Friday, 21 December 2012

ရန်ကုန်မြို့၌ ဗီယက်နမ် နိုင်ငံက HOANG ANH GIA LAI MYANMAR CENTRE တည်ဆောက်မည်

Photo: ရန်ကုန်မြို့၌ ဗီယက်နမ် နိုင်ငံက HOANG ANH GIA LAI MYANMAR CENTRE တည်ဆောက်မည်
Friday, December 21, 2012 

ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီး ဌာနသည် ကမ္ဘာလှည့် ခရီးသည် လုပ်ငန်း ဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာ အဆင့်မီ အဆောက် အအုံများ ပေါ်ထွက် လာရေး အတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်၍ ပံ့ပိုးညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
ယနေ့အထိ မြန်မာ နိုင်ငံတွင် စုစုပေါင်း ဟိုတယ် ၇၈၂ လုံးနှင့် အခန်းပေါင်း ၂၇၉၆၈ ခန်းရှိရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်နှင့် အဆင့်မြင့် ကာလရှည် တည်းခိုအိမ်ရာ ၂၁ လုံးနှင့် အခန်း ၃၇၇ဝ ခန်း ပါဝင်သည်။

ယခုအခါတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေး
စေတီလမ်း ပေါ်တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်၊ စီးပွားရေး ဗဟိုဌာန၊ ရုံးခန်းနှင့် အဆင့်မြင့် လူနေ အိမ်ခန်းများ ပါဝင်သော စီမံကိန်းကို ဗီယက်နမ် Hoang Anh Construction & Development House Joint Stock Company မှ ရင်းနှီး မြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ရာနှုန်း ပြည့် ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်ရန် အတွက် တည်ဆောက် ဆောင်ရွက် ပြန်လည်လွှဲ ပြောင်းမှု သဘောတူ စာချုပ်နှင့် မြေငှားရမ်းမှု သဘော တူညီချက် များကို ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီး ဌာနနှင့် Hoang Anh Gia Lai Myanmar Company Limited တို့အကြား BOT Contract နှင့် Lease Agreement လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ည ၈ နာရီက နေပြည်တော်ရှိ အမရ 
ဟိုတယ်၌ ကျင်းပ ခဲ့သည်။

အခမ်း အနားတွင် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mr. Chu Cong Phung တို့က အမှာစကား
ပြောကြားကြသည်။ ယင်းနောက် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးအောင်ဇော်ဝင်း နှင့် Hoang Anh Gia Lai Myanmar Company Limited မှ ဒါရိုက်တာ Mr. Le Hung တို့က သဘောတူညီ ချက်များကို လက်မှတ် ရေးထိုး ကြသည်။

အဆိုပါ Hoang Anh Gia Lai Myanmar Centre တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် အိပ်ခန်း ၄၁၄ ခန်း၊ အစည်းအဝေး ခန်းများနှင့် အခြား အထောက် အကူပြု လုပ်ငန်းများ၊ စီးပွားရေး ဗဟို ဌာနတွင် ဈေးဆိုင်ကြီးများ၊ အရောင်း ဆိုင်များ၊ စားသောက်ဆိုင် များနှင့် အပန်းဖြေ နေရာများ၊ ရုံးခန်း၊ အဆောက် အအုံများနှင့် အဆင့်မြင့် လူနေ တိုက်ခန်းများ ပါဝင်မည် ဖြစ်သည်။

စီမံကိန်း ကာလကို အဆင့်(၂)ဆင့် ဖြင့် ခွဲခြား တည်ဆောက် သွားမည်ဖြစ်ပြီး အဆင့် (၁)ကို ၂ဝ၁၅ခုနှစ် အတွင်း၌ လည်းကောင်း၊ အဆင့်(၂)ကို ၂ဝ၁၇ ခုနှစ် အတွင်း၌ လည်းကောင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသည် ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းဖွံ့ဖြိုးမှု အတွက် နိုင်ငံတကာအဆင့်မီ အဆောက် အအုံများ ပေါ်ထွက်လာရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်၍ ပံ့ပိုးညှိနှိုင်း ဆောင်ရွက်လျက် ရှိသည်။
ယနေ့အထိ မြန်မာ နိုင်ငံတွင် စုစုပေါင်း ဟိုတယ် ၇၈၂ လုံးနှင့် အခန်းပေါင်း ၂၇၉၆၈ ခန်းရှိရာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဟိုတယ်နှင့် အဆင့်မြင့်

ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ


ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးအလားအလာ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့်အရေးရော နှစ်မျိုးလုံးရောထွေးနေပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့ပြီးဖြစ်တဲ့အကြောင်းကိုတော့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Steve Herman က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

သမ္မတအဖြစ်နဲ့ ရွေးချယ်ခံရပြီး ပထမဆုံးနေ့မှာပဲ၊ Saenuri ပါတီက Park Geun-hye ဟာ တောင်ကိုရီးယားအမျိုးသားဂူဗိဗ္မာန်ကို သွားရောက်ပြီးတော့၊ သူမရဲ့ ဖခင်အပါအဝင် ကွယ်လွန်သွားခဲ့တဲ့ သမ္မတ ၃ ဦးကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။ အဲဒီ့နောက် သူမရဲ့ မိဘ ၂ ပါးရဲ့ အုတ်ဂူမှာ အမွှေးတိုင်ထွန်းညှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်က စစ်အာဏာသိမ်းမှုနဲ့ စတင်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Chung-hee ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အာဏာကို နှစ်အတော်ကြာ ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက် ၁၉၇၉ ခုနှစ်မှာ သူရဲ့ ထောက်လှမ်းရေးအကြီးအကဲရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

Park Geun-hye မိခင်ဟာလည်း ၁၉၇၄ ခုနှစ်မှာ မြောက်ကိုရီးယားဘက်က သူလျှိုသေနတ်သမားတစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ဒါကြောင့် သမ္မတအဖြစ် ပထမဆုံးအရွေးခံရတဲ့နေ့မှာကိုပဲ မြောက်ကိုရီးယားနိုင်ငံဟာ မစ္စပါခ့်စိတ်ထဲမှာ အတော်လေးကို လွှမ်းမိုးနေခဲ့တာဖြစ်ပါတယ်။ သူမအစိုးရလက်ထက်မှာ နိုင်ငံတော်လုံခြုံရေးကိစ္စက ထိပ်ဆုံးက ဦးစားပေးကိစ္စရပ်ဖြစ်တယ်လို့ သူမကကြေငြာလိုက်ပါတယ်။

“မြောက်ကိုရီးယားဘက်က တာဝေးပစ်ဒုံးကျည်ပစ်လွှတ်တာက တောင်ကိုရီးယားနိုင်ငံရဲ့ လုံခြုံရေးအခြေအနေဟာ ဘယ်လောက်အထိ စိုးရိမ်စရာကောင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို တွေ့နိုင်တယ်”လို့ သူမက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံဘက်က အဆင့်ဆင့်ပစ်လွှတ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို အာကာသထဲကို ပစ်လွှတ်ခဲ့ပါတယ်။ ကြာသာပတေးနေ့က ရုပ်မြင်သံကြားကနေ ပြောကြားသွားတဲ့ မိန့်ခွန်းထဲမှာတော့ ၊ မစ္စပါခ့်က လုံခြုံရေးအင်အားကောင်းတာ နဲ့ ယုံကြည်မှုကို အခြေခံတဲ့ သံတမန်ဆက်ဆံရေးတွေအပေါ်မှာ အခြေခံပြီး ၊ ကိုရီးယားကျွန်းဆွယ်မှာ ခေတ်သစ်တခုကို စတင်ဖွင့်လှစ်သွားမယ်လို့ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွေမှာတော့ ၊ သူမဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ယူနိုက်တက်ပါတီက မွန်ဂျေအင်းနဲ့ သဘောထားတွေ မတူခဲ့ကြပါဘူး။ မွန်ဂျေအင်းက သူ့အနေနဲ့ တကယ်လို့သာ သမ္မတအဖြစ်နဲ့ အရွေးခံရမယ် ဆိုရင် မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကင်ဂျုံအမ်းနဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားပဲ ဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါပေမဲ့ မစ္စပါခ့်ကတော့ - မြောက်ကိုရီးယားဘက်က မကြာသေးခင်က စစ်ရေးအရ ရန်စတိုက်ခိုက်ခဲ့တာတွေအပေါ်မှာ အရင်ဆုံးတောင်းပန်မှ ၊ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုလုပ်မယ်လို့ ပြောပါတယ်။

၂၀၁၀ ခုနှစ်က လူ ၄၆ ယောက်သေဆုံးသွားတဲ့ တောင်ကိုရီးယားရေတပ်သင်္ဘောကို တော်ပီဒိုနဲ့ တိုက်ခိုက်ခံရမှုဟာ မြောက်ကိုရီးယားရဲ့ လက်ချက်ဖြစ်တယ် လို့ တောင်ကိုရီးယားက ပြစ်တင်လိုက်ပါတယ်။ အဲဒီနှစ်ကုန်ပိုင်း မှာလည်း တောင်ကိုရီးယား စစ်အခြေစိုက်စခန်းရှိတဲ့ ယောင်ဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက်အပါအ၀င် ၄ ယောက်သေဆုံးခဲ့ပါတယ်။

ကိုရီးယား ၂ နိုင်ငံကြားမှာ ဆက်ဆံရေးပြန်ပြီးတော့ နွေးထွေးလာအောင် ရည်ရွယ်ပြီးဖော်ဆောင်ထားတဲ့ နေခြည်ဖြာဝါဒအရ၊ တောင်ကိုရီးယားရဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂ ခုမှာ တောင်ကိုရီးယားက မြောက်ကိုရီးယားကို အကူအညီတွေပေးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်ရာထူးကနေ အနားယူတော့မယ့် လက်ရှိသမ္မတ အီမြောင်ဘက် လက်ထက်မှာတော့၊ အကူအညီတွေအရမ်းလိုအပ်ပြီး ဆင်းရဲတဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

“ဆိုးလ်တက္ကသိုလ်က မြောက်ကီုးရီးယားလေ့လာရေးဌာနက ပါမောက္ခ Yang Moo-jin ကတော့ - အခြေအနေတွေကို ပြောင်းပစ်ဖို့က လွယ်မှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတသစ်ဟာ  တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား လက်ရှိရှိနေတဲ့ စစ်ရေးမဟာမိတ်အခြေအနေကို အလေးပေးပြောကြားသွားဖို့ရှိပါတယ်။ ကင်ဂျုံအမ်းရဲ့ မြောက်ကိုရီးယားအစိုးရဟာ တာဝေးပစ်ဒုံးကျည်နဲ့ နျူးကလီးယားလက်နက်ကို တည်ဆောက်ပြီး၊ သူတို့ဆက်ပြီးတော့ ရပ်တည်နိုင်ဖို့အတွက် ဆက်ပြီးတော့လုပ်နေပါတယ်။ ဒါကြောင့်၊ ကိုရီးယား ၂ နိုင်ငံကြားမှာ ထိရောက်တဲ့ ဆွေးနွေးမှုတွေဖြစ်လာဖို့ ခက်ခဲလိမ့်မှာဖြစ်ပါတယ်။”

တောင် နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံတို့ကြား ၃ နှစ်ကြားဖြစ်ခဲ့တဲ့ စစ်ပွဲကို ၁၉၅၃ ခုနှစ်က ငြိမ်းချမ်းရေးသဘောတူစာချုပ်နဲ့ အဆုံးသတ်ခဲ့တာမဟုတ်ဘဲ၊ တဘက်နဲ့တဘက် အပစ်အခတ်ရပ်စဲပြီး အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကိုရီးယား ၂ နိုင်ငံကြားက စစ်ပွဲဟာ အဆုံးသတ်ခြင်းမရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် တောင်ကိုရီုးယားနိုင်ငံဟာ မြန်မာနိုင်ငံကနေသွားရောက်ပြီးတော့ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အတော်များများလည်း ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားမှာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့အပေါ်မှာ အဲဒီမှာရှိတဲ့ မြန်မာအလုပ်သမားတွေရဲ့ သဘောထားနဲ့  သူတို့အပေါ် ဘယ်လိုအကျိုးဆက်တွေရှိလာနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကိုဇော်မိုးအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားအများစုကတော့ အခုလက်ရှိ မစ္စစ်ပက်ကွန်ဟဲကိုပေါ့နော်။ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အပေါ်မှာ သိပ်ပြီးတော့ မနှစ်မြို့ဘူးခင်ဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုလက်ရှိ သမ္မတက နိုင်ငံခြားသား အခွင့်အရေးတွေအပေါ်မှာ သိပ်ပြီးတော့ အလေးထားဆောင်ရွက်ပေးတာမရှိတဲ့အတွက် အဓိက အကြောင်းအရင်းကတော့ သူတို့ပါတီကနေပြီးတော့ အမြဲတမ်း နိုင်ငံခြားသားနဲ့ပတ်သက်တဲ့ အခွင့်အရေးကိစ္စတွေမှာ အားလုံးတားမြစ်တာတွေရှိတယ်။ လှုံ့ဆော်ပေးတာတွေရှိတယ်။ အဲ့တာကြောင့်မို့လို့  ဒီပါတီက သမ္မတတက်ခဲ့မယ်ဆိုရင် ကျနော်တို့ အလုပ်သမားတွေအနေနဲ့ အခွင့်အရေး သိပ်ရမှာမဟုတ်ဘူး။ သူတို့တက်ရင် ငါတို့အခွင့်အရေးဆုံးရှုံးမှာဆိုတဲ့ အတွေးတွေပေါ့လေ။ အဲ့ဒီ့အတွေးတွေရှိကြတာမို့လို့ ဒီပါတီက တက်တဲ့သူတွေကို သိပ်ပြီးနှစ်သက်ခြင်းမရှိဘူးခင်ဗျ။”

ဒါပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံသားတဦး နဲ့ အိမ်ထောင်ကျပြီး အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား မကျင်လတ်ကတော့  အခုလိုမျိုး တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီးသမ္မတသစ်ရွေးချယ်လိုက်တာကို သဘောကျပြီး ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။ 

http://burmese.voanews.com/content/south-korean-presidential-/1569244.html
တောင်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ အထီး ကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံ နဲ့ ဆက်ဆံရေးအပေါ်မှာ မသေချာမရေရာမှုတွေနဲ့ အခွင့် အရေးရော နှစ်မျိုးလုံးရောထွေးနေ ပါတယ်။ တောင်ကိုရီးယားရဲ့ သမ္မတသစ်ဟာ မြောက်ကိုရီးယားနဲ့ ပတ် သက်တဲ့ ရပ်တည်ချက်သဘောထားကို ရိုးတိုးရိပ်တိတ် ဖွင့်ပြောခဲ့

ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ

ဆီးရီးယားပဋိပက္ခ ဘာသာရေးအသွင်ပိုဆောင်လာ
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဘာသာရေးဂိုဏ်းကွဲပဋိပက္ခ သဘောပိုဆောင်လာနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ ၂ နှစ်နီးပါးအကြာ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သူ၊ အရပ်သားအရေအတွက် ထောင်ချီပြီး ရှိခဲ့ပြီလို့ ကုလသမဂ္ဂက အရေးထားပြောကြားလိုက်ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဆီးရီးယားပြည်သူတွေဟာ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဒုက္ခတွေကို ခံစားနေကြရပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ စာနာမှုအခြေအနေ ပိုမိုယိုယွင်းလာတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းသူတွေက အသစ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတောမသတ်နိုင်ဖြစ်နေပြီး ဒမတ်စကတ်နဲ့ အလက်ပိုတို့လို မြို့ကြီးတွေမှာ အကြမ်းဖက်မှုတွေ၊ ယဉ်ကျေးမှုရပ်ဝန်းတွေကို တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။

အစိုးရတပ်ဖွဲ့တွေနဲ့ သမ္မတဘာရှာအယ်လ်အာဆတ်ကို ဖြုတ်ချရေး သူပုန်အဖွဲ့တွေဟာ ဘာသာရေးဂိုဏ်းဂဏတိုက်ပွဲအသွင် ပေါ်လွင်လာတယ်လို့ စုံစမ်းရေးသမားတွေက ဆိုကြပါတယ်။ အဓိကအားဖြင့် ဆွန်နီ လူအများစုက သူပုန်တွေကို ထောက်ခံအားပေးပြီး လူနည်းစု အာလဝီတွေက မစ္စတာအာဆက်အစိုးရကို ထောက်ခံနေကြတာဖြစ်ပါတယ်။

http://burmese.voanews.com/content/syria-crisis/1569249.htmlဘာသာရေးဂိုဏ်းကွဲ ပဋိပက္ခ သဘောပိုဆောင်လာနေတဲ့ ဆီးရီးယားနိုင်ငံရဲ့ ၂ နှစ်နီးပါးအကြာ ပဋိပက္ခအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သူ၊ အရပ်သားအရေအတွက် ထောင်ချီပြီး ရှိခဲ့ပြီလို့ ကုလ သမဂ္ဂက အရေးထားပြောကြားလိုက်ပါတယ်။ ဒီတိုက် ပွဲတွေကြောင့် ဆီးရီးယားပြည်သူတွေဟာ တိုင်းတာလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဒုက္ခတွေကို

အခွန်အတုတ်ကြီးမြင့်တာကို ဆန္ဒပြဖို့ ကြိုးပမ်း


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရဲ့ အချက်အချာကျတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ “ဂျပန်မ” ဆိပ်ကမ်းမှာ အငှားနွား လှည်းတွေအပေါ် ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ စည်ပင်ဌာနတို့က အခွန်တွေ အဆ

နေပြည်တော်ကားပြပွဲ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မော်တော်ယာဉ်ပြပွဲတခုမှာ အိမ်သုံးကား၊

Thursday, 20 December 2012

လုပ်ခသက်သာမှုကို စိတ်ဝင်စားသော်လည်း မြေဈေးနှုန်းကြီးမြင့်နေသည့် အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက် စက်ရုံတည်ဆောက်ရန် အဟန့်အတားဖြစ်နေ

Photo: လုပ်ခသက်သာမှုကို စိတ်ဝင်စားသော်လည်း မြေဈေးနှုန်းကြီးမြင့်နေသည့်
အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက် စက်ရုံတည်ဆောက်ရန် အဟန့်အတားဖြစ်နေ
Thursday, 20 December 2012

မြန်မာနိုင်ငံ၏ အလုပ်သမား လုပ်ခလစာ သက်သာမှုကို စိတ်ဝင်စားမှု
ရှိသော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေသည့်အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ရန် စိတ်ဝင်စားမှုကို အဟန့်အတားများဖြစ်နေသည် ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဌ ဦးဟန်ထွန်းက ပြောပြသည်။

မြန်မာနိုင်ငံ ငါးဖမ်းလုပ်ငန်းဆိုင်ရာ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များနှင့် ဂျပန်နိုင်ငံမှ မစ်စရီကုမ္ပဏီ လီမိတက်နှင့် ထိုင်းနိုင်ငံ Thai Fishing Net ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများ စုပေါင်းကာ မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဒီဇင်ဘာလ ၁၈ရက်နေ့က ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဌ ဦးဟန်ထွန်းက 'ထိုင်းနဲ့ဂျပန်မှာရှိတဲ့  အဲဒီကုမ္ပဏီနှစ်ခုက ပူးပေါင်းပြီးတော့ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ချင်ကြတယ်။လုပ်ခသက်သာတာကို စိတ်ဝင်စားကြတယ်။
ဒီမှာက မြေဈေးနှုန်းကြီးမြင့်နေတဲ့အတွက် သူတို့ ရင်းနှီးမြုပ်နှံဖို့အတွက် အဟန့်အတားသဘောမျိုး ဖြစ်နေတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ငါးဖမ်းပိုက်သုံးစွဲသူတွေရဲ့ စာရင်းတွေ၊ငါးဖမ်းလုပ်ငန်းရဲ့ အခြေအနေ
တွေကို လေ့လာပြီးတော့ အချက်အလက်တွေ လာယူသွားပါတယ်'ဟု
ပြောပြသည်။

လက်ရှိ မြန်မာနိုင်ငံမှ အလုပ်သမားများ၏ လုပ်ခလစာသည် ထိုင်းနိုင်ငံအပါအ၀င် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျင် နည်းနေကြောင်း သိရှိရသည်။မြန်မာနိုင်ငံတွင်ရှိသော စက်မှုဇုန်မြေဈေးနှုန်းများသည် များစွာကြီးမြင့်နေပြီး ယင်းမြေများကို ပုဂ္ဂလိက ပိုင်ဆိုင်ထားသောကြောင့် မြေဈေးနှုန်းကစားမှုများ
ရှိကာ မြေဈေးကြီးမြင့်မှုများရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ စက်မှုဇုန်များ၏ တစ်ဧက အနိမ့်ဆုံးဈေးနှုန်းမှာ ကျပ်သိန်း ၁၀၀၀မှ 
အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

Eleven Media Groupမြန်မာနိုင်ငံ၏ အလုပ်သမား လုပ်ခလစာ သက်သာမှုကို စိတ်ဝင်စားမှု ရှိသော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေသည့်အတွက် ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ငါးဖမ်းပိုက်စက်ရုံ တည်ဆောက်ရန် စိတ်ဝင်စားမှုကို အဟန့်အတားများဖြစ်နေသည် ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ

ကမ္ဘာ့ပထမဆုံး ရေခဲဟိုတယ်

Photo: ကမ္ဘာ့ပထမဆုံး ရေခဲဟိုတယ်
Thursday, 20 December 2012

ရေခဲဟိုတယ်ကတော့ ဥရောပနဲ့ အမေရိကက အအေးဓာတ်လွန် နိုင်ငံများ မှာ တော်တော်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တာကတော့ ဆွီဒင်နိုင်ငံမြောက်ပိုင်း Kiruna ရွာအနီးက Jukkasjarvi အမည်ရ ဟိုတယ်ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ပြီး တီထွင်ဖန်တီးပေးခဲ့သူကတော့ ဂျပန်နိုင်ငံမှ ရေခဲပန်းပုထု အနုပညာရှင်ရှင် တစ်ဦး ဖြစ်ပါ တယ်။ နှစ် စဉ် ဆောင်းရာသီရောက်တိုင်း ဆွီဒင်က ရေခဲပေါတဲ့ နေရာကိုလာ လို့ ရေခဲ ပန်းပုထုပါတယ်။ ပြခန်းတွေ ပြုလုပ် ပြသပါတယ်။ ၁၀၈၉ ခုနှစ်အရောက် မှာတော့ အကြီးမားဆုံး ပြပွဲတစ်ခုပြုလုပ်ပါတယ်။ အဲ့ဒီချိန် ရွာမှာ နေစရာ မလောက်တော့လို့ သူထုထားတဲ့ ရေခဲအဆောက်အအုံထဲမှာပဲ တည်းခွင့်ပေး ဖို့ လေ့လာသူတွေက တောင်းဆိုတော့ ခွင့်ပြုခဲ့ပါတယ်။

ယင်းကနေစလို့ အိုင်ဒီယာ ရပြီး ၁၉၉၀ ခုနှစ် ဆောင်းရာသီ ကစလို့ ရေခဲ ဟိုတယ် ပြုလုပ်ပါတယ်။ နှစ်စဉ် ဒီဇင်ဘာမှ ဧပြီလအထိ ဟိုတယ်ဖွင့်ပါတယ်။ အခြားသော စီးပွားရေး လုပ်ငန်းရှင်များ လည်း ဆက်သွယ် လာတော့ ငွေ အဝင်မြန်တဲ့ ဟိုတယ် ဖြစ်လာပါတယ်။ တည်းခိုခွင့်ကလည်း ဈေးကြီးပါ တယ်။ Torne အမည်ရ မြစ်ကနေ ခဲနေတဲ့ ရေခဲတုံးနဲ့ နှင်းများကို အသုံးပြု လို့ အဆောက်အအုံကြီး ပြုလုပ်ပါတယ်။ စုစုပေါင်း ၆ထောင် စတုရန်းမီတာ ကျယ်ဝန်းပါတယ်။

ရေခဲတန်ချိန်ပေါင်း ၁သောင်းကျော်၊ နှင်းတန်ချိန်ပေါင်း ၃သောင်းကျော်ကို အသုံးပြုပြီး တည်ဆောက်ရပါတယ်။ ဆောင်းရာသီ အအေးချိန်မှာပဲ အမြန်ဆုံး တည်ဆောက်ဖွင့်လှစ်ရတာ ဖြစ်ပါတယ်။ နွေဦးရောက်တော့ အလိုအလျောက် အရည်ပျော်ကုန်ပါတယ်။

ယခု ဒီဇင်ဘာလ ဖြစ်ပြီး ဥရောပမှာ အအေးဓာတ်လွန်ကဲနေပြီဖြစ်တဲ့ အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဟိုတယ် ဖွင့်လှစ်နေပါပြီ။ ကမ္ဘာတစ်လွှား ကလည်း ဟန်းနီးမွန်းထွက်တဲ့သူ အပြင် အပျော်ခရီးသွားသူတို့လည်း ဘိုကင်ကြိုယူထားပါတယ်။ Jukkasjarvi ဟိုတယ်မှာ တည်းခိုသူများနဲ့ စည်ကားလျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmarရေခဲဟိုတယ်ကတော့ ဥရောပနဲ့ အမေရိကက အအေးဓာတ် လွန် နိုင်ငံများမှာ တော်တော်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ပထမဆုံး စတင်ဖွင့်လှစ်ခဲ့တာကတော့ ဆွီဒင်နိုင်ငံမြောက်ပိုင်း Kiruna ရွာအနီးက Jukkasjarvi အမည်ရ ဟိုတယ်ဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်က စတင်ဖွင့်လှစ်ပြီး တီထွင်ဖန်တီးပေးခဲ့သူကတော့ ဂျပန်နိုင်ငံမှ ရေခဲပန်းပုထု အနုပညာရှင်ရှင် တစ်ဦး ဖြစ်ပါ တယ်။ နှစ် စဉ် ဆောင်းရာသီရောက်တိုင်း ဆွီဒင်က ရေခဲပေါတဲ့ နေရာကိုလာ လို့ ရေခဲ ပန်းပုထုပါတယ်။ ပြခန်းတွေ ပြုလုပ် ပြသပါတယ်။ ၁၀၈၉

“Shape the World ညီလာခံကျင်းပ”


Photo: “Shape the World ညီလာခံကျင်းပ”
Thursday, 20 December 2012

စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ Myanmar B2B Management Magazine တို့ ပူးပေါင်း၍ ‘Shape The World’ conference’ 13 Myanmar အား ၂၀၁၃ ခုနှစ်၊ဇန်န၀ါရီလ ၈ရက်၊ နံနက် (၉)နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် စင်ကာပူနိုင်ငံ consulus မှ Chief Executive Officer Mr. Lawrence Chong နှင့် Senior Strategy Consultant Ms. Christina Tarigon တို့က စာတွေ့လက်တွေ့ ရှင်းလင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ အခြေစိုက် Consulus Consultant Group သည် ၂၀၀၅ ခုနှစ်မှ စတင်၍ အမေရိကန်နိုင်ငံ New York မှ Singapore နိုင်ငံ အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့သူပေါင်း ၃၀၀၀ ကျော်ဖြင့် ‘Shape The World’ ဆွေးနွေးပွဲကို ကျင်းပလျက် ရှိကြောင်းနှင့် ၂၀၁၂ ခုနှစ်မှစ၍ အာရှမြို့ကြီး ၁၂ မြို့မှ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ ပါဝင် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်နိုင်
Popular Myanmar News Journalစင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ Myanmar B2B Management Magazine တို့ ပူးပေါင်း၍ ‘Shape The World’ conference’ 13 Myanmar အား ၂၀၁၃ ခုနှစ်၊ဇန်န၀ါရီလ ၈ရက်၊ နံနက် (၉)နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် စင်ကာပူနိုင်ငံ consulus မှ Chief Executive Officer Mr. Lawrence Chong နှင့် Senior Strategy Consultant Ms. Christina Tarigon တို့က စာတွေ့လက်တွေ့ ရှင်းလင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရ

အင်တာနက်အသုံးပြုရန်မလိုဘဲ Y-talk စနစ်ဖြင့်နိုင်ငံခြားသို့ဖုန်းခေါ်ဆိုနိုင်ပြီ

Photo: အင်တာနက်အသုံးပြုရန်မလိုဘဲ Y-talk စနစ်ဖြင့်နိုင်ငံခြားသို့ဖုန်းခေါ်ဆိုနိုင်ပြီ
Thursday, 20 December 2012

နိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာတွင်ယခင်ကအင်တာနက်အသုံးပြု၍ခေါ်ဆို
ရသော်လည်း ယနေ့မှစကာ Y-talk စနစ်ကိုအင်တာနက်မလိုပဲ
အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်းသိရသည်။

အင်တာနက်မလိုပဲ ပြည်ပသို့ဖုန်းခေါ်ဆိုရာတွင် အစပထမ၌ ဖုန်းနံပါတ် ၀၁-၄၄၅၅၅၅၅ ကိုခေါ်ဆိုရမည်ဖြစ်ကြောင်း၊ ပြီးနောက်မိမိ၏ Topup(FEC) ငွေဖြည့်ကဒ် အကောင့်နံပါတ်ကိုရိုက်ထည့်
လိုက်ပါက မိမိအကောင့်အတွင်းသို့ငွေဝင်သွားဖြစ်ကြောင်း Y-talk ကတ်အရောင်းဆိုင်မှကျွမ်းကျင်သူကိုနေမျိုးကရှင်းပြသည်။

“ အခုအင်တာနက်မလိုပဲကတ်အသုံးပြုပြီးနိုင်ငံခြားကိုဖုန်းခေါ်လို့ရပါပြီ။ အဲဒီလိုခေါ်လို့ရနိုင်တဲ့ Y-talk ကတ်တွေကို FEC 20,30အမျိုးအစား
နှစ်မျိုးသတ်မှတ်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ရောင်းချပေးသွားမှာပါ” ဟု VMG Telecomsကုမ္ပဏီမှဒါရိုက်တာဦးအောင်ထွန်းကပြောကြားသည်။

အဆိုပါကတ်များကို လူအများအသုံးပြုနိုင်သော ဈေးနှုန်းများ သတ်မှတ်ပြီး
ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ယင်းကတ်များဖြင့် ငွေဖြည့်သွင်းရာမှာလည်း အင်တာနက်မလိုပဲ ငွေဖြည့်သွင်းနိုင်ပြီး ကုတ်နံပါတ်များကိုလည်းမိမိ၏ ဖုန်းနံပါတ်ထဲသို့တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဦးအောင်ထွန်းကရှင်းပြသည်။

ယခင်ကအင်တာနက်ဝက်ဆိုက်များမှတဆင့်ငွေဖြည့်အသုံးပြုကာနိုင်ငံခြား
သို့ဖုန်းခေါ်ဆိုရသော်လည်း ယခုအခါ Y-talk စနစ်အသုံးပြု၍ ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်သောကြောင့် လူအများစုအသုံးပြုနိုင်စေရန်ပိုမို
လုပ်ဆောင်ပေးစေလိုကြောင်း မိုဘိုင်းservice တစ်ခုမှကျွမ်းကျင်သူ
တစ်ဦးကဆိုသည်။

ယင်းကတ်များကို အသုံးပြုသူများလွယ်ကူစေရန်အတွက်service
ကောင်တာများထားရှိပေးမည်ဖြစ်ကြောင်း၊ ၄င်းအပြင် စိန်ဂေဟာ၊
0range နှင့် Call Shop အရောင်းဆိုင်များတွင်လည်း အရောင်းစင်တာများ
ထားရှိကာဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း၊ Y-talk ကတ်တွင်
မိမိ၏ငွေလက်ကျန်ကိုစစ်ဆေးလိုပါက ၅၅၅၅၅ လုံးကိုနှိပ်၍
ကြည့်ရှုနိုင်ကြောင်းသိရသည်။

အောင်ကိုကို
ဓာတ်ပုံ- ဆုဝေ
The Myanma Ageနိုင်ငံခြားသို့ဖုန်းခေါ်ဆိုရာတွင်ယခင်ကအင်တာနက်အသုံးပြု၍ခေါ်ဆို
ရသော်လည်း ယနေ့မှစကာ Y-talk စနစ်ကိုအင်တာနက်မလိုပဲ အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ကြောင်း သိရသည်။ အင်တာနက် မလိုပဲ ပြည်ပသို့ဖုန်းခေါ်ဆိုရာတွင် အစပထမ၌ ဖုန်းနံပါတ် ၀၁-၄၄၅၅၅၅၅ ကိုခေါ်ဆိုရမည်ဖြစ်ကြောင်း၊ ပြီးနောက်မိမိ၏ Topup(FEC) ငွေဖြည့်ကဒ် အကောင့်နံပါတ်ကိုရိုက်ထည့်လိုက်ပါက မိမိအကောင့်အတွင်းသို့ငွေဝင်သွားဖြစ်ကြောင်း Y-talk ကတ်အရောင်း

နိုင်ငံတော်သမ္မတဦးသိန်းစိန် (၂၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယသမ္မတနို်င်ငံသို့ ထွက်ခွာ

Photo: နိုင်ငံတော်သမ္မတဦးသိန်းစိန် (၂၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယသမ္မတနို်င်ငံသို့ ထွက်ခွာ
Thursday, 20 December 2012

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် (၂၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အတွက် ယနေ့နံနက် (၁၀) နာရီတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ဒုတိယသမ္မတများ ဖြစ်ကြသည့်
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးမြင့်လှိုင်၊ ဦးဥာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဦးတင့်ဆန်း၊ ဦးကျော်လွင်၊ ဦးဇေယျာအောင်၊ ဒေါက်တာကိုကိုဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနို်င်ငံသံရုံးမှ ဒုတိယအကြီးအကဲ မစ္စတာ ဆိုင်းလပ်စ်သန်ဂဲလ်တို့က
နေပြည်တော်လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဋ္ဌေး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။

မြ၀တီပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် (၂၀) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက် (၁၀) နာရီတွင် အထူး လေယာဉ်ဖြင့် နေပြည်တော်မှ အိန္ဒိယသမ္မတ နိုင်ငံသို့ ထွက်ခွာ

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်းတိမ် လုပ်ကွက် အသစ်မှ စီးပွားဖြစ် ရေနံစိမ်းများ ထွက်ရှိနေ

Photo: ပိတောက်ပင် ရေနံမှော် လက်ယက်တွင်းတိမ် လုပ်ကွက် အသစ်မှ စီးပွားဖြစ် ရေနံစိမ်းများ ထွက်ရှိနေ
Thursday, 20 December 2012

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ကျေးရွာ အနီးရှိ ပိတောက်ပင် ရေနံမှော် ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် ပိတောက်ပင် ကျေးရွာတောင်ဘက် ES လုပ်ကွက် အသစ် အတွင်းမှ
ရေနံစိမ်းများ စီးပွားဖြစ် ထွက်ရှိနေရာ ရေနံတူး လုပ်ငန်းရှင်များ ဝင်ရောက် တူးဖော်နေကြောင်း သိရသည်။

ရေနံ လက်ယက် တွင်းတိမ်များ ရှာဖွေတူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက် ၁၁၇၃ ဧကပေါ်ရှိ ပိတောက်ပင် ကျေးရွာ မြောက်ဘက် GSလုပ်ကွက်နှင့် MS လုပ်ကွက်တို့တွင် ရေနံစိမ်းများ စီးပွားဖြစ် တူးဖော် ထွက်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်မှစ၍ ES လုပ်ကွက် အသစ်တွင် ခပ်လျှံတွင်း များမှ တစ်ရက် ရေနံစိမ်းပီပါ ၂ဝ မှ ၂၅ ပီပါ အထိ ထွက်ရှိနေ သည်။

'' ES လုပ်ကွက် အတွင်းရှိ မြေရှင်များ ထံမှ ရေနံတွင်း တစ်ပေါက်စာ
ငွေကျပ် ၁ဝ သိန်း၊ နှစ်ပေါက် ငွေကျပ် ၁၈ သိန်းအပြင် တူးဖော် ထုတ်လုပ် ခွင့်ရ ရွှေရာသီ ကုမ္ပဏီမှ ခွင့်ပြုမိန့် (စလစ်) ကြေးငွေ ကျပ်နှစ်သိန်း၊
ရေနံတူးစက် ဝါးတားဂျက် (ကရောင်းစက်) ငှားရမ်းခ ငွေကျပ် သိန်း ၂ဝ မှ ငွေကျပ် ၂၅ သိန်း အထိ ပေးရကြောင်း၊ သတ်မှတ်ပေ ၁ဝဝဝ ကျော် တူးဖော်ရပြီး ကာပိုက်၊ ကလပ်ခုံ၊ အင်ဂျင်စက် အပါအဝင် ရေနံတွင်း တစ်တွင်း ငွေကျပ် ၇၅ သိန်းကျော် ကုန်ကျကြောင်း'' မိုးကုတ်မြို့မှ ရေနံတူး လုပ်ငန်းရှင် တစ်ဦးက ပြောကြားကြောင်း သိရသည်။ 

မြ၀တီမကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ကျေးရွာ အနီးရှိ ပိတောက်ပင် ရေနံမှော် ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီလုပ်ကွက် ပိတောက် ပင် ကျေးရွာတောင်ဘက် ES လုပ်ကွက်အသစ် အတွင်းမှရေနံစိမ်းများ စီးပွားဖြစ် ထွက်ရှိနေရာ ရေနံတူး လုပ်ငန်းရှင်များ ဝင်ရောက်

နေပြည်တော်ရှိလွှတ်တော်အမတ်များအား လားရှိုးသိန်းအောင် ဂုဏ်ပြုဖျော်ဖြေလိုဟုဆို

Photo: နေပြည်တော်ရှိလွှတ်တော်အမတ်များအား လားရှိုးသိန်းအောင် ဂုဏ်ပြုဖျော်ဖြေလိုဟုဆို
Thursday, 20 December 2012

နေပြည်တော်ရှိလွှတ်တော် အမတ်များအား လားရှိုးသိန်းအောင် ဂုဏ်ပြုဖျော်ဖြေလိုကြောင်း ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်
ပြောကြားသွားခဲ့သည်။ 

"တိုင်းပြည်အကျိုးသယ်ပိုးထမ်းဆောင်နေတဲ့လွတ်တော်အမတ်တွေနဲ့
၎င်းတို့ရဲ့မိသားစုတွေကို ဂုဏ်ပြုဖျော်ဖြေပေးချင်ပါတယ်"ဟု၎င်းက
ပြောကြားခဲ့သည်။

Messenger News Journalနေပြည်တော်ရှိလွှတ်တော် အမတ်များအား လားရှိုးသိန်းအောင် ဂုဏ်ပြုဖျော်ဖြေ လိုကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်း

ရဲရင့်တဲ့မိခင်အေမန်ဒါ ( မိဘကျေးဇူးကိုမမေ့ကြပါနဲ့ )

Photo: ရဲရင့်တဲ့မိခင်အေမန်ဒါ ( မိဘကျေးဇူးကိုမမေ့ကြပါနဲ့ )
Thursday, 20 December 2012

Santa Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အိမ်မှာ မီးလောင်နေပါတယ် ။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေစဉ်မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကားဗုံးပေါက်ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေးမကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီး
ပြေးဝင်သွားခဲ့တယ် ။

အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင်အိမ်ထဲ
ပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ်ကိုရှာဖွေပါတယ် ။ ပူလောင်ပြင်းပြတဲ့မီးတောက်တွေရဲ့ လောင်ကျွမ်းမှုက သူ့ကိုမမှုစေခဲ့ဘူး သူ့ရဲ့ သားသမီးဇောကို မတားဆီးစေနိုင်ခဲ့ဘူး ။ ပြီးတော့ ဆယ်ရက်သားအရွယ်ရှိသေးတဲ့ သားငယ်ကိုတွေ့တဲ့အခါ အလျှင်အမြန်ကိုက်ချီပြီး မီးတောက်တွေထဲက တဟုန်ထိုး
ပြန်ထွက်လာခဲ့ပါတယ် ။ ဟော နောက်ထပ် သူ့သားသမီးလေးတွေ
ကျန်နေသေးတယ် သူရပ်လို့မဖြစ်သေးဘူး ။

အေမန်ဒါ နောက်ထပ်တစ်ခေါက်ထပ်ဝင်သွားပြန်တယ် ဒီလိုနဲ့ သူ့ကလေးတွေ မကုန်မချင်း အထဲကိုဝင်သွားလိုက် ပြန်ထွက်လာလိုက်နဲ့ မိခင်ခွေးမရဲ့ သတ္တိတွေ မျက်ရည်ကျရလောက်အောင် ထက်မြစူးရှနေခဲ့တယ်။
မီးသတ်သမားတွေ သူတို့မျက်စိသူတို့မယုံနိုင်ဖြစ်ခဲ့ရတယ် ။ အများစုက ဒီလောက်ရဲရင့်သတ္တိကောင်းတဲ့ခွေးကိုမမြင်ဖူးလို့ပဲဖြစ်တယ် ။

ခွေးကလေးတွေအကုန်လုံးကို အန္တရာယ်ကင်းတဲ့နေရာသယ်ဆောင်ပြီး
တဲ့အခါ အေမန်ဒါဟာသူတို့ဘေးမှာ လှဲချလိုက်ပြီး ( လူတွေမှာဆို အရေးပေါ်အသက်ကယ်နည်း လို့ပြောလို့ရတဲ့ ) ခွေးကလေးတွေ့ကိုလျှာနဲ့
ရက်ပေးခြင်း ချော့မြူခြင်းတွေကိုပြုလုပ်နေခဲ့တယ် ။ မျက်မြင်တွေ့သူတွေဟာ အရေးပေါ် တိရိစ္ဆာန်ကုသရေးတွေကိုအမြန်ခေါ်ပြီး ခွေးမကြီးနဲ့ခွေးသားပေါက်
ကလေးတွေကို ဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ကြတယ်။ ခွေးပေါက်လေး တစ်ကောင်ပြင်းပြင်းထန်ထန်မီးလောင်ဒါဏ်ရာရခဲ့တာကလွဲလို့
ခွေးတွေအကုန်လုံးအသက်ရှင်ခဲ့ကြပါတယ် ။

ကျေးဇူးပါတယ်တယ် ရဲရင့်တဲ့မိခင်အေမန်ဒါရေ !!!!!!!

------------------------------------------------------

ကမ္ဘာပေါ်မှာ သားသမီး အသက်အန္တရာယ်ကို မိမိအသက်ပေးပြီး 
ကယ်ဝံ့တာ မိဘတွေပဲဖြစ်တယ် ကမ္ဘာပေါ်မှာ သားသမီး ဒုက္ခရောက်နေချိန်မှာ အမြဲအားပေးအဖော်ရှိနေပေးတတ်တာ မိဘတွေပဲဖြစ်တယ်ကမ္ဘာပေါ်မှာသားသမီး အတွက် အရာအားလုံကို စွန့်လွှတ်စွန့်စားဝံ့သူဟာ မိဘတွေပဲဖြစ်တယ်

အချိန်ရခိုက်လေး မိဘကျေးဇူးကိုမမေ့ကြပါနဲ့ ဘ၀ဆိုတာ တိုတိုလေးပါ
သေလွန်သွားမှာ နောင်တတွေရ ပန်းစည်းတွေအုတ်ဂူမှာ
သွားပေးနေကြမယ့်အစား မသေသေးခင် မိဘတွေဆန္ဒကို
တတ်နိုင်သလောက်ဖြည့်ဆည်းပေးကြခြင်းအားဖြင့်မိဘကျေးဇူး
ဆပ်နိုင်ကြပါစေ ။

သက်တန့်ချိုSanta Rosa De Temuco - နံနက်ခင်းတစ်ခုမှာ အိမ်တစ်အိမ်မှာ မီးလောင်နေပါတယ် ။ မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်နေ စဉ် မှာ အံ့သြဖွယ်ရာမယုံနိုင်ဖွယ်ရာအဖြစ်တွေကိုတွေ့ခဲ့ရတယ် ။ ကား ဗုံးပေါက် ကွဲမှုကြောင့်စဖြစ်ခဲ့တဲ့ ဒီမီးလောင်မှုအတွင်းကို မိခင်ခွေး မကြီးက သူ့ကလေးတွေကိုကယ်ဖို့အတွက် အသက်စွန့်ပြီးပြေးဝင် သွားခဲ့တယ် ။အေမန်ဒါလို့ခေါ်တဲ့ဒီခွေးမကြီးဟာ တဟုန်ထိုး မီးလောင် အိမ်ထဲပြေးဝင်သွားပြီး မီးတောက်တွေကြားထဲမှာ သားငယ် ကိုရှာဖွေပါတယ် ။ ပူလောင်ပြင်းပြတဲ့ မီးတောက်တွေ ရဲ့ လောင်ကျွမ်း

မေ့ပျောက်ခံနေရသော ဂီရီ မုန်တိုင်းသင့် ပြည်သူများ အတွက် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ အစီရင်ခံစာ ထုတ်ပြန်

၂၀၁၀ ခုနှစ် အောက်တိုဘာလ ကတိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းဒဏ်ခံ
ခဲ့ရသော ရခိုင် ဒေသခံပြည်သူများ၏ယနေ့အချိန်ထိ ကြုံတွေ့ နေ ရသော ပြဿာနာများနှင့် ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) က အစီရင် ခံစာ တစ်စောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါ အစီရင်ခံစာကို “Voices from the Arakan State of Western Burma (Myanmar)” အမည်ဖြင့် အင်္ဂလိပ်ဘာ သာဖြင့်

ကမ္ဘာတစ်လွှား ထူးထူးဆန်းဆန်း ဥပဒေအချို့ 


Photo: ကမ္ဘာတစ်လွှား ထူးထူးဆန်းဆန်း ဥပဒေအချို့ 
Thursday, 20 December 2012

- အိုဟီးအိုး (အမေရိကန်) တွင် လိုင်စင်မရှိပဲ ကြွက်သတ်ပါက ရာဇဝတ်မှု မြောက်သည်။

- အစ္စရေးတွင် လိုင်စင်မရှိပဲ စက်ဘီး မစီးရ။

- ဆွစ်ဇာလန်တွင် အမျိုးသမီးငယ်များ အမျိုးသားတို့နှင့် လက်ဆွဲခွင့် မပြု။

- စင်္ကာပူက အများပိုင်နေရာများတွင်း ဆေးလိပ်၊ဆီကရက် သောက်သုံးခွင့် မပြု။

- တက္ကဆက် တွင် သူတစ်ပါးနွားမှ နို့ထုတ်ပါက ရာဇဝတ်မှုမြောက်သည်။

- ပြင်သစ်တွင် ရထားဘူတာတွင် နမ်းပါက ရာဇဝတ်မှုမြောက်သည်။

- တရုတ်ပြည်တွင် ကလေးတစ်ယောက်သာမွေးခွင့်ရှိ၊ ပိုမွေးပါက အခွန်ဆောင်ရ။

- ဆော်ဒီအာရေဗျိယ တွင် အမျိုးသမီးများအား ယာဉ်မောင်းခွင့်မပြု။

- ဆော်ဒီ အာရေဗျိယတွင် အမျိုးသမီးများ မဲပေးခွင့် မရှိ။

- ဆွီဒင်တွင် အစိုးရခွင့်မပြုပဲ အိမ်ဆေး ပြင်သုတ်ခွင့် မရှိ။

- စင်္ကာပူတွင် သွားဖုံးရောင်းချခွင့်ကို ဥပဒေဖြင် ကန့်သတ်ထား။

- ဆွစ်ဇာလန်တွင် ည ၁၀ နာရီနောက်ပိုင်း အိမ်သာဆေးပါက ရာဇဝတ်မှု မြောက်သည်။
---
---
Ref: rare-facts
International news for myanmar
- အိုဟီးအိုး (အမေရိကန်) တွင် လိုင်စင်မရှိပဲ ကြွက်သတ်ပါက ရာဇဝတ်မှု မြောက်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း၌ အမေရိကန် ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: ထိုင်းနိုင်ငံ တောင်ပိုင်း၌ အမေရိကန် ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Thursday, 20 December 2012

ထိုင်းအာဏာပိုင် များသည် နိုင်ငံတောင်ပိုင်းရှိ နရသီဝတ် ပြည်နယ်၌ ဒီဇင်ဘာ ၁၈ ရက်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်းခန့်ရှိ မက်သာဖက်တမင်း ဆေးပြားများအား ဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။

၎င်းဆေးပြားများအား ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ချိန်၌ ဆေးဝါးအမြောက်အမြားအား လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဖြတ်၍ မလေးရှား မူးယစ်ဆေးဝါး ကုန်သည်တစ်ဦး ထံသို့ ပို့ဆောင် သွားမည်ဟု သတင်း ပေးချက်အရ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပူးပေါင်းတပ်ဖွဲ့သည် စစ်ဆေးရေးဂိတ် တစ်ခု၌ ပစ်ကပ်မော်တော်ယာဉ် တစ်စီးအား တားဆီးစစ်ဆေး ခဲ့ရာမှ ယာဉ်နောက်ဘက် ထိုင်ခုံပေါ်၌ ဖုံးအုပ်ထားသည့် ထိုင်းဘတ် ၇ သန်းကျော်နှင့် မူးယစ်ဆေးပြား များအား ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

ရဲတပ်ဖွဲ့မှ စုံစမ်းချက်များ အရ ဆေးပြားများအား မလေးရှား
နိုင်ငံအတွင်း ရောင်းချရန် စီစဉ်ခဲ့ကြောင်း သိရ သည်။ 

မြ၀တီထိုင်းအာဏာပိုင် များသည် နိုင်ငံတောင်ပိုင်းရှိ နရသီဝတ် ပြည်နယ်၌ ဒီဇင်ဘာ ၁၈ ရက်က အမေရိကန် ဒေါ်လာ ၄ ဒသမ ၇ သန်းခန့်ရှိ မက်သာ ဖက်တမင်း ဆေးပြားများအား ဖမ်းဆီး ရမိခဲ့ကြောင်း နိုင်ငံပိုင်
မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။
၎င်းဆေးပြားများအား ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ချိန်၌ ဆေးဝါးအမြောက်အမြားအား လာအိုနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဖြတ်၍ မလေးရှား မူးယစ်ဆေးဝါး ကုန်သည်

တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ပိတ်ပင်ရန် သမ္မတအိုဘားမား ထောက်ခံ

တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ ပိတ်ပင်ရန် သမ္မတအိုဘားမား ထောက်ခံ

20/Dec/2012

အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့၌ လူအစုအပြုံလိုက် သေနတ်ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက တိုက်ခိုက်ရေးသေနတ်များ ပိတ်ပင်သွား ရန် ထောက်ခံကြောင်း ပြောကြားလိုက်သည်။ သမ္မတအိုဘားမားအနေဖြင့် အဆိုပါကိစ္စကို လာမည့်ကွန်ဂရက် အစည်းအဝေးတွင် ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေးက ပြောကြားသည်ဟု ဒီဇင်ဘာ ၁၉ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုများ တိုးလာနိုင်ကြောင်း အမျိုးသားရိုင်ဖယ်အသင်းက ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန် ကြေညာချက်၌ ဖော်ပြထားသည်။ ထိုနေ့မှစပြီး အမေရိကန်နိုင်ငံတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်များ အပါအဝင် သေနတ်ရောင်းအား မြင့်တက် လာသည်ဟု ဆိုသည်။ နယူးတောင်း၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် တိုက်ခိုက်ရေး ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

 (ဘီဘီစီ)
အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းမြို့၌ လူအစုအပြုံလိုက် သေနတ်ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ အိုဘားမားက တိုက်ခိုက်ရေးသေနတ်များ ပိတ်ပင် သွားရန် ထောက်ခံကြောင်း ပြောကြားလိုက်သည်။ သမ္မတအိုဘားမားအနေဖြင့် အဆိုပါကိစ္စကို လာမည့်

တောင်ကိုရီးယား နိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး သမ္မတ ပေါ်ထွက် လာဖွယ်ရှိ


တောင်ကိုရီးယား နိုင်ငံတွင် ပထမဦးဆုံး အမျိုးသမီး သမ္မတ ပေါ်ထွက် လာဖွယ်ရှိ

တောင်ကိုရီးယား နိုင်ငံတွင် ပထမဆုံးသော အမျိုးသမီး နိုင်ငံ ခေါင်းဆောင်တစ်ဦး  ပေါ်ထွက် လာနိုင်ဖွယ် ရှိသည့် သမိုင်းဝင် မဲပေးပွဲကို ဒီဇင်ဘာ ၁၈ ရက်က  စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲ ပေးပွဲတွင် လက်ရှိ အာဏာရ ကွန်ဆာဗေးတစ် ပါတီမှ ကိုယ်စားလှယ်လောင်း  ပတ်စ်ဂွမ် ဟေးနှင့် ပြိုင်ဘက် လစ်ဘရယ် ပါတီ ခေါင်းဆောင် မွန်ဂျေးအင်တို့ အဓိက ယှဉ်ပြိုင် အရွေး ခံကြမည် ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံရှိ ဆန္ဒမဲ ပေးမည့် လူပေါင်း သန်း ၄ဝ ကျော်အား လွတ်လပ်စွာ မဲပေး နိုင်ရန် အတွက် ထိုနေ့အား အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးကာ မဲရုံများကို ညနေ ၆ နာရီ ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် အသံလွှင့် ဌာနသုံးခုမှ ထုတ်ပြန်သည့်  ကနဦး သမ္မတ ရွေးကောက်ပွဲ မဲရလဒ် များအရ ပတ်စ်ဂွမ် ဟေးက ဆန္ဒမဲ ၅ဝ ဒသမ ၁ ရာခိုင်နှုန်း ရရှိပြီး ပြိုင်ဘက် မွန်ဂျေးအင်က ၄၈ ဒသမ ၉ ရာခိုင်နှုန်း ရရှိကြောင်း သိရသည်။

အသက် ၆ဝနှစ်ရှိ ပတ်စ်ဂွမ် ဟေးသည် ယခင်နိုင်ငံ ခေါင်းဆောင်ဟောင်း တစ်ဦးနှင့် ဆက်နွှယ် ပတ်သက်မှု ရှိပြီး အမျိုးသား များသာ လွှမ်းမိုး အုပ်ချုပ် ခဲ့သော တောင်ကိုရီးယား နိုင်ငံတွင် သမိုင်းတွင် စေမည့် ပထမဆုံး အမျိုးသမီး သမ္မတ တစ်ဦး ဖြစ်လာဖွယ် ရှိလေသည်။

ပတ်စ်သည် သမ္မတဟောင်း ပတ်ချုံဟီး၏ သမီးဖြစ်သည်။ ၎င်းသမ္မတသည် နိုင်ငံတွင်း ဆင်းရဲ မွဲတေမှု လျော့နည်း ပပျောက်ရေးကို လိုလားသူ ဖြစ်ပြီး အာဏာရှင် အုပ်ချုပ်မှု စနစ်ဖြင့် ၁၈ နှစ်တိုင် အုပ်ချုပ်ခဲ့သည့် ကာလ အတွင်း ဖိနှိပ် အုပ်ချုပ်ခဲ့ခြင်း အတွက် ပုတ်ခတ် ဝေဖန် ခံခဲ့ရ သူလည်း ဖြစ်သည်။

မွန်ဂျေးအင် သည်လည်း ယခင် လက်ဝဲယိမ်း သမ္မတ ရိုမူးဟွန်၏ ဦးစီး အရာရှိချုပ် တစ်ဦး ဖြစ်သလို လူ့အခွင့်အရေး ဆိုင်ရာ ရှေ့နေဟောင်း တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် သမ္မတ ပတ်ချုံဟီး လက်ထက်က ဆန့်ကျင် ဆန္ဒပြ မှုကြောင့် အကျဉ်းချ ခံခဲ့ရသည်။

အဆိုပါ ဆန္ဒမဲ ပေးပွဲအတွက် ကိုယ်စားလှယ် ဟောင်းနှစ်ဦး လုံးသည် ဒီမိုက ရေစီ နည်းလမ်းကျ စီးပွားရေး ဖော်ဆောင်မှု အတွက် လိုအပ်ချက်များ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန် အဟုန်ကြောင့် ဖြစ်ပေါ်လာသည့် လူတန်းစား ကွာဟမှုအား လျှော့ချရေး တို့ကို အလေးထား ပြောကြား ခဲ့ကြပြီး အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးရေးနှင့် လူမှု ဝန်ထမ်း အသုံး စရိတ် များ  တိုးမြှင့်ရေး တို့အတွက် ကတိပြု ပြောဆိုခဲ့ ကြကြောင်း သိရသည်။

http://www.myawady.com.mm/allnews/global/item/2355-2012-12-20-09-56-16တောင်ကိုရီးယား နိုင်ငံတွင် ပထမဆုံးသော အမျိုး သမီး နိုင်ငံ ခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာနိုင်ဖွယ် ရှိသည့် သမိုင်း ဝင်မဲပေးပွဲကို ဒီဇင်ဘာ ၁၈ ရက်က စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ကြောင်း

ပခုက္ကူမြို့နယ်အတွင်း ပထမဦးဆုံးအမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်ခံရ

ပခုက္ကူမြို့နယ်အတွင်း ပထမဦးဆုံးအမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်ခံရ

ပခုက္ကူ ။ ဒီဇင်ဘာ ၂၀

ပြုလုပ်လျှက်ရှိသော ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအချို့အနက် ပခုက္ကူမြို့နယ်အတွင်း ပထမဦးဆုံးအမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ပြုလုပ်လျှက်ရှိသော ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအချို့အနက် ပခုက္ကူမြို့နယ် အမှတ်(၆)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီးတစ်ဦး ရွေးချယ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

ရွေးချယ်ခံရသော အမျိုးးသမီးမှာ ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်နေ
ဒေါ်မော် ဆိုသူဖြစ်ပြီး ၊ ၄င်း သည် ပခုက္ကူမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်မှ တည်ထောင်ထားသော အမေ့အိမ် ပညာဒါနကျောင်းဧ။် စည်းကမ်းထိန်းသိမ်းရေးမှူးတစ်ဦး ဖြစ်ကြောင်းသိရသည်။


မင်းထက်သာ
The myanma Age

ပြုလုပ်လျှက်ရှိသော ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအချို့အနက် ပခုက္ကူမြို့နယ်အတွင်း ပထမဦးဆုံး

ဆီးရီးယား ပဋိပက္ခတွင် နေတိုး တပ်ဖွဲ့ကြားဝင်မည် မဟုတ်ဟု အာရပ် အဖွဲ့ချုပ် ပြောကြား


ဆီးရီးယား ပဋိပက္ခတွင် နေတိုး တပ်ဖွဲ့ကြားဝင်မည် မဟုတ်ဟု အာရပ် အဖွဲ့ချုပ် ပြောကြား

ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့်   ပဋိပက္ခများ အကြား နေတိုး တပ်ဖွဲ့က ဝင်ရောက် စွက်ဖက် နိုင်ဖွယ် ရှိသည်ဟူသော သတင်းများကို အာရပ် အဖွဲ့ချုပ်မှ လက်ထောက် အတွင်းရေးမှူးချုပ် အာမက်ဘန် ဟယ်လ်လီက ငြင်းဆိုခဲ့ကြောင်း MENA သတင်း ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

နေတိုး တပ်ဖွဲ့၏ နိုင်ငံတကာ ရေးရာနှင့် လုံခြုံရေး ဆိုင်ရာ မူဝါဒ ချမှတ်ရေး ဌာနမှ လက်ထောက် အတွင်းရေးမှူးချုပ် ဒါ့ခ်ဘရင်း ဂယ်မန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အာရပ် အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အကြား ပြုလုပ်သော အစည်းအဝေးတွင် ဘန်ဟယ်လ်လီက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားတွင် ဖြစ်ပွားနေသော ပဋိပက္ခ များကို စစ်ရေးအရ ဖြေရှင်းခြင်းထက် နိုင်ငံရေး အရသာ ဖြေရှင်း သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အဆုံးသတ် စေရန် အာရပ် အဖွဲ့ချုပ်က ကြိုးပမ်း လုပ်ဆောင် လျက်ရှိပြီး ဆီးရီးယား ဒုက္ခသည် များကို လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေး၍ ကြိုးပမ်းလျက် ရှိကြောင်း ဘန်ဟယ်လ်လီက ပြောကြားခဲ့သည်။ 

ထို့အပြင် အတိုက်အခံ အဖွဲ့များ၏ အခြေချ စခန်းများသို့ သွားရောက်၍ ၎င်းတို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ဆီးရီးယား ပဋိပက္ခများကို ဖြေရှင်းရန် အတွက် " Geneva 2" ဟု အမည် ပေးထားသော စီမံကိန်း တစ်ခုကို ရေးဆွဲ၍ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် ဇွန် ၃ဝ ရက်က ဂျီနီဗာမြို့တွင် ပြုလုပ်သော အစည်းအဝေး၌ အင်အားကြီး နိုင်ငံများက သဘောတူ ချမှတ်ခဲ့သော သဘော တူညီချက်များ အပေါ် အခြေခံ၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဘန်ဟယ်လ်လီက ပြောကြားခဲ့သည်ဟု သိရသည်။

http://www.myawady.com.mm/allnews/global/item/2324-2012-12-20-09-12-33ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် ပဋိပက္ခများ အကြား နေတိုးတပ်ဖွဲ့က ဝင်ရောက်စွက်ဖက် နိုင်ဖွယ်ရှိသည် ဟူသော သတင်းများကို အာရပ်အဖွဲ့ချုပ်မှ လက်ထောက်အတွင်းရေးမှူးချုပ် အာမက်ဘန် ဟယ်လ်လီက ငြင်းဆိုခဲ့ကြောင်း MENA သတင်း ဌာနက