Wednesday, 30 October 2013

ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချိန်တစ်နာရီကျော် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွား

E.30.10.2013
အောက်တိုဘာ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်စဉ်
အောက်တိုဘာ ၂၉ ရက် ညပိုင်းက တစ်နာရီကျော်ကြာ ဓာတ်အားပြတ်တောက်ခဲ့ ရခြင်းမှာ ပြည်မြို့နှင့် မှော်ဘီမြို့နယ်ကြားရှိ ရွှေတောင်-မြောင်းတကာ မဟာဓာတ်အား လိုင်းကြိုး အနည်းငယ် ပြတ်တောက်မှုကြောင့် ဖြစ်ပြီး နိုင်ငံတစ်ဝန်း တစ်နာရီခွဲကြာ မီးပြတ်မှု ဖြစ်ပွားခဲ့ရကြောင်း ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး မောင်မောင်လတ်၏ ပြောကြားချက်အရ သိရသည်။

သီလ၀ါစက်မှုဇုန် ပူးပေါင်း တည်ထောင်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး ကော်ပိုရေးရှင်းသုံးခု သဘောတူညီချက် လက်မှတ်ရေးထိုး

ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးများထဲမှ သုံးခုသည် မြန်မာနိုင်ငံ၊ သီလ၀ါ၌ စက်မှုဇုန်တစ်ခုကို နှစ်နှစ်အတွင်း ထူထောင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ပူးပေါင်း လုပ်ဆောင် သွားရန်အတွက် သဘောတူညီလိုက်သည်ဟု Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်

R-30-10
ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။

Tuesday, 29 October 2013

ရည်းစားနှင့် ချိန်းတွေ့ပြီး ယောက်ျားလေးကို ရွှေလက်ကောက်ခိုးယူဟု စွပ်စွဲ

မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ၀င်းယူနတီဟိုတယ်တွင် တည်းခိုခဲ့ပြီးနောက် စုံတွဲတစ်တွဲမှ မိန်းကလေးဖြစ်သူ က ရွှေလက်ကောက် ပျောက်ဆုံးသွား သည့်အတွက် သူမနှင့်အတူ တည်းခိုခဲ့သူယောက်ျားလေးကို ခိုးယူပေါင်နှံသူအဖြစ် စွပ်စွဲတိုင်တန်းလိုက်သည့်အတွက် ရဲစခန်းက အမှုဖွင့်လိုက်သည်။

မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ ထိပ်ဆုံးမှရပ်တည်

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံအတွင်းရှိ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၄၃ ဒသမ ၇၃၅ ဘီလီယံ၏ ၃၂ ရာခိုင်နှုန်းဖြစ်သော ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည် ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှရရှိသည့် စာရင်းဇယားများတွင် ဖော်ပြထားသည်။

ဆယ်စုနှစ် တစ်ခု အတွင်း အဆိုးရွား ဆုံး မုန်တိုင်း ဗြိတိန် နှင့် ပြင်သစ် နိုင်ငံများ ၌ တိုက်ခတ်

တစ်နာရီ လျှင် အမြင့်ဆုံး လေတိုက် နှုန်း မိုင် ၉၀ ခန့် ရှိ သည့် ဟာရီကိန်း လေမုန်တိုင်း သည် အင်္ဂလန် နှင့် ဝေလ ပြည်နယ် တောင်ပိုင်း ၌ အောက်တိုဘာ ၂၈ ရက် တွင် တိုက်ခတ် ခဲ့ရာ သန်းနှင့် ချီသော အလုပ်ဆင်း သူများ နှင့် လေယာဉ် စီး ခရီး သည် များ ၏ ခရီးစဉ် များ ရပ်ဆိုင်း လိုက်ရ ကြောင်း ယနေ့ ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ ယင်း မုန်တိုင်း သည် ဆယ် စုနှစ် တစ်ခု အတွင်း ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ တို့ အတွက် အဆိုးရွား ဆုံး မုန်တိုင်း ဖြစ်သည်။ အင်္ဂလန် တောင် ပိုင်း တွင် အသက် ( ၁၄ ) နှစ် အရွယ် ယောက်ျားလေး တစ်ဦး လှိုင်းလေ ပြင်းထန် သော ပင်လယ်ပြင် အတွင်း မျော ပါကာ ရေနစ် သေဆုံး ခဲ့ကြောင်း၊ ၎င်း မမျော ပါမီ နာရီ အနည်းငယ် အလို တွင် ယင်း ဒေသ၌ အင်အား ပြင်း ထန် သော လေပြင်း မုန်တိုင်း ကျရောက် ခဲ့ကြောင်း ကမ်းခြေ စောင့် တပ်ဖွဲ့ က ပြောကြား သည်။

အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း

Photo: အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း 
Tuesday, October 29, 2013

မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင် အမုန်း တရားတွေ ရေးသားဖြန့်ချိသူတွေ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ မနေ့တုန်းက အတွင်းရေးမှူးချုပ်နဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မနေ့ တနင်္လာနေ့တုန်းက ကုလသမဂ္ဂနဲ့ OIC ပူးပေါင်းဆောင်ရွက်ရေး လုံခြုံရေး ကောင်စီ အဆင့်မြင့် အစည်းအဝေးအတွင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက နိုင်ငံတကာ ငြိမ်းချမ်းရေး လုံခြုံရေးကိစ္စရပ်တွေနဲ့ မွတ်ဆလင်ကမ္ဘာရဲ့ အခြေအနေ စိုးရိမ်ချက်တွေကို ပြောဆိုသွားရာမှာ မြန်မာပြည်အကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာချိန်မှာပဲ ဘာသာရေး၊ လူမျိုးရေး တင်းမာမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်း ဖို့ စိန်ခေါ်ချက်ကိုလည်း ရင်ဆိုင်လာရတယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်သွားနေချိန်မှာပဲ၊ ဖြစ်လာတဲ့ ဘာသာရေး လူမျိုးရေး တင်းမာမှုတွေနဲ့ပတ်သက်လို့ အကြောင်းအချက်အလက်တွေကို ဖြေရှင်းဖို့ဟာ အဓိက စိန်ခေါ်ချက် တရပ်ဖြစ်လာပါတယ်။ ဒီအထဲ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးမှု မပေးမှုဆိုတာလည်း ပါဝင်ပါတယ်။”

မြန်မာနိုင်ငံဟာဆိုရင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေချိန်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ ရခိုင်ပြည်နယ် အခြေအနေကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ လူနည်းစုမွတ်ဆလင်တွေအကြား တင်းမာမှုတွေ ကြီးမားလာခဲ့ရာက အကြမ်းဖက်မှုတွေအထိပါဖြစ်ပြီး အခြေအနေတွေ ဆိုးခဲ့တာပါ။ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှုမရှိဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာအစိုးရအနေနဲ့ အမုန်းတရားတွေ ဖြစ်အောင် လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားရမယ်လို့ အဲဒီ အစည်းအဝေးအတွင်း တိုက်တွန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ အမုန်းတရားတွေ ရေးသားဖြန့်ချီနေကြသူတွေကို ခိုင်ခိုင် မာမာ အရေးယူသွားရမှာ ဖြစ်ပါတယ်။ လှုံ့ဆော်သူတွေကို အပြစ်ပေး သွားရပါမယ်။ အခြေခံကျတဲ့အကြောင်းရပ်တွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ မြန်မာအစိုးရကိုရော အဓိကကျတဲ့ခေါင်းဆောင်ပိုင်းတွေကိုပါ ကျနော် တိုက်တွန်းပါတယ်။”

အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ်ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ ကျေနပ်အားရမိပြီး တင်းမာမှုတွေ လျှော့ကျသွားစေဖို့ အပြုသဘောဆောင် ကိုင်တွယ်ဖြေရှင်းကြဖို့လည်း မစ္စတာဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။ 

VOA
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။
မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင် အမုန်း တရားတွေ ရေးသားဖြန့် ချိသူတွေ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက် အရေးယူသွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ မနေ့တုန်းက အတွင်းရေးမှူးချုပ်နဲ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့ တွေ့ဆုံစဉ်မှာ ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။

မဟာချိုင်ရဲ မြန်မာလုပ်သားများကို ငွေညှစ်၍ ထိုင်းခရိုင်ရဲထံတိုင်ကြား

မဟာချိုင်ရဲ မြန်မာလုပ်သားများကို ငွေညှစ်၍ ထိုင်းခရိုင်ရဲထံတိုင်ကြား
Tuesday, October 29, 2013

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများ ဆုံးနေထိုင်သော မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမား များထံ ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

မဟာချိုင်မြို့တွင်နေထိုင်သော တရားဝင်မြန်မာလုပ်သားများကို စမွတ်စာခွန်ခရိုင်ရဲတပ်ဖွဲ့က အတင်းအဓမ္မငွေတောင်းခံမှု များ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၏ အကူအညီဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က ထိုင်းနိုင်ငံ ဗဟိုရဲချုပ်ဌာနသို့ အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်တိုင်ကြား ထားကြောင်း ၎င်းအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်း က ပြောသည်။

““တရားဝင်အလုပ်သမားတွေကို ဘတ်ငွေ သုံးထောင်လောက် အထိ တောင်းတယ်။ ဒီမြို့က နေရာတိုင်းမှာ မြန်မာအလုပ်သမားတွေ ပိုက်ဆံအတောင်းခံနေရတယ်။ အဲဒါကြောင့် မြန်မာသံရုံးကို အကူအညီတောင်းပြီး ဗဟိုရဲချုပ်ဆီမှာ အမှုဖွင့်တိုင်ကြားထားတာပါ””ဟု ဦးကျော်သောင်းက ပြောသည်။

အောက်တိုဘာ ၁၀ ရက် တွင် အလုပ်မှပြန်လာသော မြန်မာအလုပ် သမားလေးဦးကို စမွတ်စာခွန်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပါလာသောငွေတောင်းယူရာ ဘတ် ၈၀၀ သာ ရသောကြောင့် မကျေနပ်၍ ပတ်စပို့စာအုပ်များကို အပေါင်ဆိုင်တွင် ဘတ်ငွေ ၅၀၀၀ ဖြင့် ပေါင်၍ ယူဆောင်သွားခဲ့ကြောင်း  ထိုင်းနိုင်ငံရောက်  မြန်မာများကဆိုသည်။
ထိုင်းရဲများသည် တရားဝင်မြန်မာလုပ်သားများကို  ဖမ်းဆီးပြီး ပိုက်ဆံဖြင့်လာရောက်ရွေးယူခိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ရုံး တာဝန်ခံ ကိုစိုင်းအေးကပြောသည်။

မဟာချိုင်နယ်မြေအတွင်း တာဝန်ကျသည့် ထိုင်းရဲတပ်ဖွဲ့ဝင်များ သည် မြန် မာအလုပ်သမားများနေထိုင်သည့် တန်းလျားများသို့ ၀င်ရောက်၍ မကြာခ ဏစစ်ဆေးလေ့ရှိခြင်း၊ အလုပ်သမားများ ထမင်းဟင်း စုပေါင်းချက်စားကြ သည့် စာရင်းများကို ချဲစာရွက်ဟု ပြောဆိုကာ အဓမ္မဖမ်းဆီးငွေ ညှစ်ခြင်း များ ပြုလုပ်လေ့ရှိသည်။

အလုပ်ပိတ်ရက်များဖြစ်သော စနေ၊ တနင်္ဂနွေရက်များတွင် ၎င်းတန်းလျားများသို့ ပိုမိုလာရောက် ငွေတောင်းခံကြောင်း ဦးကျော်သောင်းက ဆိုသည်။အောက်တိုဘာလအ တွင်း မဟာချိုင်၌နေထိုင်သော တရားဝင်မြန်မာအလုပ်သမား ၁၀၀ ဦးထက်မနည်း ငွေတောင်းခံရသောကြောင့်  အမှုဖွင့်တိုင်ကြား ရခြင်း ဖြစ်ကြောင်း   ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ရုံးတာဝန်ခံ ကိုစိုင်းအေးကပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် ရေလုပ်ငန်းခွင် ၀င်ရောက်လုပ်ကိုင်နေသော မြန် မာရွှေ့ပြောင်းလုပ်သားများ
7Day Daily
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများ ဆုံးနေထိုင်သော မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမားများထံ ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား အမှုဖွင့်တိုင်ကြား ထားကြောင်း သတင်းရရှိသည်။

နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်

နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်
Tuesday, October 29, 2013

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

"ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းဘူတာရုံ လမ်းပေါ်က ခုံးကျော်တံတားကတော့ အသုံးပြုခွင့် မရသေးပါဘူး" ဟု ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားခဲ့သည်။

ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်း တည်ဆောက်လျက်ရှိကြောင်း၊ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်က စတင်ခဲ့ပြီး FMI Co.,Ltd မှ ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလျံ ရှိနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို လာမည့်ဒီဇင်ဘာ အပြီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။

"ဘုရင့်နောင် ပွဲရုံဝင်းထဲမှာရော၊ လမ်းမကြီးမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ပိုကျပ်တယ်။ ဒါပေမဲ့ လမ်းမကြီးပေါ်က တံတားက ဒီလကုန် ဖြတ်သန်းခွင့် ရတော့မှာဆိုတော့ လက်ရှိကြုံတွေ့နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမှာပါ။ ၀င်းထဲမှာလည်း နေ့စဉ်နဲ့အမျှ ယာဉ်ထိန်းတွေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်" ဟုလည်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံ၌ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ရခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

@[114803668557265:274:Eleven Media Group] 

ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား အောက်တိုဘာ ပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတား ကို အောက်တိုဘာလ ကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

လျှပ်စစ်ဓါတ်အားခနှုန်းထားများ ပြင်ဆင်ပြောင်းလဲကောက်ခံမည့် ကိစ္စအား အသိပေး

၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့သည် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန် အတွက် ၂ဝ၁၃ ခုနှစ် နိုဝင် ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှစတင်၍ အောက်ပါ တစ်ယူနစ်နှုန်းထားများ အတိုင်း ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ပါသည်-

ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို

8.1.1
Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။

စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ

စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည် သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

နိုင်ငံခြားငွေလက်မှတ် FEC များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင် တော့မည် မဟုတ်ကြောင်း ဗဟိုဘဏ် နှိုးဆော်ချက် ထုတ်ပြန်

နိုင်ငံခြားငွေလက်မှတ် Foreign Exchange Certificate(FEC) များအား သတ်မှတ်ကာလ ကျော် လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက် ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ် ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

Monday, 28 October 2013

အနိမ့်ဆုံး စပါးဈေး သတ်မှတ်ပေးရန် သမ္မတထံ စာတင်မည်

ပြည်တွင်းတွင် စပါးဈေးကို အနိမ့်ဆုံးဈေး သတ်မှတ်ပေးရန်အတွက် တောင်သူ လယ်သမားများ၏ လက် မှတ်များ စုဆောင်း၍ သမ္မတထံ စာတင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ တောင်သူ လယ် သမားများ နှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်အေး က မဇ္ဈိမ သို့ အောက်တိုဘာ ၂၇ တွင် ပြောသည်။

မြော်ကဥက္ကလာပ ဆေးရုံက ပါးကွက်ကြား သရဲ

ကျွန်မရဲ့.. ကိုယ်တွေ့ဖြစ်ရပ်လေးပါ... ၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါ တစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရ ပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ..

မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး


Photo: မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး
Monday, October 28, 2013

အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင် အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။ အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

အနာမျိုး (၉၆)ပါး ဆိုတာ


၁။ဖဝါးပူပါဒရက်နာ
၂။ဘိန်းပြဲ ကိုယ်ရောင်နာ
၃။ကုတ်ဟီးချောင်းဆိုးနာ
၎။ဝက်ရူးနာ
၅။ရှူနာ
၆။ဖက်သကပ်နာ
၇။ကြို့ထိုးနာ
၈။စိမ်ရေသင့်နာ
၉။ကြွက်နို့နာ
၁၀။ထွတ်မြင်းနာ
၁၁။ခူကိုက်နာ
၁၂။သနပတ်နာ
၁၃။မှည့်နာ
၁၄။တင်းတိပ်နာ
၁၅။သင်းခွေချပ်နာ
၁၆။ပွေးညှင်းနာ
၁၇။ရေယုန်နာ
၁၈။အသားမာနာ
၁၉။ကြက်လည်ပင်းကြီးနာ
၂၀။အနာမှောက်ခုံ
၂၁။ရမ်းနမဲနာ
၂၂။မွေးကျွတ်နာ
၂၃။သွေးစုနာ
၂၄။ဝက်ခြင်နာ၊ဝက်ချုပ်နာ
၂၅။တောင်စဉ် ခုနှစ်ထပ်နာ
၂၆။အနာပဆုပ်
၂၇။ဆင်ကူ လည်ပြတ်နာ
၂၈။ဖွတ်သိုနာ
၂၉။အနာ သစ်ငုတ်
၃၀။ရေဇူနာ
၃၁။အိုင်းနာ
၃၂။အိုင်ငယ်ရေမြွေဆိပ်နာ
၃၃။ခရုဘေနာ
၃၄။သက်တံ ခေါင်းလျှိုနာ
၃၅။သတပိုနာ
၃၆။မြွေလက်ပတ်နာ
၃၇။ဆံကျင်နာ
၃၈။မှန်ကင်းနာ
၃၉။အနာ ပတ္တမြား
၄၀။မင်နာ
၄၁။ဂရင်ဂျီ အနာမီး
၄၂။နဂါးပွက် နဂါဖုံးနာ
၄၃။ငရှဥ့်ပွက်နာ
၄၄။ကိန္နရာနာ
၄၅။မုတ္တကိတ်နာ
၄၆။ထွက်နာ၊ဝက်အူနာ
၄၇။သရက်ကင်းနာ
၄၈။အနာထွက်
၄၉။အထင်ကလိနာ
၅၀။မုက္ခစိုနာ
၅၁။ကာလနာ
၅၂။မြင်းသရိုက်ပိတ် ဝမ်းပျက်နာ
၅၃။မျက်စိနာ
၅၄။သွေးကျနာ
၅၅။ခေါင်းခဲဦးယဉ်းနာ
၅၆။အမူးနာ
၅၇။နှလုံးသွေးနာ
၅၈။တကျည်းနာ
၅၉။ဂူနာ
၆၀။ကျပ်သဖီနာ
၆၁။မေဓုန်သနပတ်နာ
၆၂။သွေးပျက်နာ
၆၃။နူနာ
၆၄။ဝဲနာ
၆၅။အင်ပြင်နာ
၆၆။မြေပြုတ်ရှပ်နာ
၆၇။သွေးကင်ပိန့်နာ
၆၈။ဝက်ခမ်းနာ
၆၉။လိင်သေနာ
၇၀။မုဿနာ
၇၁။လေပူလောင်နာ
၇၂။ရိစွဲနာ
၇၃။ဆီးအောင့်နာ
၇၄။အော့နာ
၇၅။မြွေငန်းသွေးငန်းနာ
၇၆။ဂျွမ်းခိုက်နာ
၇၇။သွေးမွှန်နာ
၇၈။အတွင်း သွေးပျက်နာ
၇၉။သွေးသဖုံးနာ
၈၀။ကလမူနာ
၈၁။နို့ယဉ်နာ
၈၂။ကျဗဟုံး ကြက်ညှာနာ
၈၃။နို့မြွေသူငယ်နာ
၈၄။ကျောက်နာ
၈၅။ဝက်သက်နာ
၈၆။မီးယပ်နာ
၈၇။မြုံနာ
၈၈။မြေသလိပ်နာ
၈၉။သည်းခြေနာ
၉၀။လေနာ
၉၁။တုတ်သံနာ
၉၂။ဒူလာသရော သွေးသွန်နာ
၉၃။ဥတုယာဉ်ငယ်မန်းနာ
၉၄။ပယောဂနာ
၉၅။လောဘ၊ဒေါသ၊မောဟနှင့် ယှဉ်သောအနာ
၉၆။ကိလေသာနှင့် ယှဉ်သောအနာ
စတာတွေပဲ ဖြစ်ပါတယ်။
(မြန်မာ့သမိုင်းဝင် ဖြစ်ရပ်များ ၁၀၀ မှ ကူးယူဖော်ပြပါသည်။)

ဒေါက်တာ အေးမင်းထူး

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင် အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။ အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

ဓားဖြင့်ခုတ်သည်ဆိုသည့်အမှု ပြစ်မှုကျူးလွန်သူများကို မိဘများကိုယ်တိုင် ရဲလက်အပ်

ကြည့်မြင်တိုင် စက်ဆန်းတွင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူလေးဦးအား မိဘများ ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု စက်ဆန်းနယ်မြေရဲစခန်းမှ အမှုစစ် ဒု-ရဲအုပ် မိုးကျော် က မဇ္ဈိမကို အောက်တိုဘာ ၂၇ ရက်က ပြောသည်။

ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ ဆက်လက်မြင့်တက်နေကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များက ပြောသည်။

ရုပ်ရှင်၊ ဗီဒီယိုများ ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ငြာနောက်ခံရိုက်ကူးခွင့်တွေကို အကြောင်း အမျိုးမျိုးကြောင့် ရိုက်ကူးမှုခွင့်ပြုခြင်းကိုရပ်နားထား ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၃ လပိုင်းကမှ တရားဝင်ပြန်ရိုက်ခွင့် ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ နောက်ခံ ဇာတ်ကားတွေ ရိုက်ကူးခွင့်ကို ၂၀၁၃ ခုနှစ်၊ မတ်လကမှ တရားဝင်ရိုက်ခွင့်ပြန်လည်ခွင့်ပြုထားခဲ့ပြီး ဗီဒီယို၊ ကြော်ငြာ သတင်း ရိုက်ကူးခွင့် ၈ ခုခန့် လာရောက်ရိုက်ကူးပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် ဆုံးစီရင်

 
  အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများကFacebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြား ခဲ့သည်။