Thursday, 25 July 2013

သမီးဖြစ်သူကို ရည်းစားကအဓမ္မကျင့်သည်ဟု အမှုဖွင့်လိုက်တဲ့ ဖခင်

၁၃ နှစ်အရွယ်သာရှိသေးသည့် သူ့သမီးငယ်ကိုရည်းစားဖြစ်သူက အဓမ္မကျင့်သည်ဟုစွပ်စွဲကာ ဖခင်ဖြစ် သူက တိုင်ကြားမှုတစ်ခုကို အင်းစိန်ရဲစခန်းက ဇူလိုင် ၂၂ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံကလည်း ဖြေရှင်းပေးစေလိုဟု တရုတ်တပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ အနေဖြင့်လည်း ဖြေ ရှင်းပေးစေလိုဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ

ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား

Photo: ဆွာရက်ဇ်ကို ၄၀၀၀၀၀၁ပေါင်ဖြင့် အာဆင်နယ် ကမ်းလှမ်းထား
Thursday, July 25, 2013

အာဆင်နယ်မှာ လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။ အာဆင်နယ်သည် ဆွာရက်ဇ်အတွက် ပေါင်သန်း ၃၀ ဖြင့် စတင်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့၏ ပထမအကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ကြေး တိုးမြှင့်၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ယခု အပြောင်းအရွှေ့ကာလတွင် အာဆင်နယ်မှာ ဟီဂူအင်၊ ရွန်နီ၊ ဆွာရက်ဇ်စသည့် ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ဟီဂူအင်ကို နာပိုလီက ယူရို ၃၇သန်းဖြင့် ခေါ်ယူနိုင်တော့မည်ဖြစ်ကာ ရွန်နီကိုလည်း မန်ယူမှ လက်လွှတ်ဖွယ်မရှိခြင်းကြောင့် ဆွာရက်ဇ်ကို အမိအရ ခေါ်ယူရန် ကြိုးပမ်းနေပြီးယခုကမ်းလှမ်းခဲ့သော ပြောင်းရွှေ့ကြေး
အရ လီဗာပူးအနေဖြင့် ဆွာရက်ဇ်ကို အသိပေးရမည်ဖြစ်သည်။ ဆွာရက်ဇ်မှာ မဲဘုန်းကို ၂ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် လူစားဝင် ကစားသွားခဲ့ပြီး အသင်းအတွက် ဒုတိယအနိုင်ဂိုး ဖန်တီပေးနိုင်ခဲ့ကာ အီဗန်နိုဗစ်ကို ကိုက်ခဲ့ သည့်အတွက် လီဗာပူး၏ ရာသီအ၀ ပွဲစဉ် ၆ပွဲကို လွဲချော်ရမည်ဖြစ်သည်။

http://yoyarlay.com/sport/football/36778-2013-07-24-16-56-02
ဇော်ထွန်း(ရိုးရာလေး) အာဆင်နယ်မှာ လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ကို ပေါင်သန်း ၄၀နှင့် တစ်ပေါင် ထပ်ဆောင်းပေး၍

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

killed-july25
အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်း သန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျောင်းသားတွေသေဆုံးမှုနဲ့ ကျောင်းအုပ် ဆရာမ အဖမ်းခံရ

အိန္ဒိယနိုင်ငံက ​ပြီးခဲ့တပတ်ကပဲ ​မူလတန်းကျောင်းက ​ကျောင်းသား​၂၃ယောက်လောက် ​သေဆုံးစေခဲ့တဲ့ ​အစာအဆိပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ​သံသယရှိသူ ​ကျောင်းအုပ်ဆရာမကို ​အိန္ဒိယရဲတွေက​ဖမ်းဆီး လိုက်ပြီလို့ ​သိရပါတယ်။

အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်

Photo: အလုပ်သမားရပိုင်ခွင့် စာစောင် လွှတ်တော်က ထုတ်ဝေမည်

အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေးသားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။

ဒီစာစောင်ကို မကြာမီအချိန်အတွင်းမှာ အလုပ်သမားတွေရဲ့ လက်ထဲအရောက် ဖြန့်ချိတော့မှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင် အတွင်းရေးမှူးဖြစ်တဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

"အလုပ်သမားအခွင့်အရေးဟာ ဘယ်လောက်အထိ သူတို့မှာအခွင့်အရေးရှိတယ်ဆိုတာ မသိတဲ့အတွက် သူတို့သိဖို့အတွက်ကို အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဝေလိုတဲ့ဆန္ဒရှိတယ်၊ အဲဒီအတွက် ကျနော်တို့ပူပေါင်းကော်မရှင်အနေနဲ့ ဒီစာအုပ်ထုတ်ဝေရေးအဖွဲ့ကို ဖွဲ့ခဲ့တာဖြစ်တယ်၊ မကြာခင် အလုပ်သမားတွေကို ဖြန့်ဝေပေးမှာဖြစ်တယ်”

အလုပ်သမားလက်စွဲစာစောင် ထုတ်ဝေဖို့အတွက် ကုန်ကျစရိတ်ကို လွှတ်တော်ကထုတ်ပေးဖို့အတွက် အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး ပူးပေါင်းလေ့လာရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြထားတယ်လို့ သိရပါတယ်။

ဒီစာစောင်ကို လွှတ်တော်ပုံနှိပ်တိုက်က ရိုက်နှိပ်ပေးဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။
အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေအပြင် အလုပ်သမားတစ်ဦးချင်းစီရဲ့ ရပိုင်ခွင့်တွေအကြောင်းရေး သားမယ့် အလုပ်သမားလက်စွဲစာစောင်ကို ပြည်ထောင်စု လွှတ်တော်က မကြာမီထုတ်ဝေဖို့ရှိတယ်လို့ RFA ကသိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာ တိုင်းရင်းသားညီလာခံ ကျင်းပမယ်

ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ရေးရာကောင်စီ အရင်ကကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားများ အစည်းအဝေး (Credit: ABC) မြန်မာနိုင်ငံက ​တိုင်းရင်းသားစည်းလုံးညီညွှတ်မှုအပါအ၀င် ​ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ​ကိစ္စတွေ ကို ​ဆွေးနွေးဖို့အတွက် ​တနိုင်ငံလုံးအတိုင်းအတာ ​တိုင်းရင်းသားညီလာခံတရပ်ကို ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ မှာ ​၄ ​ရပ်ကြာ ​ကျင်းပသွားဖို့ရှိပြီး ​ကိုယ်စားလှယ်ပေါင်း ​၁၅၀ ​ကျော် ​တက်ရောက်ဖို့ရှိတယ်လို့ ​သိရပါ တယ်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ တင်မပေးသည့်အတွက် သတင်းမီဒီယာ ဥပဒေကြမ်းအား စာနယ်ဇင်းကောင်စီမှ လွှတ်တော်သို့ တိုက်ရိုက်တင်သွင်းရန် ဆုံးဖြတ်

media-july25
ပြန်ကြားရေး ဒုတိယ၀န်ကြီးများ၊ စာနယ်ဇင်း ကောင်စီနှင့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့ နေပြည်တော်၌ ဇူလိုင် ၂၄ ရက်က တွေ့ ဆုံဆွေးနွေးစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ညီနောင်ဥပဒေအဖြစ် လွှတ်တော်သို့ တင်သွင်းပေးမည် ဟု ပြောဆိုခဲ့သော်
လည်းမတင်ပေးသည့်အတွက် အဆိုပါ ကတိပျက်မှုအပေါ် မယုံကြည် တော့သောကြောင့် စာနယ် ဇင်းကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေကို လွှတ်တော်သို့ တိုက်ရိုက်တင်သွင်း သွား မည်ဖြစ်ကြောင်း သိ ရသည်။

Wednesday, 24 July 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် မိုးခေါင် ရေရှားမှုကြောင့် လူပေါင်း ၃၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်

Photo: တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် မိုးခေါင် ရေရှားမှုကြောင့် လူပေါင်း ၃၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်
Wednesday, July 24, 2013 

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသရှိ ဟူနန်ပြည်နယ်တွင် ဇူလိုင်လ အစောပိုင်း မှ စတင်၍ ဖြစ်ပေါ်ခဲ့သော မိုးခေါင်မှုကြောင့် လူပေါင်း ၃၈၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဟူ နန်ပြည် နယ် မိုးခေါင် ရေရှားမှု ပြန်လည် ကယ်ဆယ်ရေး ဌာနက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဟူနန်ပြည်ရှိ မြို့ကြီး ၁၂ မြို့မှ တိုက်နယ် ၈၇ ခုသည် မိုးခေါင်မှု ဒဏ်ကြောင့် ကောက်ပဲသီးနှံ စိုက်ခင်း ၂၆ဝ,ဝဝဝ ဟက်တာခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မွေးမြူရေး တိရစ္ဆာန် ၂၁၆,ဝဝဝ ခန့် သောက် သုံးရေ ပြတ်လပ်လျက်ရှိကြောင်း၊ ဟူနန်ပြည်နယ် အတွင်းရှိ မြစ်ပေါင်း ၁၂၈ စင်းနှင့် ရေလှောင်ကန် ၁၂၄ ခုတွင် ရေခန်းခြောက်လျက် ရှိကြောင်း၊ လူပေါင်း ၃၆၅,၆ဝဝ ဦး အတွက် ရေဖြန့်ဝေပေးရန်နှင့် စိုက်ပျိုးမြေများကို ရေပေးဝေ ရန်အတွက် လူအင်အား ၁ ဒသမ ၈ သန်း ခန့်နှင့် ရေသယ်ယဉ် ၁၁,၃ဝဝ စီးကို ၎င်းဒေသများသို့ စေလွှတ်ပေးခဲ့ကြောင်း အဆိုပါ ဌာနက ပြောကြားခဲ့သည်။

ဟူနန်ပြည်နယ်တွင် စက်တင်ဘာလအထိ အပူချိန်မြင့်မားပြီး မိုးခေါင်ရေရှား မှု ပြဿနာဆက်လက် ဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု မျှော်မှန်းရကြောင်း ဒေသဆိုင်ရာ မိုးလေဝသ ဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။

မြ၀တီ
တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသရှိ ဟူနန်ပြည်နယ်တွင် ဇူလိုင်လ အစောပိုင်း မှ စတင်၍ ဖြစ်ပေါ်ခဲ့သော

နစက အား ဖျက်သိမ်း ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များမှ ဆက်လက် တာဝန်ယူ

nks-july24
မောင်တောမြို့နယ်၏ လုံခြုံရေးအား ဆက်လက်တာဝန်ယူနေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့အား လုံခြုံရေးစခန်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)ကို ဇူလိုင် ၁၂ ရက်က ဖျက်သိမ်းလိုက်ပြီးနောက် နစက၏ တာဝန် များကို ရဲတပ်ရင်းမှ အစားထိုးဝင်ရောက်နေပြီး နစကနယ်မြေများနှင့် စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ အစားထိုး တာဝန်ထမ်းဆောင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

နျူးကလီးယားစက်ရုံက အခိုးငွေ့တွေ ထွက်လို့ စိုးရိမ်မကင်းဖြစ်ကြ

ဖူကူရှီးမားဒေသခံတွေကို ဆူနာမီနဲ့ ငလျင်လှုပ်ခဲ့တဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား အတွင်း တွေ့ရစဉ် (Credit: Reuters)


ဂျပန်နိုင်ငံ ​ဖူကူရှီးမား ​နျူးကလီးယားစက်ရုံကနေ ​အခိုးအငွေ့တွေ ​ထပ်မံထွက်ပေါ်လာတဲ့အတွက် ​စိုးရိမ် မကင်း ​ဖြစ်နေကြပါတယ်။

ဖိလိပိုင်က မွတ်စလင် ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရ အမိန့် ထုတ်

Photo: ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရ အမိန့် ထုတ်
Wednesday, 24 July 2013

ဖိလိပိုင်နိုင်ငံ က ဆရာ ဆရာမနဲ့ ကျောင်းသားတွေကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် စာသင်ကျောင်းက မွတ်စလင် ဆရာမတွေကို စာသင်ပြနေတဲ့အချိန်မှာ သူတို့ရဲ့ ခေါင်းပေါင်းတွေကို ချွတ်ထားရမယ်လို့ ဖိလိပိုင်အစိုးရက အမိန့်ထုတ်ပြန် လိုက်ပါတယ်။


အခုလို မွတ်စလင်ဆရာမတွေကို ခေါင်းပေါင်း ချွတ်ထားရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန် လိုက်တာဟာ စာသင်ကျောင်းတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အယူသည်း မှုတွေကို ပြုပြင်ပြောင်းလဲမှု လုပ်တာဖြစ် တယ်လို့ ဖိလိပိုင်နိုင်ငံ ပညာရေးဆိုင်ရာ အတွင်းရေးမှူး Armin Luistro ကပြောပါတယ်။

ဒါပေမယ့် အခုထုတ်ပြန်လိုက်တဲ့ အမိန့်ထဲမှာ မွတ်စလင်ကျောင်းသူလေးတွေ ကတော့ ကျောင်းဝင်းတွေ ထဲမှာ ခေါင်းပေါင်းခွင့်ရှိသလို ကိုယ်ကာယ လေ့ကျင့် ခန်းပြုလုပ်တဲ့အတန်းမှာလည်း သင့်တော်တဲ့ အ၀တ် အစားတွေ ၀တ်ဆင်နိုင်တယ်လို့ ပါရှိပါတယ်။ မွတ်စလင်ဆရာမတွေ ကိုလည်း စာသင်ခန်းထဲမှာ စာသင်ပြပေးနေချိန်အတွင်းသာ ခေါင်းပေါင်းကို ချွတ်ထားရမှာ ဖြစ်ပြီးတော့ ကျန်တဲ့ အတန်းချိန်မဟုတ်တဲ့ အချိန်တွေ မှာ ခေါင်းပေါင်း ပေါင်းခွင့်ရှိ တယ် လို့လည်း သိရပါတယ်။ အခုလို အမိန့်ထုတ် ပြန်ရ တာဟာလည်း ကျောင်းသူကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ဆရာမကို ပိုမို မှတ်မိစေဖို့ အတွက်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
အခုထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ မွတ်စလင်လူမျိုးဆိုင်ရာ အစိုးရဌာနကလည်း သဘောတူ လက်ခံပြီး မွတ်စလင် ဆရာမတွေဆီကနေ ဘာမှတုံ့ပြန်မှုတွေ မကြားသိရသေး ဘူးလို့ လည်း မွတ်စလင်လူမျိုးဆိုင်ရာ အစိုးရဌာနက တာဝန်ရှိသူတွေကဆိုပါတယ်။

ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကြစဉ် (Credit: AFP)
ABC Radio
ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကြစဉ် (Credit: AFP)
ဖိလိပိုင်နိုင်ငံက ဆရာ ဆရာမနဲ့ကျောင်းသားတွေကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် စာသင်ကျောင်းက မွတ်စလင် ဆရာမတွေကို စာသင်ပြနေတဲ့အချိန်မှာ သူတို့ရဲ့ ခေါင်းပေါင်းတွေကို ချွတ် ထားရမယ်လို့ ဖိလိပိုင်အစိုးရက အမိန့်ထုတ်ပြန် လိုက်ပါတယ်။

လွတ်ငြိမ်း ချမ်းသာ ခွင့်ထဲ တိုင်းရင်း သား အများစုပါဝင်

Photo: လွတ်ငြိမ်းချမ်းသာခွင့်ထဲ တိုင်းရင်းသားအများစုပါဝင် 
Wednesday, July 24, 2013

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆၈ ယောက်ကို အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးလိုက်သူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက်တယ်လို့ စွပ်စွဲပြီး အကျဉ်းချခံထားရသူ အများစု ပါလာတာကြောင့် ဒါဟာ ယုံကြည်မှု တည်ဆောက်ရေးအတွက် ပိုကောင်းလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
 
အခု ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။ ကြိုတင်မကြေညာထားဘဲ အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပြီးတော့ ကာယကံရှင်တွေ ကိုယ်တိုင်တောင်မှ နေ့လည်ပိုင်းမှ သိခဲ့ကြရတာပါ။
 
လွတ်မြောက်လာသူတွေထဲမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတဲ့ ဦးဘရန်ရှောင်လည်း ပါပါတယ်။ ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲ ဖမ်းဆီးထားပြီးတော့ ထောင်ဒဏ် ချမှတ်ခဲ့တာပါ။ သူ့ကို မြစ်ကြီးနားထောင်မှာ သွားကြိုဆိုပြီး ဂျမိုင်ကောင်း ဒုက္ခသည်စခန်းထဲက မိသားစုဆီ ပြန်ပို့ပေးခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဗွီအိုအေကို အခုလို ပြောပါတယ်။
 
“ဒီနေ့ကတော့ သမ္မတကြီးကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ အားလုံးပေါင်း ၆၉၊ ၇၀ လောက်ရှိတယ်ဗျ။ အဲ့ဒီထဲမှာ တော်တော်များများဟာ တိုင်းရင်းသားနယ်မြေတွေက ဖြစ်တယ်ဗျ။ တိုင်းရင်းသားတွေ အများကြီး ပါသွားတယ်လို့လည်း သိရပါတယ်။ ကျနော်ကတော့ တိုင်းရင်းသားတွေဘက်က ကြည့်ပြီးတော့ ၀မ်းသာတာပေါ့ဗျာ။”
 
ပြန်လွတ်လာသူ အများစုဟာ တရားမ၀င် အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု၊ အဖွဲ့ဝင်ဖြစ်မှုဆိုတဲ့ ၁၇ (၁)၊ ၁၇ (၂) ပုဒ်မတွေနဲ့ ထောင်ဒဏ် ချမှတ်ခံထားရသူတွေဖြစ်ပြီး KIA၊ RCSS/SSA တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နေချိန်မှာ အခုလို ပြန်လွှတ်ပေးလိုက်တဲ့အတွက် လုပ်ငန်းစဉ်အပေါ် အထောက်အကူ ဖြစ်စေပါတယ်လို့ ၀န်ကြီးဦးအောင်မင်းက ပြောပါတယ်။
 
“ငြိမ်းချမ်းရေးမှာ တကယ်အရေးကြီးတာကတော့ Confident Building ပေါ့ဗျာ။ ကျနော်တို့က Trust တည်ဆောက်နေတဲ့ကိစ္စမှာ ကျနော်တို့က ကတိတည်ဖို့ လိုအပ်တာပေါ့ဗျာ။ အခုလုပ်တာကလည်း ဘာပဲဖြစ်ဖြစ် ကျနော်တို့ပေးတဲ့ ကတိအတိုင်းပဲ ဆောင်ရွက်တာဖြစ်တဲ့အတွက် Confident Building မှာတော့ ပိုပြီးတော့ ကောင်းလာပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်လုပ်တဲ့ Process တွေ အားလုံးက အရေးအကြီးဆုံးက Confident ဆိုတဲ့စကားပြောပါတယ်။ ဒါဟာ ဒီအပေါ်မှာပဲ အခြေခံတာပေါ့ဗျာ။ ဒါတွေအတွက် ကျနော့်အတွက် အများကြီး အထောက်အကူဖြစ်တယ်လို့ပဲ ဒီလိုပဲ ပြောလို့ရပါတယ်။”
 
ဦးဘရန်ရှောင် ပြန်လည်လွတ်မြောက်ရေးအတွက် ကချင်နဲ့ တခြား အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက အစဉ်တစိုက် တောင်းဆိုခဲ့ကြပြီး ပြီးခဲ့တဲ့မေလက မြစ်ကြီးနားမြို့မှာ KIA နဲ့ ဆွေးနွေးပွဲပြီးတဲ့နောက် ဒုက္ခသည်စခန်းဆီ သွားရောက်ခဲ့တဲ့ ၀န်ကြီး ဦးအောင်မင်းက ပြန်လွတ်လာအောင် လုပ်ပေးမယ်လို့ အာမခံ ပြောကြားခဲ့တာပါ။ ကတိအတိုင်း တည်အောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် ၀မ်းသာကြောင်းလည်း ၀န်ကြီး ဦးအောင်မင်း က ပြောပါတယ်။
 
လွတ်မြောက်ပြီးတဲ့နောက် မိသားစုနဲ့အတူ ပြန်လည်တွေ့ဆုံခွင့်ရတဲ့ ဦးဘရန်ရှောင် ကိုယ်တိုင်ကတော့ သူ့ရဲ့ခံစားချက်ကို အခုလို ပြောပြပါတယ်။
 
“ကျနော် ဒီနေ့က ဒုက္ခသည်စခန်းမှာ အကုန်လုံးက ကျနော့် တိုင်းရင်းသားတွေနဲ့ ပြန်ဆုံလို့ ကျနော်လည်း သိပ်ဝမ်းသာပါတယ်။”
 
ဦးဘရန်ရှောင်ဟာ KIA တပ်ဖွဲ့ဝင်မဟုတ်ပါဘဲ တပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲခံရပြီး အကျဉ်းချခံခဲ့ရတာကြောင့် ပြန်လွတ်လာတာကို အထူး ၀မ်းသာပေမဲ့ တရားစီရင်မှုနဲ့ ပတ်သက်လို့တော့ စိတ်ထိခိုက်ရပါတယ်လို့ ဂျမိုင်ကောင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ပြောပါတယ်။
 
“သူ ၁ နှစ်နဲ့မှ ၁ လနဲ့မှ ၇ ရက်ပေါ့နော် ဒီမိသားစုနဲ့ ခွဲခွာနေရတယ်။ အဲ့ဒါ သူ ပြန်ရောက်လာတာ သူ့မိသားစုတွေအားလုံး ပျော်ပျော်ရွှင်ရွှင် မြင်နေရတာကို အရမ်းပျော်မိပါတယ်။ ဒါပေမဲ့ စိတ်မကောင်းတာတခုကတော့ ဦးဘရန်ရှောင်က KIA မဟုတ်ဘဲနဲ့ ဟုတ်တယ်ဆိုပြီးမှ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ တရားစီရင်မှုအပေါ်မှာ တော်တော်ကို စိတ်ထိခိုက်တယ်ပေါ့။ စိတ်မကောင်းဘူး။”
 
အခု ပြန်လွှတ်ပေးလိုက်တဲ့ အရေအတွက် စုစုပေါင်းက ၇၃ ယောက်ဖြစ်ပေမဲ့ ၅ ယောက်ဟာ နိုင်ငံရေးအကျဉ်းသား မဟုတ်ဘူးလို့ သူတို့အနေနဲ့ သတ်မှတ်ထားတာကြောင့် ၆၈ ယောက် ပြန်လွတ်တယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင်နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးရဲအောင်က ပြောပါတယ်။ ဒီ ၆၈ ယောက် စလုံးကတော့ သူတို့ကော်မတီက တင်ပြထားတဲ့စာရင်းထဲမှာ ပါဝင်သူတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။
 
သူတို့အဖွဲ့ရဲ့စာရင်းအရ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်နဲ့ သမ္မတဦးသိန်းစိန် ပြောထားသလို ဒီနှစ်မကုန်ခင် အားလုံး ပြန်လွတ်လာနိုင်ဖို့ ဆက်လုပ်သွားမယ့် အခြေအနေတွေကိုတော့ ဦးရဲအောင် က ရှင်းပြပါတယ်။
 
“တနိုင်ငံလုံးအနေနဲ့ ကျနော် တိုင်းတာပြောရရင်တော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့ရယ်၊ AAPP ရယ် စုစည်းပြီးတော့ပေါ့နော် ကျနော်တို့ တင်ပြထားတဲ့ နိုင်ငံရေးအကျဉ်းသားက ၁၆၀ ကျော်ရှိတဲ့အတွက် ၁၀၀ ကျော်လောက် ကျန်ပါသေးတယ်ခင်ဗျ။ ကျန်တဲ့သူတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ စိစစ်ရေးကော်မတီထဲမှာလည်း ဒီဟာဟာ နိုင်ငံရေးအကျဉ်းသား ဟုတ် မဟုတ် ဆိုတဲ့ပြဿနာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ တချို့လူတွေကျတော့ အရင်အစိုးရက ပုဒ်မမျိုးစုံ တပ်ထားတာတွေရှိတယ်။ ကျနော်တို့ အမှုတွဲတွေကို သေချာလေ့လာပြီးမှ ကော်မတီမှာ ကျနော်တို့ အသေးစိတ် ဆွေးနွေးရပါဦးမယ်ခင်ဗျ။ ၁၀၀ ကျော် ကျန်တယ်ဆိုတာက ကျနော်တို့ နိုင်ကျဉ်းအဖွဲ့ရဲ့ စာရင်းအရ ၁၀၀ ကျော် ကျန်တာကို ပြောတာပါခင်ဗျ။”
 
သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ဒီနှစ်မကုန်ခင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးမယ်လို့ ကတိပေး ပြောဆိုခဲ့တာပါ။ ဒါဟာ မျှော်လင့်နိုင်တဲ့ကိစ္စ တစ်ခုဖြစ်ပြီး စိစစ်ရေးကော်မတီက စိစစ်ပြီးတဲ့နောက် အလွန်ဆုံး နှစ်ကုန်မှာ အားလုံး ပြန်လွတ်လာမှာပါလို့ ၀န်ကြီး ဦးအောင်မင်း ကလည်း ပြောပါတယ်။
 
ငြိမ်းချမ်းရေးဖြစ်စဉ်တွေ တောက်လျှောက် တိုးတက်နေပြီး တိုင်းရင်းသားတွေ အားလုံးကလည်း ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နေတာ တွေ့ရပါတယ်လို့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။ 

VOA Burmese
လွတ်မြောက်လာသူ ကချင်တိုင်းရင်းသား မရန် နော်ဆန်း
လွတ်မြောက်လာသူ ကချင်တိုင်းရင်းသား မရန် နော်ဆန်း
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆၈ ယောက် ကို အင်္ဂါနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးလိုက်သူတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ

မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ

Photo: မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ

ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ်အိုးဘွိုင်း နည်းပြဟောင်း မာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
ခဲ့ပြီးနောက် ၂နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ မာတီနိုမှာ မက်ဆီ အကြိုက်တွေ့သည့် နည်းပြတစ်ဦးဖြစ်ပြီး ၎င်းကို နည်းပြအဖြစ် မခန့်အပ်မီ မက်ဆီက ချီးကျူးထားခဲ့ဖူးသည်။

မာတီနိုနှင့် ပတ်သက်၍ မက်ဆီက “ မာတီနိုဟာ ထိပ်တန်း နည်းပြတစ်ဦးဖြစ်သလို သူ့ကို ကျွန်တော် ကြိုက်ပါတယ်။ နယူးဝဲလ်အိုးဘွိုင်းမှာလည်း မာတီနိုရဲ့ စွမ်းဆောင်မှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးသားပါ”ဟုဆိုခဲ့သည်။ မာတီနိုမှာ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး နယူးဝဲလ်အိုးဘွိုင်းနှင့်အတူ အမှတ်ပေးဖလား ရယူနိုင်ခဲ့ကာ ယင်းမတိုင်မီက ပါရာဂွေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး)
ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ် အိုးဘွိုင်း နည်းပြဟောင်း မာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာ

မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ

cctv-july24
မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)
မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ပြုလုပ် ခဲ့သော သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ငါးနှစ်ပြည့် အထိမ်း အမှတ် အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲ ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးအား စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လူရည်ချွန် များကို အရှေ့တောင် အာရှ နိုင်ငံ များသို့ လေ့လာရေး ခရီး စေလွှတ်ရန် စီစဉ်ထားပြီး အသေး စိတ်အား ဆွေးနွေးနေ

os-july24
လူရည်ချွန် ကျောင်းသားကျောင်းသူများကို တောင်ကြီးမြို့၌ တွေ့ရစဉ် (ဓာတ်ပုံ-စိုင်းအောင်မြတ်(တောင်ကြီး))
လူရည်ချွန်များအတွက် ပြည်ပနိုင်ငံ လေ့လာရေးခရီးစဉ်အဖြစ် အရှေ့တောင်အာရှ နိုင်ငံများသို့ စေလွှတ် ရန် စီစဉ်ထားပြီး လတ်တလောတွင် အဆိုပါ ခရီးစဉ်နှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များ အား ဆွေးနွေးနေဆဲဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

ပဋိပက္ခအား ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၏ Power အား မြှင့်တင်ပေးမည်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်များ ထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တရားဥပဒေ စိုးမိုးရေး အဖွဲ့ အစည်းများ၏ Power အား မြှင့်တင်ပေးမည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြော ကြားသည်။

ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်လိုသည့် အချက်များအားလုံးကို ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ခွင့် မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ပြောကြား

ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြင်ဆင် လို သည့် အချက်များအားလုံးကို ဥပဒေကြမ်းကော် မတီက ပြင်ဆင်ခွင့် မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော် မတီ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။

ချင်းပြည်နယ်တွင် ဆင်းရဲမွဲတေမှု ပပျောက်ရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရန် အဆိုကို ပြည်သူ့လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြု

ဇူလိုင် ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ်တွင် ဆင်းရဲနွမ်း ပါးမှု ဖြေရှင်းရန်အတွက် အထူးစီမံချက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် ပြည်ထောင်စု

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီ လက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာ များနှင့် မိုင်း ရှင်းလင်းရေး တွင် အသုံးပြုသည့် စက်ပစ္စည်း များ ၀ယ်ယူ ရန် နိုင်ငံတကာ သို့ တင်ဒါခေါ်ယူ ရန် စီစဉ်

police-july24
၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်းရှင်းလင်းရေးတွင် အသုံးပြုသည့် စက်ပစ္စည်းများကိုဝယ်ယူရန် နိုင်ငံတကာသို့တင်ဒါခေါ်ယူသွားရန် စီစဉ်နေကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။