Tuesday, 12 February 2013

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၆ နှစ်အတွင်း လုပ်ပြနိုင်ကြောင်း SSA ပြော

တစ်ချိန်က မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် ပတ်သက်မှုရှိကြောင်း စွပ်စွဲခံခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း က ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မြန်မာအစိုးရနှင့်ပူးတွဲလုပ်ဆောင်ခွင့် ရရှိပါက ၆ နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ပြနိုင်ကြောင်း ပြောဆိုလိုက်သည်။

နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည်

နယ်သာလန်နို့စားနွားမျိုးနဲ့ နွားအကောင်လိုက်မွေးမြူရေးလုပ်ငန်းကို မြန်မာပြည်မှာ စမ်းသပ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ မွေးမြူရေးနဲ့ ဆေးကုသရေးဦးစီးဌာနက ပြောပါတယ်။

နယ်သာလန်နိုင်ငံက Royal Friesland ကုမ္ပဏီနဲ့ မြန်မာနိုင်ငံ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးနေကြတာဖြစ်ပြီး လုပ်ဆောင်ဖို့ရှိတဲ့ နို့စားနွား မွေးမြူရေး လုပ်ငန်းအစီအစဉ်တွေနဲ့ ပတ်သက်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကြီးက ခုလို ပြောပါတယ်။

ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်



ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှုကယ်ဆယ်ရေးဌာနက ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများသည် NLD ကိုယ်စားပြု ကပြရခြင်းမဟုတ်ဘဲ သွေးစည်းရန်အတွက် ပါဝင်ကပြရခြင်းဖြစ်



AT 0အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တိုင်းရင်းသားေ ပါင်းစုံက ရိုးရာဓလေ့များဖြင့် ပါဝင်ကပြသီဆိုကြမည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရခိုင်တိုင်းရင်းသား များက NLD ကိုယ်စားပြုအနေဖြင့် ပါဝင်ကပြရခြင်းမဟုတ်ဘဲ တိုင်းရင်းသားများအချင်းအချင်း သွေးစည်းကြရန်အတွက်သာ ဖျော်ဖြေကပြရခြင်းဖြစ်ကြောင်း သိရှိရသည်။

Monday, 11 February 2013

နံပါတ်တစ်နေရာရောက်ရှိလာသည့် Warcraft ဂိမ်းကစားနည်းကြောင့် မိဘများပူပင်မှုတိုးလာ



အွန်လိုင်းတွင် လူကြီး ၊ လူငယ်မရွေး ကစားနိုင်သည့် ကစားနည်းများစွာရှိသည့်အနက်မှ vakok မှ ဖန်တီးထားသည့် World of Warcraft ကစားနည်းမှာ မြန်မာနိုင်ငံရှိ လူငယ်များအကြား နံပတ်တစ် နေရာသို့ ရောက်ရှိလာကြောင်း အင်တာနက် ဂိမ်းကစားသူများထံက သိရှိရသည်။

ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ

 ရွှေကိုဘာကြောင့် တန်ဖိုးထားသလဲ  အဓိကကတော့ သူ့ဂုဏ်သတ္တိကြောင့်ပါပဲ။  - ၁ ဂရမ် ပမာဏရှိသော ရွှေကို အပြားခတ် မယ်ဆိုရင် ၁ စတုရန်းမီတာ အထိ ကျယ်ပြန့်နိုင်ပါတယ်။ ၁ အောင်စဆို စတုရန်းပေ ၃၀၀ အထိ ဖြန့်နိုင်တဲ့အတွက် တော်တော်ကို ထူးခြားတဲ့ သတ္တုဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။  - ရွှေကနေ ထွက်တဲ့ အရောင်က အနီနဲ့ အဝါ ခပ်တောက်တောက် ရှိပြီး သာမန်မမြင်နိုင်တဲ့ ရောင်ခြည်တွေကို တားဆီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အာသာယဉ်နဲ့ ဝတ်ဆုံမှာ နေရောင်ခြည် တိုက်ရိုက်မထိ အောင် ရွှေအလွှာခံတဲ့ မှန်တွေကို အသုံးပြု လေ့

တရားခွင်၌ အိပ်ပျော်နေသည့် တရားသူကြီး


ရုရှားနိုင်ငံမှတရားသူကြီး ယက်ဂျီနီမာခနိုသည်တရားစီရင် စစ်ဆေးနေစဉ် ၎င်းအိပ်ပျော်နေ သည့်ဗီဒီယိုခွေထွက်ရှိလာပြီး နောက်တွင် အလုပ်မှနုတ်ထွက် သွားခဲ့သည်။ ထိုအမှုတွင်တရား သူကြီးက တရားခံကို ထောင် ဒဏ်(၅)နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ကျွန်တော်တို့ မြက်ခင်းတုကွင်းကို ဝေဖန်တဲ့ သူတွေ ဇေယျာရွှေမြေကွင်းကို အရင်သွားကြည့် သင့်ပါတယ်~အိုင်ဗန်ကိုလက်ဗ်

ရန်ကုန်ယူနိုက်တက်၏ မြက်ခင်းတုကွင်း မြက်နှာပြင်နှင့် ပတ်သက်၍ ပြိုင်ဘက် အသင်းတိုင်းက ဝေဖန်မှုများ ပြုလုပ်လေ့ ရှိရာ ရန်ကုန် ယူနိုက်တက် နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ပြိုင်ဘက်များ၏ မိမိတို့ ကွင်းမျက်ခင်းပြင်ကို ဝေဖန်နေမှုမှာ တရားမျှတမှု မရှိကြောင်း ဆိုခဲ့ပြီး မိမိတို့ကွင်းကို မဝေဖန်မီ ဇေယျာရွှေမြေ အသင်း၏ မုံရွာကွင်း မြက်ခင်းပြင်ကို

Sunday, 10 February 2013

ဟောင်ကောင်တွင် မှောင်ခိုတင်သွင်းလာသော မြွေအရှင် ၂၆၀၀ ကောင်အား ဖမ်းဆီးမိ




ဟောင်ကောင် အခွန်ကောက်ခံရေး အရာရှိများက ထိုင်းနိုင်ငံမှ သစ်သီးများ သယ်ဆောင်လာသည့် သင်္ဘောတစ်စီးအား စစ်ဆေးရာတွင် မြွေအရှင် ၂၆၀၀ ကောင်အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ သင်္ဘောပေါ်တွင် ခလောက်မြွေ ၂၄၀၀ ကောင်နှင့် မြွေဟောက် ၂၀၀ ကောင်တို့ကို အခွန်ကောက်ခံရေး အရာရှိများက တရုတ်နှစ်သစ်ကူးရက် မတိုင်မီ

အမေရိကန် နှင်းမုန်တိုင်း ၄ ယောက်ထက်မနည်း သေဆုံး

 နှင်းကြုံးနေတဲ့ နယူးယောက်မြို့ခံတဦး။ (ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အား ကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူ ထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူအနည်း ဆုံး ၄ ဦးရှိသွားပါပြီ။ ဆီးနှင်းထုက နယူးယောက်မြို့မှာ တပေကအစ ကွန်နက်တိကက်ပြည်နယ်

Saturday, 9 February 2013

မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ


မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး နှီးနှောဖလှယ်ပွဲ ကျင်းပ

ဥရောပသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးတွဲကျင်းပသော မြန်မာနိုင်ငံအတွင်း တရားဥပဒေ စိုးမိုးရေး မျှော်လင့် ချက်များနှင့် အလားအလာများ (The Rule of Law in Myanmar Perspective and Prospects) ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉း၀၀ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ် စည်းဝေးခန်းမတွင်ကျင်းပရာ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ်ကြီး မစ္စတာ ဒေးဗစ်လစ်ပ်မင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတ၏

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ဦးရေတိုးလာ

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လမ်းလျှောက်သူ ဦးရေတိုးလာ

Friday, February 08, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ အဖွဲ့ဟာ မုံရွာမြို့က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ဒီကနေ့မှာပဲ မြင်းခြံမြို့က ငြိမ်းချမ်းရေးလိုလားသူတွေဟာလည်း မန္တလေးမြို့ရောက်နေတဲ့ ရန်ကုန်အဖွဲ့နဲ့ ပူးပေါင်းလမ်းလျှောက်နိုင်ဖို့ မြင်းခြံမြို့ကနေ မန္တလေးဖက်ကို စတင်ထွက်ခွာလာပြီလို့ သိရပါတယ်။

ဒီကနေ့မှာပဲ မန္တလေးမြို့က အထက်ဗမာပြည် ငြိမ်းချမ်းရေး မြတ်နိုးသူများ အဖွဲ့ဟာ အဲဒီ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေအတွက် ထောက်ပံ့ကူညီနိုင်ဖို့ ဒီနေ့မနက်ပိုင်းမှာ မန္တလေးကုန်စည်ဒိုင်၊ မဟာအောင်မြေ ကျောက်ဝိုင်းနဲ့ ဈေးချိုတော် (၃) နေရာတို့မှာ အလှူခံခဲ့ပါတယ်။

မန္တလေးအခြေစိုက် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) နဲ့ လူမှုအဖွဲ့အစည်းဝင်တွေ ပူးပေါင်းပြီး
ငြိမ်းချမ်းရေး မြတ်နိုးသူများ (အထက်ဗမာပြည်) အဖြစ် အဖွဲ့ဖွဲ့ပြီး ကူညီနေတာ ဖြစ်ပါတယ်။

ဒီကနေ့ အလှူခံတဲ့ အဖွဲ့ထဲမှာ တက္ကသိုလ်တစ်ချို့က ကျောင်းသားကျောင်းသူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေကြတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေဟာ ရန်ကုန်မြို့ကနေ ဇန်နဝါရီ ၂၁ ရက်နေ့မှာ စတင်ထွက်ခွာခဲ့တာ ဖြစ်ပြီး အခုဆိုရင် နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

RFA

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်ကနေ ကေအိုင်အို ဌာနချုပ် လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ အဖွဲ့ဟာ မုံရွာမြို့ က အဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပြီး ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ အဖွဲ့ဝင်အင်အား ၅၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

ကမ္ဘာ့ပထမဆုံး ငါးမန်းဖြူဖမ်းဆီးသတ်ဖြတ်နိုင်သူ



တောင်အာဖရိက နိုင်ငံတွင် အပျော်တမ်း ငါးမျှားသူတစ်ဦးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူသတ်ဖြတ်မှုဖြင့် အပြစ်ဒဏ် ချ မှတ်ခြင်းခံရသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ လီယွန်ဘက်ကာ သည် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ၎င်း၏ ငါးမျှားချိတ်ကိုသားစားငါး မန်းကြီးက လာရောက် ကိုက်ခဲခဲ့သည်။

Enzo အသစ်

Enzo အသစ်

အီတလီ Ferrari မှ ထုတ်တဲ့ Enzo ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ကြား မှာ ရောင်းပြီး ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါတယ်။

အခြားသော Model trand တွေကို ဦးစားပေးထုတ်လုပ်ပြီး Enzo ဆိုတာ အစီးရေ နည်းနည်းနဲ့ ရှားပါးကား တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အင်ဂျင် ပါဝါ ၆၀၀၀ စီစီ ဆလင်ဒါ ၁၂ လုံးပူး ကားဆိုတော့ မြင်းကောင်ရေ ထုတ်လုပ်မှု အားကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

တံခါးနှစ်ပေါက် ပြိုင်ကား ဖြစ်ပြီး Ferrari တွေကြားမှာ ဒီဇိုင်းက နည်းနည်း ကွဲထွက်နေပါတယ်။ ယခု ယင်း Brand ကို ပြန်လည် အဆင့်မြင့်တင်မှု ပြု လုပ်ပြီး ၂၀၁၄ မော်ဒယ်အတွက် အဆင်သင့် ဖြစ်နေပြီ လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ အတိုင်းသာ တကယ်ထွက်လာရင် Ferrari F150 ပြီး နောက်ထွက်မယ့် ကားက Enzo ဖြစ်နိုင်တယ်လို့ ခန့်မှန်း ထားကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile


အေးချမ်းမွန်မှ  ColayOnline:Automobile တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia
အီတလီ Ferrari မှ ထုတ်တဲ့ Enzo ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ကြား မှာ ရောင်းပြီး ထုတ်လုပ်မှု ရပ်တန့်ခဲ့ပါတယ်။
အခြားသော Model trand တွေကို ဦးစားပေးထုတ်လုပ်ပြီး Enzo ဆိုတာ အစီးရေနည်းနည်းနဲ့ ရှားပါးကားတစ်ခုလို ဖြစ်ခဲ့ပါတယ်။ အင်ဂျင် ပါဝါ ၆၀၀၀ စီစီ ဆလင်ဒါ ၁၂ လုံးပူး ကား ဆိုတော့ မြင်းကောင်ရေ ထုတ်လုပ်မှု အားကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။

Friday, 8 February 2013

ဟန်ဆောင်ရည်းစား ငှားရန်ရှိသည်


ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပြီး တရုတ်ပြည်မှာ ရက်အနည်းငယ်ကနေ တစ်ပတ်နှစ်ပတ်အထိ အလုပ်တွေပိတ်၊ မီးရှုး မီးပန်းတွေလွတ်၊ မိသားစုဝင်တွေ ထမင်းဝိုင်းမှာစုံညီစွာ ဆုံတွေကြတဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကြိုဆိုကြသူ ရှိသလို သန်းပေါင်းများစွာသော လက်မထပ်ရသေးတဲ့ တရုတ်
မိန်းကလေးများ အတွက် ဖိအားများတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်လူမျိုးတွေရဲ့ ယနေ့ထိကျန်ရှိနေသေးတဲ့ ယဉ်ကျေးမှု
တွေးခေါ်မှုတစ်ခုက မိန်းကလေးတယောက်ဟာ အသက် ၃၀ မတိုင်မီမှာ ဘ၀ဖော်ယောက်ျားလေး တယောက်ကို ရှာတွေ့ပြီး အိမ်ထောင်ကျသင့်နေပြီ ဒါမှမဟုတ် အနည်းဆုံးတော့ ရည်းစားတယောက်ရှိသင့်ပြီ ဆိုတာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့မှာ အိမ်ထောင်မကျသေးဘဲ အသက် ၃၀ နားနီးတဲ့ မိန်းကလေးတယောက် ရင်ဆိုင်ရမယ့်အခက်အခဲကို အိမ်ထောင်ရေး
အကြံပေးသူ Zhou Xiaopeng က အခုလိုရှင်းပြပါတယ်။

"တရုတ်နှစ်သစ်ကူး မတိုင်မီတစ်ရက်အကြို မိသားစုစုံလင်စွာရှိကြမယ့် ထမင်းဝိုင်းတစ်ခုကို မြင်ယောင်ကြည့်လိုက်ပါ။ အားလုံးက စုံတွဲတွေနဲ့ လာကြတယ်။ သင်ရဲ့ အကိုတွေညီတွေနဲ့ မရီးတွေ၊ ညီမအမတွေနဲ့ ခဲအိုတွေ စသဖြင့် အတွဲစုံလင်စွာရှိကြပြီး သင့်မှာတော့ တစ်ယောက်တည်း ကျန်နေတယ်။ သင့်အတွက် ဖိအားဘယ်လောက်ရှိမယ် ဆိုတာ စဉ်းစား
ကြည့်နိုင်ပါတယ်။ မိဘတွေကမေးကြမယ်၊ ကျန်တဲ့သူတွေကလည်း
မေးကြမယ် စသည်ဖြင့်ပေါ့၊ အိမ်ထောင်မကျသေးတဲ့ အသက် ၃၀ ပတ်ဝန်းကျင် မိန်းကလေးတယောက် အတွက် ဖိအားအလွန်များပါတယ်"။

ဒါကြောင့် အဲဒီလိုမိန်းကလေးများ အတွက် တရုတ်နှစ်သစ်ကူးပွဲတော် အတွင်းမှာ ကူညီပေးနိုင်မယ့် ဈေးကွက်တမျိုး ထွက်ပေါ်လာပါတယ်။ Taobao လို့အမည်ရတဲ့ အွန်လိုင်းမှာ ဟန်ဆောင်ရည်းစား ငှားရမ်းလို့ရတဲ့ ၀န်ဆောင်မှုရှိပါတယ်။ ယောက်ျားလေး ရည်းစားတယောက်ကို တစ်ရက်ကို ဒေါ်လာ ၅၀ လောက်နဲ့ ငှားလို့ရပြီး မိမိရဲ့ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းနိုင်ပါတယ်။ ဈေးနှုံးတွေအမျိုးမျိုးရှိပါတယ်။ ဥပမာ ညစာအတူစားဖို့ တစ်နာရီကို ၅ ဒေါ်လာ၊ မိသားစုဝင်တွေရဲ့ရှေ့မှာ ပါးပြင်ပေါ်တစ်ချက်နမ်းဖို့ ၈ ဒေါ်လာ၊ မိသားစုရဲ့အိမ်မှာ သီးသန်းကုတင်မှာ ညအိပ်ပေးဖို့ ဒေါ်လာ ၈၀ ဖြစ်ပါတယ်။

Li Le ဆိုတဲ့ စိုက်ပျိုးရေးပစ္စည်း အရောင်းစာရေးတယောက်က သူကိုယ်တိုင် အငှားလိုက်ပေးဖို့ အင်တာနက်မှာ ကြော်ငြာထားပါတယ်။ ပိုက်ဆံရဖို့အတွက် မဟုတ်ဘဲ ရည်းစားအဖြစ် အငှားလိုက်ပေးရင်း သူနဲ့စိတ်သဘောကိုက်ညီတဲ့ အမျိုးသမီးတဦးကို ရှာတွေ့ကောင်းတွေ့လိမ့်မယ်လို့ မျှော်လင့်ရင်း တကယ်ဖြစ်လာပါက နှစ်ဦးစလုံးအတွက် ပျော်ရွှင်စရာဖြစ်မယ်လို့
Li Le က ရှင်းပြပါတယ်။

ဒီနေ့အထိ အမျိုးသမီးအယောက် ၃၀ လောက်က သူ့ကိုဆက်သွယ်ထားပြီး ဘယ်မိန်းကလေးကို ရွေးချယ်ဖို့ဆိုတာ ခက်နေကြောင်း သိရပါတယ်။


(Ref; BBC news, Feb 6, 2013, Boyfriends for hire to beat China's wedding pressure)

Myanmar1

ဆက်သွယ်ရေး နေရာ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ဖြစ်လာမည်

ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးမြတ်ဟိန်း (လက်ရှိကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ) ကို လည်းကောင်း၊နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းကိုလည်းကောင်းခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် ထံ သို့ ဖေဖ၀ါရီ ၅ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ကြောင်း ယနေ့(ဖေဖ၀ါရီ ၈ရက်) ကျင်းပသောပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နာယကက သမ္မတ၏ သ၀ဏ်လွှာကို ဖတ်ကြားကာ ပြောကြားသည်။ လက်ရှိနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးသိန်းဌေးမှာ မူလ စစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်ပေးရန် စီစဉ်ထားကြောင်းလည်း သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
ထို့ကြောင့်ပြည်ထောင်စုလွှတ်တော်မှ ကိုယ်စားလှယ်များအနေဖြင့် ကန့်ကွက်လိုသူရှိပါက ဖေဖ၀ါရီ ၁၁ရက်နောက်ဆုံးထားအမည်စာရင်းပေး သွင်းရန် ပြည်ထောင်စုလွှတ်တော်နာယကကကြေညာခဲ့သည်။
7DaysNewsJouranl

ရခိုင်မုန့်တီချက်နည်း


လိုအပ်သော ပစ္စည်းများ

(၁)မုန့်တီ ၁ ပိသာ
(၂)ငါးရွှေ ၁၅ ကျပ်သား
(၃)ပုစွန်ငါးပိ ၅ ကျပ်သားခန့်
(၄)ကြက်သွန်ဖြူ(ဥအသေး) ၅ ကျပ်သား

Eleven Media Group ရဲ့ ရန်သူတော် Myanmar Express ၏ထူးခြားချက်


အမေရိကန်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်က တည်ထောင်ထားတဲ့ စစ်တပ်အားပေး သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Express မှာ ထူးခြားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုသတင်းတွေ ထူးထူးခြားခြားမတွေ့ရတော့တာဖြစ်ပါတယ်။ ဒီလ

“ဘာစီလိုနာနှင့် သက်တမ်းတိုးစာချုပ်သစ် မက်ဆီ တရားဝင် လက်မှတ်ရေးထိုး”

Messiအာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီသည် စပိန်ထိပ်သီး ဘာစီလိုနာအသင်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည့် ၂ နှစ်သက်တမ်းတိုး စာချုပ်သစ်ကို ကြာဿပတေးနေ့က တရားဝင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။ မက်ဆီ၊ ပူယိုးလ်၊ ဇာဗီတို့အား စာချုပ်သက်တမ်းတိုး ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း