နို၀၀်ဘာ ၁၈
ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ
ပြည်သူ့ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့ပြီး
ပါတီဝင်များ ၊ ထောက်ခံသူများနှင့် ဒေသခံများ တက်ရောက်နေသည်ကို တွေ့ရစဉ်
တပ်မတော်၏ အခွင့်အရေးများကို လျှော့ချလို၍ မဟုတ်ဘဲ ဒီမိုကရေစီစနစ်နှင့်
ကိုက်ညီသည့် ပြည်သူ များ လေးစားချစ်ခင်သည့် မြင့်မြတ်သည့်
တပ်မတော်ကောင်း တစ်ခု ဖြစ်စေလိုသည့် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို
ပြင်ဆင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌
ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင်
ပြောကြားသည်။