Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Thursday, 15 October 2015
အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်
အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။
Sunday, 27 September 2015
ကွန်ပျူတာ သုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ
ကွန်ပျူတာ ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာ
ဒဏ်ဖြစ်မှု လျော့ပါးစေဖို့. ၂၀-၂၀-၂၀. ဆိုတဲ့ စဉ်းမျဉ်းကို လိုက်နာပါလို့
မျက်စိအထူးကုဆရာဝန်တေက သတိပေး ထားပါတယ်
အဆင့် ( ၁ ) ၂၀
ဆေးလိပ်သောက်သူများ ထိပ်ပြောင်နိုင်
တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ နဲ့ အထက် သောက်တဲ့အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်တယ်လို့သိရပါတယ်။ ဦးရေပြားဆီကို သွေးနဲ့ ဟော်မုန်း ရောက်ရှိမှု နည်းတဲ့အတွက်
Friday, 31 July 2015
ဦးနှောက်ကို ဘယ်အရာတွေက တဖြည်းဖြည်း ပျက်စီးစေတာလဲ
စာရိုက်တဲ့အခါ အမှားတွေ များ လာတာမျိုး၊ အရင်ကလောက် စိတ်ကူးစိတ်သန်းတွေ မကောင်း တော့တာမျိုး စတာတွေ ကြုံလာ ရခြင်းဟာ ဦးနှောက်ဆဲလ်တစ်ခုခု ယိုယွင်းလာတာကို သတိပေး လိုက်တာပါပဲ။ နေ့စဉ်လုပ်မိတဲ့ အရာတွေကနေ ဦးနှောက်ကို တဖြည်းဖြည်း ပျက်စီးစေနိုင်တာ ကြောင့် ထပ်မလုပ်မိရလေအောင် ဖော်ပြပေးလိုက်ပါတယ်။
နေထိုင်မကောင်းဖြစ်ရင် ဆရာဝန်တွေ အကြံပြုသလို စိတ် ရောကိုယ်ပါ ကောင်းကောင်းနား နေဖို့ လိုပါတယ်။ နေမကောင်း ဖြစ်တဲ့အချိန်မှာ ဦးနှောက်ဟာ အ လုပ်တွေ ပိုလုပ်ရတာကြောင့် အတွေးနယ်ချဲ့ပြီး စဉ်းစားတာမျိုး တွေ ရှောင်ပြီး အိပ်စက်အနားယူ သင့်ပါတယ်။

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး
နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီးသောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။
နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။
နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။
Monday, 4 May 2015
ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်
ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။
Wednesday, 1 April 2015
ချောမွေ့ကာ ပြေပြစ်လို့ အဖုအထစ် ကင်းစေဖို့
သဘာဝ အပင်ထွက် အရေပြား တင်းရင်းစေတဲ့ ဆေးတွေ စမ်းသုံးကြည့်ပါ
“ကြွက်သား အဖုအဖု၊ ထုထုပြီး ခရာချင်စရာကွယ်” ဆိုတဲ့ ရှေးသီချင်း တပုဒ်ရဲ့ စာသားတွေ ကြားရင် တောင့်တင်းသန်မာ ပြီး ကြွက်သားတွေ အမြှောင်းမြှောင်း ထလို့ ခန့်ထည် ဝင့်ကြွားနေတဲ့ ဗလမောင်ကြီးတွေကို ပြေးပြီး မြင်မိကြမှာပါ။ ဒါပေမယ့် ကြွက်သား မဟုတ်ဘဲ တခြား အဖုအဖုတွေ ကျတော့လည်း စိတ်ပျက်စရာ ဖြစ်ရပြန်ပါတယ်။ အထူးသဖြင့် ဗိုက်မှာ၊ ပေါင်မှာ၊ တင်ပါးဆုံမှာ၊ အရေပြား အောက်က အထစ်အထစ်တွေ၊ အမြှောင်း အရစ်ရစ်တွေ ဖြစ်နေတာကို မြင်ဖူးကြမှာ ပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပေါ့။ ဒါကို Cellulite လို့ ခေါ်ပါတယ်။
Wednesday, 18 March 2015
ဦးနှောက်ရောင်နာရောဂါနှင့် ပတ်သက်သည့် စီမံကိန်းတစ်ခုပြုလုပ်မည်
ဦးနှောက်ရောင်နာ ရောဂါနှင့် ပတ်သက်သည့် စီမံကိန်း တစ်ခု မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် စတင်ပြုလုပ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ဦးနှောက်ရောင်ရောဂါဆို သည်မှာ ဗဟိုအာရုံကြောဖွဲ့စည်း မှုစနစ် ရုတ်တရက်ပြင်းထန်စွာ ရောင်ရမ်းခြင်းကြောင့် ဆက်စပ် နေသော ဦးနှောက်နှင့် အာရုံ ကြောများ၏ ပုံမှန်လုပ်ငန်းစဉ်များ ပျက်ယွင်း၍ ဖြစ်ပေါ်သည့် ရောဂါဖြစ်သည်။ အဆိုပါ ရောဂါများတွင်ရေယုန်ကြောင့် ဖြစ်သော ရောဂါ များ၊ ဂျပန်ဦးနှောက်ရောင်၊ ဦးနှောက်ရောင်နာနှင့် ဦးနှောက် အမြှေးရောင်စသည့် ရောဂါများ ပါဝင်ပြီး အသက် (၁၅) နှစ် အောက်အရွယ်များတွင် ပိုမို အဖြစ်များသည်။
ယင်းစီမံကိန်းကို သုံးနှစ် တာ ရေးဆွဲထား၍ ကျန်းမာရေး ၀န်ကြီးဌာနနှင့် အခြားအဖွဲ့အ စည်းများ ပူးပေါင်းလုပ်ဆောင် မည်ဖြစ်သည်။

ရောဂါရှိသူများ ပဋိသန္ဓေတားဆေး မစားသင့်
ရောဂါရှိသူများ ပဋိသန္ဓေတားဆေး မစားသင့်ရောဂါရှိသူများ ပဋိသန္ဓေ တားဆေး မစားသင့်ကြောင်း ကျန်းမာရေး သုတေသီများ၏ လေ့လာတွေ့ရှိချက် များအရ သိရှိရသည်။ အောက်တွင် ဖော်ပြရေးသားမည့် ရောဂါရှိသူများ ပဋိသန္ဓေတားဆေး သုံးစွဲရန် မသင့်ပေ။
(၁) သွေးပြန်ကြော ပိတ်ရောဂါ၊ ဦးနှောက် သွေးကြောကျဉ်း ရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊
(၂) သားမြတ်ကင်ဆာ ရောဂါရှိသူ
(၃) ဟိုမုန်း(Esirogen)မတည့်သော အကျိတ်ကင်ဆာရောဂါ၊
(၄) အကြောင်းမဲ့ မကြာခဏ သွေးဆင်းရောဂါ၊
(၅) ကိုယ်ဝန်ရှိသည်ဟု သံသယ ဖြစ်နေသူ၊
(၆) အသည်းရောဂါ အမျိုးမျိုးရှိနေသူ ဖြစ်နေသူများသည် ပဋိသန္ဓေ တားဆေးကို သုံးစွဲရန် မသင့်ကြောင်း သတိပြုစေချင် ပါသည်။

Tuesday, 17 March 2015
နားထဲကို ရေ သို့မဟုတ် ဆီထည့်လျှင် နားမှိုစွဲသည့် ရောဂါ ဖြစ်နိုင်
ရာသီဥတု ပူပြင်းတာကြောင့် နားဆီ ခန်းခြောက်တယ် ထင်ပြီး နားထဲကို ရေ ဒါမှမဟုတ် ဆီတစ်မျိုးမျိုး ထည့်တာက နားမှိုစွဲ ရောဂါအပြင် နားကိုက်တာပါ ဖြစ်နိုင်ပါတယ်။
နားဆီက နားပြွန်ထဲမှာ ရှိသလို နားထဲမှာ အဆီကျိတ်တွေနဲ့ နားဖာချေး ထုတ်တဲ့ အကျိတ်တွေလည်း ရှိပါတယ်။ အကျိတ်တွေက ရာသီဥတု ပူလာရင် အဆီ ခြောက်တတ်ပါတယ်။
Monday, 16 March 2015
မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဆယ်မျိုး ဈေးကွက်တွင်းတွေ့ရှိ
မြန်မာနိုင်ငံ တွင် မှတ်ပုံတင်ထားခြင်းမရှိသော ဈေးကွက်အတွင်းရှိ ဆေးဝါး ၁ဝ မျိုး ကို အစားအသောက်နှင့်ဆေးဝါး ကွက်ကဲရေးဦးစီးဌာနမှ စိစစ်တွေ့ရှိ ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်သတင်းများအရ သိ ရသည်။
Sunday, 15 March 2015
ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ

လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာကသင်စားတဲ့အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင် သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ စပျစ်သီး
Friday, 13 March 2015
သွေးကြောပိတ်တာ ကာကွယ်နိုင်တဲ့ တလည်းသီးဖျော်ရည်
သွေးကြောပိတ်တာ ဖြစ်မှာစိုးရိမ် နေရင်တော့ ဆေးဗီရိုမှာ ရှာစရာ မလိုဘဲ မီးဖိုချောင် ဒါမှမဟုတ် စားစရာထားတဲ့ ဗီရိုမှာ ရှာရင် တော့ ပိုပြီးသင့်တော်မှာပါ။ မကြာခင်က ပြုလုပ်ထားတဲ့ သု တေသနပြုချက်တစ်ခုမှာတော့ တလည်းသီးဖျော်ရည်ဟာ နှလုံး ရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ နှလုံး သွေးကြောပိတ်တာကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။
Sunday, 26 October 2014
အစွမ်းထက်မြက် ဒန့်သလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။
ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။
Tuesday, 21 October 2014
သင်အရင်ထက် ၀ိတ်တက်လာတဲ့အခါ ဘယ်လိုအချက်တွေကို သတိထားပြီး ရှောင်ကြဉ်ပြုမူသင့်သလဲဆိုတာ အရေးပါလာပါပြီ။ ထပ်ပြီးဝိတ်မတက်ဖို့ ထိန်းထားရမယ့်အပိုင်းကလည်း အရေးကြီးတာမို့ လုပ်နေကျအပြုအမူတွေထဲက တစ်ချို့ကို သတိထားပြီး မပြုလုပ်မိအောင် ရှောင်ပါ။
၁။နေ့လည်စာ၊ မနက်စာ မစားဘဲ နေတာမျိုးတွေ မလုပ်ပါနဲ့။
မနက်စာ မစားပဲနေလိုက်တာ၊ နေ့လည်စာ မစားပဲ ကျော်လိုက်တာမျိုးတွေဟာ သင့်ကို ရေရှည်အတွက် အဆင်ပြေစေမှာ မဟုတ်ပါဘူး။ တစ်ရက်နှစ်အတွက် ၀ိတ်ကျသွားရင်တောင် ခဏပါပဲ။ ဒါ့အပြင် သင်သတိထားရမယ့်အရာက ဆက်တိုက်စားနေတာမျိုးကိုလည်း မလုပ်ဖြစ်အောင် ရှောင်ပါ။ တစ်ခါစားပြီဆိုရင် ဘာစားသင့်သလဲ၊ ငါ ဒါကိုစားလိုက်ရင် နောက်ထပ်တစ်နာရီလောက်ဆို တစ်ခုခုထပ်စားချင်မှာလား ဆိုတာ တွေးပါ။

Wednesday, 17 September 2014
သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်
ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများကတို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေးငယ် များအား
တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့်
စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း
တင်ပြလိုက်ပါသည်။
တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊
တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည်
Sunday, 14 September 2014
အစိမ်းရောင်အာလူးနှင့် အသက်အန္တရာယ်
ဟင်းတော်တော်များများနှင့် လိုက်ဖက်ကာ၊ စားအိုးကြီးသော မိသားစုအတွက် အာလူးကဟင်း အပွါးခတ်
ပေးသလို၊ အာဟာရ ပြည့်အရသာရှိသလောက်၊ ဈေးနှုန်းလည်းချိုသာတာမို့ အာလူးဟာ အိမ်ရှင်မများအ တွက် လက်စွဲဖြစ်လို့ နေပါတယ်။ သို့ သော် အစိမ်းရောင် အာလူး ရဲ့  အန္တ ရာယ်ကို လူတိုင်းမသိကြသေး ပါဘူး။ ကလိုဖီးလ်ဓာတ်အမြောက်အများပါရှိခြင်းကြောင့် ပုံမှန် အရောင်နှင့်မတူ တမူကွဲပြားနေခြင်းပါ။

Monday, 27 January 2014
Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား
• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။

Tuesday, 21 January 2014
ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။
လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
Tuesday, 3 December 2013
ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းနှင့် အတူနေလျှင် ဘာဖြစ်မလဲ

Q 1: ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ ဆက်ဆံလို့ ရပါသလား။ တကယ်လို့ ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။
Q 2: ဆရာ Post တခုမှာ ဖတ်လိုက်ရတဲ့ ကိုယ်ဝန် ပထမ ၃ လမှာ ယောက်ကျားနဲ့ အတူတူနေလို့ မရဘူးဆိုပြီး။ အခု ကိုယ်ဝန်က ၂ လ လောက် ရှိနေပါပြီ။ သားဦးဆိုတော့ အတွေ့ အကြုံမရှိဘူး ဖြစ်နေလို့ပါ။
တကယ်လို့ အတူတူနေလို့ ရတယ်ဆိုရင် ဘယ်လို ပုံစံမျိုးက ကိုယ်ဝန်ဆောင်တွေ အတွက် အဆင်ပြေနိုင်မလဲ ဆိုတာပါ ပြောပြပါနော်။

Subscribe to:
Posts (Atom)