အမေရိကန် စစ်ဘက်သည် ဂျပန်နိုင်ငံ ကမ်းလွန်တွင် ပျက်ကျသွားသည့် တိုက်လေယာဉ် ကိစ္စနှင့် ပတ်သက်ပြီး စနစ်တကျ စုံစမ်းမှုများ စတင် ပြုလုပ်နေပြီဟု သိရသည်။ F-16 အမျိုးအစား လေယာဉ်သည် ဂျပန်ရှိ အခြေစိုက် စခန်းတစ်ခုမှ ပျံတက်စဉ် တနင်္ဂနွေနေ့က ပျက်ကျသွားခြင်း ဖြစ်သည်။ အမေရိကန် စစ်ဘက်က ဟော့ကိုင်းဒိုးကျွန်း ကမ်းလွန်တွင် ပစိဖိတ် သမုဒ္ဒရာထဲ လေယာဉ် ထိုးဆင်းသွားရခြင်းနှင့် ပတ်သက်ပြီး စတင် ခြေရာခံနေပြီဟု ပြောကြားသွားသည်။ ထိုလေယာဉ်သည် မီဆာဝါရှိ အမှတ်(၃၅) လေတပ် တိုက်လေယာဉ် တပ်ရင်းမှဖြစ်ပြီး ဟော့ကိုင်းဒိုးကျွန်းမှ မိုင်(၂၅၀)မျှ အကွာရှိ ရေထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။
Thursday, 26 July 2012
ရိုဟင်ဂျာပြဿနာကို မြန်မာဘက်မှ အသေးစိတ်ရှင်းပြရန် မျှော်လင့်ဟု အာဆီယံအတွင်းရေးမှူးချုပ်ဆို
ဂျာကာတာ၊ဇူလိုင်-၂၆
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ၎င်းသည် မြန်မာမွတ်စလင် ရိုဟင်ဂျာတို့နှင့် ဗုဒ္ဓဘာသာ ရခိုင်တို့အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို မြန်မာအစိုးရဘက်မှ အသေးစိတ်ရှင်းပြချက် ထွက်လာရန် မျှော်လင့်နေကြောင်း ပြောကြားလိုက်သည်။ ဂျာကာတာ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ၎င်းက “အဓိက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာနိုင်တဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က ရှင်းပြချက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ ပြဿနာကို သေချာစွာနားလည်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံအားပေးမှုကိုလည်း ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ ဒီကိစ္စနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ရှာတွေ့ဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် ယခုပြဿနာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ညီညွတ်မှုကို နှောင့်ယှက်နိုင်ကြောင်း ၂၀၁၅ အာဆီယံအသိုင်းအ၀ိုင်း ဖန်တီးရေးတွင် အဆင်ပြေရန်အတွက် ပြဿနာကို လျင်လျင်မြန်မြန် ဖြေရှင်းရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
မြန်မာတရားရုံးက ထိုင်းနိုင်ငံသား ၉၂ ဦးအား ထောင်သုံးနှစ်ခွဲစီချမှတ်
ရနောင်း၊ ဇူလိုင် - ၂၆
ကော့သောင်းခရိုင်ရှိ မြန်မာတရား ရုံးတစ်ရုံးက ထိုင်းနိုင်ငံသား ၉၂ ဦးအား သစ်တောများ ဖျက်ဆီးမှု နှင့်တရားမ၀င် ၀င်ရောက်မှုများ ဖြင့် ထောင်ဒဏ်သုံးနှစ်ခွဲစီ ချမှတ် လိုက်ကြောင်းသတင်းရရှိသည်။ ယင်းမှာ ၎င်းတို့အပေါ် စွဲဆိုထား သည့် ပြစ်မှုငါးခုအနက်မှ နှစ်ခု အတွက် အပြစ်ပေးခြင်းဖြစ်သည်။
ကော့သောင်းတွင် ရှိနေ သော မြန်မာတရားရုံးက ဇူလိုင်လ ၄ ရက်တွင် ဖမ်းဆီးခဲ့သော ထိုင်း နိုင်ငံသားများအား ဇူလိုင် ၂၃ရက် နှင့် ၂၄ရက်တို့တွင် ရုံးတင်စစ် ဆေးခဲ့ပြီး အထက်ဖော်ပြပါပြစ်မှု နှစ်ရပ်အတွက် ၎င်းတို့အား ထောင် ဒဏ်သုံးနှစ်ခွဲစီ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ မြို့နယ် နယ်စပ်ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး ကြီးပေါင်ဆက်ပွန်ဆာဝက်ကပြော ကြားသည်။
ဂရိအိုလံပစ်အားကစားမယ် လူမျိုးရေးခွဲခြားမှုကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရ
ဂရိနိုင်ငံမှ အိုလံပစ်ပြိုင်ပွဲဝင်မည့် ပြေးခုန်ပစ် အားကစားမယ် တစ်ဦးအား လူမျိုးရေး ခွဲခြားမှုကြောင့် ပြိုင်ပွဲဝင်ခွင့် ပိတ်ပင် တားဆီးလိုက်ကြောင်း သိရှိရသည်။ သူမသည် လူမျိုးရေး ထိပါးစော်ကားသော Postတစ်ခုကို Twitter ဝက်ဘ်ဆိုက်တွင် ရေးသား လွှင့်တင်ကာ ဟာသလုပ်ခဲ့သည့်နောက် ပြဿနာ တက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဗူလာ ပါပါချရီတူသည် အိုလံပစ်တွင် နိုင်ငံကို ကိုယ်စားပြုခွင့် ဆုံးရှုံးခဲ့ရသည်။ သူမသည် နိုင်ငံရေး ပါတီတစ်ခုကို အာဖရိကမှ အခြေချ ပြောင်းရွှေ့လာသူများက ထောက်ခံမှုအပေါ် အရွှမ်းဖောက် ပြက်လုံးထုတ် ရေးသားခဲ့ရာမှ
နောက်ဆက်တွဲ ဂယက်များနှင့် ကြုံလာရခြင်းဟု သတင်းများက ဖော်ပြသွားသည်။
နောက်ဆက်တွဲ ဂယက်များနှင့် ကြုံလာရခြင်းဟု သတင်းများက ဖော်ပြသွားသည်။
ကမ္ဘာ့မူဆလင်အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ထံ စာပို့
ဇူလိုင်လ ၂၆ ရက်
အဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံရှိသည့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၏ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ထံသို့ မြန်မာနိုင်ငံအတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီပေးပါရန် ဗုဒ္ဓဟူးနေ့က စာရေးသား တောင်းဆိုလိုက်သည်။

ရိုဟင်ဂျာ မူဆလင်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်ပေးပါရန် သမ္မတ ဦးသိန်းစိန်အား OIC အတွင်းရေးမှူးချုပ်က တောင်းဆိုထားခြင်းဖြစ်သည်။
လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံသွားမည်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင်မယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကို သွားရောက်
လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မကြာသေးခင်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှာဖြစ်သလို ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေသခံ ကုလသမဂ္ဂ၀န်ထမ်းတွေ လွတ်မြောက်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားဟာ သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ခုသီတင်းပတ် စတင်မှာဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

လပွတ္တာမြို့မှာ တောင်သူလယ်သမားတွေ ဆန္ဒပြ
ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့မှာ လယ်သိမ်းခံရတဲ့ တောင်သူတွေ ဦးဆောင်ပြီး လူ ၈ဝဝ နီးပါး ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
လပွတ္တာမြို့နယ်ထဲက ညောင်လိမ်ကျေးရွာ၊ သဲဖြူကျေးရွာနဲ့ လတောင်ကျေးရွာတွေအတွင်း သိမ်းယူခံထားရတဲ့ လယ်မြေ ဧက ၇၀၀ ပေါ်မှာ ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးအတွက် တောင်သူ လယ်သမား ခေါင်းဆောင် ဂဠုန်ဆရာစံရဲ့ ရုပ်ပုံတွေကို ကိုင်ဆောင်ပြီး မြို့ပတ်လမ်းကနေ မြို့နယ်တရားရုံး အထိ တစ်နာရီကြာ လမ်းလျှောက် ချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်မြို့ဝေပုလ္လဆရာတော်နှလုံးသွေးကြောကျဉ်းရောဂါဖြင့်ဘဝနတ်ထံပျံလွန်
ရန်ကုန်၊ ဇူလိုင် ၂၆ ဇူလိုင်လ ၂၅ ရက်နေ့ ည ၁၁ နာရီ အချိန်က နှလုံးသွေးကြောကျဉ်းရောဂါဖြ င့် ပြည် မြို့ ဝေပုလ္လာရာမကျောင်း ဆရာတော် ရုတ်တရက် ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း အနီးကပ် ပြုစုခဲ့သည့် တပည့် ဒါယကာများထံမှ သိ ရသည်။
''ဆရာတော်က အမြဲတမ်း ကျန်းကျန်းမာမာပါပဲ။ ၂၅ ရက်နေ့ နံနက် ၇ နာရီလောက်က ရင်ဘတ်အောင့်လို့ ဆိုပြီး မိန့်ကြားခဲ့ပါ တယ်။ ဒါနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ပြည်မြို့က ပါရမီရှင် အထူးကုဆေးခန်းကို တင်လိုက်ပြီး ည ၁၁ နာရီလောက်ကျတော့ ပျံလွန် တော်မူခဲ့ပါတယ်'' ဟု ပြည်မြို့ရှိ ဒါယိကာမတစ်ဦးက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာအသင်း ဥက္ကဌ Mr.Hideo WATANABE မှ ဂါရဝပြုတွေ့ဆုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဂျပန်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာအသင်း ဥက္ကဌ Mr.Hideo WATANABE သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန်တွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နှစ်နိုင်ငံနှင့်တပ်မတော် (၂)ရပ်အကြား ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရန်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်လွှတ်တော် အမတ်ဟောင်းနှင့် ဂျပန်-မြန်မာအသင်း ဥက္ကဌ Mr.Hideo WATANABE တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ကယ်ဆယ်ရေးစခန်းများအတွက် ထောက်ပံ့ပစ္စည်းများ တောင်ကြီးသင်္ဘောဖြင့် စစ်တွေမြို့သို့ ရောက်ရှိ
ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်း အသီးသီးတွင် ရောက်ရှိနေသော ဒေသခံပြည်သူများအား ထောက်ပံ့ ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ လှူဒါန်း ထားသော ဆေးဝါးပစ္စည်းများ၊ စာရေးကိရိယာများ၊ အဝတ်အထည်များ၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများပါဝင်သော ပစ္စည်းမျိုးစုံသည် ဇူလိုင် ၂၃ ရက်က ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မြန်မာ့ကြယ် ငါးပွင့် သင်္ဘောလုပ်ငန်း တောင်ကြီး သင်္ဘောဖြင့်ထပ်မံရောက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းမှ ပြည်ပခရီးစဉ်များ တိုးချဲ့ပြေးဆွဲ သွားမည်
အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း MAI အနေနဲ့ ခရီးသည်များ အဆင်ပြေ စေဖို့ အတွက် ပြည်ပ ခရီးစဉ်များကို အချိန်တိုးချဲ့ ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
ဒီလို MAI လေကြောင်း လိုင်းမှ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို နံနက် တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် တစ်နေ့မှာ ၂ ကြိမ်၊ ရန်ကုန်-စင်္ကာပူ-ရန်ကုန် ခရီးစဉ်ကို ၂ ကြိမ်မှ တစ်နေ့ကို ၃ ကြိမ်၊ ပြေးဆွဲပေးလျက် ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်-မလေးရှား-ရန်ကုန် ခရီးစဉ် များကို တစ်ပတ်မှာ ၅ ကြိမ် ပုံမှန်ပြေးဆွဲ လျက်ရှိပြီး ရန်ကုန်-ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ် ၂ ကြိမ်မှ ယခုအခါ တစ်ပတ်ကို ၃ ကြိမ်နဲ့ ရန်ကုန်-ဆီသမ်ရိ-ရန်ကုန် ခရီးစဉ်နဲ့ ရန်ကုန်-ဖနွမ်းပင်-ရန်ကုန် ခရီးစဉ်များကို တစ်ပတ် ၃ ကြိမ် တိုးချဲ့ ပျံသန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်-ဂါယာ-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်မှာ ၃ ကြိမ် ပြေးဆွဲရာမှ ဘုရားဖူး ခရီးသည်များ အဆင်ပြေ ချောမွေ့ စေဖို့အတွက် နေ့စဉ်ပြေးဆွဲဖို့ စီစဉ်လျှက်ရှိပြီး မန္တလေးမှ ဘန်ကောက်သို့ တိုက်ရိုက် သွားလိုတဲ့ ခရီးသည်များနဲ့ ကမ္ဘာ အရပ်ရပ်မှ ခရီးသည်များ အထက် မြန်မာပြည်သို့ တိုက်ရိုက် သွားရောက် လည်ပတ်နိုင်ဖို့ အတွက် မန္တလေး-ဘန်ကောက်-မန္တလေး ခရီးစဉ် အသစ်များကို တစ်ပတ် ၂ ကြိမ် တိုးချဲ့ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ MAI မှ တာဝန် ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် အဆိုပါ လေကြောင်း လိုင်းမှ ခရီးသည်များ အဆင်ပြေ လွယ်ကူစေဖို့ အတွက် စင်းလုံးငှား Charter Flight ခရီးစဉ်များ ကိုလည်း စီစဉ်ဆောင်ရွက် ပေးလျက် ရှိတယ် လို့လည်း သတင်း ရရှိပါတယ်။

အမျိုးသမီးများလည်း သတ်မှတ်အရည်အချင်းပြည့်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင်
နေပြည်တော်၊ဇူလိုင်-၂၆
သတ်မှတ်အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ် အရည်အချင်းများအား ပြီးခဲ့သည့် မတ် ၂၈ ရက်က နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေတွင်ပါရှိသည်။ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများဖြစ်ရခြင်း၊မိမိအ ရွေးချယ်ခံမည့် ရပ်ကွက်တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူဖြစ်ရခြင်း၊ကျန်းမာရေးကောင်းမွန်၍ ပညာ အရည်အချင်း အသင့်အတင့်ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ်နေရေး ဖူလုံသူဖြစ်ရခြင်း၊မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့် အချက်များ ဥပဒေတွင် ပါရှိသည်။
သတ်မှတ်အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယနေ့ပြောကြားသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ် အရည်အချင်းများအား ပြီးခဲ့သည့် မတ် ၂၈ ရက်က နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေတွင်ပါရှိသည်။ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများဖြစ်ရခြင်း၊မိမိအ
ဆီးဂိမ်းအကြို နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲ ကျင်းပမည်
(၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင်ပါဝင်မည့် စစ်တုရင်ပြိုင်ပွဲအတွက် ဆီးဂိမ်းအကြို နိုင်ငံတကာ
စစ်တုရင်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ စင်ထရယ်ဟိုတယ်၌ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် (၂၇)ကြိမ်မြောက် ဆီးဂိမ်း၌ပါဝင်မည့် နိုင်ငံအားလုံးကို ဖိတ်ကြားထားပြီး
မြန်မာ့လက်ရွေးစင် စစ်တုရင်အားကစားသမားများကိုလည်း ၎င်းပွဲများတွင် ထပ်မံစိစစ်နိုင်မည်ဖြစ်၍ ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်ခြင်း တစ်မျိုးဖြစ်ကာ နိုင်ငံတကာစစ်တုရင် အားကစားသမားများအား မြန်မာ့စစ်တုရင် အားကစားနည်းကို အတွေ့အကြုံ ရရှိစေရန်၊ ကစားနည်းနှင့်သက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းများအား ပိုမိုသဘောပေါက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ ၎င်းပြိုင်ပွဲကို (၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် ကျင်းပမည့် အားကစားနည်းအတိုင်းကျင်းပသွားမည်ဖြစ်ကာ အပြည်ပြည်ဆိုင်ရာစစ်တုရင်၊ အာဆီယံ စစ်တုရင်နှင့် မြန်မာ့ရိုးရာ စစ်တုရင်ဟူ၍ ကစားနည်းသုံးမျိုးပါဝင် မည်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံသံရုံးနှင့်စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အဖွဲ့ဝင်များလိုက်ပါလျက် ဇူလိုင် ၂၂ ရက် ည ၇ နာရီခွဲက ဗန်ကောက်မြို့ ရှိ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဝင်း၏နေအိမ်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား သံအမတ်ကြီး ဦးတင်ဝင်းနှင့်ဇနီး ဒေါ်သုယဉ်၊ စစ်သံမှူးဗိုလ်မှူးကြီး ဝင်းမောင်နှင့်ဇနီး ဒေါ်မြင့်မြင့်ကြည်၊ သံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများနှင့် မိသားစုများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအား သံအမတ်ကြီး၊ စစ်သံမှူးနှင့်သံရုံး၊ စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ၊ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာပညာသင်များက မြန်မာ့ရိုးရာအစဉ်အလာ နှင့်အညီ ဂါရဝပြု ကန်တော့ကြသည်။

အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အတွင်းရှိ တိုင်ပင်းကျွန်း တွင် အမြောက်များ ဖြန့်ချသွားမယ်
တရုတ် (တိုင်ပေ) သည် ရေပိုင်နက် အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ် အတွင်းရှိ တိုင်ပင်း ကျွန်းတွင် လာမည့်လ အတွင်း၌ အမြောက်များ ဖြန့်ချသွား မည်ဖြစ်ကြောင်း တရုတ် (တိုင်ပေ) ကာကွယ်ရေး ဝန်ကြီး ဌာနက ဇူလိုင် ၂၄ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါကျွန်းသို့ ၄ဝ မမ အလို အလျောက်ပစ်အမြောက်များ၊ ၁၂ဝ မမ အမြောက်များကို သြဂုတ်လ အကုန်တွင် သင်္ဘောများဖြင့် ပို့ဆောင် သွားမည်ဖြစ် ကြောင်း သိရသည်။ ၄င်းလက်နက်များ ကို ၁ဝ၆ မမ မောင်းပြန် စက်သေနတ် များနှင့် ၈၁ မမ အမြောက်များ နေရာ တွင် အစားထိုးသွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် ပါတီ ၁၄ ခု တွေ့ဆုံရန်ရှိ
သမ္မတဦးသိန်းစိန်၏ ထိုင်းခရီးစဉ်အပြီးတွင် နိုင်ငံရေးပါတီ ၁၄ ခုနှင့် တွေ့ဆုံရန်ရှိသည်ဟု သတင်းရရှိသည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းတို့နှင့် ပါတီ ၁၄ ခုတို့ ဇူလိုင်လ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ Myanmar Egress ရုံးခန်းတွင် အကြိုတွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ “သမ္မတကြီးကလည်း ဒီမိုမိတ်ဆွေ ၁၀ ပါတီနဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ တခြားနိုင်ငံရေး ပါတီတွေနဲ့လည်း တွေ့ဆုံဖို့ စိတ်ဆန္ဒရှိနေတယ်လို့ သိရတယ်။ နောက်လာမယ့် ၁၀ ရက် ဝန်းကျင်အတွင်း တွေ့ဆုံနိုင်မယ်လို့တော့ ခန့်မှန်းလို့ရတယ်” ဟု ငြိမ်းချမ်းရေးဖော်ဆောင်မှု အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။ နိုင်ငံရေးပါတီ ၁၄ ခုမှ သမ္မတကြီးနှင့် တွေ့ဆုံရာတွင် တင်ပြဆွေးနွေးမည့် အသေးစိတ် အချက်အလက်များကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တွေ့ဆုံညှိနှိုင်းကြမည်ဟု သိရသည်။ အဆိုပါ ပါတီ ၁၄ ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်တို့ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
ပြည်တွင်းထုတ်ဖိုက်ဘာကြိုးများသည် အရည်အသွေးအားဖြင့် ဈေးကွက်၌ယှဉ်ပြိုင်နိုင်သည်ဟုဆို
မြန်မာနိုင်ငံ၏တစ်ခုတည်းသော ဖိုက်ဘာထုတ်လုပ်သည့် စက်ရုံမှထွက်ရှိလာသည့် ဖိုက်ဘာကြိုးများသည် ပြည်ပမှဝင်ရောက်လာသော ဖိုက်ဘာကြိုးများနှင့်အရည်အသွေးပိုင်း၌ ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသော်လည်း ဈေးနှုန်းအနေဖြင့်ယှဉ်ပြိုင်နိုင်သေးခြင်းမရှိကြောင်း ရတနာပုံဖိုက်ဘာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သိင်္ဂီလင်းကဆိုသည်။ ““အခွန်အခတွေကလည်းကြီးတယ်လေ။ ဒီတော့ဈေးနှုန်းကတော့ မသက်သာဘူး။ ပြီးခဲ့တဲ့လကတော့ အခွန်တွေလျော့လာခဲ့တယ်။ ဈေးနှုန်းအနေနဲ့ နည်းနည်းတော့ယှဉ်ပြိုင်လာနိုင်တာပေါ့။ အရည်အသွေးပိုင်းကတော့ ပြည်ပကသွင်းလာတဲ့ ဟာတွေထက်သာတယ်။ ပြည်ပသွင်းတာတွေက တရုတ်ဘက်က အများဆုံးပဲ”” ဟု ဒေါ်သိင်္ဂီလင်းကပြောသည်။
Subscribe to:
Posts (Atom)