများ အမြင်ဖွင့်ခြင်းနှင့် ဧရာဝတီတိုင်း အမှုဆောင်ကော်မတီဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ပုသိမ်မြို့၊ ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ရုံးတွင် ဇန်န၀ါရီလ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပခဲ့သည်။
RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ် တာဝန်မှ အနားယူလို
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီတပ်မတော်ဟု လူသိများသလို ရှမ်းပြည် တောင်ပိုင်း တပ်မ တော်ဟုလည်း လူသိများသည့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်ဆစ်က မိမိ၏နေရာကို ၀င် ရောက် တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင်ရှိခဲ့ပါက RCSS/SSA ဥက္ကဋ္ဌအဖြစ်မှ အနားယူလိုသည်ဟု ဌာနချုပ်၌ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။
Subscribe to:
Posts (Atom)



