Monday, 3 September 2012

လုံခြုံရေးအစောင့်အရှောက်နှင့်တကွ ဘင်္ဂါလီများ စစ်တွေဈေးသို့ ၀င်သောကြောင့် ရုတ်ရုတ်သဲသဲဖြစ်


ယနေ့ နေ့လည် (၁၂)နာရီခန့်က စစ်တွေမြို့နယ်  မြို့မဈေးသို့ စစ်တွေမြို့ပြင်ဘက် ဘင်္ဂါလီရွာများမှဟုယူဆရသောဘင်္ဂလီလူမျိုးများလုံခြုံရေး အစောင့် အရှောက်များတကွ ရောက် လာရာ ဈေးအတွင်းရောက်ရှိနေကြေ သာ  ဈေးသူေ ဈးသားများ နှင့် ဈေးဝယ်သူများအကြား ရုတ်ရုတ် သဲသဲ ဖြစ်သွား ကြသောေ ကြာင့်ချက် ချင်းပြန်သွားကြသည် ဟု ဈေးဆိုင်ရှင် တစ်ယောက် က  ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးသစ်နှင့် စာရင်းစစ်ချုပ်သစ် ခန့်အပ်

စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ကို ကာကွယ်ရေးဝန်ကြီး အဖြစ်လည်းကောင်း သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို စာရင်းစစ်ချုပ် အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေမည်ဟု သမ္မတက ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားကြောင်း The Voice Weekly ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ခိုးကူးများ ရုပ်ရှင် အစည်းအရုံးရှေ့ ဆန္ဒပြမည့် အစီစဉ်ပျက်

ခိုးကူးခွေ ပပျောက်ရေးနှင့် ပက်သက်၍ တင်းတင်း ကျပ်ကျပ် လုပ်ဆောင်လျက်ရှိသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရှိရာ ရန်ကုန်မြို့တော် ဗဟန်းမြို့နယ် ဝင်္ကဘာလမ်း ရုံးရှေ့တွင် ယနေ့နံနက်ပိုင်း ခိုးကူးခွေ ရောင်းသူများ ဆန္ဒပြမည် ဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆန္ဒပြမှုများ မရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။

ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများ လိုက်နာစေချင်

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) ၌ ၀န်ကြီးချုပ်က ဦးစီးကျင်းပပြု လုပ်သော နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေးကြီးတွင် ရန် ကုန်တိုင်းဒေသကြီးအတွင်း ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်း ရေး ကြီးကြပ်မှုကော်မတီမှ အဆို ပါတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများဆိုင်ရာ စည်ပင်သာ ယာနယ်နမိတ်များအတွင်း မော် တော်ယာဉ်များ မောင်းနှင်သွား လာနိုင်ရန်ယာဉ်သွားလမ်းမကြီး ပေါင်းများစွာ ရှိနေပေသည်။

ပြင်သစ်တိုတယ်ရေနံကုမ္ပဏီ မုတ္တမကွေ့ရှိ M 11 လုပ်ကွက်မှ ဝေစု ၄၀ ရာခိုင်နှုန်းကို ထိုင်းကုမ္ပဏီထံမှ ၀ယ်ယူ

ပြင်သစ်ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီ တိုတယ်သည် မြန်မာ့ကမ်းလွန်ပင်လယ် မုတ္တမကွေ့ရှိ M 11 လုပ်ကွက်တွင် ထုတ်လုပ်ခွင့်ဝေစု ၄၀ ရာခိုင်နှုန်းကို မဖော်ပြနိုင်သော ငွေကြေးပမာ ဏတစ်ခုဖြင့် ထိုင်းနိုင်ငံ PTT Exploration and Production ရေနံကုမ္ပဏီထံမှ ၀ယ်ယူလိုက်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ တိုတယ်ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှစ၍ တူးဖော်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး၊ ထိုင်းနိုင်ငံရှိ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပေးပို့နေသော ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို လုပ်ဆောင်ခဲ့သည်။ ယခုအကြိမ်သည် ကုမ္ပဏီအတွက် ၁၉၉၈ ခုနှစ်မှစ၍ မြန်မာ့ စွမ်းအင် ကဏ္ဍတွင် ပထမဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စက်တင်္ဘာ ၇ ရက်နေ့ ရခိုင်ခရီး စတင်မည်

ရခိုင်ပြည်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအား စုံစမ်းစစ်ဆေးရန်  ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ ၀င်များသည် စက်တင်္ဘာလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်ကို သွားရောက်ကြမည်ဟု သတင်း ရရှိသည်။

ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အထောက်အကူပြုရန် ရခိုင်တွင် လူထု အစည်းအဝေး ကျင်းပမည်


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု ပဋိပက္ခကို စုံစမ်းစစ်ဆေးရန် လာရောက်မည့် စုံစမ်းရေး ကော်မရှင်အား အထောက်အကူပြုနိုင်ရန် ရခိုင်ပြည်နယ် တခုလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည့် လူ ထုအစည်းအဝေးတခုကို ရသေ့တောင်မြို့ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်း ၄၀ ရှိ ဘောက်ထော်ဈေး အဆင်မြှင့်ရန်တင်ပြ

upgrademarketssss
သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ 
ရန်ကင်း ဘောက်ထော်ဈေးကို တွေ့မြင်ရစဉ်
ရန်ကုန် (မဇ္ဈိမ) ။        ။ သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ဘောက်ထော်ဈေး သည် ဈေးဆိုင်ခန်း များ ဟောင်းနွမ်းေ နခြင်း၊ ဈေးအတွင်း လမ်းများ ကောင်းမွန်မှုမရှိတော့ခြင်းကြောင့် အဆင့်မြင့် ဈေးအဖြစ် ပြန်လည် ဆောက်လုပ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သြဂုတ်လအတွင်း တင်ပြတောင်း ဆိုထား သည်ဟု ဘောက်ထော်ဈေး ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အေးက ပြောသည်။

မီဒီယာ ဥပဒေ အတည်ပြုရန် စာနယ်ဇင်းသမားများ ဆန္ဒ ရယူမည်

ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်နှင့်
 မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဋ္ဌ 
 မောင်ဝံသ တို့ ယမန်နေ့က တွေ့ဆုံစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနက ဦးစီးရေးဆွဲထားသည့် မီဒီယာဥပဒေ ကြမ်းအား စာနယ်ဇင်း အသိုင်းအ၀ိုင်း၏ ဆန္ဒ သဘောထား ကို ခံယူ၍ လွှတ်တော်၌ ဆွေးနွေးအတည်ပြုရန် ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည် က သဘောတူညီကြောင်း သိရ သည်။

မန္တလေး ဆန္ဒဖော်ထုတ်ပွဲ ၂ မြို့နယ်တွင်သာ ခွင့်ပြုမည်

ယမန်နေ့က မန္တလေးတွင် ပြုလုပ်သည့် သမ္မတ
 ဦးသိန်းစိန် ထောက်ခံ ဆန္ဒဖော်ထုတ်ပွဲ
သမ္မတ ဦးသိန်းစိန်၏ ရခိုင်အရေး ရပ်တည်ချက်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့နယ် ၂ မြို့နယ်သာ လုပ်ခွင့်ပေး မည်ဖြစ်ပြီး ကျန်သည့် ၄ မြို့နယ် လုပ်ခွင့်မပေးတော့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် ရခိုင်အလုပ်သမားများ လှူဒါန်းငွေ ALP ခေါင်းဆောင်မှ ဒုက္ခသည်များသို့ လွှဲပြောင်းပေးအပ်


ထိုင်းနိုင်ငံရောက် ရခိုင် အလုပ်သမားများမှ ALP မှတဆင့် စုပေါင်း လှူဒါန်းထားသောငွေများနှင့် RWU မှ စုဆောင်းကောက်ခံ ထားသော ငွေများကို စစ်တွေရှိ ဒုက္ခသည်များ စခန်းသို့ ယမန်နေ့က လှူဒါန်း လိုက်ကြောင်း သတင်း ရရှိသည်။

စုံစမ်းစစ်ဆေးရေး ခုံရုံးဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်း

ယနေ့ မွန်းလွဲပိုင်းက စတင်ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေ ခုံရုံးကိစ္စ အတွက် ဖွဲ့စည်းထားသော စုံစမ်းရေးအဖွဲ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ နှင့် အဖွဲ့ဝင်များကို အခြေခံဥပဒေ ခုံရုံးက ကန့်ကွက်ထားသဖြင့်အမ်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြား သည်။ဦးသိန်းဆွေမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်တွင် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး ၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် တစ်ဦးလည်းဖြစ်သည်။

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန် လည် ဖြစ်ပွားလာ မည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။

အာဏာပိုင်များခွင့်မပြုသော်လည်း မန္တလေးတွင် ဆန္ဒဖော်ထုတ်နေ


နိုင်ငံတော်သမ္မတအား ထောက်ခံပြီး၊ ကုလသမဂ္ဂအထူးကိုယ်စား လှယ် ကင်တားနားအား ကန့်ကွက်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲအဖြစ် မန္တလေးမြို့တွင် ဒုတိယနေ့ ဆက်လက်ပြုလုပ်မည့် ချမ်းအေးသာစံ မြို့နယ် ဆန္ဒပြပွဲသည် အာဏာပိုင်များက တားဆီးမှု များ ပြုလုပ်သော် လည်း ယခုစတင်၍ ဆန္ဒထုတ်ဖော်ေ နပြီဖြစ်ကြောင်း မန္တလေးမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။

တော်လှန်ရေးစစ်ပွဲ နှစ် ၂၀၀ ပြည့်အခမ်းအနားအား ပူတင်တက်ရောက်

စက်တင်ဘာ ၂။ ။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်မှ ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်ဘက် Borodino ရွာတွင် ကျင်းပလျက်ရှိသော တော်လှန်းရေး တိုက်ပွဲ နှစ် ၂၀၀ ပြည့်အခမ်းအနားအား တက်ရောက်နေမှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။

မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကြားခံ စင်တာ ဖွင့်လှစ်

ပြည်တွင်းမှာ တိုးတက် ပြောင်းလဲမှုတွေ ရှိလာတာ နဲ့အညီ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လာရောက် ဆောင်ရွက်လိုတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ပူးပေါင်း ဆောင်ရွက် လိုတဲ့ ကုမ္ပဏီတွေကို ကြားခံ ဆက်သွယ် ဆောင်ရွက် ပေးမယ့် BSCY (Business Support Center Yangon) ကို ဆီဒိုးနား ဟိုတယ်ရှိ ပြည်ပ ကုန်သွယ်မှု အဖွဲ့အစည်း JETRO Yangon ရုံးမှာ သြဂုတ်လ ၃၁ ရက်နေ့က ဖွင့်လှစ် ခဲ့တယ်လို့ သိရပါတယ်။

နျူကလိယရေငုပ်သင်္ဘောမှ သင်္ဘောသားတို့၏ နေ့စဉ်ဘဝ

 နျူကလိယ ရေငုတ်သင်္ဘောတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရေတပ် သင်္ဘောသားများ၏ နေ့စဉ် ဘဝကို ဗြိတိန် ဓာတ်ပုံ ဆရာတစ်ဦးမှ ယခုကဲ့သို့ သွားရောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲ

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်မှုများကို ဆက်လက်ဆောင်ရွက် ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးနန္ဒကျော်စွာကို ဥက္ကဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ စက်တင်ဘာလ ၁ရက်နေ့ တွင် ပေးပို့လာ သည့် သ၀ဏ်လွှာတွင် ပါဝင်သော အချက်ဖြစ်သည့် ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များသည် ခုံရုံးကို စွပ်စွဲပြစ်တင်ရန် လက်မှတ်ရေးထိုးထားသူများဖြစ်ခြင်း၊ ၄င်းအဆိုကို တင်သွင်းသူနှင့် ထောက်ခံသူ များဖြစ်ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အချက်တို့ကြောင့် ဥက္ကဌနေရာတွင် ဦးနန္ဒကျော်စွာအစား အမ်းမြို့နယ်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၊ကျန်အဖွဲ့ဝင်များကို ပြောင်းလဲရန် မလိုကြောင်း၊ အဆိုပါအဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေပြီ ဖြစ်ကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။

"ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"

ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။

ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပါတီအချို့ နှင့် တပ်မတော် သား ကိုယ်စားလှယ်များအားလုံး က မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။