Tuesday, 4 September 2012

အင်ဒိုနီးရှားလေတပ်ဖွဲ့သည် တိုက်လေယာဉ်သစ် ၄ စင်းအား လက်ခံရရှိခဲ့ခြင်း

အင်ဒိုနီးရှား လေတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး တွန်းအား ပေးဆောင် ရွက် လျက်ရှိစဉ် အင်ဒိုနီးရှား စစ်ဘက်က မှာယူထား သည့် သောင်ကျန်းမှု တိုက်ဖျက်ရေး လုပ်ငန်းသုံး တိုက်လေယာဉ် သစ်များ၏ ပထမ အသုတ်အဖြစ် A-29 Super Tucano တိုက်လေယာဉ် ၄ စင်း သည် စက်တင်ဘာလ ၁ ရက်နေ့တွင် ဂျကာတာမြို့ရှိ Halim Perdanakusuma လေတပ် အခြေစိုက် စခန်း သို့ရောက်ရှိ လာခဲ့ ကြောင်း Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။

တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ဦးတည်

တိုးချဲ့ဖွဲ့စည်းလိုက်သော သမ္မတရုံး ဝန်ကြီးဌာနများသည် ပြည်တွင်းငြိမ်းချမ်းရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းများ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးတည်ကြောင်း သမ္မတရုံး ဝန်ကြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ ရှင်းလင်းချက် တွင် ဖော်ပြထားသည်။

မန်းသံဃာတော်များ ဆန္ဒဖော်ထုတ်ခြင်း တတိယနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်

သတင်းအချက်အလက်နည်းပညာဆိုင်ရာ အများပိုင်ကုမ္ပဏီတစ်ခုကို သိန်းပေါင်း ၁ သောင်းခွဲဖြင့်စတင်သွားမည်

ပြည်တွင်းရှိ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ National Information and Communication Technology Public (NICTPCO) အမည်ရှိ အများပိုင်ကုမ္ပဏီတစ်ခုကို လုပ်ကိုင် ဆောင်ရွက်သွားရန် စီစဉ်ပြီးဖြစ်သည်ဟုသိရသည်။ နည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၈၀ ကျော်မှ ပူးပေါင်းပါဝင်ထားသော အများပိုင်ကုမ္ပဏီ တစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို ဦးတည်လုပ်ကိုင်သွားမည်ဟု ကုမ္ပဏီမှ အဖွဲ့ဝင်ဒါရိုက်တာတစ်ဦးကပြောသည်။

စက်တင်ဘာ ၁၄ရက်နေ့မှာ သြစတေးလျကို ထွက်ခွာမယ့် သက်နိုင်အောင်ဇေယျ နဲ့ သဇင်

သြစတြေးလျမှာ မင်္ဂလာပွဲ ကျင်းပဖို့ အတွက် စက်တင်ဘာ ၁၄ရက်နေ့မှာ ခင်ပွန်းဖြစ်သူ သက်နိုင်အောင်ဇေယျနဲ့ သြစတြေးလျကို ထွက်ခွာမယ့် သဇင်က ၆လ ကျော်ကြာ သွားရောက်နေထိုင်မှာ ဖြစ်ပါတယ်။ သြစတြေးလျကို မသွားခင် ရန်ကုန်မှာ အနုပညာမောင်နှမတွေ၊သူငယ်ချင်း တွေနဲ့စုပြီး ပျော်ရွှင်စေဖို့ ပွဲလေးတစ်ပွဲကျင်းပဦးမှာဖြစ်ကြောင်းလည်း သဇင် က ပြောပါတယ်။

သောက်ရေခပ် ရေကာ တာ စီမံကိန်းကြောင့် စံပြရွာ အဖြစ် ပြန် အခြေချ ရမည်ကို ဒေသ ခံများ မလိုလား

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း အား ဖြတ်၍ တည်ဆောက်နေသော သောက်ရေခပ် ရေကာတာ စီမံကိန်းကြောင့် စံပြရွာအဖြစ် ပြန်အခြေ ချရမည်ကို ထိုဒေသရှိ ထုံးဘိုရွာသူရွာများက မလိုလား ကြောင်း သိရသည်။

အမျိုးသားရေး သစ္စာဖောက်ဟုခေါ်ဆိုကြသော ဦးဟန်ညောင်ဝေ မြန်မာပြည်ရောက်ရှိ

ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ကိုတည်ထောင်သူများတွင် တစ်ဦး အပါအ၀င်ဖြစ်သော ဦးဟန်ညောင်ဝေသည် ယနေ့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိ လာကြောင်းသိရသည်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်သံအမတ်အဖွဲ့ တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအဖွဲ့ဟာ ယနေ့ နံက် ၉း၃၀က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို လာရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများနှင့် လက်တွဲရန် ရခိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) ဖွဲ့စည်း

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားများက တနိုင်ငံလုံး ရှိ ကျောင်းသား သမဂ္ဂများ နှင့် လက်တွဲ၍ ကျောင်း သား အရေး ဆောင် ရွက်နိုင်ရန် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာ ယီ) ကို ဖွဲ့စည်း လိုက်သည်။

တနိုင်ငံလုံးရှိ ကျောင်းသား သမဂ္ဂများနှင့် လက်တွဲရန် ရခိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ယာယီ) ဖွဲ့စည်း

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားများက တနိုင်ငံလုံး ရှိ ကျောင်းသား သမဂ္ဂများ နှင့် လက်တွဲ၍ ကျောင်း သား အရေး ဆောင် ရွက်နိုင်ရန် ရခိုင်ပြည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ယာ ယီ) ကို ဖွဲ့စည်း လိုက်သည်။

သမ္မတထောက်ခံပွဲ ဖျက်သိမ်းခံရ

ခွင့်ပြုထားသော လူဦးရေထက်ကျော်လွန်ကာ ဆန္ဒထုတ်ဖော်မှု များ ကြောင့် မန္တလေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ထောက်ခံ သည့် ဆန္ဒဖောက်ထုတ်ပွဲများ မကျင်းပတော့ရန် ဒေသအာဏာပိုင် များက တားမြစ်လိုက်သည်။

မင်းကိုနိုင်နှင့် စုစုနွေးကို John Humphery Award ဆု ပေးအပ်

ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော John Humphery Freedom Award ဆုကို ၁၉၉၉ ခုနှစ်၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲရရှိခဲ့သော ကိုမင်းကိုနိုင် အား မြန်မာနိုင်ငံ သို့ ခေတ္တရောက်ရှိနေ သည့် ဒေါက်တာသောင်းထွန်းက စက်တင်ဘာ၃ရက်နေ့ ညနေ ၆း၀၀ အချိန်တွင် ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းတွင် ဆုတံဆိပ် လာရောက်ပေးအပ်ခဲ့ပါသည်။

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်သတင်းစာများတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်

နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာ တွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံ လင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။

မြန်မာ့အရေးနှင့်လူမှုရေး လုပ်ငန်းဆောင်ရွက်သူ ဒေါက်တာ စင်သီယာမောင် အပါအ၀င် ပုဂ္ဂိုလ် ၄ဦး ဒီမိုကရေစီဆု ချီးမြှင့်ခံရ

အမေရိကန်အခြေစိုက် National Endowment for Democracy-NED မှ ၂၀၁၂ခုနှစ် ဒီမိုကရေစီဆု(The 2012 Democracy Award)အတွက် မြန်မာ့အရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သူများဖြစ် သည့် ဒေါက်တာ စင်သီ ယာမောင် အပါအ၀င် ပုဂ္ဂိုလ်(၅)ဦးအား ရွေးချယ်ချီးမြှင့်လိုက်သည်။

သမ္မတနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံမည်

လာမယ့် စက်တင်ဘာ ၇ ရက်နေ့ နေပြည်တော်မှာ သမ္မတ နဲ့ တနိုင်ငံလုံးက တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ယောက် ပထမ ဦးဆုံး အကြိမ် တွေ့ဆုံကြမယ်လို့ တိုင်းရင်းသားဝန်ကြီးတွေက ပြောပါတယ်။

အေဘီအက်စ်ဒီအက်စ်စခန်း အကျဉ်းထောင်မှာ သေဆုံးခဲ့တဲ့ ကျောင်းသားတွေရဲ့အမှုမှန်ပေါ်ပေါက်ရန် စတင်ဆောင်ရွက်တော့မည်



  


 

 

 

 

 

 

 

  

ဘုန်းကြီးဆီက ပိုက်ဆံလိမ်ညာတောင်း၊ အဖွဲ့အစည်းတွေကိုလိမ်ညာတောင်းရမ်းစားသောက်ပြီး မိန်းကလေးတစ်ယောက်နဲ့ စုံတွဲခုတ်ခဲ့တဲ့ အမျိုးဖြတ်သမား မိုးသီးဇွန်

မိုးသီးဇွန် နိုင်အောင် အောင်နိုင် တို့ သတ်ဖြတ် ခဲ့သောေ ကျာင်းသား ကျောင်း သူ စာရင်း 

၁။ ရင်း(၆)တွင်သေဆုံး

1.ရန်ရှင်း(မြင်းခြံ)
2.ပေါသွပ် (ခေါ်) အောင်မြင့်ထွန်း (ကသာ)


၂။ စစ်ကြောရေး (ဗဟို) သေဆုံး

3.ပြည့်စိုးနိုင် (ရန်ကုန်)
4.ခင်မောင်စိုး (အင်းတော်)
5.ဇော်ဝင်းချစ် (ဗန်းမော်)
6.ဝင်းသိန်း (ဝန်းသို)
7.ကျော်ကျော်ဦး (ကသာ)
8.ကျော်ဌေး (မန္တလေး)
9.ရာကွပ် (မင်းမင်း ထမင်းဆိုင်၊ရင်ကျန်း)

၃။ စစ်ကြောရေး ဒါဏ်(ဗဟို) သေ
10.ဦးစိန် (ရန်ကုန်)
11.အားစိုက် (ခေါ်) တင်မောင်အေး(ကသာ)

၎။ တချက်လွတ် အမိန့်ဖြင့် ဓါးဖြင့်ခုတ်ခံရသူ- သေ
12.စိုးဝင်းသန်း (မန္တလေး)

၅။ သွေးပျက်အောင် ခေါင်းဖြတ်ပြခံရသူ- သေ
13.ကျော်ဝေ (မန္တလေး)

၆။ ထောင်မှူးရဲ့ နံချပ်ကူ စမ်းသပ်ခံရသူ-
14.အောင်မင်း (မန္တလေး)

၇။ စစ်ကြောရေး(ဗန်းမော်)သေဆုံး
15.စိုးမင်းအောင် (မန္တလေး)
16.အေးကျော် (မန္တလေး)
17.တင့်လွင် (မြစ်ကြီးနား)

၈။ ခြေထောက်မီးဖုတ်ခံထားရသဖြင့် စခန်းရွှေ့စဉ် ပစ်သတ် သေဆုံး
18.ဝင်းနောင် (ရန်ကုန်)

၉။ ရင်းမှူး မူးပြီးသေနတ်ရမ်း သေဆုံး
19.ဦးအောင်ကိုး (ဗန်းမော်)

၁၀။ ပြည်ထောင်စုနေ့ ခေါင်းဖြတ်ပွဲ သေဆုံး
(၁၅)မှ 20.ကိုချိုကြီး (မန္တလေး)
21.ဦးသောင်းမြင့် (တန့်ဆည်)
22.ဗိုလ်သာဓု (မိုးကောင်း)
23.ဗိုလ်တူးတူး (မြစ်ကြီးနား)
24.မခင်ချိုဦး (ရန်ကုန်)
25.ရန်အောင်(ခေါ်) ထွန်းအောင်ကျော် (မန္တလေး)
26.ဌေးမြင့်ဝင်း (ရန်ကုန်)
27.သက်နိုင် (ရန်ကုန်)
28.အေးမြင့် (ကသာ)
29.မောင်မောင် (ကသာ)
30.ကျော်ကျော်မင်း (ကန့်ဘလူ)
31.ဇော်ကြီး (ခေါ်) လှမြင့် (တပ်ကုန်း) 32.အောင်ဖိုး(ခေါ်) အေးသက်လတ် (ရန်ကုန်) 33.မောင်မောင်ကြွယ် (ရန်ကုန်)

၁၁။ (၅၅)ယောက်ထွက်ပြေးစဉ် လမ်းတွင် သေဆုံး
34.အောင်ကျော်မြင့် (ရန်ကုန်)

၁၂။ NB ဖြစ်မြောက်ရေး အသက်သေဆုံး
35.လွှမ်းမိုး (ခေါ်) ကိုမြင့် (မိုးကောင်း)
36.အောင်ကျော် (ရန်ကုန်)

၁၃။ စစ်ကိုင်းတိုင်း ဖြစ်မြောက်ရေး အစုလိုက်သေဆုံး
37.ဦးကျော်ကျော်အုန်း (တန့်ဆည်)
38.သိန်းသန်း (ကောလင်း)
39.ကြည်မိုး (ကျွန်းလှ)
40.စိုးကြီး (ကောလင်း)
41.ကိုဦး (ကောလင်း)
42.ဇော်ကို (ကောလင်း)

၁၄။ သီးခြားသေဆုံး
43.မြတ်ကိုကို (မန္တလေး)

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်ဆဲရေးဆွေးနွေးပွဲ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယ အကြိမ် အပစ်အခတ်ရပ် ဆဲရေးဆွေးနွေးပွဲ ပထမနေ့ တွင်နှစ်ဦးနှစ် ဘက် လိုက်နာရမည့် ကျင့်ဝတ်များ နှင့် အပစ်ရပ်ဒေသများတွင် မိုင်းအသစ် ထပ်မံ ထောင် ထားခြင်းကို မပြုလုပ်တော့ ဘဲ ထောင်ထားပြီးသော မိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ ကြသည် ဟုနှစ် ဖက်တာ ၀န်ရှိသူများကပြောသည်။
ဆွေးနွေးပွဲဒုတိယမြောက်နေ့ ကို စက်တင်ဘာ ၄ ရက် နံနက် ၉ နေ့ ကစတင်ခဲ့ပြီး ပထမနေ့ ကသဘော တူခဲ့သည် အချက် ၃၇ ချက်အား လက်မှတ်ရေထိုးနိုင်လိမ့်မည် အကျိုးဆောင်များက ပြောသည်။

‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ လက်မှတ်ရေးထိုး

“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်း”အား JICA (Japan International Cooperation Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃ ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။