အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖွဲ့စည်းတည်ထောင် ထားသော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်သော ရွေ့
Wednesday, 24 July 2013
ကြိုတင်သဘောတူထားသည့် အချက်များ မပါဘဲ ပြည်သူ့လွှတ်တော်မှ အတည်ပြုထားသည့် ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအား ပြန်ပြင်ရန် စာနယ်ဇင်းကောင်စီ၊ ပြည်သူ့လွှတ်တော်နှင့် ပြန်ကြားရေးမှ တာဝန်ရှိသူများ ယနေ့တွေ့ဆုံမည်
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ နှစ် ဖက်ဆွေးနွေး ကာ ပြင်ဆင်ရန် သဘော တူထားသည့် အချက်အချို့ မပါဘဲ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းအတည်ပြု ထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းပါ အချက်များအား ပြန်ပြင်နိုင်ရန် အတွက် စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်သူ့လွှတ်တော်နှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှတာဝန်ရှိ သူများ ယနေ့ (ဇူလိုင် ၂၄ ရက်)တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားသွင်းမှုများ ပြုလုပ်နေပြီး တရုတ်နှင့် ထိုင်းနယ်စပ်များမှ အများဆုံး ခိုးသွင်းကာ အစိုးရသစ်လက်ထက် ၂၀၀၇ စီးနှင့်အထက် ဖမ်းမိ
| မြ၀တီမြို့တွင်း တစ်နေရာ (ဓာတ်ပုံ-မင်းသီဟဇော်) |
မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င်
ကားတင်သွင်း မှုများ ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၂၃ ရက်က ကျင်းပသည့်
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာန ဒေါက်တာပွင့်ဆန်း၏ ရှင်းလင်းချက်အရ သိရသည်။
အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်ထဲရေး
ဝန်ကြီးဌာန၊ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ဘဏ္ဍာ/အခွန် ၀န်ကြီးဌာနနှင့်
ပြည်နယ်သုံးခု၊ တိုင်းဒေသကြီး တစ်ခုတို့မှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့
ကားစီးရေမှာ ၂၀၀၇ စီးနှင့် အထက်ရှိကြောင်း သိရသည်။
နယ်စပ်မှ တရားမ၀င် ကားတင်သွင်းရာတွင် ကချင်ပြည်နယ်မှ လမ်းကြောင်းငါးခု၊
ကယားပြည်နယ်မှ လမ်းကြောင်းနှစ်ခု၊ ကရင်ပြည်နယ်မှ လမ်းကြောင်း ၁၇ ခု၊
တနင်္သာရီမှ လမ်းကြောင်းလေးခု၊ ရှမ်းပြည်နယ်မှ လမ်းကြောင်း ၁၂ ခု စုစုပေါင်း
လမ်းကြောင်း ၄၀ ရှိကြောင်း သိရသည်။
| သောင်ရင်းမြစ် တစ်ဖက်ကမ်း ၁၃ ဂိတ် ကားဝင်းအတွင်း မြန်မာနိုင်ငံဘက်သို့ ရောင်းချမည့် လိုင်စင်မဲ့ကားများအား ဇူလိုင်ပထမပတ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း) |
"တရားမ၀င် လိုင်စင်မဲ့ယာဉ် ၀င်ရောက်နိုင်တဲ့ လမ်းကြောင်းတွေက ၄၀
ရှိပါတယ်။ ပြည်နယ်အတွင်း ခရီးသွားလာမှု အဆင်ပြေဖို့နဲ့ ကားဝယ်ယူ သုံးစွဲရတာ
အဆင်ပြေဖို့အတွက် တရားဝင်ကားတွေကို အရစ်ကျငွေ ချေစနစ်နဲ့
ဝယ်ယူသုံးစွဲနိုင်အောင် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး အရောင်းပြခန်း
ဖွင့်လှစ်ပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးတိုးဝင်း၏ လိုင်စင်မဲ့ကားများ တရားဝင်ဖွင့်လှစ်ထားသည့်
နယ်စပ်ဂိတ်များမှသော် လည်းကောင်း၊ တရားမ၀င် နယ်စပ်ဂိတ်များမှသော်
လည်းကောင်း ၀င်ရောက်လာခြင်းကို သိရှိခြင်း ရှိ၊ မရှိ မေးမြန်းချက်အပေါ်
ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
တရားမ၀င် လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုအပေါ် လက်ရှိတွင် ပြည်ထဲရေး
ဝန်ကြီးဌာန၊ နယ်ခြားစောင့် တပ်၊ ကျေးရွာအုပ်ချုပ်ရေး၊
ပြည်သူ့စစ်တပ်ဖွဲ့များမှ စောင့်ကြည့်စစ်ဆေးသည့်အပြင်
ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ်
တာဝန်ယူထားပြီး အကောက်ခွန်၊ မြန် မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် ထွေ/အုပ်၊
ကုန်သည်များ အသင်းရုံးတို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့် Mobile Team
အဖွဲ့ဖြင့်လည်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်
တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများ တင်သွင်းရာတွင် စီးပွား/ကူးသန်း
ဦးစီးဌာန၏ ဖမ်းဆီးရမိသည့် စာရင်းများအရ ထိုင်းနှင့်တရုတ် နယ်စပ်များမှ
ခိုးသွင်းလျက်ရှိကြောင်း သိရသည်။
စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း
ဖမ်းမိသည့် အစီးရေသည် ၅၉၆ စီးအထိ ရှိပြီး ကျပ် ၁၇ ဒသမ ၈၁၁ ဘီလျံကျော်
တန်ဖိုးရှိကြောင်း သိရသည်။
Eleven Media Group
Tuesday, 23 July 2013
ချစ်သူခြင်း လက်ထပ်ခွင့်ရလျင် အသက်ရှည်ရှည် နေရနိုင်

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်တစ်ခုသည် စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးအတွက် အထောက် အကူ ပြုကြောင်း ယခင်ကတည်းက သတ်မှတ်ထားကြသည်။
Monday, 22 July 2013
မာလကာ သီး စားသုံးခြင်း သည် သွေး တိုးရော ဂါ ဖြစ်ပွားမှု နည်းစေ

မာလကာသီးတစ်လုံးတွင်
ဗီတာမင်စီမှာ လိမ္မော်သီးတစ်လုံး၌ ပါရှိသည့် ဗီတာမင်စီပမာဏထက် ငါးဆ
ခန့်ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီအပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊
ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့်
အမျှင်ဓာတ်တို့ပါဝင်သည်။
ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်
ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ ဝဲအတွင်း ကျောက်ဆောင်ဖြင့်
တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က
ဖြစ်ပေါ်ခဲ့သည်။
သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင် ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။
တောင်ကြီးမြို့ ရေရှားပါးမှု ဖြေရှင်း ရန် ဖောင်ဒေးရှင်း တည်ထောင်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်းစို ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။
ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ
| ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ် |
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ
ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများ တွင်
ဝါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို
စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။
ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်
မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။
အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

အမေရိကန်ရေတပ်သည် စစ်လက်နက်ပစ္စည်းထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C
Fire Scout မောင်းသူမဲ့ရဟတ်ယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်းလက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ်
နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ
ရက် အင်တာနက်သတင်း တစ်ရပ်အရသိရသည်။
မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။
နောက်ပိုင်းငြိမ်း ချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်
နောက်ပိုင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာ တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇူလိုင် ၂၁ ရက်က Myanmar
Sunday, 21 July 2013
မန္တလေးမှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှု လျော့ကျ
တရုတ်ပြည်သူ့သမ္မတ
နိုင်ငံတွင် ပြပွဲ ရှိနေသောကြောင့် မန္တလေးမြို့မှ တရုတ်သို့
ကျောက်စိမ်းတင်ပို့မှုမှာ ယခုဇူလိုင်လ ပထမပတ်ခန့်မှ စတင်၍ လျော့ကျလာကြောင်း
မန္တလေးမြို့ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး
ဦးသိုက်ထွန်းက ပြောကြားသည်။
အရှေ့မြောက် ဖျားက လောင်း ကစားမြို့ပျက်

ဆောင်းတစ်မျိုး၊ နွေတစ်မျိုး၊ မိုးတစ်မျိုး လှပနေသည့်နေရာ၊ သစ်ပင်မပေါက်သော တောင်ပူ စာကလေးများ စီတန်းနေသည့် ချန်ယိမ်းခူး လွင်ပြင်သည် ဇူလိုင်မိုးဖွဲများ အောက်တွင် စိမ်း
သမ္မတရုံးဝက်ဆိုက်မှာ အခုလို ဖော်ပြထားပါတယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
အရေးပေါ် အခြေအနေကြေညာခြင်းအား ရုပ်သိမ်းခြင်း
သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်
၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ
ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့
ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း ပြောပြချက်အရ ၎င်း၏
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းကျော်ဖြင့် ၁၂ ရက်အတွင်း အပြီးကောက်မည်
![]() |
| သန်းခေါင်စာရင်း ကောက်ယူရန် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးပွဲအား ဇူလိုင် ၁၉ ရက်က တွေ့ရစဉ် |
၂၀၁၄ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ ကျောင်းဆရာ၊ ဆရာမ တစ်သိန်းနှစ်သောင်းဖြင့် ၁၂ ရက်အတွင်း အပြီးကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ၀န်ကြီးဌာန ၂၂ ခုနှင့် ဗဟိုအဖွဲ့အစည်း ငါးခုသည် သုံးမကုန် ပိုလျှံငွေကျပ် ၇၅ ဘီလျံကျော်ကို အချိန်မီ ပြန်မအပ်ခြင်းသည် မမှန်မကန် အလွဲသုံးမှု ဖြစ်စေနိုင်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သုံးသပ်
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသော
အသုံးစရိတ်များအနက် သုံးမကုန်သော ပိုလျှံငွေများကို ၀န်ကြီးဌာန ၂၂ ခုနှင့်
ဗဟိုအဖွဲ့အစည်း ငါးခုမှ သတ်မှတ်ချိန်ထက် များစွာနောက်ကျ၍ အပ်နှံခဲ့ကြောင်း
သတင်းရရှိသည်။
Subscribe to:
Posts (Atom)
