Thursday, 8 August 2013

ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်

ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူးလို့ ပယ်ဖျက်လိုက်တဲ့အတွက် စိတ်ပျက်မိကြောင်း ရုရှဘက်က ပြော ကြားပါတယ်။

အီဂျစ် ပြေလည်ရေး ကြိုးပမ်းမှု အရေးနိမ့်

ဆူပူမှု တွေကို အင်အား အပြင်းဆုံး သုံးပြီး ဖြေရှင်းမယ်
အီဂျစ် အကျပ်အတည်းက ရုန်းထွက်နိုင်ဖို့ အတွက် ညှိနှိုင်း ကြေအေးမှုတွေ လုပ်ကြဖို့ သက်ဆိုင်သူ တွေ အားလုံးကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က တောင်းဆို လိုက်ကြ ပါတယ်။

Snowden ခိုလှုံခွင့်ပေးမှုကြောင့် ပူတင်နဲ့ တွေ့ဆုံရေး အိုဘားမား ဖျက်သိမ်း

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ လာမယ့် သီတင်းပတ် ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ လို့ ပြောပါတယ်။ ဒီလို ဆွေးနွေးပွဲအစီအစဉ် ဖျက်သိမ်းတာဟာ ရှားရှားပါးပါး သံတမန်ရေး တုံ့ပြန်မှုလည်း ဖြစ်ပါတယ်။

ဒေါ်လာဈေး တက်ပြီးလေလံဈေးကွက် တက်နေသော်လည်း ပြည်တွင်း ကားဈေးကွက် တွင် အရောင်း အဝယ် ဆက်လက် ကျဆင်းနေ

 လက်ရှိပြည်တွင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းများသည် အတက်ဘက်ကို ဆက်လက်ဦးတည်နေပြီး ဂျပန်နိုင်ငံ၏ ကားလေလံဈေးကွက်သည် ဂျပန်ငွေဈေးနှုန်းမြင့်တက်မှုနှင့် အတူအတက်ဘက်ကို ဆက်လက်ဦးတည်နကြောင်းပြည်တွင်းကားဝယ်၊ ရောင်းဈေးကွက်တွင် ကားဈေးနှုန်း သည် မြင့်တက်နေ သည်။သို့ပေမယ့် အရောင်းအဝယ်ဈေးကွက်များ ကျဆင်းနေဆဲ ဖြစ်ကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။

စားသုံးသူ အခွင့်အရေး များကို သိရှိ လိုလျှင် ရှစ်လေးလုံးငွေရတုပွဲတော် တွင် လေ့လာနိုင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက စားသုံးသူအခွင့်အရေးများ သိရှိနိုင်ရန် ရည်ရွယ်ပြီး (၈)လေးလုံး ငွေရတုပွဲတော်တွင် ဆိုင်ခန်းဖွင့်လှစ်ပြီး လာရောက်လေ့လာသူများ သိရှိလိုသည့် စားသုံးသူ အခွင့်အရေးများကို ပွဲတော်ရက်ဖြစ်သည့် သြဂုတ်(၆)ရက်၊ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ရှင်းလင်းပေး သွားမည်ဟု သိရသည်။

ကား ၀ယ်ယူရန်ပေးအပ် ထားသည့်ဒေါ်လာငွေ များအား လိမ်လည် ရယူထား သဖြင့် အရေး ယူပေးရန် တိုင်ကြား

၂၀၁၂ ခုနှစ် ၁၂ လပိုင်းခန့်တွင် ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်နေ ကိုရီးယားနိုင်ငံသား Mr.Choi Jung Ho သည် ခင်မင်းရင်းနှီးသူ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ကိုရီးယားနိုင်ငံသား Mr.Choi Chung Hyun နှင့် အကျိုးတူ အဆောင်ငှားရမ်းသည့် လုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် လိုအပ်သော မော်တော်ယာဉ် ၀ယ်ယူ

တနင်္သာရီမြစ်ရေကျ၊ ရေဘေးသင့် သူများအိမ်ပြန်

Photo: တနင်္သာရီမြစ်ရေကျ၊ ရေဘေးသင့်သူများအိမ်ပြန်
Thursday, August 08, 2013

တနင်္သာတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေ ကျဆင်းသွားပြီ ဖြစ်သဖြင့် ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူ
များ သြဂုတ်လ ၅ ရက်နေ့တွင် နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မြစ်ရေတက်မှုကြောင့် မြို့ပေါ်ရပ်ကွက် နှစ် ခုနှင့် ရွာ ၁၇ ရွာမှ အိမ်ထောင်စု ၃၈၅ စု၊ လူဦးရေ ၂၀၆၇ ဦးတို့ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြ ရကြောင်း၊ သြဂုတ် လ ၅ ရက်နေ့ ညနေပိုင်းတွင် မြစ်ရျေဆင်းသွားသဖြင့် ရေဘေးသင့်ပြည်သူများ
နေရပ်သို့ ပြောင်းရွှေ့ခဲ့ကြသည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။

“ဒီနှစ် တနင်္သာရီမြစ်ရေ ၂၅ ပေ ခွဲလောက် မြင့်တက်ခဲ့ပြီး လယ်ဧက တစ်သောင်းကိုးထောင်ကျော် ရေလွှမ်းခဲ့တယ်။ ဒါပေမဲ့ ပျက်စီးဆုံးရှုံးမှု သိပ်မရှိခဲ့ဘူး” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၄ ရက်နေ့မှစပြီး မြစ်ရေသည် တစ်နာရီလျှင် တစ်ပေနှုန်း ကျဆင်းကာ ၅ ရက်နေ့ ညနေပိုင်းအချိန်တွင် တနင်္သာရီမြစ်ရေသည် ၁၆ ပေသာ ကျန်တော့သည်ဟု ကယ်ဆယ်ရေးစခန်း အချို့ထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တနင်္သာရီမြစ် ရေစီးသန်ခြင်းတို့ကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ၁၀ ရက်ခန့် နေထိုင်ရမည်ဟု ခန့်မှန်း
ထားသော်လည်း ရေကျမြန်သဖြင့် ငါးရက်ခန့်သာ နေရကြောင်း
ဒေသခံတစ်ဦးက ပြောသည်။

“အရင်နှစ်ရေကြီးတုန်းက ကယ်ဆယ်ရေးစခန်းမှာ ခုနစ်ရက်လောက် နေခဲ့
ရတယ်” ဟု ၎င်းကဆိုသည်။

ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာဌာနများက ဆန်၊ ဆီ၊
ခေါက်ဆွဲခြောက်စသည့် လိုအပ်ပစ္စည်းများကို ငါးရက်စာ ပေးဝေထား
သည်ဟု မြို့ခံအချို့က ပြောပြသည်။ တနင်္သာရီမြို့သည် နှစ်စဉ် နှစ်တိုင်း
နီးပါး မြစ်ရေကြီးလေ့ ရှိသည်။

Dawei Watch
The Voice Weekly
တနင်္သာတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့တွင် တနင်္သာရီမြစ်ရေ ကျဆင်းသွားပြီ ဖြစ်သဖြင့် ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများ သြဂုတ်လ ၅ ရက်နေ့တွင် နေရပ်သို့ ပြန်သွား ပြီ ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Wednesday, 7 August 2013

မရေရာမှု များ ဖြစ်ပေါ်နေသော ကမ္ဘာ့ တိုက်ယာဉ် ဈေးကွက် အခြေအနေ

မရေရာမှုများ ဖြစ်ပေါ်နေသော ကမ္ဘာ့တိုက်ယာဉ် ဈေးကွက် အခြေအနေ
Frost & Sullivan ကုမ္ပဏီ၏ ဖော်ပြချက်များ အရ  နိုင်ငံများစွာက ကာကွယ်ရေး အသုံးစရိတ် များ လျှော့ချမှုနှင့် ဝယ်ယူမှုများ ဆိုင်းငံ့နေခြင်း တို့ကြောင့် ကမ္ဘာ့ တိုက်ယာဉ်များ ဈေးကွက်သည် မရေရာမှုများနှင့် ရင်ဆိုင် နေရကြောင်း သိရှိရပါသည်။

ဘရာဇီး နိုင်ငံမှ Pantsir-S1 နှင့် Igla-S လေကြောင်းရန် ကာကွယ်ရေး စနစ်များအား ဝယ်ယူရန် ကြိုးပမ်း ဆောင်ရွက်ခြင်း

ဘရာဇီး နိုင်ငံမှ Pantsir-S1 နှင့် Igla-S လေကြောင်းရန် ကာကွယ်ရေး စနစ်များအား ဝယ်ယူရန် ကြိုးပမ်း ဆောင်ရွက်ခြင်း
ဘရာဇီးနိုင်ငံသမ္မတ Dilma Rousseff သည် ရုရှားနိုင်ငံဝန်ကြီးချုပ် Dimitry Medvedev နှင့် တွေ့

တန်ဖိုးကြီး MV GLADYS ရေယာဉ် အား ကူညီကယ် ဆယ်ခဲ့သည့် ထောက်ပံ့ရေးရေယာဉ်- ၆၁၃

Photo: တန်ဖိုးကြီး MV GLADYS ရေယာဉ်အား ကူညီကယ်ဆယ်ခဲ့သည့် ထောက်ပံ့ရေးရေယာဉ်- ၆၁၃

ရေယာဉ်အမည်သည် ထောက်ပံ့ရေးရေယာဉ် ၆၁၃ ဖြစ်ပါသည် ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရိုက်ကူးထားသောပုံ ဖြစ်ဟန်ရှိပြီး ရေယာဉ်မှာ သက်တမ်းနှင့် ပင်လယ်ပြင် ရာသီဥတုဒဏ် အမျိုးမျိုးကြောင့် Ship Shape ပေါ်လွင်ခိုင်မာမှု အားနည်းသည်ဟု ယူဆကောင်း ယူဆနိုင်ပါသည် ။ 

ထပယ- ၆၁၃ သည် တန်ဖိုးနည်းရေယာဉ်ဖြစ်ပြီး Local ဧရိယာငယ်အတွင်း (သို့) သတ်မှတ် Fleet ရေယာဉ်အုပ်အတွင်း ထောက်ပံ့ပို့ဆောင်ရေး တာဝန်ထမ်းဆောင်ခြင်း၊ Auxiliary Gathering Information (AGI) တာဝန်ထမ်းဆောင်ခြင်း၊ Search and Rescue (SAR) တာဝန်ထမ်းဆောင်ခြင်း၊ သတ်မှတ်ဧရိယာငယ်အတွင်း ရေပြင်နှင့် ဆက်စပ်ကုန်းမြေ လုံခြုံရေး တာဝန်ထမ်းဆောင်ခြင်း စသည့် တာဝန်များကို အဓိကဆောင်ရွက်သည်ဟု သိရှိရပါသည်။

ထပယ- ၆၁၃ သည် အနောက်ပိုင်းပင်လယ်ပြင် ဗျုဟာစစ်ရေယာဉ်စု ကွပ်ကဲမှုအောက်တွင် သတ်မှတ်တာဝန်များ ထမ်းဆောင်လျက်ရှိပြီး ယခုလ (၂)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ကုန်သေတ္တာ (၆၀၀)ကျော် တင်ဆောင်ထားသော အင်ဒိုနီးရှားနိုင်ငံမှ ပင်လယ်ကူးသင်္ဘော MV GLADYS ရေယာဉ်အား စောင့်ကြည့်ကယ်ဆယ်သည့် ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ 

ထပယ- ၆၁၃ အနေဖြင့် တန်ဖိုးကြီးမြင့်သော နိုင်ငံခြား ကုန်သေတ္တာတင် ရေယာဉ်အား ကူညီကယ်ဆယ်နိုင်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်(ရေ)၏ ရနိုင်သမျှသော တန်ဖိုးနည်း၍ Capability အားပျော့ဟန်ရှိသည့် စွမ်းအားအရင်းအမြစ်တစ်ခုဖြင့် Benign Role တာဝန်တစ်ခုအား
ကျေပြွန်စွာ ဆောင်ရွက်နိုင်ခဲ့သော သာဓကတစ်ခုဖြစ်ပါကြောင်း နှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော စစ်ရေယာဉ်- ၅၅၅ နှင့် ထပယ- ၆၁၃ မှ အရာရှိ၊စစ်သည်များအား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။

မောင်ဝါဆို
( Myanmar Navy )
 ရေယာဉ်အမည်သည် ထောက်ပံ့ရေးရေယာဉ် ၆၁၃ ဖြစ်ပါသည် ။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ရိုက်ကူးထားသောပုံ ဖြစ်ဟန်ရှိပြီး ရေယာဉ်မှာ သက်တမ်းနှင့် ပင်လယ်ပြင် ရာသီဥတုဒဏ် အမျိုးမျိုးကြောင့် Ship Shape ပေါ်လွင်ခိုင်မာမှု အားနည်းသည်ဟု ယူဆကောင်း ယူဆနိုင်ပါသည်။

အမေရိကန် ဒေါ်လာ ရောင်းဝယ် မှုအား Inter Bank Market စနစ်ဖြင့် စတင်ဆောင်ရွက် လျက်ရှိ

Photo: အမေရိကန် ဒေါ်လာ ရောင်းဝယ်မှုအား Inter Bank Market စနစ်ဖြင့် စတင်ဆောင်ရွက် လျက်ရှိ
Wednesday, August 07, 2013

ဘဏ်များ အကြား နိုင်ငံခြား ငွေရောင်းဝယ်တဲ့ စနစ် Yangon FX Inter-Bank Market ကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် လျက်ရှိပြီးအဲ့ဒီလို စတင် ဆောင်ရွက်ရာမှာ အမေရိကန် ဒေါ်လာ ရောင်းဝယ်မှု တစ်မျိုးတည်း ကိုသာ လုပ်ဆောင် လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ Inter-Bank Market စနစ်မှာတော့ ပြည်တွင်းရှိ နိုင်ငံခြား ငွေရောင်းဝယ် ဖောက်ကားမှု လိုင်စင်ရ ဘဏ် ၁၈ ဘဏ်မှ ပါဝင် ဆောင်ရွက်တာ ဖြစ်ပြီး အဆိုပါစနစ် ဆောင်ရွက်ဖို့ အတွက် သက်ဆိုင်ရာ ဘဏ်အသီးသီးမှ Declear Sale ရောင်းဝယ်မှု ၀န်ထမ်းတွေ ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်တဲ့ IMF နဲ့ JICA စတဲ့ အဖွဲ့အစည်းတွေမှ သင်တန်းများ ပို့ချပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

Inter Bank Marketစနစ် ဆောင်ရွက်မှုဟာ နိုင်ငံခြားငွေ ကို ရောင်းဝယ်မှု ပြုလုပ်တဲ့ ဘဏ်အချင်းချင်း နိုင်ငံတကာ ဆောင်ရွက်မှု အတိုင်း ရောင်းဝယ်မှုတွေကို တယ်လီဖုန်းများနဲ့ ပြုလုပ်တာ ဖြစ်ပါတယ်။ ယခုစနစ်မှာဘဏ်အချင်းချင်း နေ့စဉ် ရောင်းဝယ်မှု ဒေါ်လာပေါက်ဈေး နှုန်းထား တွေကိုတော့ ဗဟိုဘဏ်သို့ နေ့စဉ် အချိန်ပိုင်း အလိုက် တင်ပြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ ဘဏ်အချင်းချင်းသာ နိုင်ငံခြား ငွေရောင်းဝယ်မှု ပြုလုပ်တာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်တဲ့ နိုင်ငံခြားငွေကြေး လေလံ ဈေးကွက်မှ ပေါက်ဈေး သတ်မှတ်ချက်တွေ ထက်ပိုပြီးလည်း ဈေးနှုန်းကို အတိုးအလျော့ ရောင်းဝယ်မှုများ ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။

ယခု စနစ်မှာ ဘဏ်အချင်းချင်း ငွေပေးချေမှုတွေ ကိုတော့ Sport Trading လက်ငင်း ရောင်းခြင်း၊ ၀ယ်ခြင်း၊ ငွေပေးချေခြင်း စနစ်ဖြစ်တဲ့ နှစ်ရက် အတွင်း ငွေပေးချေတဲ့ပုံစံ (T+2) စနစ်နဲ့ ရောင်းဝယ်မှု ပြုလုပ်တာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ ယခုလက်ရှိ အမေရိကန် ဒေါ်လာ ကိုသာ စတင် ဆောင်ရွက် နေပေမယ့် နောက်ပိုင်းမှာ အခြားနိုင်ငံခြား ငွေတွေကိုပါ ရောင်းဝယ်မှု ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4
ဘဏ်များ အကြား နိုင်ငံခြား ငွေရောင်းဝယ်တဲ့ စနစ် Yangon FX Inter-Bank Market ကို သြဂုတ်လ ၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် လျက်ရှိပြီးအဲ့ဒီလို စတင် ဆောင်ရွက်ရာမှာ အမေရိကန်ဒေါ်လာ ရောင်း ၀ယ်မှုတစ်မျိုးတည်းကိုသာ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ယောဂီ ဥပုသ်သည် များအား ဆဲဆို ကြိမ်းမောင်း သဖြင့် အရေးယူ

၆.၈.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၂၆)ရပ်ကွက်နေ ဦးထိန်မင်းသည် မိတ်ဆွေယောဂီ များနှင့်အတူ ဥပုသ်သီလဆောက်တည်ရန်အတွက် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်း အုပ်စု၊ ၀ါးတာကျေးရွာအနီးရှိ လှည်းကူးစမ်းဓမ္မတောရကျောင်းသို့ သွားရောက်ခဲ့ကြပါသည်။

ဆင်ဆာမဲ့ နှင့် ညစ်ညမ်းခွေများ ဖမ်းဆီး

Photo: ဆင်ဆာမဲ့ နှင့် ညစ်ညမ်းခွေများ ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၇

၆.၈.၂၀၁၃ ရက်နေ့ ၁၂၄၀ အချိန် လှိုင်သာယာမြို့နယ်၊
သောင်ကြီးနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ဆင်ဆာမဲ့ခွေများ
ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အနော်ရထားလမ်းဘေးရှိ
ရွှေကမ်းသာယာဆိုင်ခန်းသို့ဝင်ရောက်ရှာဖွေရာ ဆိုင်ရှေ့စားပွဲပေါ်တွင် သူရစိုး(ခ)စိုးသူရခိုင် (ဘ)ဦးကြည်စိုးအား ဆင်ဆာမဲ့မြန်မာသီချင်း
ဒီဗီဒီခွေ (၃၀၀)ချပ်၊ နိုင်ငံခြားဒီဗီဒီခွေ(၅၅၀)ချပ်နှင့်
ခွေရာင်းရငွေကျပ်(၂၁၀၀)တို့နှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိသဖြင့်
သောင်ကြီးနယ်မြေရဲစခန်း(ပ)၄၅၀/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ)
ဖြင့်လည်းကောင်း၊ ညစ်ညမ်းဒီဗီဒီခွေ (၂၃)ချပ်သိမ်းဆည်းရမိသဖြင့် (ပ)၄၅၁/၂၀၁၃၊ပုဒ်မ ၂၉၂ဖြင့်လည်းကောင်း အရေးယူထားရှိပါသည်။

အလားတူ ၁၉၀၀အချိန်လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ဆင်ဆာမဲ့ခွေများရောင်းချ နေကြောင်းသတင်းအရ သက်သေများနှင့်
အတူ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်၊ ဇကားဝါလမ်းမဘေးတွင်
ဝေယံဖြိုး (ဘ)ဦးဘိုကြီး၊ အင်းစိန်မြို့နယ် နေသူ၏
ခွေအရောင်းဆိုင်အားရှာဖွေရာ ဆင်ဆာမဲ့မြန်မာသီချင်းဒီဗီဒီခွေ 
(၃၁၀)ချပ်၊ ဆင်ဆာမဲ့မြန်မာအငြိမ့်ဒီဗီဒီခွေ (၈၀)ချပ်၊ ဆင်ဆာမဲ့မြန်မာ တရားဒီဗီဒီခွေ (၁၀၀)ချပ်၊ နိုင်ငံခြားဇာတ်လမ်းဒီဗီဒီခွေ (၈၉၀)ချပ်၊
နိုင်ငံခြားသီချင်း ဒီဗီဒီခွေ (၁၈)ချပ်၊ ခွေရောင်းရငွေကျပ် (၁၆၀၀၀)တို့နှင့်
အတူတွေ့ရှိ သိမ်းဆည်းရမိသဖြင့် လှိုင်သာယာမြို့မရဲစခန်း
(ပ)၈၇၈/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ ၃၂(ခ) ဖြင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါ သည်။
၆.၈.၂၀၁၃ ရက်နေ့ ၁၂၄၀ အချိန် လှိုင်သာယာမြို့နယ်၊ သောင်ကြီး နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ဆင်ဆာမဲ့ခွေများ ရောင်းချနေကြောင်းသတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊ အတွင်း ပဒံကျေးရွာ၊ အနော်ရထားလမ်းဘေးရှိ ရွှေကမ်းသာယာဆိုင်ခန်းသို့ဝင်ရောက်ရှာဖွေရာ ဆိုင်ရှေ့စားပွဲပေါ်

ဒေါပုံ ယမုံနာ လမ်းတွင် ယာဉ်(၄)စီး ဆင့်ကဲတိုက်

၆.၈.၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ဒေါပုံမြို့နယ်၊ ယမုံနာလမ်းတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်နေ ဇော်ဆန်း(ဘ)ဦးမောင်မောင် မောင်းနှင်လာသည့် ၅ခ/---- Dump Truck ကိုယ်ပိုင်ယာဉ် သည် ၎င်း၏ရှေ့မှ လမ်းကြပ်၍ဖြည်းဖြည်းချင်း မောင်းနှင်နေသော ကိုတင်ထွန်း မောင်းနှင်သည့် ၉ဃ/---- အငှားယာဉ်အား အရှိန်မထိန်းနိုင်ဘဲဝင်ရောက်တိုက်မိခဲ့ပါသည်။

ထိုင်းနိုင်ငံမှ မြန်မာတွင် မြှုပ်နှံခွင့်ရခဲ့သည့် ပမာဏမှာ ဒေါ်လာ ၁၀ ဘီလျံနီးပါးဖြစ်ပြီး လက်ရှိမြှုပ်နှံ ထားသည့် ပမာဏမှာ ဒေါ်လာ သုံးဘီလျံ နီးပါးသာရှိရာ စာရင်းရှိနှင့် အမှန်မြှုပ်နှံမှု ပမာဏ အများဆုံး ကွာဟ သည့်နိုင်ငံ ဖြစ်နေ

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နိုင်ငံအလိုက် စာရင်းအရ ထိုင်းနိုင်ငံမှာ ဒုတိယနေရာမှ အမြင့် ဆုံး မြှုပ်နှံ ထားပြီး ရင်းနှီးမြှုပ်နှံလာသည့် ကာလ တစ်လျှောက် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနီးပါး အထိ မြှုပ်နှံခွင့် ပေး ထားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဖက်ဒရယ်စနစ်သို့ သွားရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်များ ကို ဖြည့်စွက်ပြင်ဆင် သည့် နည်းလမ်း အား အသုံးပြု အကောင် အထည်ဖော်ရန် ပြည်ထောင်စု လွှတ်တော် နာယက တိုက်တွန်း

W-7-8
တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်း ဆွေးနွေး ပွဲ သို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များ
ဖက်ဒရယ်သို့ သွားရန်အတွက် ပြည်ထောင်စုလွှတ်တော် နာယကမှ သြဂုတ် ၆ ရက်တွင် ဆွေးနွေးပွဲ တစ်ရပ် ကို စတင်ကျင်းပခဲ့သည်။

လက်ပံတောင်းတောင် ဧရိယာ အနီးရှိ ဇီးတောကျေးရွာ တွင် ဖမ်းဝရမ်း ထုတ်ထား သူများကို ရဲတပ်ဖွဲ့က ၀င်ရောက် ရှာဖွေရာမှ ဒေသခံ များနှင့် ပြဿနာဖြစ်ပွား

AA-7-8
ဇီးတောကျေးရွာရှိ စန်းမြ၀တီ ကျောင်းတိုက်အား သြဂုတ် ၆ ရက် နံနက်ပိုင်း က တွေ့ရစဉ်
သြဂုတ် ၆ ရက် နံနက် ၂ နာရီခန့်က လက်ပံတောင်းတောင် ဧရိယာအနီးရှိ ဇီးတောကျေးရွာ၌ ရဲဝတ်စုံနှင့် အရပ်ဝတ် ရဲဝန်ထမ်း ၂၀ ဦးခန့်က လက်ပံတောင်းတောင်အရေး သက်ဆိုင်ရာ၏ ဖမ်းဝရမ်း ထုတ်ထားသူ ခုနစ်ဦးကို မေးမြန်းခဲ့ရာမှ ဒေသခံရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်း အနားအဖြစ် မန္တလေးမြို့တွင် စာပေနှင့် နိုင်ငံရေး သမားများ၏ ဟောပြောပွဲ ကျင်းပ

BB-7-8
ရှစ်လေးလုံးငွေရတု အခမ်းအနားတွင် ကဗျာဆရာကိုလေး (အင်းဝဂုဏ်ရည်)မှ ဟောပြောစဉ်
၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူထုအုံကြွမှုကြီးနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ကွယ်လွန်ခဲ့သော ရဲဘော်များနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ ရဲဘော်များ၏ လွမ်းဆွတ်တမ်းတခြင်းနှင့် အမှတ်တရ ဟောပြောခြင်း အခမ်းအနားအား သြဂုတ် ၆ ရက် ညပိုင်းက မန္တလေးမြို့ရှိ ဓမ္မသာလာခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံရန် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကမ်းလှမ်း

ပြန်ကြားရေးဝန်ကြီးဌာန၏ ကတိဖျက်မှုကြောင့် ပြဿနာရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် တွေ့ဆုံရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ကမ်းလှမ်းလိုက်ကြောင်း သတင်းရရှိသည်။

ရွှေတူး သူများအပေါ် သတ္တုတွင်း ၀န်ကြီးဌာန၏ ကြိုတင်ရွှေသွင်းခိုင်း မှုမှာ ဆက်ကြေးကောက် သကဲ့သို့ ဖြစ်နေပြီး အစိုးရကို လုပ်ငန်းရှင်မှ လိမ်လည် ခိုင်းသလို ဖြစ်နေဟု လွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းထွန်း ပြောကြား

ရွှေတူးဖော်သူ လုပ်ငန်းရှင်များအပေါ် သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် စနစ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေများ ကို ရွှေမတူးရသေးမီ အချိန်၌ပင် ကြိုတင်ပေးသွင်း ခိုင်းသည့် စနစ်မှာ ဆက်ကြေးကောက်သကဲ့သို့ ဖြစ်နေသည်ဟု သြဂုတ် ၆ ရက်က ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းထွန်းက ပြောကြားခဲ့သည်။