ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ
မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့်
ဂရုဏာမြန်မာမှ ဆန်များသွားရောက်လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။
Saturday, 18 May 2013
EQ လား IQ လား
လူတစ်ယောက်၏ အောင်မြင်မှု ရရန်အတွက် လိုအပ်ချက်မှာ ဦးနှောက် ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည် အဆင့်အတန်း (IQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ် ပြောကြား ခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ) ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။
ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ
ကျွန်မတို့
အားလုံး တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ်။
အဲဒီဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင် က ဘယ်လောက်ပဲ
ချစ်ခင်ခဲ့ပါစေ၊ ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။ ဒါ့အပြင်
ဒေါသကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့ ဝေဒနာ တွေလည်း
ဖြစ်တတ် ပါသေးတယ်။ ဒါကြောင့် ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး
နိုင်ဖို့ အောက်ပါ အဆင့်တွေကို လိုက်နာ သင့်ပါတယ်။
ဆေး ဝါး များ မှီဝဲရာ တွင် လိုက်နာ သင့်သော ညွှန်ကြား ချက်များ
အစာမစားမီ
သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀
ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ
ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ
စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)
မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ
မျက်ကပ်မှန်ကို
အကြောင်း အမျိုးမျိုးကြောင့် တပ်ဆင်တတ် ကြပါတယ်။ မျက်မှန်ပါဝါ ရှိလို့
ဖြစ်စေ၊ မျက်လုံး အရောင်လှ ချင်လို့ ဖြစ်စေ တပ်ဆင်တတ်ကြပါတယ်။
မျက်လုံးဟာခန္ဓာကိုယ်ရဲ့ အနုညံ့ဆုံးနဲ့ အထိခိုက် မခံတဲ့ အစိတ်အပိုင်းပဲ
ဖြစ်တာကြောင့်
မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့မှု ရရှိမယ့် မျက်ကပ်မှန် တပ်ဆင်မှုကို
သတိထားဖို့ အထူးလိုအပ်ပါတယ်။ မျက်ကပ်မှန် အသုံးပြုသူတွေ သိထားသင့်တဲ့
အချက်တွေကို လေ့လာ ကြည့်ပါ။
ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ
အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။
တကယ့် အမွှာ

မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်...
သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda
လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်...
အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ
သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်...
သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက်
၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...
Friday, 17 May 2013
ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ၆ ဦးကို ပါတီ၏ကနေ
ထုတ်ပယ် ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော် မရှင်က အဲဒီပါတီကို
ညွှန်ကြားလိုက်ပါတယ်။
အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။
အဲဒီညွှန်ကြားစာကို မေ ၈ ရက်နေ့က ပေးပို့တာဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၀ (က) နဲ့ ငြိစွန်းတာကြောင့်လို့ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးတင်မောင်ချိုက ဒီဗွီဘီကို ရှင်းပြပါတယ်။
မဟာစင်ကြောင့် ထိခိုက်ပျက်စီးမှု ခန့်မှန်းထားသည်ထက် များစွာသက်သာ

ဘင်္ဂလားဒေ့ရှ်တွင် ကြာသပတေးနေ့က ကုန်းတွင်းဝင်ရောက်ကာ
အားပျော့ပျက်ပြယ်သွားသည့် မုန်တိုင်း ကြီး၏ဒဏ်ကို မြန်မာနိုင်ငံ
အနောက်ဘက်ကမ်းရိုးတန်း ဒေသများတွင်လည်းခံစားခဲ့ရသေးသည်။
ရခိုင်ဒေသ မုန်တိုင်းအန္တရာယ် ကင်းရှင်း၊ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော်
ဝင်ရောက်ကာ အန္တရာယ်ပေးနိုင်သည့် အဆင့်အနီရောင်ရှိသည်ဟု သတိပေးမှုများ
ပြုလုပ်ခဲ့ရသည့် မဟာဆန် မုန်တိုင်းသည် ယခုအခါ အန္တရာယ်မရှိသည့်
အဆင့်သတ်မှတ်မှု အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရခိုင်ကမ်းရိုးတန်းတွင်
မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီဟု မိုးလေဝသနှင့်ဇလဗေဒ
ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၆ ရက် ည ၈း၃၀ အချိန်တွင် ထုတ်ပြန်လိုက်သည်။
Subscribe to:
Posts (Atom)




