လာမည့် ဘဏ္ဍာရေးနှစ် (၂၀၁၄-၂၀၁၅) ၌ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် ကျပ်သိန်း ၇,၀၀၀ သုံးစွဲရန် နိုင်ငံတော်သမ္မတက ၎င်း၏အမျိုးသားစီမံကိန်းတွင် မျှော်မှန်းထားသည့်အချက်မှာ ဇန်န၀ါရီ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ကိုယ်စား လာရောက်တင်ပြသည့် နေပြည်တော်ကောင်စီဝင် ဦးကံချွန်၏ ရှင်းလင်းပြောဆိုမှု၌ ပါဝင်သည်။ ယင်းသည် သီးခြားခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် လျာထား တောင်းခံခြင်းလည်း ဖြစ်သည်။