Monday, 1 July 2013
Sunday, 30 June 2013
တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး

တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်း ရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
လားရှိုးပဋိပက္ခ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို တရားစွဲ
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်
ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဒေသခံ ၂၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင်
တရားစွဲဆိုခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးမှ သိရှိရသည်။
ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူ ၆၁ ဦး အနက်
ဒေသခံ ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့က တရားစွဲဆို ခဲ့ပြီးနောက် ယခုနောက်ထပ် ဇွန်လ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် အမှုငါးခုဖြင့် လူ ၂၂ ဦးကို တရားစွဲဆိုခြင်း ဖြစ်သည်။နိုင်ငံပြတင်းတစ်ပေါက်စနစ် အဆိုပြု ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေး
ကုန်သွယ်မှု ပြုရာတွင် အကောက်ခွန် ရှင်းလင်းမှု လွယ်ကူလျင်မြန်စေမည့်
နိုင်ငံ ပြတင်းတစ်ပေါက်စနစ် (Nation Single Window -NSW) အတွက်
အဆိုပြုထားသော ကုမ္ပဏီများအနက်မှ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးကာ
ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း
အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
အေးရှားဝေါ(လ် )ကုမ္ပဏီနှင့်ဒေသခံ များမြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေ

လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံ များနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။
အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက် လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီးဖြစ်သလို လူပေါင်းထောင်သောင်းချီ ပျောက်ဆုံးနေပါတယ်။ သေဆုံးသူ ပမာဏ က အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီက ပြောပါတယ်။
မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်

ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေး စနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက် ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချ မှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။
ကော့သောင်း ရှိ ပင်လယ် ကျွန်းများ တွင် နိုင်ငံခြား ခရီးသွား များ အပန်းဖြေ လေ့ လာခြင်းမှ အမေရိ ကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ
![]() |
| ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ် |
၂၀၁၂-၂၀၁၃
ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့
နိုင်ငံခြား ခရီးသွား ဧည့် သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ
ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကိုလေ့လာရင်း အပန်းဖြေခဲ့သဖြင့်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။
မိုးရွာသွန်းလျှင် ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်းခရီး သွားလာမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူများ ပြောကြား
![]() |
| တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်) |
ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။
Friday, 28 June 2013
အ ဆိပ်သောက် သူကို ဘယ်လို ကယ်ဆယ် မလည်း
ဆရာခင်ဗျ...ကျွန်တော်တို့ရွာတွေမှာ ခုတလောအဆိပ်သောက်မှု ပိုများလာပါတယ်။ တမင်တကာ သောက် သုံး မှု ရှိသလို တချို့ကလေးငယ်များက တော့ မှားယွင်း သောက်သုံး ကြတာပါ။
Subscribe to:
Posts (Atom)









