Wednesday, 6 November 2013

ဘင်္ဂလီအယောက်၇၀ စီးနင်းလိုက်ပါသည့်လှေ တိမ်းမှောက်မှု အမေရိကန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။

လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်
Wednesday, November 6, 2013

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်
ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ၀ ဒသမ ၀၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအ၀င် နှစ် ၄၀ စီမံကိန်းဖြင့် အကျေပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ စီမံကိန်း လုပ်ငန်းများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အပြီးပြုလုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

စီမံကိန်း ပြီးစီးပါက တစ်နေ့ရေဂါလန် သန်း ၄၀ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ယင်းမှ ဒဂုံမြို့သစ် လေးမြို့နယ်၊ မြို့နယ်အချို့သို့ တစ်နေ့ရေဂါလန် သန်း ၃၀ နှင့် သီလ၀ါ စက်မှုများသို့ တစ်နေ့ဂါလန် ၁၀ သန်း ဖြန့်ဝေနိုင်
မည်ဖြစ်ကြောင်း၊ ယင်းမှ ရေဖိုးရေခ ပြန်လည်ရရှိငွေဖြင့် ချေးငွေများအား အတိုးရော အရင်းပါ သတ်မှတ်ကာလအတွင်း ကော်မတီ အနေဖြင့်
 ပေးဆပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေး
ဇုန်အား ရေပေးဝေပြီး စီးပွားရေး ရေသုံးခ နှုန်းထားဖြင့် ရေတစ်ဂါလန်လျှင် ၄ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး တစ်နေ့ရေဂါလန် ၁၀ သန်း ပေးဝေ
မည်ဖြစ်ပြီး ယင်းမှ ငွေကျပ်သိန်း ၄၀ ရရှိမည် ဖြစ်သည်။

ယင်းငွေကြေးဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရေစုကန်များ ဆောင်ရွက်ခြင်း၊ လဂွန်းပြင် ရေသန့်စက်ရုံနှင့် ပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်း စသည်တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ယင်းချေးငွေများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရယူမည့် ယန်းသန်း ၄၂၁ နှင့် ညီမျှသော မြန်မာငွေ ၄ ဒသမ ၂၁၀ ဘီလျံကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ရသုံးငွေတွင် ထည့်သွင်းတောင်းခံထားပြီး ချေးငွေရရှိရန်အတွက် JICA နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

eleven media group
ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေး ယူ ဆောင်ရွက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။

Tuesday, 5 November 2013

ရန်ကုန်တိုင်းအစိုးရက လာမည့် ဘတ်ဂျက်ကျပ်ငွေ ၃၃၄ ဘီလီယံကျော် သုံးစွဲရန် လွှတ်တော်သို့ တင်ပြ

လက်ရှိအစိုးရ၏ နောက်ဆုံးသက်တမ်းဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ငွေ ၃၃၄ ဘီလီယံကျော်ကိုသုံးစွဲရန် ရေးဆွဲလျာထားကြောင်း ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက တင်ပြခဲ့ သည်။

သတင်းမီဒီယာဥပဒေကြမ်းအရေးယူမှုပိုင်းတွင် နားလည်မှုလွဲနေဟုဆို

ပြည်သူ့လွှတ်တော်က ယမန်နေ့ကအတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကြမ်းသည် အရေးယူမှု အပိုင်း၌ နားလည်မှုလွဲမှားနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Tuesday, November 5, 2013

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

Eleven Media Group 

နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးနေစဉ်
ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်

Monday, 4 November 2013

အပစ်အခတ် ရပ်စဲထားသော ဒေသများ၏ လူနေမှုဘဝ အစီရင်ခံစာ ထုတ်ပြန်

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများရှိ အပစ်အခတ် ရပ်စဲထားသော ကျေးရွာနှစ်ရာကျော် က ဒေသခံ များ၏ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဆင်းရဲမွဲတေမှု အခြေအနေများ အကြောင်း ကွင်းဆင်း ပြုစုထားသော အစီရင်ခံစာ တစ်စောင်ကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC,The Border Consortium) က တရားဝင် ထုတ်ပြန်သည်။

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို

ပညာရေးသုံးသပ်ချက်အစီရင်ခံစာ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါမည်ဆို
Monday, November 4, 2013

ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

CESR (Comprehensive Education Sector Review) ရဲ့ ပထမအဆင့် အစီရင်ခံစာကို မြန်မာနိုင်ငံ မှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေအားလုံးကို ဖြန့်ဝေပြီးဖြစ်ပြီး နောက်နှစ်စပိုင်းမှာ ဒုတိယအဆင့် အစီရင်ခံစာထွက်ရှိမယ်လို့ ဗြိတိသျှကောင်စီရဲ့ ပညာရေးဒါရိုက်တာ Susana Galvan ကစကားပြန်မှ တစ်ဆင့်ပြောပါတယ်။ တတိယအစီရင်ခံစာကိုတော့ ရှေ့ကထုတ်ခဲ့တဲ့အစီရင်ခံစာကိုတော့ ရှေ့က ထုတ်ခဲ့တဲ့ အစီရင်ခံစာနှစ်ခုအပေါ် အခြေခံပြီးထောက်ခံချက်တွေပေးကာ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့လုပ်ငန်းစဉ်တွေ ပါရှိပါမယ်လို့သိရတယ်။

CESR ကိုမြန်မာအစိုးရက အကောင်အထည်ဖော်နေပြီး ဗြိတိသျှကောင်စီကလည်း အဖွဲ့ဝင်တစ်ခုအ နေနဲ့ ကူညီပံ့ပိုးပြီး လက်တွဲဆောင်ရွက်နေတယ်လို့ ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie ကစကားပြန်မှတစ်ဆင့် ပြောပါတယ်။ CESR ကိုအခြေခံပြီး ဆက်လက်ကာနိုင်ငံမှာ အဆင့်မြင့်ပညာရေးဥပဒေကို ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့ သိရတယ်။

ဗြိတိသျှကောင်စီမြန်မာရဲ့ ဒါရိုက်တာ Kevin Mackenzie က 'CESR ကိုအကောင်အထည်ဖော်တဲ့နေ ရာမှာ အလယ်အလတ်ပဲရှိပါသေးတယ်၊ သတင်းအချက်အလက်က မစုံလင်သေးပါဘူး။ ကျွန်တော်တို့ ကိုလဲ ဒီလုပ်ငန်းစဉ်မှာ ပံ့ပိုးဖို့ပဲဖိတ်ခေါ်တာပါ။ CESR ကရရှိတဲ့ အချက်တွေစုဆောင်းပြီး လွှတ်တော်မှာ ကော်မတီအမျိုးမျိုးကနေ ဒါတွေကိုဆွေးနွေးမှာပါ' လို့ပြောပါတယ်။

CESR နဲ့ပတ်သက်ပြီး ဆက်သွယ်ရေးပိုင်းမှာ တော်တော်လေး အားနည်းတာတွေ့ရတယ်လို့ ဗြိတိသျှ ကောင်စီရဲ့မြန်မာမှ ပညာရေးဒါရိုက်တာ Susan Galvan က ပြောပါတယ်။ CESR ကိုဆက်သွယ်ပညာ ပေးဖို့အတွက် အားလုံးကဆက်သွယ်ရေး အစီအစဉ်တစ်ခုရေးဆွဲနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးအနှံ့ ဆက်သွယ်ပညာပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။

လက်ရှိမှာ CESR နဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တစ်ခုလုပ်နေပြီး မကြာခင် လေ့လာနိုင်မယ်လို့ သိရ တယ်။

မော်ဒန်သတင်းဂျာနယ်
ပြီးပြည့်စုံတဲ့ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက် (CESR) ရဲ့ တတိယအဆင့် အစီရင်ခံစာမှာ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ တိကျတဲ့ လုပ်ငန်း စဉ် တွေ ပါဝင်မယ်လို့ သိရတယ်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့်မှုကြောင့် ၀န်ဆောင်စရိတ် တိုးလာသည့်အပေါ် ဈေးနှုန်းတက်ရ တော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က လက်လီလုပ်ငန်းရှင်များသို့ အသိပေး

နိုဝင်ဘာလမှ စတင်ပြီး လျှပ်စစ်ဓာတ်အားခ နှစ်ဆတိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် ၀န်ဆောင် စရိတ် တိုးလာသည့်အတွက် ကုန်စည်အချို့ ဈေးနှုန်းတက်၍ ရောင်းချ သွားတော့ မည်ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့မှ လက်လီရောင်းချနေသည့် လုပ်ငန်းရှင်များသို့ အသိပေး ထားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

NLD ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် သဘောထား ရယူမှုများ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်နေရာ ပြီးစီး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သဘောထား ရယူမှုများမှာ နိုဝင်ဘာ ၃ ရက်အထိ ခရိုင် ၁၂ နေရာနှင့် မြို့နယ်ခြောက်မြို့နယ်တွင် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကချင်ဒေသခံ ထောင်ချီကြိုဆို

အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးရန် နိုဝင်ဘာ ၃ ရက်က မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် များကို ထောင်ချီသည့် ကချင်ဒေသခံများက ကြိုဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များပြားနေသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှု ကဏ္ဍတွင် အားနည်းနေ

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တတိယအများဆုံး တိုင်ကြားနေသော်လည်း လက်ရှိကာလအထိ ရဲ တပ်ဖွဲ့ဝင်များအား လူ့အခွင့်အရေးဆိုင်ရာ ပညာပေးမှုများ အားနည်းနေ ဆဲဖြစ်ကြောင်း ကျောက် တံတားမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဖြစ်သူ ဒုရဲမှူး မျိုးမြင့်ကြိုင်က ပြောကြားသည်။

Sunday, 3 November 2013

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲကို တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် စမ်းချောင်းမြို့နယ်တို့်တွင် တစ်ရက်တည်း ပြုလုပ်

I-3-11
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရေး ဟောပြောပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီ ပြုလုပ်လျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူရေး ဟောပြောပွဲ များအား တောင်ဥက္ကလာပမြို့နယ်၊ မရန်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်းနှင့် စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းက တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း လိုင်ဇာထိပ်သီး ဆွေးနွေးပွဲက ကြေညာချက်ထုတ်ပြန်

ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ပြဿနာများအား တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေ ရှင်းဆောင် ရွက်နေသည့် အချိန်တွင် တိုင်းရင်းသား နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်အား အဟန့်

အမေရိကန်ပြည်ထောင်စု အနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာ အာဏာကို လေးစားဖို့လိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြောကြား

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှတစ်ဆင့် လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်သည့် အပေါ် နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိနိုင်ငံ၏ လုံခြုံရေးအတွက် ဆောင်ရွက်ခွင့် ရှိသလို အခြားနိုင်ငံ တစ်နိုင်ငံ အချုပ်အခြာ အာဏာ ကိုလည်း လေးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

I.3.11
နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း )
အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့မှလွဲ၍ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းကာ စစ်ရေးအကူအညီ တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း The Times of India သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ

8.1.1
စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွား များ အား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)
ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။