Sunday, 24 November 2013
Baby Boy ကလေးမွေးရင် (ယောက်ျားလေး) ရချင်သလား
Boy Diet ယောက်ျားလေးရစေမဲ့ အစားအသောက်တွေဆိုတာကို အရပ်စကား ပြောကြတာရှိတယ်။
• အသား၊ အထူးသဖြင့် အမဲသား၊ ဆိတ်သား၊
• ဆားပါတဲ့ သွားရည်စာ၊ ဥပမာ အာလူး (ချစ်ပ်)၊
• (ကေဖင်း) ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်။
အပျိုဖော် ဝင်စနှင့် လူပျိုဖြစ်စ ဆောင်ရန်-ရှောင်ရန်များ
ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ဆေးပညာ ရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅^၁၆ နှစ်အထိကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂နှစ်မှ ၁၈^၁၉ နှစ်အထိကို ဆယ်ကျော်သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျ အားဖြင့် သတ်မှတ်ထားကြပါသည်။
Friday, 22 November 2013
ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း
ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။
22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း
တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင်လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။
အကျိုးပေးဂဏန်းမှာ - ၅၊ ၁၊ ၉။
အထူးဟော - မုချ အောင်မြင်မှုရမှာပါ။
ယတြာ     - အိမ်ဘုရားကို တနင်္ဂနွေ နံနက်တွင် ကောင်ညှင်းပေါင်းနှင့် အကြော် (၁၀) ခု ဖြင့်ကပ်လှူ၍ ဆုတောင်းပါ။
“သတင်းထောက် ဆိုတာ ဆုရဖို့ လုပ်တာ မဟုတ်ဘူး”
အမျိုးသမီးသတင်းထောက်, အခက်အခဲ, ကျား၊ မ ခွဲခြားခံရမှု, ဂုဏ်ပြုဆု
Missouri School of Journalism ၂၀၁၃ခုနှစ်အတွက် ပေးအပ်သည့် ဂုဏ်ပြုဆုရရှိသူများ (ဓာတ်ပုံ – ဒေါ်အေးအေးဝင်းထံမှ)
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Missouri School of Journalism က ၂၀၁၃ ခုနှစ် အတွက် သတင်းသမားတွေကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။  Missouri Honor Medal for Distinguished Service လို့ခေါ်တဲ့ အဲဒီဆုကို ကမ္ဘာတ၀ှမ်းက သတင်းသမား ၇ ဦးက ရရှိခဲ့ပြီး အဲဒီ သတင်းသမားတွေ ထဲမှာ မြန်မာနိုင်ငံက အမျိုးသမီး သတင်းထောက် တယောက်လည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က မစ်ဆူရီတက္ကသိုလ်မှာ ဂုဏ်ပြုချီးမြှင့်ပွဲ လုပ်ခဲ့ရာမှာ မြန်မာက ဒေါ်အေးအေးဝင်းက ဆုလက်ခံရယူခဲ့ပါတယ်။ ဒေါ်အေးအေးဝင်းဟာ ကမ္ဘာ့သတင်းဌာန တစ်ခုဖြစ်တဲ့ အေပီသတင်း ဌာနက မြန်မာနိုင်ငံအခြေစိုက် သတင်းထောက်ပါ။
ကမ္ဘာ့ အထူးဆန်းဆုံး အားကစားနည်း (၃) မျိုး
၁။ သေမင်းတမာန် ဆိုင်ကယ်စတန့် 
သမာရိုးကျအားကစားနည်းတွေနဲ့ မတူဘဲ တစ်မူထူးခြားတဲ့အားကစားနည်းတွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ 
အကျော်ကြားဆုံးအားကစားနည်းတစ်ခုဖြစ်တဲ့ သေမင်းတမာန်ဆိုင်ကယ်စတန့် လည်းအပါအ၀င်
ဖြစ်ပါတယ်။ အမေရိကန်ကနေဆင်းသက်လာတဲ့ ဒီဆိုင်ကယ်စတန့် ပြနည်းဟာ ၁၉၉၀
ကျော်ခုနှစ်တွေမှာအလွန်လူကြိုက်များခဲ့ပြီး အခုထက်ထိ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်နေ
အချင်းပေ ၃၀ ကျော်ရှိတဲ့ ဆလင်ဒါပုံ ပြိုင်ကွင်းထဲမှာ ပါဝင်ဖျော်ဖြေကျတဲ့ စတန့် သမားတွေက
ဆိုင်ကယ်ကိုရေပြင်ညီ ပတ်စီးပြပြီး အသည်းယားစရာ စတန့် အမျိုးမျိုးကို ပြကြပါတယ်။
အာဆီယံဥက္ကဋ္ဌ တာဝန်ကို သမ္မတဦးသိန်းစိန် တစ်ဦးတည်းအား ပေးအပ်ခြင်း မဟုတ်ပါ
ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်၊ နိုင်ငံအချင်းချင်း ရိုင်းပင်း ကူညီရန်၊ ဒေသတွင်း တည်ငြိမ်မှု ရရှိစေရန်၊ ရည်ရွယ်ချက်ချင်း တူညီသော အခြားအပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (The Association of South-East Asian Nations) ကို ၁၉၆၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ မူလ ဖွဲ့စည်းစဉ်က ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့ ပါဝင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၅ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် လာအိုနှင့် မြန်မာနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့ အသီးသီး အသင်းဝင်များ ဖြစ်လာကြပါသည်။
မေမြတ်မွန်ရဲ့မင်္ဂလာဆောင်
ဂီတလောကထဲကမဟုတ်ဘဲ ထင်ရှားနေတဲ့အဆိုတော်က မေမြတ်မွန် ဖြစ်ပါတယ်။ သူ့မင်္ဂလာဆောင်ကို သူနေထိုင်ရာ သြစတေးလျနိုင်ငံ  ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ပါတယ်။  
ရခိုင်ကလေးငယ် ၂ ဦး သေဆုံးမှု မသင်္ကာသူများ ရဲခေါ်စစ်
 ကောလဟလ, မသင်္ကာသူ,  ရခိုင်, တိုင်းရင်းသား, မွတ်စလင်, လူသတ်မှု 
ကောလဟလများ ဖြန့်ပြီး အကြမ်းဖက်မှု ဖန်တီးနိုင်သောကြောင့် စစ်တွေ အနီးတဝိုက် လုံခြုံရေးတင်းကြပ် ထားသည် (ဓာတ်ပုံ – Reuters)
Thursday, 21 November 2013
“ ဘုရားလောင်း မိန်းမဘဝ ဖြစ်ဖူးမဖြစ်ဘူး ”
“ ဘုရားလောင်း မိန်းမဘဝ ဖြစ်ဖူးမဖြစ်ဘူး ”
 ဂေါတမဘုရားအလောင်း နုစဉ်ကာလတွင် မိန်းမဘဝဖြစ် 
မဖြစ်နှင့် ဖြစ်သည်ရှိသော် ဘယ်နှစ်ကြိမ် ဖြစ်ပါသနည်းတဲ့ 
ဘုရားအလောင်းတော်ကိုခေတ်နှစ်ခေတ်ခွဲပြီး ပြရမှာပဲ၊ 
ခေတ်နှစ်ခတ်ဆိုတာက -
(၁) နိယတဗျာဒိတ်မရသေးသော နုသောဘုရားအလောင်းတော်ခေတ်၊
(၂) နိယတဗျာဒိတ်တော်ရပြီးသော ရင့်သောဘုရားအလောင်းတော်ခေတ်-
များပေါ့၊အဲသည် ခေတ် ၂-ပါးနက် ငါသည် သစ္စာလေးပါးကို ကိုယ်တိုင် 
ထူးသောဉာဏ်ဖြင့် သိမြင်တဲ့ ဗုဒ္ဓဘုရားဖြစ်လျှင်ကောင်းမှာပဲလို့ စိတ်ဖြင့် 
ဘုရားဆုကို တောင်းသော မနောပဏိဓိခေတ်၊ စိတ်ဖြင့် ဆုတောင်းရုံမျှ
မကဗုဒ္ဓဘုရားဖြစ်ရပါလို၏လို့ နှုတ်က မြွတ်ဆိုဆုတောင်းတဲ့ ဝါစာပဏိဓိ
ခေတ်၊ သည်ခေတ်နှစ်ခုတို့ဟာနိယတဗျာဒိတ် မရရှိသေးတဲ့ နုသော 
ဘုရားအလောင်း ခေတ်ဖြစ်တယ်။
သောတတ္ထကီကျမ်းရဲ့ အလိုအားဖြင့်ဘုရားအလောင်း မာတုပေါသက ဘဝ
မှစ၍ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝအထိ (၇)သင်္ချေကာလအတွင်း
ဟာ မနောပဏိဓိခေတ်ဖြစ်တယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဘဝက 
နိယတဗျာဒိတ်ခံတဲ့ သုမေဓာရသေ့ဘဝအထိ(၉)အသင်္ချေကာလအတွင်းဟာ 
ဝါစာပဏိဓိခေတ်ဖြစ်တယ်။
သည် နှစ်ခေတ်အတွင်း ဘုရားလောင်းရဲ့ဘဝဟာ ဧကန်ဘုရားဖြစ်ဖို့ မသေ
ချာဘူး၊ အကြားကာလမှာ သာဝကဘဝနှင့် ကျွတ်တမ်းဝင်ချင်လည်း ဝင်
တက်တယ်၊ပဏိဓိ(ဆုတောင်း) ပြောင်းချင်လည်း ပြောင်းသွားတက်တယ်၊ 
ဒါကြောင့် ဘဝလည်း မသေချာဘူး၊ အဝီစိရောက်ချင်လည်းရောက်မယ်၊ 
ဗြဟ္မာဖြစ်ချင်လည်း ဖြစ်မယ်၊ မိန်းမဖြစ်ချင်လည်း ဖြစ်မယ်၊ ယောင်္ကျားဖြစ်
ချင်လည်းဖြစ်မယ်၊ သူ့ရဲ့ ကံအားလျော်စွာ ယောက်ျားအကြိမ်မည်မျှ၊ မိန်းမ
အကြိမ် မည်မျှလို့ ရေတွက်ပိုင်းခြားဖို့လည်း မလွယ်ဘူး”
“သုမေဓာ ရသေ့ဘဝမှာ နိယတဗျာဒိတ် ခံယူပြီးတဲ့နောက်ယခု ဂေါတမ 
ဘုရားဖြစ်တေယ်မူသည့် တိုင်အောင် လေးအသင်္ချေနှင့်  ကမ္ဘာတစ်သိန်း 
ကာလအတွင်းကတော့ စိတ်ညွတ်ရုံ နှုတ်မြွတ်ရုံမကတော့ဘူး၊ကိုယ်ရော, 
နှုတ်ရော, စိတ်ရော အားလုံးကုန် ညွတ်လာခဲ့ပြီ၊ ပါရမီအင်အားလည်း 
ကောင်းသည်ထက်ကောင်းလာခဲ့ပြီ၊ ဥပမာအားဖြင့် ဧကန် အပင်ပေါက်မည့် 
ရင့်ကျက်တဲ့ မျိုးစေ့ကို ပိုးစသော အန္တရာယ်များ မဖျက်ဆီးနိုင်သလို၊ 
ရင့်ကျက်တဲ့ဘုရားလောင်းရဲ့ ဘဝဟာလည်း ဇစ္စန္ဓ, ဇစ္စဗဓိရ စတဲ့ အန္တရာယ်
မျိုး မဖြစ်တော့ဘူး၊ သည်လို မဖြစ်နိုင်တာကိုအဘဗ္ဗလို့ ခေါ်တယ်ကွယ့်၊ 
အဲသည် အဘဗ္ဗဋ္ဌနဟာ (၁၈)ပါး ရှိကြောင်း(သုတ္တနိပါတ်၊ ဋ္ဌ၊ ပ၊ ၄၅)မှာပြဆို
ထားတယ်။
                    ဘုရားအလောင်းမဖြစ်နိုင်တဲ့အဘဗ္ဗဋ္ဌာန ၁၈-ပါး
                   (၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊
                   (၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊
                   (၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊
                   (၄) စကားမပြောတက်သော သူအ မဖြစ်နိုင်ဘူး၊
                   (၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊
                   (၆) လူရိုင်း မဖြစ်နိုင်ဘူး၊
                   (၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊
                   (၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊
                   (၉) လိမ် မပြောင်းလွဲနိုင်ဘူး၊
                   (၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊
                   (၁၁) နူသောသူ မဖြစ်နိုင်ဘူး၊
                   (၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊
                   (၁၃) မစားမသောက်ရလို့  အမြဲ ဆာလောင် မွတ်သိပ်ရတဲ့ ခုပ္ပိပါသိက 
ပြိတ္တာမျိုး၊ခန္ဓာကိုယ် အမြဲမီးလောင်နေလို့ အပူဒဏ်ခံနေတဲ့ နိဇ္ဈာမတဏှိက ပြိတ္တာမျိုး၊
ခံတွင်း အပ်နဖားလောက်နဲ့ ကိုယ်ခန္ဓာ သုံးဂါဝုတ်လောက်ရှိတဲ့ ကာလကိဥ္စိက 
အသုရာမျိုး မဖြစ်နိုင်ဘူး၊
(၁၄)အဝီစိငရဲနှင့် လောကန္တရိငရဲမှာ မဖြစ်နိုင်ဘူး၊
(၁၅)ကာမဝစရနတ်ဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဗြဟ္မာ 
မဖြစ်နိုင်ဘူး၊
(၁၆)ရူပဝါစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါသဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၇)အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၈)သည် စကြာဝဠာတစ်မှတစ်ပါး အခြားစကြဝဠာမှာ မဖြစ်နိုင်ဘူး။
သည် ၁၈-ပါးသောဋ္ဌာနဟာနိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရား
အလောင်းများမဖြစ်နိုင်တဲ့  ဋ္ဌာနများ ဖြစ်ကြတယ်၊ သည် ၁၈-ဋ္ဌာန အနက် 
အမှတ်(၉)အရ(နဿ လိင်္ဂံ ပရိဝတ္တလိ) လိမ်မပြောင်းလွဲနိုင်ဘူးဆိုတာ
ပါတယ်ကွယ့်၊ သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူစဉ်က (ပုရိသ
ဘာဝ) ယောက်ျားဘဝဖြစ်တယ်၊အဲသည် ယောက်ျားဘဝဟာ ဗုဒ္ဓဘုရား
ဖြစ်သည့်တိုင်အောင် မပြောင်းလဲနိုင်ဘူး။
အကျဉ်းချုပ်ပြီး ဖြေရလျှင် ဂေါတမဘုရားအလောင်းဟာ အလွန်နုတဲ့ မနောပဏိဓိ
ခေတ်,ဝါစာပဏိဓိခေတ်မှာ မိန်းမဖြစ်ခဲ့ဖူးပါတယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီး
ဟာ ဂေါတမဘုရား အလောင်းပါပဲ၊မိန်းမဘဝပေါင်း ဘယ်မျှ ဖြစ်တယ်ဆိုတာ အသေ
အချာ ကျန်းညွှန်းချက် မရှိပါဘူး၊ နိယတဗျာဒိတ်ရပြီးဂေါတမဘုရား ဖြစ်သည့်တိုင်
အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ဘုရားအလောင်းတော်ဟာ 
ယောက်ျားဘဝမှ ပြောင်းလဲခြင်း မရှိပါဘူး။
- နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ - 
တည်တောဆရာတော်ကြီး)ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ 
အတွဲ(၂)  (စာမျက်နှာ ၆၅ - ၆၈ )  မှ ကောက်နုတ်ပူဇော်ပါသည်။
ဓမ္မဒါန - ထေရ၀ါဒရနံ့
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
ဂေါတမဘုရားအလောင်း နုစဉ်ကာလတွင် မိန်းမဘဝဖြစ်မဖြစ်နှင့် ဖြစ်သည်ရှိသော် ဘယ်နှစ်ကြိမ် ဖြစ်ပါ သနည်းတဲ့ ဘုရားအလောင်းတော်ကိုခေတ်နှစ်ခေတ်ခွဲပြီး ပြရမှာပဲ၊ ခေတ်နှစ်ခတ်ဆိုတာက -
စတုတ္ထမဏ္ဍိုင်ရဲ့ ထာဝရ တာဝန်နဲ့ မီဒီယာများ အသွင်ပြောင်းချိန်
မီဒီယာ, စာနယ်ဇင်း, DVB
၂၀၁၂ ခုနှစ် ဧပြီလမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက တနည်းအားဖြင့် အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေး စည်းဝိုင်းထဲ ၀င်ပြီးကတည်းက စတင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး အသွင် ကူးပြောင်းမှုကာလဟာ အတော်အရှိန်ရနေပြီလို့ အကဲခတ် အတော်များများက ဆိုပါတယ်။ ဒါပေမယ့် အသေအချာ လေ့လာမယ်ဆိုရင်တော့ ၂ နှစ် နီးပါး ကြာလာတဲ့အထိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ မဏ္ဍတိုင်ကြီး ၃ ခုဟာ အခုချိန်အထိ သိပ်အသွင် မပြောင်းနိုင်သေးတာကို တွေ့ရနိုင်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် ပတ်သက်၍ အနုပညာရှင် တို့၏ သဘောထား
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဂဃနဏ လေ့လာကြည့် လျှင် လုပ်ထုံး လုပ်နည်း များအရ ပြု ပြင်၍ မရလောက်အောင် စီမံ ရေးသား ထားသည်ကို တွေ့ရပါ သည်။ ဓမ္မဟောင်း ကျမ်းတွင်လည်း ထာဝရ ဘုရား ကမန်တော်မော ရှေကို လူသားတို့ အကျိုးငှာ ပညတ်တော် တရား ၁ဝပါး ချမှတ် ပေးခဲ့ဖူးသည်။ ပြုပြင်၍ မရ စကောင်းသော ထိုပညတ်တော် ၁ဝပါးကိုပင် ထာဝ ရဘုရား ကိုယ်၌က သားတော် သခင် ယေရှုအား ကာလဒေသပေ ယောဂနှင့် အညီလောက ကို ထပ်မံစေလွှတ် ၍ ထို ပညတ် တရား တို့၏ အနှစ်ချုပ်  ‘မေတ္တာ တရားဖြင့်သာ’ လောက၏ အကျိုး၊ လူအဖွဲ့အစည်း ၏ စည်းနှောင်မှုသည် တည်တံ့နိုင် မည်ဖြစ် ကြောင်း သတင်းကောင်း ပျံ့နှံ့စေ ခဲ့လေ၏။ 
♥ ♥ ♥ မင်္ဂလာပွဲအကြို စိတ်ကူးပုံရိပ်များနဲ့ ဝိုင်းစုခိုင်သိန်း ♥ ♥ ♥
‘မက်လောက်စရာ’ တေး စီးရီးနဲ့ ဂီတအနုပညာမှတ်တိုင် စိုက်ထူခဲ့သူ ဖြစ်ပြီး ‘မျက်လှည့်’  တေးစီးရီး၊အခုနောက်ဆုံး ထွက် ရှိခဲ့တဲ့ ‘အာဘွား’ တေးစီးရီးတို့ ဖြင့် ဂီတချစ်သူေ တွရဲ့အားပေးမှုကို အခိုင်အမာရ ရှိနေသူ သရုပ်ဆောင်အဆိုတော်ဝိုင်းစုခိုင်သိန်း က အမေရိကက ချစ်သူဥက္ကာကြူနဲ့ ၂ဝ၁၄ ဖေ ဖော်ဝါရီလမှာ  မင်္ဂလာပွဲဆင်နွှဲတော့မှာ ဖြစ် ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ မနက်ပိုင်း ဆီဒိုးနားဟိုတယ်မှာ စုလျားရစ်ပတ် ဘိသိက် မင်္ဂလာပွဲ၊ ညပိုင်းကန်တော်ကြီးပဲလေ့စ်ဟို တယ်မှာ မင်္ဂလာညစာ စားပွဲပြုလုပ် မှာဖြစ်သလို ဖေဖော်ဝါရီ လဆန်းမှာလည်း လက်မှတ်ရေးထိုး ပွဲ၊မင်္ဂလာဦးဆွမ်းကျွေးပွဲ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ မကြာမီဘဝတစ်ခုကို အတူလက် တွဲကာ   လျှောက်လှမ်းကြတော့မယ့် လိုက်ဖက်တဲ့ စုံတွဲ ဥက္ကာကြူနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ စကားသံ များကိုလည်း မင်္ဂလာသတို့သား၊ သတို့သမီးတို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံရိပ်များဖြင့် ရိုက်ကူးတင် ဆက်ဖော်ပြလိုက်ပါတယ်။
နီထောင့်စီငါးမှာ ပီတူ တမီတ ဖြစ်မီလဲ ဝတိလယ်
တစ်နေ့သ၌…
ဝေးမြေရပ်ခြား၊ တိုင်းတစ်ပါးသား ဖြစ်သော ပေါက်ဖော်ကြီးတစ်ဦးသည် မြန်မာစကားသင်ရန် အမိမြန်မာပြည် ကြီးသို့ ရောက်ရှိနေသခိုက်၊ ပေါက်ဖော် ကြီး တည်းခိုရာ အိမ်နှင့် မောင်မာန် နေသော အိမ်သည် မြို့ရွှေဒလတွင် ခပ်နီးနီးတည်ရှိသဖြင့်၊ ပေါက်ဖော်ကြီး သည် ဗမာစကာြး<ွကယ်ဝစေခြင်းငှာ၊ မောင်မာန့်ထံလာ၍ စကားလေ့ ကျင့်ခန်း ဆင်းတော့သတတ်။
မြန်မာ့ဆေးဖက်ဝင် ထိကရုံးပင်
မြန်မာ့ဆေးဖက်ဝင် ထိကရုံးပင်
=================
Item Name ------- Sensitive plant (ထိကရုံးပင်)
Category ---------- Raw Material
Botany Term ----- Mimosa pudica Linn
Species Family --- Mimosaceae
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။
အပင်
ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ အရိုင်းပေါက်ပင် ဖြစ်၍ ဆူးရှိ၏။ အခက်အလက်များတွင် အမွေးကြမ်းများ ရှိ၏။ ရိုးတံ နီ၏။
အရွက်
ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ထိခဲ့သော် တွန့်ရှုံ့သွား၏။ ရွက်ညှာ မရှိသလောက် ဖြစ်၏။ ရွက်မြွာများသည် ကျဉ်းမြောင်း၍ ရှည်မျောမျော ပုံဖြစ်ပြီး ရွက်ပြား ပြောင်ချော၏။
အပွင့်
အပွင့်သေး၍ ပန်းရောင်ရှိသည်။ ပန်းခိုင်ထီးတည်း ထွက်၏။ ပန်းခိုင်ထိပ်တွင် ပန်းပွင့်များ ဘောလုံးသဏ္ဌာန် စုပြုံပွင့်၏။ နန်းလုံးကြိုင်ပွင့်နှင့် တူသည်။ ၀ါခေါင်၊ တော်သလင်းလ တွင် ပွင့်သည်။
အသီး
၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် သီးသည်။
အသုံးဝင်ပုံ
အရွက်၊ အမြစ်၊ ပဉ္စငါးပါး။
အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ထိကရုံးသည် ခါး ဖန်သော အရသာ ရှိ၏။ အေးသော သတ္တိရှိ၏။ သလိပ် သည်းခြေ တို့ကို ငြိမ်းစေ၏။ 
အရွက်အသုံးပြုပုံ
 ၁။ အရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။  
၂။ မြင်းသရိုက် လိပ်ခေါင်းရောဂါ အတွက် အရွက်ကို အမှုန့်ပြု၍ နို့နှင့်သောက်လျှင် ပျောက်၏။ 
အမြစ်အသုံးပြုပုံ
၁။ အမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။  
၂။ အမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌ တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။
ပဉ္စငါးပါးအသုံးပြုပုံ
၁။ ပဉ္စငါးပါး ကို ကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။
၂။ ရောင်အမ်းသော အနာ ဖြစ်က ထိကရုံး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။
၃။ သွေးအန်၊ သွေးကျ၊ ၀မ်းရောဂါ ပျောက်ဆေး၊ ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ် ဖော်စပ် အသုံးပြု၏။
မြန်မာ့ဆေးဖက်ဝင်အပင်များ
Item Name ------- Sensitive plant (ထိကရုံးပင်)
Category ---------- Raw Material
Botany Term ----- Mimosa pudica Linn
Species Family --- Mimosaceae
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။
မြန်မာ့ဆေးဖက်ဝင် ဒန္တသုခပင်
မြန်မာ့ဆေးဖက်ဝင် ဒန္တသုခပင်
=================
Item Name           Sweet Broomweed (ဒန္တသုခ)
Category              Raw Material
BotanyTerm          Scoparia dulcis Linn
Species Family     Scrophulariaceae
မြန်မာနိုင်ငံ နေရာ အနှံ့အပြား တွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။
တစ်နှစ်ခံ ပင်ပျော့ပင် မျိုးဖြစ်သည်။ အရွက်သည် ရွက်ဆိုင် ထွက်၍ သေးငယ်ပြီး လှံစွပ်ပုံ ထွက်သည်။ ရွက်ရင်း သည် အနည်းငယ် ချွန်သည်။ ရွက်နား ညီသည်။ အပွင့်သည် အစိမ်းရောင် သန်း၍ အဖြူရောင် ပွင့်ငယ် ကလေးများ ဖြစ်သည်။ အသီးသည် လှံရှည် ပုံဏ္ဌာန် ဖြစ်သည်။ 
အပင်
တစ်နှစ်ခံ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁-၃ ပေ ခန့် ထိရှိသည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်း အခက် လေးထောင့် သဏ္ဌာန် ရှိ၍ သေးငယ်ပြီး အစိမ်း ရောင် ရှိသည်။ ပင်စည် အရင်းပိုင်း နားတွင် အပွေး အနည်းငယ် ရှိသည်။ ပင်စည် ပေါ်ရှိ အဆစ် ကလေး များမှ ကိုင်းဖြာ ထွက်သည်။ 
အရွက်
၃ ရွက်ဆိုင် ထွက်သည်။ အလျား ၁ လက်မခန့် ထိရှည်၍ အရွက် အထက်ပိုင်း အနားတွင် ခွေးသွားစိပ် များရှိပြီး အရွက်အောက် ဘက်ပိုင်း အနား ညီသည်။ ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ ရွက်ပြား ချောသည်။အပွင့်- စိမ်းရောင် သမ်းသော အဖြူရောင်ရှိ၍ အလွန် သေးငယ်သည်။ 
အသီး
အက်ကွဲသီး ဖြစ်သည်။ အခန်း လေးခန်းပါ၍ အခန်းတစ်ခန်း စီ၌ သေးငယ်သော အညိုရောင် အစေ့ ကလေးများ မြောက်မြားစွာ ပါရှိသည်။ 
အမြစ်
ရေသောက်မြစ် အနည်းငယ် တုတ်၍ ရှည်လျားပြီး ယင်းမှ ဘေးမြစ်များ ဖြာထွက်သည်။ ဘေးမြစ်များ တွင် သေးငယ်သော မြစ်မြွှာ ကလေးများ ရှိ၏။ အမြစ် အပေါ်ယံ နူးညံ့သော အခွံဖြင့် ဖုံးအုပ်နေ၍ အတွင်းသား မာကျောသည်။ ညိုဝါရောင် ရှိသည်။
အသုံးဝင်ပုံ
ပဉ္စငါးပါး၊ အရွက်၊ အမြစ်။
အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ ဒန္တသုခ ပင်သည် ချုပ်၏၊ စေးချွဲ၏။ တုန်တက်တတ်သော အဖျား ရောဂါ အတွက် အသုံးပြု၏။ သွားကိုက် ရောဂါ ကုသရာ တွင် အထူး အကျိုးပြု၏။ အမြစ် သည် ရာသီသွေး လွန်ခြင်း၊ ညောင်းကျခြင်း တို့ကို နိုင်၏။ ဖြေဆေး အဖြစ်လည်း သုံးနိုင်၏။ အရွက် သည် အဖျားရောဂါ တို့ကို နိုင်၏။ 
ပဉ္စငါးပါးအသုံးပြုပုံ 
၁။ ဒန္တ သုခ ပြုတ်ရည်နှင့် အမြစ်သည် သွားကိုက် ရောဂါ အတွက် အလွန်ကောင်း သောဆေး ဖြစ်၏။  
၂။ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ အမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။
၃။ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။
၎။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။
၅။ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊ 
အရွက်အသုံးပြုပုံ 
၁။ အရွက်ကို အဖျား ရောဂါ ပျောက်ဆေး ၊ အော့အန် သော ရောဂါ ပျောက်ဆေး၊ ဖြေဆေး အဖြစ် ဖော်စပ် အသုံးပြုရ၏။ 
အမြစ်အသုံးပြုပုံ 
၁။ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။  
၂။အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏။
မြန်မာ့ဆေးဖက်ဝင်အပင်များ
Item Name Sweet Broomweed (ဒန္တသုခ)
Category Raw Material
BotanyTerm Scoparia dulcis Linn
Species Family Scrophulariaceae
မြန်မာနိုင်ငံ နေရာ အနှံ့အပြား တွင် ပေါက်ရောက်သည်။သဘာဝ အလျောက် ပေါက်ရောက်သည်။
တစ်နှစ်ခံ ပင်ပျော့ပင် မျိုးဖြစ်သည်။ အရွက်သည် ရွက်ဆိုင် ထွက်၍ သေးငယ်ပြီး လှံစွပ်ပုံ ထွက်သည်။ ရွက်ရင်း သည် အနည်းငယ် ချွန်သည်။ ရွက်နား ညီသည်။ အပွင့်သည် အစိမ်းရောင် သန်း၍ အဖြူရောင် ပွင့်ငယ် ကလေးများ ဖြစ်သည်။ အသီးသည် လှံရှည် ပုံဏ္ဌာန် ဖြစ်သည်။
အာဟာရထမင်းရည်
ထမင်းစားသော မြန်မာလူမျိုးတိုင်းသည် ဆန်နှင့် ထမင်းချက်စားလေ့ ရှိသည်။ ဆန်တွင် အာဟာရဓာတ် များစွာပါသည်။ အာဟာရဓာတ်သည် လူကို ခွန်အား ဖြစ်စေသည်။ သွက်လက် ကျန်းမာစေ သည်။ ရောဂါဘယကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးသည်။ အာဟာရဓာတ်ကြောင့် ဥာဏ်ရည် ကောင်း မွန်စေ၍ စဉ်းစားဥာဏ်ကို ရင့်သန်စေ၏။ တွေးခေါ်မြော်မြင်ရာတွင် အလွယ်တကူ ချောမောပြေပြစ်စေ၏။ လုပ်ငန်းခွင်တွင် မမောမပန်းဘဲ အလုပ်ကို လုပ်ကိုင်နိုင်၏။
မြန်မာအမျိုးသမီးများကို အဓိကထားပြီး မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေးမိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်အစိုးရ အဖွဲ့ထံ အကြောင်းကြားစာ ပေးပို့
U.21.11
ရွှေလီဘက်တွင် ဖြန့်ဝေနေသော အိမ်ထောင်ရေး မိတ်ဆက် လက်ကမ်းစာစောင်အား တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်တွင် ဖြန့်ဝေနေသော မိတ်ဆက် လက်ကမ်းစာစောင်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရုတ်အစိုးရထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ မြန်မာအစိုးရအပေါ် တိုက်တွန်းချက်ကို အစိုးရနှင့် ပြည်သူလူထုက လက်မခံနိုင်ကြောင်း တုံ့ပြန်၊ တည်ဆဲ ဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်
V.21.11
ရခိုင်ပြည်နယ် စစ်ကဲပြင်ကျေးရွာနှင့် ဆင်တက်မော်ကျေးရွာတို့တွင် သက်ဆိုင်ရာက လူဦးရေ စာရင်း ကောက်ခံမှုအတွက် လိုအပ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်
ရိုဟင်ဂျာများကို နိုင်ငံသား ဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား တိုက်တွန်းခဲ့သည့်အဆိုကို လက်မခံကြောင်းနှင့် တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆုံးဖြတ်မည်ဟု အစိုးရနှင့် ပြည်သူလူထုက တုံ့ပြန်ပြောကြားခဲ့သည်။
Wednesday, 20 November 2013
ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့
 Photo: ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့
--------------------
ရေးသားသူ- အိဖြူလွင်
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။
“အုပ်ချုပ်ရေးပိုင်းက အကောင်းဆုံးလုပ်နေပါတယ်ဆိုတာကို ပြောနေရုံနဲ့ မလုံလောက်ဘူးထင်ပါတယ်။ အကောင်းဆုံးဆိုတာက လုံလောက်အောင် ကောင်းဖို့လည်း လိုပါသေးတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကို ထိုသို့ဝေဖန်လိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများကို ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်   လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။
ထို့အပြင် ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားစားပွဲဝိုင်း ဒုတိယတန်းတွင် နေရာချထားပေးမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က နိုင်ငံတကာအလယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးလိုခြင်းကို ထင်ထင်ရှားရှားပြသခြင်းဖြစ်သည်ဟု ဝေဖန်ယူဆကြသည်။
နိုဝင်ဘာလဆန်းက ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်ရန် အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းအပေါ် “ဒီလိုပြည်သူကို အသိမပေးဘဲ လုပ်တာကလည်း အာဏာရှင်စနစ်က အမွေဆိုးတွေရဲ့ အငွေ့အသက်မကုန်သေးဘူးလို့ပဲ ပြောရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။
“အုပ်ချုပ်ရေးအပိုင်းမှာ ပိုပြီးထင်သာမြင်သာ ရှိစေချင်ပါတယ်။ နိုင်ငံတော်အစိုးရက ဘာတွေလုပ်ဖို့ရည်ရွယ်နေလဲ။ ဘယ်သူတွေနဲ့ ဆွေးနွေးဖို့ရှိနေလဲ။ လွှတ်တော်မှာ ရောက်နေတဲ့သူတွေက ဒီလိုကိစ္စမျိုးမှာ ပိုပြီးအားသာမှုရှိပါတယ်”ဟု ဥရောပသမဂ္ဂနှင့်ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်လုပ်ဆောင်မှုကို ပွင့်လင်းမြင်သာသည်ဟု ဆိုခဲ့သည်။
၎င်းနေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသော သုံးနှစ်ပြည့်နေ့တွင်လည်း အဆိုပါသုံးနှစ်တာကာလအတွင်း လွှတ်တော်၏လုပ်ငန်းများကို ကျေနပ်မှုရှိသည်ဟု ပြောကြားခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်လာပြီး အစိုးရအဖွဲ့နှင့် ဆက်ဆံရေးပိုမိုဝေးကွာလာသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။
“သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဝေဖန်တာတွေ၊ အပြစ်ဖို့တာတွေ များလာတာဟာ ဦးရွှေမန်းနှင့် ဒေါ်စု ပိုနီးစပ်ဖို့ တွန်းအားပေးတဲ့သဘောဖြစ်နေတယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမရောက်ခင်က ပထမဆုံးဦးသိန်းစိန်နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက နားလည်မှုတွေရခဲ့တယ်ဆိုပေမယ့် ရင်းရင်းနှီးနှီးမရှိခဲ့ဘူး ပြောရမှာပေါ့။ လွှတ်တော်ထဲရောက်ပြီးတဲ့အခါကျတော့ ဦးရွှေမန်းနဲ့ပိုရင်းနှီးသွားပြီး ဦးသိန်းစိန်နဲ့ကဝေးသွားတယ်”ဟု သံလွင် Citizen Enpowerment Program မှ ဦးဇော်မင်းကျော်ကပြောသည်။
သို့သော် “ကြီးသုံးကြီးကတော့ နားလည်မှုတွေ အပေးအယူတွေနဲ့လုပ်သွားမှ ဒီမိုကရေစီလမ်းကြောင်းက ဖြောင့်ဖြူးနိုင်မယ်။ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးဇော်မင်းကျော်ကဆိုသည်။
ထို့အပြင် အဆိုပါပုဂ္ဂိုလ်အားလုံးသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသာဖြစ်ပြီး မည်သူကပိုပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်သည်ဆိုခြင်းကို ကြည့်ရမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။
“သမ္မတနဲ့ လွှတ်တော်နာယက အားပြိုင်တာ ဒါပြည်ခိုင်ဖြိုးပါတီတွင်းက အားပြိုင်မှုပဲ။ ဒီလိုအားပြိုင်မှုမျိုးက နိုင်ငံတကာမှာလည်းရှိတယ်။ ခေတ်အဆက်ဆက်လည်းရှိခဲ့တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသြဇာထူထောင်တာမျိုးဆိုရင်တော့ ဆန့်ကျင်ရမယ်”ဟု ဦးဂျင်မီက အားပြိုင်နေမှုများနှင့်ပတ်သက်၍ ဆက်လက်ပြောကြားသည်။
အာဏာရှင်စနစ်သည် တစ်ယောက်တည်းတွင် အာဏာရှိနေခြင်းကြောင့် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝေဖန်မှုများနှင့် သုံးစုကွဲနေသည့်စနစ်ကို ကျင့်သားရရန် ကြိုးစားဖို့လည်းလိုသည်ဟု ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သည့် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးရဲမြတ်သူကပြောသည်။
ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားဟူ၍ ပြောကြားသကဲ့သို့ပင် အများနှင့်သွားမည်ဆိုပါက ညှိနှိုင်းရမည်သာဖြစ်သည်ဟု ဦးရဲမြတ်သူကဆိုသည်။
လက်ရှိအချိန်တွင် အခြေခံဥပဒေကိုပြင်ဆင်ရန် အရေးကြီးနေသောအချိန်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်တွင်းအင်အားစုများနှင့် ပို၍နီးကပ်စွာ ဆက်ဆံနေခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်သူအများစုက သုံးသပ်ခဲ့သည်။
ပြီးခဲ့သည့်လပိုင်းများအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ကို အခမ်းအနားအတော်များများတွင် အမြဲနီးနီးကပ်ကပ် အမြဲမြင်တွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဦးရွှေမန်းအနေနဲ့ သူသမ္မတဖြစ်ဖို့ ဒေါ်စုနဲ့ ဒီချုပ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်လို့ဆိုနိုင်တယ်။ မရှိမဖြစ်လို့ပြောရင်တောင် ရနိုင်မယ်ထင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ယူဆချက်ကို ပြောကြားသည်။
“လက်ရှိအချိန်က ၂၀၁၅ ရွေးကောက်ပွဲနီးလာပြီဆိုတော့ ကျပ်တည်းလာတဲ့အခြေအနေမှာ အတိုက်အခံနဲ့ အာဏာရပါတီ ကွဲပြားလာပြီ။ အရင်တုန်းကတော့ နိုင်ငံတည်ဆောက်တဲ့သဘော ထားခဲ့တာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အစိုးရအဖွဲ့တို့ကြား ကွဲလွဲမှုများကို ဧဒင်ဂရုကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။
“NLD က အတိုက်အခံဆိုတော့ အစိုးရရဲ့လိုအပ်ချက်တွေကို ပြောရမှာပဲ။ အစိုးရကလည်း ဒါကိုဘယ်ကျေနပ်ပါ့မလဲ။ သူတို့ကို အကောင်းပြောတာမှ မဟုတ်တာ။ ဒီမှာ NLD ဘက်ကလည်း တကယ်လို့ ဦးသိန်းစိန်ကသာ ၀င်ပြိုင်မယ်ဆိုရင် NLD က ဘယ်သူနဲ့ဆက်ပြီးလက်တွဲရင် ဘယ်လမ်းကြောင်းက ပိုကောင်းမလဲဆိုတာကို ရွေးချယ်တတ်ဖို့လိုတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးသိန်းထွန်းကပြောသည်။
အခြေခံဥပဒေပြင်ဆင်ရန်အတွက် သူရဦးရွှေမန်းနှင့် ဆက်ဆံရေးကောင်းမှ အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ တိုင်းပြည်၏နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲနေသူမှာလည်း သမ္မတသာဖြစ်သည့်အတွက် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၏ အားနည်းချက်ကို ဝေဖန်ထောက်ပြ၍ အားနည်းသည့်နေရာများတွင် အားပေးကူညီနိုင်ပါက ပို၍လက်တွေ့ကျစွာ ဖြေရှင်းနိုင်မည်ဟု ဦးဇော်မင်းကျော်ကလည်း ပြင်ပမှလေ့လာသူတစ်ဦးအနေဖြင့် သုံးသပ်ခဲ့သည်။
“အစိုးရအဖွဲ့က ဘယ်အပိုင်းမှာ အကူအညီလိုအပ်နေလဲဆိုတာကို ဒေါ်စုက သူ့အရှိန်အ၀ါနဲ့ အကူအညီတွေတောင်းပြီး ဖြေရှင်းပေးနိုင်ရန် ပြည်သူတွေကြုံနေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်းတွေက သက်သာသွားနိုင်တယ်”ဟု ဦးဇော်မင်းကျော်က ဆက်လက်ပြောကြားသည်။
“အစိုးရနဲ့ လွှတ်တော်နှစ်ပိုင်းခွဲပြီး ဒေါ်စုနဲ့ထိတွေ့နေတာလည်း ဖြစ်နိုင်တယ်။ နှစ်ဖက်လုံးကလူတွေက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေပဲဆိုတာ မျက်ခြည်ပြတ်လို့မရဘူး။ ပါတီရဲ့မူနဲ့ လုပ်နေတာလည်း ဖြစ်နိုင်ခြေရှိတယ်”ဟု လွှတ်တော်နှင့်အစိုးရ အားပြိုင်နေသည်ဆိုသော်လည်း ပါတီတစ်ခုတည်းမှ ဖြစ်သည်ဆိုသောအချက်ကို ဒေါက်တာရန်မျိုးသိမ်းကထောက်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေရာအပြည့်အ၀ရရန် လုံလောက်သော အာဏာရရေးမှာ NLD အဖွဲ့အစည်းတစ်ခုလုံး အင်အားပြည့်ဝရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ NLD သည် လူထုအားကောင်းသော်လည်း အဖွဲ့အစည်းအားကောင်းရန်မှာ လတ်တလော မရှိမဖြစ်လိုအပ်နေသည်ဟု ဦးရဲမြတ်သူကပြောသည်။
နိုင်ငံရေးသမားများ၊ လေ့လာစောင့်ကြည့်သူဆိုသူများက မြန်မာ့နိုင်ငံရေးသည် ဟန်းနီးမွန်းကာလပြီးဆုံးသွားပြီး နွေဦးရာသီဟု ပြောဆိုနေကြစေကာမူ ကိုယ်ကျိုးမပါသော အားပြိုင်မှုများနှင့် ခန့်မှန်းရခက်သော အပြောင်းအလဲများနိုင်သော ၂၀၁၅ ရွေးကောက်ပွဲအကြို နေပြည်တော် နိုင်ငံရေးအခင်းအကျင်းက အများခန့်မှန်းသလို မှန်၊ မမှန် စောင့်ကြည့်ရဦးမည်သာဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေသည့်ကာလအတွင်း အရွေ့များနှင့် အခင်းအကျင်းသစ်များကိုလည်း တွေ့ရဦးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။