Thursday, 20 December 2012

အခြေခံ ဥပဒေကို ပြင်ဆင်ပေးရမည်


နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်တာပါ။ မတည့်တဲ့လူနဲ့ပေါင်းပြီး အကောင်းဆုံးကို ဖြစ်အောင်

ဂျွန်ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ခန့်အပ်ရေး အဆိုပြုရန် အိုဘားမား ဆုံးဖြတ်

သမ္မတ ဘားရတ်အိုဘားမားသည် ဆီးနိတ် လွှတ်တော်၏ ပြည်ပရေးရာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌနှင့် ၂ဝဝ၄ ခုနှစ် ဒီမိုကရက်သမ္မတလောင်း ဖြစ်သည့် ဂျွန်ကယ်ရီအား နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်

ကြိုတင်ကြံစည်သတ်ဖြတ်မှုနဲ့ အိမ်ဖော်အားတရားစွဲ

ယူအေအီးနိုင်ငံ ဒူဘိုင်းရှိ Al Bidaa ဧရိယာတွင် အသက်(၂၈)နှစ်အရွယ် အီသီယိုးပီးယား နိုင်ငံသူ အိမ်ဖော်အမျိုးသမီးဟာ ၎င်း၏ လူမျိုးတူလုပ်ဖော်ကိုင်ဖက် အမျိုးသမီးအား ရန်ပွဲပြီးနောက် ကြိုတင်ကြံစည်

မြင့်တက်လာသည့် ကမ္ဘာလှည့် ခရီးသည် ဦးရေနှင့် ပုဂံဒေသမှ စကားသံများ

မြင့်တက်လာသည့် ကမ္ဘာလှည့် ခရီးသည် ဦးရေနှင့် ပုဂံဒေသမှ စကားသံများ

ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံမြို့ များသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လျက် ရှိသည်။

ပုဂံမြို့တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ယမန် နှစ်များထက် စံချိန်တင် မြင့်တက် လာခြင်းကြောင့် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူမှု အပိုင်းနှင့် ခရီးသွား ဧည့်သည်များ ကြုံတွေ့ရမည့် အခက်အခဲ များအတွက် လုံခြုံရေး စနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင် ထားသင့်ပြီဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့က အကြံပြု ပြောကြားလိုက်သည်။

''ပုဂံမှာ နိုင်ငံခြားသား ခရီးသည်တွေ များလာတာနဲ့ ပတ်သက်ပြီးတော့ Tourist တွေကို လုံခြုံရေး ပေးမှုတွေ ကျွန်တော်တို့ ပုဂံမှာ အားနည်းနေတယ်။ Tourist တွေ ပိုက်ဆံအိတ် ကျပျောက်တာ၊ ခရီးသွား ဗီဇာတွေ ကျပျောက်တာတွေ နိုင်ငံခြား ခရီးသွား ဧည့်သည်အတွက် လုံခြုံရေး ဝန်ထမ်း မရှိတဲ့အခါ တော်တော် အင်အားနည်းတယ်။ ခရီးသည်များ ကြုံတွေ့ နေရတဲ့ အခက်အခဲ များအတွက် လုံခြုံရေး ဝန်ထမ်းတွေကို အမြန်ချပေး သင့်ပါတယ်''ဟု ပုဂံရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ကိုမင်းနိုင်အောင်က ပြောသည်။

Read More => http://www.myawady.net.mm/library/stories/storiesforall/item/2227-2012-12-19-08-30-46ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံမြို့ များသို့ ကမ္ဘာ့လှည့် ခရီးသွား ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လျက် ရှိသည်။ပုဂံမြို့တွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု ယမန် နှစ်များထက် စံချိန် တင် မြင့်တက်လာခြင်းကြောင့် သက်ဆိုင်ရာလုံခြုံရေး တာဝန်ယူမှု အပိုင်းနှင့် ခရီးသွားဧည့်သည်များ ကြုံတွေ့ရမည့် အခက်အခဲ များ အတွက် လုံခြုံရေးစနစ်တကျ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားသင့်ပြီဟု ပုဂံရှေးဟောင်းယဉ်ကျေးမှု

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

Photo: ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး  
Thursday, 20 December 2012

၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ 
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ဆုံ
ဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ
ကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။

''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလအတွင်းမှာ
ကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြား
လာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာက
ပြောကြားခဲ့သည်။

Eleven Media Group ၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ အစိုးရမှဖွဲ့စည်း ထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ် ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ ဆုံဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော်

မီဒီယာတွေနှာစေးနေကြတယ် ဒါမျိုး


KIA ကို ဘယ်သူတွေထောက်ပံ့၊ ဘာကြောင့်ထောက်ပံ့၊ တဖြည်းဖြည်း KIA က ဘာအဖွဲ့ပုံ ပေါက်လာပီလဲ၊ KIA ကိုအပြုတ်တိုက်မယ်ဆို KIA ကဘာအော်မလည်း၊ အပြုတ်တိုက်မယ်ဆို ဘာခေါင်းစဉ်နဲ့တိုက်လို့ရ၊ ဘာအချက်တွေလိုလဲ၊ KIA နဲ့ပတ်သတ်ပြီး ဘာသတင်းတွေ ဦးစားပေး ထုတ်ပြန်လဲ၊ တိုက်မှာလား၊ မတိုက်ဘူးလား၊ တိုက်မယ်ကွာဆို ဘာ စကား လုံးသုံးပြီး တိုက်ချင်သလို တိုက်လို့ရလဲ၊ US ကဘာကို တိုက်

အမျိုးသမီးအိမ်ထဲ ခိုးဝင်ပြီး မတော်တရော်ပြုခဲ့သူအား ထောင်ဒဏ်နှင့် ကြိမ်ဒဏ်ပေး

စင်္ကာပူနိုင်ငံတွင် အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရှေ့နေသင်တန်းဆင်းနေသူ အမျိုးသမီး တစ်ဦး၏အိမ်ထဲသို့ ခိုးဝင်ခဲ့ပြီး အိမ်ရှိအမျိုးသမီးအား မတော်တရော် ကိုယ်ထိလက်ရောက် ပြုမူ

Wednesday, 19 December 2012

မဂ္ဂဇင်း တစ်အုပ် ဖတ်ရင်း ဒီအကြောင်း ကို စိတ်ဝင် စားမိလို့ google ကနေ ရှာပြီးဝေမျှ လိုက်တာပါ.. စာနည်း နည်းတော့ ရှည်ပေ မဲ့ စိတ်ဝင် စားဖို့ ကောင်း လို့ပါ...

Photo: The Bermuda Triangle 

(မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ဒီအကြောင်းကိုစိတ်ဝင်စားမိလို့ google ကနေ ရှာပြီးဝေမျှလိုက်တာပါ.. စာနည်းနည်းတော့ရှည်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းလို့ပါ...)

Tuesday, 18 December 2012
ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာရှိတဲ့ နေရာအကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ အတွင်းဖြတ်သန်းသွားလာသမျှ သဘောင်္တွေ လေယာဉ် တွေအားလုံးနီးပါးဟာ ထူးဆန်းစွာပျောက်ကွယ်သွားတတ်ကြတဲ့ အတွက် မကောင်းဆိုးဝါ
း သေမင်းတြိဂံ ဆိုပြီးလည်း သမုတ်ခံထားရတဲ့ နေရာကြီးပေါ့..။ တော်တော်များများ ကဒီနေရာကို သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာတစ်ခုအဖြစ် သဘောထားကြတယ်လေ..။

ဘာမြူဒါအတွင်း ပျောက်ဆုံးသွားတဲ့ သဘောင်္တွေ လေယာဉ်တွေထဲမှာ ဟိုးလေးတကြော် နာမယ်ကြီးသွားခဲ့ရတဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်..။ US ရဲ့ ဒုတိယသမ္မတဟောင်း Aaron Burr ရဲ့သမီးဖြစ်သူ Theodosia Burr Alston ဟာ South Carolina ကနေ New York မြို့ကို Patriol သဘောင်္နဲ့ လိုက်ပါလာရာမှာ ဘာမြူဒါတြိဂံ အတွင်းပျောက်ဆုံးသွားတယ် ဆိုပြီး လူတော်တော်များများက သဏ္ဍာရီသဖွယ် ပြောဆိုလေ့ရှိခဲ့တယ်..။ US ရေတပ်ကသဘောင်္တစ်ချို့ ဟာလည်း ဘာမြူဒါတြိဂံ ထဲဝင်ရောက်ပျောက်ကွယ် သွားခဲ့ဖူးတယ်..။ အဲ့ဒီထဲကမှ ဆုံးရှုံးမှု အကြီးမားဆုံးကတော့ 1918 ခုနှစ် မတ်လ 14 ရက်နေ့နောက်ပိုင်း သဘောင်္သား 309 ဦးပါဝင်တဲ့ USS Cyclops ပျောက်ဆုံးသွားမှုပဲဖြစ်တယ်..။ ဒါ့အပြင် US ရေတပ်ပိုင် Flight 19 ဟာလည်း 1945 ခုနှစ် ဒီဇင်ဘာ 5 ရက်နေ့မှာ အဲ့ဒီဘာမြူဒါ နားပျံသန်းရင်ပျောက်ဆုံးသွားခဲ့ပါတယ်..။ လေယာဉ် ကိုရှာဖွေဖို့ ထွက်ခွါသွားခဲ့တဲ့ လူ 13 ဦးပါ လေယာဉ်ဟာလည်း ထပ်မံပျောက်ဆုံးသွားခဲ့ပါတယ်..။ Flight 19 ရဲ့ ခေါင်းဆောင်နဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့ စဉ်က “ကျနော်တို့ ဘယ်ကိုရောက်နေလဲ မသိတော့ပါဘူး” ဆိုပြီးနောက်ဆုံး အကြောင်းပြန်ခဲ့ပါသတဲ့..။ ဒီလိုနဲ့ ဘာမြူဒါတြိဂံ အတွင်း သဘောင်္၊ လေယာဉ်ပျောက်ဆုံးမှုတွေဟာ သတင်းဂျာနယ်တွေမှာ ဟိုးလေးတကြော် ဖြစ်ခဲ့ရပါတယ်။

1975 ခုနှစ်မှာတော့ Arisona Sble University မှ သုတေသနပညာရှင် စာကြည့်တိုက်မှုး Lawrence David Kusche ဟာ The Bermuda Triangle Mystrey Solved ဆိုတဲ့စာအုပ်ကိုရေးသား ထုတ်ဝေခဲ့ပြီး ဘာမြူဒါတြိဂံ ဖြစ်ရပ်တွေဟာ သဘာဝလွန် ဖြစ်ရပ်တွေမဟုတ်ပဲ ထူးခြားဆန်းကြယ်မှုတွေကို ယုံကြည်ချင်သူတွေရဲ့ ချဲ့ကားမှုသာဖြစ်တယ်..။ စာရေးဆရာတော်တော်များများဟာ ဂမ္ဘီရဆန်ဆန်ချဲ့ကားရေးလိုတာနဲ့ ပျောက်ဆုံးမှုတော်တော် များများဟာ ရာသီဥတု ဆိုးဝါးပြင်းထန်နေတဲ့ အချိန်မှာဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုထိန်ချန် ထားခဲ့ကြတယ်လို့ ရေးသားထားခဲ့ပါတယ်..။ ဒါပေမဲ့ ပြသနာက သူဘယ်လိုဖြေရှင်းချက် ထုတ်ထုတ်.. သဘာဝလွန်လျှို့ဝှက်ဆန်းကြယ်တွေကို ယုံကြည်ချင်နေကြတဲ့ လူတွေရဲ့စိတ်ကြောင့် လို့ပဲဆိုရမလား.. ဘာမြူဒါတြိဂံ ဟာဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုအဖြစ် လူတော်တော်များများက ယုံကြည်လက်ခံထားဆဲဖြစ်ပါတယ်...။

 Linn Khine.ဘာမြူဒါတြိဂံဆိုတာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ရှိတဲ့ နေရာ အကြောင်း ကြားဖူးကောင်းကြားဖူးကြမှာပါ..။ အဲ့ဒီ နယ်နိမိတ်ဧရိယာ

ရန်ကုန်မြို့ ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင် ရွက်ခများ ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ တွင် ထပ်မံ တိုးမြှင့် မည်

Photo: ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံ တိုးမြှင့်မည်

Tuesday, 18 December 2012
ရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို  လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သန့်ရှင်းရေးဌာန၏ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည့် စာနယ်ရှင်း လင်းပွဲမှ သိရှိရသည်။

ရန်ကုန်တစ်မြို့လုံး၏ သန့်ရှင်းရေးဆောင်ရွက်ခများကို ယခု ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ယခင်နှုန်းထား၏ နှစ်ဆသို့ တိုးမြှင့်ခဲ့ပြီး မြို့တွင်း Down Town  ခြောက်မြို့နယ်တွင် ယခင်သုံးလ တစ်
ကြိမ် ကျပ် ၉၀၀ အစား ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ မြို့တွင်းနှင့်  ဆက်စပ်(၉) မြို့နယ်ဖြစ်သော မင်္ဂလာ
တောင်ညွန့်၊ တာမွေ၊  အလုံ၊ ကြည့်မြင်တိုင်စသည်တို့တွင်  ယခင် သုံးလတစ်ကြိမ် ၆၇၅ ကျပ်အစား ၁၃၅၀ ကျပ်သို့လည်းကောင်း၊ ကျန် ဆင်ခြေဖုံး ၁၇ မြို့နယ်ဖြစ်သည့်  ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း အရှေ့ ပိုင်း၊ တောင်ဥက္ကလာပ စသော မြို့နယ်များတွင် ယခင် သုံးလတစ်ကြိမ် ၄၅၀ ကျပ်အစား ၉၀၀ ကျပ်သို့ တိုးမြှင့်ကာ ကောက်ခံလျက် ရှိသည်။

ယင်းသို့ တိုးမြှင့်လိုက်သည့် နှုန်းထားများအနက် လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် မြို့တွင်း ဆက်စပ် ၉ မြို့နယ်ဖြစ်သော  မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့အားလုံးတွင် လက်ရှိသုံးလတစ်ကြိမ်  ၁၃၅၀ ကျပ်မှ ၁၈၀၀ ကျပ်သို့ လည်းကောင်း၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ် အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ သာတေက၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့ နယ်တို့တွင်  လက်ရှိ သုံးလတစ်ကြိမ် ၉၀၀ ကျပ်မှ  ၁၃၅၀ ကျပ်သို့ ထပ်မံ တိုးမြှင့်မည် ဖြစ်ကြောင်း သိရ သည်။ ကျန်ဆင်ခြေဖုံး ၇ မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များနှင့် မြို့တွင်း ခြောက်မြို့နယ်မှာ ထပ်မံတိုးမြှင့် မည့်အထဲတွင် မပါဝင်ကြောင်း သိရသည်။

''အခု သန့်ရှင်းရေးဆောင်ရွက်ခ တိုးလိုက်တဲ့မြို့နယ်တွေမှာ အဲဒီမြို့နယ်တွေရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာ၊ လူနေမှုအဆင့်အတန်း၊ စီးပွားရေး လုပ်ငန်းများ များပြားလာမှု၊ အမှိုက် ထွက်ရှိမှုနှုန်းထားအပေါ် မူတည်ပြီး တိုးလိုက်တာဖြစ်ပါတယ်။ မြို့တွင်းနဲ့ ဆက်စပ်ကိုးမြို့ဆိုရင်လည်း ဖွံ့ဖြိုးမှု အတိုင်းအတာက၊ တိုးတက်လာ တဲ့ လူနေမှုအဆင့်အတန်းတွေက  မြို့တွင်းနဲ့ ဆက်စပ်နေတဲ့အတွက် အဲဒီမြို့နယ်တွေရဲ့ နှုန်းထားကို မြို့တွင်းနဲ့ တူညီအောင်လို့ ကျပ် ၁၃၅၀ အစား ကျပ် ၁၈၀၀ ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ် ''ဟု  သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦးက ပြောကြားခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ခ တိုးမြှင့်သည့်အပေါ်တွင် အမှိုက်သိမ်းဝန်ဆောင်မှုများအား တိုးမြှင့် ပြုလုပ်ရန် အစီအစဉ်နှင့် ပတ်သက်၍ ''အမှိုက်သိမ်းမှုနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ၀န်ဆောင်မှုပေးဖို့အတွက် ပထမ အပိုင်းက ၀ါးကပ် အမှိုက်ကန်တွေကို ဖျက်သိမ်းပြီး အမှိုက်ပုံးတွေ ချပေးမယ်။ ပြီးတော့ လူအင်အားထက် ကားအင်အားကို ပိုပြီးသုံးမှာဖြစ်ပြီး ကားအစီးရေ ၄၀ ထပ်ပြီးဝယ်မှာ ဖြစ်ပါတယ်'' ဟု ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောကြားခဲ့သည်။

''သန့်ရှင်းရေးဆောင်ရွက်ခ  တိုးမြှင့်တာနဲ့အတူ အမှိုက်သိမ်း ၀န်ဆောင်မှုတွေကို ဘယ်လိုတိုးမြှင့် ပေးမှာလဲ ။ ဆောင်ရွက်ခတိုးသလို ၀န်ဆောင်မှု ကောင်းတာကိုပဲ ပြန်ရချင်ပါတယ်။ အခုဆိုရင် သီးသန့် အမှိုက် အိပ်ဝယ်သုံးနေရတဲ့ ကုန်ကျစရိတ်ကလည်း ရှိနေပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ရှင်တစ် ဦးက ပြော ကြားခဲ့သည်။

Eleven Media Groupရန်ကုန်မြို့ရှိ မြို့နယ် ၁၉ ခု ၏ သန့်ရှင်းရေးဆောင်ရွက်ခများကို လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း

သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင်သေဆုံးသည်ကို တွေ့ရှိ

၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၃၁၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီး သစ်တောကြိုးဝိုင်းအတွင်း အကွက်အမှတ်(၂၁)တွင် တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်

မြန်မာပြည်အပေါ် တရုတ်စီးပွားရေး လွှမ်းမိုးမှုအနေအထားနှင့် တိုင်းပြည်အနာဂတ်
( မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည်တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ လူဦး ရေ သန်းပေါင်း (၁၃၀၀) ခန့်ရှိပြီး မြန်မာပြည်ရဲ့လက်ရှိလူဦးရေကတော့ ၂၀၀၉နှစ်ကုန်မှာ သန်းပေါင်း (၆၀) နီးပါး လောက် ရှိပြီး ၂၀၁၀ အကုန်မှာတော့ (၆၁)သန်းကျော် ရှိလာတော့မှာ လို့ ဆိုပါတယ်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ မြန်မာပြည် ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်အပြီး တပ်မတော်က ပြန်ပြီး ထပ်ဆင့်အာဏာ သိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ၊ နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာလိုက်တာ ဒီကနေ့ စစ် အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်ကြံ့ဖွံ့အစိုးရ အထိပါပဲ။

● သူတို့မဟာဗျူဟာရည်ရွယ်ချက်
ပြည်ပသုတေသီတွေအဆိုအရ မြန်မာပြည်အပေါ်ထားတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၆) ချက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါတွေကတော့ …
▪ တရုတ်ပြည်အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
▪ နယ်စပ်ဒေသလုံခြုံရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
▪ တရုတ်ပြည်ရဲ့လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
▪ တရုတ်-မြန်မာအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး။
▪ အိန္ဒိယနိုင်ငံ အင်အားကြီး ခေါင်းထောင်ထလာလာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်ရေး။
▪ မြန်မာနိုင်ငံနဲ့ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရေး။  စတာတွေ ဖြစ်ပါတယ်။

● မရှောင်လွှဲနိုင်တဲ့ ပင်မအကြောင်းရင်းခံတချို့
၂၀၁၁ခုနှစ်  စာရင်းအရဆို မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီးထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ပမာဏ (၂၈၃.၂) ဘီလျံ ကုဗမီတာရှိပြီး တရုတ်ပြည်မှာက (၈၀၀) ဘီလျံ ကုဗမီတာ ရှိပါတယ်။ ဒါကြောင့် တရုပ်ပြည်က သဘာဝဓါတ်ငွေ့သိုက် ပမာဏရဲ့ (၃)ပုံတပုံကျော်လောက် ရှိနေပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယ သမုဒ္ဒ ရာနဲ့ ဆက်စပ်နေတဲ့ မြန်မာ့ ရေပိုင်နက်ထဲက ဘင်္ဂလားပင်လယ်အော်နဲ့မုတ္တမပင်လယ်ကွေ့ထဲမှာ တည်ရှိပါတယ်။

တရုတ်ပြည်ဟာ စီးပွားရေးဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် လောင်စာစွမ်းအင်တွေ ပိုပြီးလိုအပ်လာပါတယ်။ ပြည်ပက တင် သွင်းနေရတဲ့အပေါ် မှီခိုနေရမှုက ၂၀၀၃ခုနှစ်မှာ (၃၄%)၊ ၂၀၀၈ ခုနှစ်မှာ (၅၀%) ရှိလာပြီး ၂၀၂၀ခုနှစ်မှာ (၆၀%) ရှိလာမယ် လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ (၈၀%) ဟာ မလက္ကာရေလက်ကြားကတဆင့် ဖြတ် နေရပါတယ်။

အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့စီးပွားရေးအကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေလုပ်ဆောင်လာစေဖို့ တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် စီးပွားရေးတိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတပိုင်းထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ကုန်ကြမ်းရေသောက်မြစ်ရရာ ဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စခနည်းတဲ့ သယ်ယူပို့ဆောင် ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေးလုပ်ငန်းတွေအတွက် မုချအကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ဆက်သွယ်ရေးလမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီ နိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချဖြစ်သွားစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။

နောက်ပီး ဧရာဝတီမြစ်ကို ယူနန်ပြည်နယ်ရဲ့လျှပ်စစ်စွမ်းအင်ရင်းမြစ်အဖြစ်ရော ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာတွေ၊ စတာတွေက လည်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွေထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ယူနန်က ထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်၊ သီလဝါဆိပ် ကမ်းအထိ ကုန်ကြောင်းရေကြောင်းနဲ့ သယ်ယူပို့ ဆောင်ဖို့စီမံကိန်းကလည်း အစီအစဉ် ရှိထားပါတယ်။ သီလ၀ါဆိပ်ကမ်း စီမံကိန်းမှာ အပိုင်း (၃)ပိုင်း ပါဝင်ပါတယ်။ ပထမ ပိုင်းက မြန်မာ-တရုတ်နယ်စပ် ဗန်မော်နားက ကွန်တိန်နာဆိပ်ကမ်း ကို ကားလမ်းနဲ့ ဆက်သွယ်တာ၊ ဒုတိယပိုင်းအနေနဲ့ ကွန်တိန်နာ ဆိပ်ကမ်းဆောက်တာနဲ့ တတိယပိုင်းက  ဧရာဝ တီမြစ်ရေ စီးကြောင်းနက်ဖို့ သောင်တူးဖော်တဲ့အပိုင်းတွေ ဖြစ်ပါတယ်။ တရုတ် ကွန်တိမ်နာပေါင်း နှစ်သန်းလောက် နှစ်စဉ် သယ်ပို့နိုင်မှာ ဖြစ်ပြီး ဧရာဝတီမြစ်ကို ဖြတ်လမ်းအဖြစ် အသုံးပြုပြီး အိန္ဒိယ-အရှေ့အလယ်ပိုင်းနဲ့ ဥရောပကို တရုတ်ကုန်တွေ ပို့ဖို့ ပင်လယ်ရေလမ်းကြောင်းအနေနဲ့ အသုံးချဖို့ ဖြစ်ပါတယ်။ လောလောဆယ်ဆယ်တော့ ဒီစီမံကိန်းတွေဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းလိုပဲ အကြောင်းကြောင်းတွေကြောင့် ရပ်နားထားပါတယ်။

၁၉၉၇ ကစပြီး အနောက် နိုင်ငံအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်ဖွံ့ဖြိုးမှု အကူအညီတွေရရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအကူ အညီတွေမှာ အကြီးဆုံး ရေသောက်မြစ် ဖြစ်လာပါတယ်။

● တမိုးလုံးဖျောက်ဆိပ် ဖြစ်နေတဲ့ တရုတ်စီမံကိန်းတွေ
၂၀၀၈ခု နှစ်ကုန် စာရင်းတွေအရဆို မြန်မာ့ရေအားလျှပ်စစ်လုပ်ငန်း၊ ရေနံ-ဓါတ်ငွေ့နဲ့သတ္ထုတူးဖော်ရေးလုပ်ငန်း စတဲ့ စီမံကိန်းလုပ်ငန်းပေါင်း (၉၀)လောက် မှာ တရုတ်နိုင်ငံစုံကော်ပိုရေးရှင်း အနည်ဆုံး (၆၉)ခုလောက် ပါဝင်ပတ်သက်နေ ပါတယ်။ စီမံကိန်းတွေကတော့ ဆည်မြောင်း အငယ်စား ဆောက်လုပ်ခြင်းကအစ ကျောက်ဖြူကနေယူနန်ပြည်နယ်၊ ခွန်းမင်ထိ ရှည်တဲ့ ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးထိ  ပါဝင်ပါတယ်။

● ကန်ထရိုက်စာချုပ်တွေနဲ့နားလည်မှုစာချွန်လွှာတွေ
၁၉၉၉ ခုနှစ်အကုန်မှာ မြန်မာစစ်အစိုးရဟာ တရုတ်ပြည်နဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း  (၁.၄)ဘီလျံ သန်ပေါင်း (၁၄၀၀)တန်ဖိုးရှိတဲ့ နားလည်မှုစာချွန်လွှာပေါင်း (၅၀၇) ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ မှာ တရုတ်ကုမ္ပဏီတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၂.၁)ဘီလျံ (သန်းပေါင်း ၂၁၀၀) တန်ဖိုး ရှိတဲ့ စီမံကိန်း (၂၉၃) ခု ကန်ထရိုက်စာချုပ် ချုပ်ဆိုလိုက်ပြီး ၂၀၀၄ခု မတ်လမှာ သဘောတူညီချက် (၂၁)ခု လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီ သဘောတူ ညီချက်တွေက အထူးချေးငွေနဲ့ စီးပွားရေးနဲ့နည်းပညာပူးပေါင်းဆောင်ရွက်ရေး တို့ပါဝင်ပါတယ်။

၂၀၀၆ စက်တင်ဘာလအထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့စီမံကိန်းတွေနဲ့ အလုပ်သမား ကန်ထရိုက်စာချုပ်ပေါင်း (၈၂၅) ခု ရှိပါတယ်။

အများဆုံးကတော့ ၂၀၁၀ခုနှစ် စက်တင်ဘာလ (၇)ရက်ကနေ ၁၁ရက်နေ့ထိ  ဗိုလ်ချုပ်မှူးကြီးရဲ့ (၅)ရက်ကြာ တရုတ်ပြည် ခရီးစဉ်မှာ အတိုးမဲ့ချေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ (၄.၂)ဘီလျံ ထုတ်ချေးခဲ့ပါတယ်။ သဘောတူညီချက် စာချုပ်ကို တော့ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့တရုတ်ပြည်ဖွံ့ဖြိုးရေးဘဏ်ကော်ပိုရေးရှင်း (CDBC) တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီချေးငွေတွေကို အဓိက ကျောက်ဖြူ-ခွန်းမင် ဓါတ်ငွေ့ပိုက်လိုင်းနဲ့ရေနံပိုက်လိုင်း တည် ဆောက်ရေး တို့မှာ အသုံးပြုဖို့ဖြစ်ပါတယ်။

● ကျောက်ဖြူ-ခွန်းမင် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်က ခွန်းမင်မြို့ထိ သွယ်တန်းထားတဲ့ရေနံနဲ့ဓါတ်ငွေ့ပိုက်လိုင်း (၂)ခု ကို ၂၀၁၃ခုနှစ် မတ်လမှာ အပြီးတည်ဆောက်ဖို့ မှန်းထားပြီး ဇွန်လမှာ စတင်သယ်ဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ဒီပိုက်လိုင်းစီမံ ကိန်းကနေ မြန်မာအစိုးရက နှစ်စဉ် တနှစ်ကို နိုင်ငံခြားငွေ ဒေါ်လာ (၁)ဘီလျံ နဲ့ နှစ်ပေါင်း (၃၀) ခံစားရရှိမယ်လို့ သိရပါတယ်။ နောက်ပီး ဒီပိုက်လိုင်းတလျှောက် ကျောက်ဖြူကနေ ယူနန်ပြည်နယ်၊ ရွှေလီထိ ကီလိုမီတာ (၈၁၀) ရှည်တဲ့ ရထားလမ်းတခုလည်း တွဲဖက်ဖောက်လုပ်ပါ အုန်းမယ်။ ရခိုင်ကမ်းခြေ မဒေးကျွန်းမှာ အနောက်အာဖရိကနဲ့ အာဖရိက က သယ်လာမယ့် ရေနံတင်သင်္ဘောတွေ ဆိပ်ကပ်မယ့် ရေနက်ဆိပ်ကမ်းနဲ့ ရေနံစိမ်းတွေ သိုလှောင်မယ့် အဆောက်အဦးတွေကိုလည်း ဆောက်လုပ်နေပါတယ်။ ဒီရေနံစိမ်းတွေနဲ့ရွှေဂက်စ်ကထွက်မယ့် သဘာဝဓါတ်ငွေ့တွေကို ဒီပိုက်လိုင်းတွေကတဆင့် တရုပ်ပြည်ကို သယ်ယူကြမှာဖြစ်ပါတယ်။ “ပိုက်လိုင်းတလျှောက်ရ ထားလမ်း တည်ဆောက်ရ ခြင်း ရည်ရွယ်ချက်မှာ အိန္ဒိယသမုဒ္ဒရာမှာ စိုးမိုးနေတဲ့ အမေရိကန်ရေတပ် အန္တရာယ်ကို ကာကွယ်ဖို့ အရေးပေါ်လိုအပ် လာရင် တရုပ်တပ်အင်အားအလုံးအရင်းကို ရွှေ့ပြောင်းဖို့ ရည်ရွယ်ချက် ဖြစ်တယ်” လို့လည်း စစ်ရေးအကဲခတ်တွေက ဆိုပါ တယ်။

● ပင်လယ်ဆိပ်ကမ်းတွေနဲ့ အဝေးပြေးလမ်းမစီမံကိန်းတွေ
တရုတ်နိုင်ငံဟာ ပင်လယ်ဆိပ်ကမ်း၊ ရထားလမ်းတွေနဲ့ အဝေးပြေးလမ်းမတွေ တည်ဆောက်ဖို့ မြန်မာစစ်အစိုးရကို ကူညီနေပါတယ်။  လောလောဆယ်ဆယ် ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ကျောက်ဖြူ ပယ်လယ်ရေနက် ဆိပ်ကမ်းတွေ တည် ဆောက်နေပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်မှာ (၃၀၅) ကီလိုမီတာ ရှည်တဲ့ အဝေးပြေးလမ်းမတခုကို တည် ဆောက်ပေးထားပါတယ်။ မကြာမီ ရှမ်းပြည်မှာ အာရှတိုက်လုံးဆိုင်ရာဆက်သွယ်ရေးကွန်ယက်ရဲ့ နောက်ဆုံး အဆက် အသွယ်ဖြစ်တဲ့ လာရှိုးကို ဆက်သွယ်တဲ့ ၁၀၇ ကီလိုမီတာ ရှည်တဲ့ ရထားလမ်းတခု တည်ဆောက်တော့မှာ ဖြစ်ပါတယ်။ တရုတ်ပြည်က နည်းပညာ၊ ပစ္စည်းတွေနဲ့ဆောက်လုပ်ရေးလုပ်သားတွေအကုန်လုံး ကူညီမှာ ဖြစ်ပါတယ်။

● စစ်ရေးထောက်ပံ့မှုနဲ့ ရေတပ်ဆိပ်ကမ်းတွေ
တရုတ်နိုင်ငံက မြန်မာစစ်အစိုးရကို (၂)ဘီလျံဖိုး စစ်ပစ္စည်းတွေနဲ့ ဂျက်တိုက်လေယာဉ်တွေ ရောင်းချခဲ့ပါတယ်။ မြန်မာ ရေပိုင်နက်ကကျွန်း ပေါ်မှာ ရေတပ်အခြေစိုက်စခန်းတွေ ဆောက်လုပ်ခဲ့ပါတယ်။ မြန်မာပြည်ကို အဓိက လက်နက် တင် ပို့သူလည်း ဖြစ်ပါတယ်။ လက်နက်ပစ္စည်း ၉၀% ထောက်ပံ့ခဲ့တယ်။  ၁၉၈၉ခုနှစ်မှာ တရုတ်နိုင်ငံဟာ မြန်မာ စစ်အစိုးရ နဲ့အမေရိကန် ဒေါ်လာ (၁.၂)ဘီလျံ တန်ဖိုးရှိတဲ့ လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီ လုပ် ငန်းမှာ လက်နက်တွေ၊ စစ်ရေးနည်းပညာတွေနဲ့လေ့ကျင့်ရေးတွေ အကူအညီပေး ဖို့ ပါ,ပါတယ်။ ၁၉၉၀စုနှစ် အတွင်းမှာ တရုတ်ပြည်ဟာ မြန်မာစစ်အစိုးရကို အလတ်စားတင့်ကား အစီး (၁၀၀)၊ အပေါ့စားတင့်ကား အစီး(၁၀၀)၊ တိုက်လေယာဉ် (၂၆၈)စီး၊ လူစီးသံချပ်ကာယာဉ် အစီး (၂၅၀)၊ စွယ်စုံသုံးဒုံးစနစ်များ၊ ဟောင်၀၀်ဇာအမြောက်တွေ၊ လေယာဉ်ပစ်သေနတ် တွေ၊ မြေပြင်ကဝေဟင်ပစ်ဒုံးပျံတွေ၊ စိန်ပြောင်းတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေ၊ ဗုံးလောင်ချာတွေ၊ ထရပ်ကားကြီးတွေ၊ ကင်းလှည့် မော်တော်ဘုတ်တွေ၊ ပဲ့ထိန်းအမြန်ဒုံးယာဉ်တွေ၊ မိုင်းရှင်းကရိယာတွေနဲ့ စက်သေနတ်တင် မော်တော်ဘုတ် တွေ ရောင်းပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရက ဒေါ်လာ သန်း(၄၀၀) တန် နောက်ထပ် လက်နက်ရောင်းချရေးလုပ်ငန်း တခုကို လက် မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်အရ ဟယ်လီကော်ပတာတွေ၊ လက်နက်ငယ်တွေ၊ အမြောက်တွေလို ရေတပ်သင်္ဘော တွေနဲ့သံချပ်ကာယာဉ်တွေ လက်ခံရရှိခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ စစ်ထရပ်ကား အစီး (၂၀၀)နဲ့ စစ်သင်္ဘော (၅)စီး ပို့ခဲ့ တယ်။ ၂၀၀၂ခုနှစ်ကနေ ၂၀၀၄ခုနှစ်အထိ တရုတ်ပြည်ဟာ ရေတပ်အရာရှိတွေကို လေ့ကျင့်ပေးခဲ့ပြီး မြန်မာပြည် တောင် ပိုင်း ကမ်းခြေ တလျှောက်မှာ ရေတပ်ပူးတွဲလေ့ကျင့်ရေးတွေ လုပ်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ်မှာ စစ်ထရပ်ကားအစီး (၄၀၀) ရောင်းချခဲ့တယ်။ ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်း၊ မြိတ်နဲ့သီလ၀ါဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ တြိဂံပုံ ရေတပ် အခြေစိုက် စခန်း (၄)ခု ကို တည်ဆောက်ခဲ့ပါတယ်။

၁၉၉၀စုနှစ် အလယ်ပိုင်းက မြန်မာစစ်အစိုးရဟာ တရုတ်ထောက်လှမ်းရေးလုပ်ငန်းအတွက် ဇာဒက်ကြီးကျွန်းကို အသုံး ပြုခွင့်ပေးခဲ့ပါတယ်။ ဒီကျွန်းဟာ မြန်မာပြည်တောင်ဘက်အစွန်ဆုံး ကော့သောင်းအနီး ၀ိတိုရိယအငူနဲ့  မလှမ်းမကမ်းမှာ တည်ရှိပါတယ်။

● ရင်းနှီးမြှုပ်နှံမှု
၁၉၉၇ခုနှစ်အထိ မြန်မာပြည်မှာ တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အတော်လေး နည်းပါသေးတယ်။ တရုတ်လူမျိုးတွေရဲ့ မမြင်ရတဲ့ ရင်နှီးမြှုပ်နှံမှုတွေနဲ့စီးပွာရေးဖက်စပ်လုပ်ငန်းတွေမှာသာ များပြား လှပါတယ်။ အများစုက မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ ဆွေမျိုးတွေနာမည်နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ အဓိက မြို့ကြီးတွေမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီး၊ လုပ်ငန်းငယ် အတော်များများဟာ တရုတ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တယ်။ လို့ သုတေသီ မောင်အောင်မျိုးက သူ့ရဲ့ ဗမာ့တပ်မတော်တည်ဆောက်ရေး စာအုပ်မှာ ပွင့်ပွင့် လင်းလင်း ထောက်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေဟာ စွမ်းအင်သုံးစွဲမှု တိုးလာနေလို့ သူတို့စွမ်းအင်ရင်းမြစ်တွေ ဖြည့်တင်းဖို့ မြန်မာနိုင်ငံကို အဓိက ခြေဦး လှည့်လာကြပါတယ်။ ဒီအထဲမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ တောင်ကိုရီးယားနှင့်စင်္ကာပူ နိုင်ငံတို့ဟာ ရေအားလျှပ်စစ် လုပ် ငန်း၊ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေမှာ အများဆုံး ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်လာပါတယ်။ တရုတ်နိုင်ငံက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်ရေးမူကို ကိုင်စွဲထားပေမဲ့လည်း မြန်မာ နိုင်ငံအပေါ် ကျင့်သုံးနေတဲ့ စီးပွားရေးနဲ့နိုင်ငံရေးမူဝါဒကတော့ အမျိုးသားအကျိုးစီးပွားအပေါ်မှာပဲ အခြေပြုထား တယ်ဆို တာ ရှင်းပါတယ်။ မြန်မာပြည်က သဘာဝသယံဇာတ အရင်းအမြစ်တွေ ရဖို့အတွက် မြန်မာစစ်အစိုးရကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ငွေကြေး အထောက်အကူတွေ အများကြီး ပေးခဲ့ပါတယ်။ မြန်မာ့စွမ်းအင် ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ဘီလျံ နဲ့ချီပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့တွေလို မဟာဗျူဟာကျတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါ တယ်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် ပထမ (၃)လပါတ်ထိ စာရင်းအရဆို တရုတ်နိုင်ငံဟာ ရေအားလျှပ် စစ်ကဏ္ဍမှာ အမေရိကန် ဒေါ်လာ (၅)ဘီလျံ၊  သတ္ထုကဏ္ဍမှာ ဒေါ်လာ ၉၉၇သန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ (၂.၁၅)ဘီလျံ မြှုပ်နှံထားတာ ကြောင့်  လောလောဆယ်မှာ တရုတ် ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှုက (၈.၁၇) ဘီလျံ ရှိပါတယ်။ ၁၉၈၈က စမယ် ဆိုရင် မြန်မာ နိုင်ငံမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စုစုပေါင်းဟာ ဒေါ်လာ (၂၀)ဘီလျံကျော်ရှိပါပြီ။ ဒီအထဲမှာ (၁၂.၃၂) ဘီလျံဟာ တရုတ် ပြည်ကလာပြီး ထိုင်းနိုင်ငံက (၉.၅၆) ဘီလျံနဲ့ ဒုတိယလိုက်ပါတယ်။ အစိုးရစာရင်းဇယားတွေအရ ၂၀၀၇ခုနှစ် နိုဝင်ဘာ လကုန်ထိ စုစုပေါင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ အမေရိကန် ဒေါ်လာ (၁၄.၇) ဘီလျံ ရှိပြီး ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၇၃၉၁.၈၄၃) နဲ့ ပထမနေရာမှာရှိပြီး  တရုတ်ပြည်က ဒေါ်လာ (၄၇၅.၄၄၃)သန်းနဲ့ ဆဋ္ဌမ လိုက်ပါ တယ်။ အထူးသဖြင့် တရုတ်ပြည်ဟာ မြန်မာပြည်ကို လွတ်လပ်တဲ့ချေးငွေ ပုံစံနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးတာတွေ၊ နိုင်ငံရေးအရ အားပေးထောက်ခံတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခဲ့တဲ့အပြင် သဘာဝ သယံဇာတ ပစ္စည်း ရှာ ဖွေရေးဘက် တွေမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံလာခဲ့တယ် ဆိုတာကို တွေ့ရပါတယ်။

နအဖ ရဲ့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လကုန်အထိ နိုင်ငံပေါင်း (၃၁) နိုင်ငံက အမေရိကန် ဒေါ်လာ (၃၂) ဘီလျံ နီးပါးလာရောက် မြှုပ်နှံထားပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍနဲ့ လျှပ်စစ် စွမ်းအားကဏ္ဍ နှစ်ရပ်မှာ အများဆုံးမြှုပ်နှံထားကြောင်း၊ အဆိုပါကဏ္ဍ နှစ်ခုထဲမှာ မြှုပ်နှံထားတဲ့ပမာဏဟာ မြှုပ်နှံမှု စုစုပေါင်းရဲ့ (၈၀) ရာခိုင်နှုန်းဝန်းကျင်အထိ ရှိနေကြောင်း သိရပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ဒေါ်လာသန်းပေါင်း (၉၅၆၈.၀၉၃) သန်းနဲ့ ပထမနေရာက ရှိနေပြီး တရုတ်ပြည်က ဒေါ် လာသန်းပေါင်း (၆၄၁၅ .၀၅၈)သန်း နဲ့ ဒုတိယနေရာက လိုက်ခဲ့ပါတယ်။

၂၀၁၁ခုနှစ် ဇန်န၀ါရီလ စာရင်းအရ မြန်မာပြည်မှာ တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းဟာ အမေရိကန် ဒေါ်လာ (၃၅,၅၁၈.၄၄) သန်း ထိရှိလာပြီး  အဲဒီမှာ တရုတ်ပြည်က စုစုပေါင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရဲ့ (၂၇.၉၄) ရာခိုင်နှုန်း နဲ့ ပထမနေရာ ရောက်လာပြီး ထိုင်းနိုင်ငံက (၂၆.၉၄)ရာခိုင်နှုန်းနဲ့ဒုတိယ ဟောင်ကောင်က (၁၆.၆၃) ရာခိုင်နှုန်းနဲ့ တတိယ နေရာကို ရောက်လာပါတယ်။

၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းက သမတဦးသိန်းစိန် အစိုးရလက်ထက် တရားဝင် ထုတ်ပြန်တဲ့ စာရင်းဇယားအရဆို  တရုတ်ပြည်ရဲ့ တိုက်ရိုက်ရင်းနှီးမျြုပ်နှံမှု(FDI)ဟာ အမေရိကန်ဒေါ်လာ (၁၄)ဘီလျံနီးပါး ရှိလာပြီး စုစုပေါင်း နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ရဲ့ (၃၅) ရာခိုင်နှုန်း ရှိလာပါတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုထက် အတော်ကျော်တက်သွားပြီး  ပထမ နေရာမှာပဲ ဆက်လက်ဗိုလ် စွဲနေပါတယ်။

တရုတ်အစိုးရရဲ့တရားဝင်ထုတ်ပြန်တဲ့သတင်းတွေ အရဆို ၂၀၁၁ ခုနှစ် အကုန်မှာ တရုတ်ပြည်ရဲ့ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဟာ (၂၀.၂၆) ဘီလျံထိ ရှိလာပြီး ဗမာပြည်မှာ အဓိက ရင်းနှီးမြှုပ်နှံသူ နေရာမှာ ရှိနေတယ်လို့ ဆိုပါ တယ်။

ဒီလိုနဲ့ တရုတ်အစိုးရဟာ တစတစနဲ့ မြန်မာပြည်မှာ ဖွံ့ဖြိုးရေးအကူအညီတွေ၊ စစ်ရေးအကူအညီတွေနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ၊ စီးပွားရေးမြှုပ်နှံမှုတွေ တစတစ တိုးချဲ့လာနေပြီး မြန်မာ့စီးပွားရေးနဲ့ နိုင်ငံရေး ပင်မအသက်သွေးကြောနေ ရာတွေမှာ လွှမ်းမိုးမှုရဖို့ တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာနေပါတယ်။

ဒီဖြစ်စဉ်တွေကို နှစ် ၂၀ ကျော် ကာလအကြာ ပြန်လှန်သုံးသပ်ကြည့်မယ်ဆိုရင် …
တရုတ်ပြည်ဟာ မြန်မာပြည်နဲ့ စီးပွားရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပါပြီ။ တရုတ်ပြည်ကရတဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ အကူအညီတွေ၊ ချေးငွေတွေ၊ ဒေါ်လာဘီလျံနဲ့ချီတဲ့ ကုန်သွယ်မှုတွေ၊ လက်နက် တွေနဲ့စစ်ရေးနည်းပညာထောက်ပံ့မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ အထီးကျန်နေတဲ့ စစ်အာဏာရှင်အစိုးရဟာ ဆက်လက် တည်မြဲခဲ့ပြီး တောင့်တင်းကြံ့ခိုင်လာတယ်။ ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မြန်မာပြည်ဟာ ဒေသတွင်းက အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယကြားမှာ ရှိနေတာက ပထ၀ီအနေအထားအရ မဟာဗျူဟာအချက်အချာကျပြီး အလွန်အရေးပါတဲ့ ကုန်းမြေတံတားကြီး အနေအထားမှာ ရှိနေပါတယ်။ ဆင်မြူရယ်ဟန် တင်တန်ရဲ့အမြင်အရဆို ဟိန္ဒူဝါဒ၊ ဗုဒ္ဓ၀ါဒနဲ့ကွန်ဖြူးရှပ်အယူအဆတွေလွှမ်းမိုးတဲ့ ယဉ်ကျေးမှုပြတ်ရွေ့ကြောကြီးပေါ်မှာ ခွ ထိုင်ထားတဲ့ တိုင်းပြည် ဖြစ်နေတယ်။ လို့ဆိုပါတယ်။ ပထ၀ီအနေအထားအရ အင်မတန်အန္တရာယ် ရှိတယ်ဆိုတဲ့ သဘော ပါ။ စစ်အေးခတ် တလျှောက်လုံးမှာ ၁၉၆၂ခုနှစ်ကစတဲ့ ဗိုလ်နေ၀င်းကြီးစိုးတဲ့ စစ်အစိုးရ အပါအ၀င် လွတ်လပ်ရေးအစိုးရ အဆက်ဆက်က ဘက်မလိုက်ကြားနေတဲ့ နိုင်ငံခြားရေးဝါဒကို တသမတ်တည်း ဆွဲကိုင် ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်။ ဒါ ပေမဲ့ ၁၉၈၈ခုနှစ် ပြည်သူလူထုရဲ့ အထွေထွေ ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးမှာ အာဏာ ထပ်သိမ်းလိုက်တဲ့ ဗိုလ် စောမောင်နဲ့ဗိုလ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ တက်လာကတည်းက ဘက်မလိုက် ဆက်ဆံရေးမူဝါဒကို စွန့်ပစ်ပြီး တရုတ်အစိုးရနဲ့ပဲ တဖက်သတ် ဆက်ဆံလာရတဲ့ အခြေအနေဟာ ဒီကနေ့ ဦးသိန်းစိန်ရဲ့ ဘောင်းဘီချွတ် ဗိုလ်ချုပ်များရဲ့ အစိုးရ လက်ထက် အထိပါပဲ။

ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကလည်း ဆိုဗီယက် ယူနီယံပြိုကွဲအပြီး အမေရိကန်ပြည်ထောင်စုက တကိုယ်တော်စူပါ ပါဝါ ဖြစ်လာတဲ့ ကမ္ဘာ့အင်အားချိန်ခွင်လျှာ အပြောင်းအလဲတွေနဲ့ တိုက်ဆိုင်နေပါတယ်။ ဒါ့ပြင် ကုလသမဂ္ဂရဲ့အစီအစဉ်တွေ က လည်း အမေရိကန်အကျိုးစီးပွားတွေ၊ တန်ဘိုးတွေနဲ့ တဆက်တစပ်တည်းဖြစ်လာနေတဲ့ အချိန်ကာလတွေလည်းဖြစ်နေတဲ့ အချိန်၊ တရုတ်အစိုးရကလည်း အရင်ကိုင်ဆွဲထားတဲ့ ကွန်မြူနစ်ပါတီချင်းဆက်ဆံရေးမူဝါဒကို စွန့်လွှတ်ပြီး အစိုးရချင်း ဆက်ဆံရေး မူဝါဒကို ပြောင်းပြီး အာဏာရစစ်အစိုးရနဲ့ပဲ ပြောင်းလဲဆက်ဆံလာတဲ့ အချိန်ကာလတွေ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ နေပြည်တော်နဲ့ပီကင်းဆက်ဆံရေးအနေအထားတွေကြောင့် ဒေသတွင်းကတချို့နိုင်ငံ တွေ အထူးသဖြင့် အိန္ဒိယနိုင်ငံ အနေနဲ့ သူ့ရဲ့အရှေ့ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးကို အလေးထားတဲ့ အရှေ့ကြည့်(Look East) ဆိုတဲ့ မဟာဗျူဟာ မူဝါဒအပြောင်းအလဲတွေကို ချမှတ် လုပ်ဆောင်လာရတဲ့ အခင်းအကျင်းအနေအထားတွေ  ရောက်လာပါတယ်။

သေချာတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  ခံကတုတ်လုပ်ပြီး ကာလုံကြိုးကိုင်ထားတဲ့ စစ်အုပ်စုအစိုးရကတော့ သူတို့ ရှင်သန်ဖို့အတွက်ဆို ဘယ်လိုနိုင်ငံတကာ ဖိအားမျိုးကိုမဆို ရင်ဆိုင်ဖို့ ဘာမဆို လုပ်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လည်း ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စစ်အစိုးရရဲ့ ခေတ်အဆက်ဆက်ပေါ်လစီတွေအောက်မှာ တရုတ်စီးပွား ရေးလုပ်ငန်းတွေ နေရာတကာမှာ တမိုးလုံဖျောက်ဆိပ်ဖြစ်လာခဲ့ရတာပါ။ တရုတ်အစိုးရကလည်း ဒေသတွင်းမဟာဗျူဟာ အခင်းအကျင်း လိုအပ်ချက်အရ မြန်မာပြည်အပေါ် နည်းမျိုးစုံနဲ့ သြ ဇာလွှမ်းမိုးထားနိုင်ဖို့ ကြိုးပမ်းနေမှာဖြစ်သလို ကမ္ဘာ့ အလည်မှာ အထီးကျန်ဖြစ်နေတဲ့ ကာလုံစစ်အုပ်စုဖက်ကလည်း သူတို့ အာဏာဆက်လက်တည်မြဲဖို့အတွက် မိတ်ဖက်ရှာ ရင်း အားယူရင်းနဲ့ တရုတ် အစိုးရအပေါ် တစတစ မှီခိုရတဲ့ကိန်း ဆိုက်ခဲ့တာပါပဲ။ ဒီအခြေအနေတွေအောက်မှာ ပြည်သူ တွေကို အပေါ်ယံဟန်ပြဒီမိုကရေစီ ပေးသယောင်လှည့်စားနေပြီး အမည်ခံ အရပ်သား အစိုးရ တဖြစ်လဲ စစ်အုပ်စု ကြီးစိုး တဲ့ စစ်အာဏာရှင်စနစ်သာ ဆက်လက် သက်ဆိုးရှည်နေမယ်ဆိုရင်တော့ မြန်မာပြည်ဟာ တရုတ်ပြည်အပေါ် မှီခိုနေရတဲ့ တရုတ်ပြည်ရဲ့သြဇာခံနိုင်ငံအဆင့် ကျရောက်မယ့် အလားအလာတွေ တစ တစ များလာနေပါတော့တယ်။

တနည်းပြောရရင် မြန်မာပြည်ဟာ စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရတဖြစ်လဲ စစ်အာဏာရှင်ကြီးတွေ ကြီးစိုးနေမှုကို မဖယ်ရှားနိုင်ဘဲ အပေါ်ယံ ဒီမိုကရေစီ ဗန်းပြနေတာတွေပဲ သက်ဆိုးရှည်နေခဲ့ရင်တော့ ၁၉ရာစုခေတ်က ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားပြည်နယ်ရဲ့နယ်တနယ် ဖြစ်ခဲ့ရတဲ့ တိုင်းပြည်ဟာ ၂၁ရာစုခေတ်မှာတော့ တရုတ်နိုင်ငံရဲ့ဒေသတွင်းမဟာဗျူဟာရည်မှန်းချက်စီမံကိန်းထဲက နယ်ရုပ်ကလေးတရုပ် အဆင့်သာ ဖြစ်လာပြီး ရေ ရှည်မှာတော့ ကိုယ်ပိုင်အမျိုးသားလက္ခဏာ (National Identity) တစတစ ပျောက်ကွယ်လာမယ့် အန္တရာယ်ကို မလွဲမသွေ ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။


မောင်တင့်တယ်
ဒီဇင်ဘာ ၁၉၊ ၂၀၁၂


● ကိုးကား။
၁။ ASEAN-India Connectivity: A Myanmar Perspective
၂။ ERI Website
၃။ DISCUSSION PAPER No. 66: Myanmar’s Economic Relations with China: Can China Supportthe Myanmar Economy? Toshihiro KUDO* July 2006
၎။ Burma’s Economy 2010: A Fresh Look at Some Elemental Issues , September 2010, By Sean TURNELL
၅။ Economic and Military Cooperation between China and Burma By Nyi Nyi Lwin
၆။ Internet News
၇။ BURMA’S CHINA CONNECTION AND THE INDIAN OCEAN REGION By Andrew Selth: September 2003
၈။ ပြည်တွင်းထုတ် ဂျာနယ်များ၊ မဂ္ဂဇင်းများ

http://moemaka.com/?p=30309&fb_source=pubv1
တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့အရှေ့ဖက်မှာတည်ရှိပြီး ရှမ်းပြည်၊ ကချင်ပြည် တို့နဲ့နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။လူဦးရေသန်းပေါင်း

ထိုင်းနိုင်ငံ လူကုန်ကူးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်

လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊ နခွန်ပသွန်မြို့ ပန်းခြံမှာအလုပ်စေခိုင်းခြင်း ခံနေရ တဲ့ မြဝတီမြို့နယ်ကျောက်လုံးကြီးရပ်ကွက် မြန်မာပြည်သား(၈)ဦးကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သာ

“ကမ္ဘာပျက်ကိန်း ကောလဟလ ဖြန့်ဝေသူများအား တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး”

“ကမ္ဘာပျက်ကိန်း ကောလဟလ ဖြန့်ဝေသူများအား တရုတ်ရဲတပ်ဖွဲ့ ဖမ်းဆီး”

တရုတ်နိုင်ငံတွင် ကမ္ဘာပျက်မည့်နေ့နှင့် ပတ်သက်၍ ကောလဟလများ ဖြန့်ဝေသူ ၅၀၀ ကျော် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း @[262070863837170:274:RT News] တွင် ဖော်ပြသည်။ 

တရုတ်နိုင်ငံမြောက်ပိုင်း Qinghai ဒေသရှိ ဘာသာရေးဂိုဏ်းတစ်ဂိုဏ်း၏ အဖွဲ့ဝင် ၄၀၀ ကျော်ကို ကမ္ဘာပျက်မည့်နေ့ ကောလဟလ သတင်းအချက်အလက်များ ဖြန့်ဝေမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ယနေ့ ပြောကြားသည်။ 

Read more http://www.planet.com.mm/news/read.cfm/id/20511
တရုတ်နိုင်ငံတွင် ကမ္ဘာပျက်မည့်နေ့နှင့် ပတ်သက်၍ ကောလ ဟလများ ဖြန့်ဝေသူ ၅၀၀ ကျော် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း

မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်

ကုလားများ ခုတုံး လုပ်၍ အသုံးချနေသလား သံသယ ဖြစ်ဖွယ်

ကားနံပါတ် ... KNU / KNLA P.C ပါ နံပါတ်ပြား အပြာရောင် ၉ဂ / ၂၁၃၇ ကားအား ကုလားကိုယ်တိုင်မောင်းပီး မြန်မာမိန်းခလေး ၂ ယောက်နှင့်

မယ်ဆောက်မှ ထိုင်းသို့သွားသော မြန်မာအမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ

ပဲခူးတိုင်း ဝေါ မြို့နယ်နေ အဖ ဦးနေဝင်း အမိ ဒေါ်ခင်စန်းဝင်း တို၏ သမီး ဖြစ်သူ မစုစုလှိုင်သည် မဲဆောက့်မှ ဘန်ကောက်သို့တက်သွားသည်ပြီး

နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း အဆင့်မြှင့်မည်

နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်း အဆင့်မြှင့်မည်

နေပြည်တော် -ဒီဇင်ဘာ၁၈
နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းအား နိင်ငံခြားဧည်များညအပန်းဖြေတည်းခိုပြီး
ဒေသတွင်းလည်ပတ်နိင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း
နေပြည်တော်ကောင်စီဝင် ဦးကံချွန်ကပြောသည်။
နေပြည်တော် ရေပူစမ်း အပန်းဖြေစခန်းသည် ပျဉ်းမနား-ပင်လောင်းကားလမ်း တောင်ကျကျေးရွာ
အနီးတည်ရှိကြောင်းသိရသည်။ syhနေပြည်တော် ရေပူစမ်းအပန်းဖြေစခန်းအား နိင်ငံခြားဧည်များ ည အပန်းဖြေ တည်းခိုပြီးဒေသတွင်း လည်ပတ်နိင်ရန် စီစဉ်ဆောင်

မယ်ဆောက်မှ ထိုင်းသို့သွားသော မြန်မာအမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ

ပဲခူးတိုင်း ဝေါ မြို့နယ်နေအဖ ဦးနေဝင်း အမိ ဒေါ်ခင်စန်းဝင်းတို၏ သမီး

ကုလားများ ခုတုံး လုပ်၍ အသုံးချနေသလား သံသယ ဖြစ်ဖွယ်

ကားနံပါတ် ... KNU / KNLA P.C ပါ နံပါတ်ပြား အပြာရောင် ၉ဂ / ၂၁၃၇ ကားအား ကုလားကိုယ်တိုင်မောင်းပီး မြန်မာမိန်းခလေး ၂ ယောက်နှင့်အတူ ည ၁၀ နာရီ ၁၅ မိနစ်တွင် K PARADISE (ကျော် ပါရာဒိုက်စ်) ထဲတွင် ယ္ခုအချိန်(11း50 pm)ထိ ရှိနေကြောင်း ... သံသယ ဖြစ်ဖွယ် တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို တိုင်ကြားရာ

မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်း လဝကဝန်ကြီး ဦးခင်ရီပြော


ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကို ဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက် ရှိသည့် အနက် မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်း