Wednesday, 16 October 2013

Facebook ကြောင့် မိသားစုတစ်စုလုံး သတ်သေမှုဖြစ်ပွားခဲ့ရတဲ့ Facebook သုံးသူများ သတိပြုဆင်ခြင်ဖွယ် ရင်နင့်စရာဖြစ်ရပ်တစ်ခု

ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။

ဖြူးမြို့နယ်၌ ဒုတိယအကြိမ် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွား

Photo: ဖြူးမြို့နယ်၌ ဒုတိယအကြိမ် ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွား
Wednesday, October 16, 2013

ယခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ခေါင်းဖြတ်လူသတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်စဉ်တွင် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဓားကိုတွေ့ရှိခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင်အား စစ်ဆေးချက်အရ အသတ်ခံရသူ နှစ်ဦးမှာ ထမင်းမစားမီတွင် အသတ်ခံရခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက်အရ သိရှိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၂ ရက်တွင် ဖြူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၁/၁၁၁၃ ကြား အနောက်ဘက်ကမ်း တောင်ခြေ ဒေါ်သန်းသန်းကြွယ် ပျဉ်းကတိုး စိုက်ပျိုးရေး ခြံအတွင်း ခြံစောင့်ဖြစ်သည့် ဦးဇော်မင်း (၅၆)နှစ်၊ ဒေါ် တင်လှ(၅၃)နှစ်တို့မှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။ 

အသတ်ခံရသူ ကိုဇော်မင်းမှာ ခေါင်းဖြတ် သတ်ခံရပြီး အခင်းဖြစ်ပွားခဲ့ သည့် နေရာနှင့် ကိုက် ၁၀၀ အကွာ လျှိုမြောင်းအတွင်း သွေးများပေ ကျံ နေသည့် ဓား၊ ထမင်းချိုင့်နှင့် ထမင်းထုပ်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ''အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာရှိတဲ့ လျှိုမြောင်းတစ်ခုထဲမှာ လူသတ်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို ထင်ရတဲ့ သွေးတွေ ပေနေတဲ့ ဓားကို တွေ့ရတယ်၊ ပြီးတော့ ထမင်းချိုင့်ထဲမှာက ဟင်းနဲ့ထမင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းမစားခင်မှာ သတ်ခဲ့တယ်လို အကြမ်းဖျင်း ယူဆထားပါတယ်။ သတ်ခံခဲ့ရတဲ့သူ နှစ်ယောက်ကနေ အိမ်အတိအကျ မရှိဘူး၊ သိတဲ့အိမ်တွေမှာ နေရင်းနဲ့ ပျဉ်းကတိုး စိုက်ပျိုးရေးခြံထဲမှာ ခြံစောင့်လုပ်နေတဲ့ သူတွေဖြစ်ပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူးရဲမှူး စိုးသန်းက ပြောကြားခဲ့သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ''အခင်းဖြစ်ပွားခဲ့တဲ့ နေရာနဲ့ မနီးမဝေးမှာရှိတဲ့ လျှိုမြောင်းတစ်ခုထဲမှာ လူသတ်တဲ့အခါမှာ အသုံးပြုခဲ့တယ်လို ထင်ရတဲ့ သွေးတွေ ပေနေတဲ့ ဓားကို တွေ့ရတယ်၊ ပြီးတော့ ထမင်းချိုင့်ထဲမှာက ဟင်းနဲ့ထမင်းတွေ ရှိနေတဲ့အတွက် သူတို့နှစ်ယောက်ကို ထမင်းမစားခင်မှာ သတ်ခဲ့တယ်...
 
သေဆုံးသူ နှစ်ဦးမှာ ဖြူးမြို့နယ် ကျွဲမကူး ကျေးရွာရှိ ဆွေမျိုးတစ်အိမ်တွင် နေထိုင်ပြီး အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရဲမှူးစိုးသန်းက ''ကျွန်တော်တို့ သတင်းရခဲ့တဲ့ အချိန်က ညနေ ၆ နာရီဖြစ်တယ်။ သတ်ခံရတယ်လို့ ယူဆရတဲ့ အချိန်ကတော့ မွန်းတည် ၁၂ နာရီဝန်းကျင် အချိန်ကလို့ ယူဆရတယ်။ ဒါကြောင့် တရားခံက တိမ်းရှောင်ဖို့ အခြေအနေတွေ အများကြီး ရသွားတယ်၊ အခင်းဖြစ်တဲ့ နေရာကလည်း လူတွေသွားလာမှု ဖြစ်တဲ့နေရာ ဖြစ်တယ်၊ ဒါပေမဲ့ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့သည်။ လူသတ်မှု ဖြစ်စဉ်မှ ခေါင်းဖြတ် လူသတ်ခံရသူ၏ ဦးခေါင်းကို ရှာဖွေနေဆဲ ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ဖြူး မြို့နယ် ရဲတပ်မှူးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို ဖြူးမြို့မ ရဲစခန်း(ပ)၄၃၃/ ၁၃၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာ ရန်ကုန်-မန္တလေး (ပုံမှန်)ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁ နှင့် ၁၃၉/၂အကြားရှိ တံတားအမှတ်၁၄၀/၁ ဇဟား ချောင်းတံတားအောက် အနောက်ဘက်ကမ်းစပ် တစ်နေရာတွင် ပီနံအိတ်ကြီး တစ်လုံးအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဦးခေါင်းပြတ် (ဦးခေါင်းမပါ) အသက် ၂၀ ၀န်းကျင်ခန့် အမည်မသိ အမျိုးသမီး တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးခေါင်းအား ဆက်လက် ရှာဖွေရာ ညနေ ၃ နာရီတွင် မိုင်တိုင်အမှတ် ၁၃၈/၂ မှ ၁၃၈/၃ ကြား ရန်ကုန်-မန္တလေး ကားလမ်းနှင့် ရထားလမ်းကြား ကွင်းပြင်ထဲတွင် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိရန် CID မှ စစ်ဆေး နေသော်လည်း ယခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ခေါင်းဖြတ် လူသတ်မှု ဖြစ်ပွားခဲ့သည့် နေရာအား စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
Eleven Media Group
ယခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့နယ်၌ ခေါင်းဖြတ်လူသတ်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်စဉ်တွင် ကျူးလွန်သူ အသုံးပြုခဲ့သည်ဟု ယူဆရသည့် ဓားကိုတွေ့ရှိခဲ့ကြောင်း ဖြူးမြို့မ ရဲစခန်းမှ တပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ခြောက်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု မှတ်တမ်း

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲခြင်းနှင့် ဗုံးတွေ့ရှိရသည့် နေရာများ

၁- အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့သည်။

နောက်ဆုံးရ အားကစားသတင်းတိုများ

Photo: နောက်ဆုံးရ အားကစားသတင်းတိုများ
Wednesday, October 16, 2013

ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

***အင်တာမီလန်ဥက္ကဋ္ဌ မိုရက်တီမှာ အသင်းရှယ်ယာ (၇၀)ရာခိုင်နှုန်းကို အင်ဒိုနီးရှားလုပ်ငန်းရှင် သိုဟီယာထံ ရောင်းချလိုက်ပြီဖြစ်သည်။

***လာမည့်အပြောင်းအရွှေ့ကာလတွင် မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုကို ခေါ်ယူဖွယ်ရှိကြောင်း ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်က အရိပ်အမြွက် ပြောကြားခဲ့သည်။

***ပွဲထွက်ကစားခွင့် မရပါက အသင်းပြောင်းမည်ဟု အာဆင်နယ် နောက်ခံလူ ဗာမေလန်က ခြိမ်းခြောက်ခဲ့သည်။

***ဘာစီလိုနာ နောက်ခံလူ ပီကေးက ရီးရဲလ်နောက်ခံလူ အာဘီလိုအာနှင့် ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း ဖွင့်ဟသွားသည်။

***နယူးကာဆယ်တိုက်စစ်မှူး ရီမီမှာ စိန့်ဂျိမ်းပတ်ကွင်းနှင့် မိုင်ဝက်အကွာတွင် တက္ကစီတစ်စီးကို ကားဖြင့်ဝင်တိုက်ခဲ့ကြောင်း သိရသည်။

***ဂျူဗင်တပ်နှင့် လာဇီယိုတို့မှာ လာမည့်အပြောင်းအရွှေ့တွင် ဗီလာတိုက်စစ်မှူးဘန်တီကီကို ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူရန် ပြင်ဆင်
နေကြောင်း သတင်းရရှိသည်။

http://yoyarlay.com/sport/football/38344-2013-10-15-18-25-51
ဇော်ထွန်း(ရိုးရာလေး)
ဘောလုံးသတင်းတွေ တင်ပေးပါဆိုပြီးတောင်းဆိုကြတဲ့ ပရိသတ်တွေအတွက် သတင်းတိုကဏ္ဍကို ထပ်ဖြည့်ပေးလိုက်ပါတယ်။

သတိပေးနှိုးဆော်ချက်

၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင် ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ ပစ်ဖောက်ခြင်းများ ကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများထံမှ ရပ်ရွာ အေးချမ်းသာယာရေးနှင့် လုံခြုံရေးကိုထိခိုက်အောင်ပြုလုပ်လာနိုင်ခြင်း တို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များပစ်ဖောက်ခြင်းကို တားမြစ်သည်။

ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ၃ နာရီအတွင်း ဖမ်းဆီးရမိ

ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ လူသတ်တရားခံအား အခင်းဖြစ်ပွားပြီးနောက် ၃နာရီအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

AA-16-10
အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့က စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှု တိုင်းတရားလွှတ်တော်ရုံး လက်ခံ

လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့မှ စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။
ယင်းအမှုမှ ကျူးလွန်သူ ၂၃ ဦးကို ကြိုတင် ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁(ခ)နှင့် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၁၇ရက်တွင် ကျူးလွန်သူ ၂၃ ဦး၏ ပြန်ခေါ်သက်သေများကို စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
    

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

CC-16-10
အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။

အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ

မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့် ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။ ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့် သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။ ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို ၀င်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။

Tuesday, 15 October 2013

သံတွဲ ပဋိပက္ခ ပါဝင်မှုမရှိသူ အများစု ဖမ်းဆီးခံထားရဟုဆို

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဖမ်းဆီးခံထားရသူများတွင် ယင်းအကြမ်းဖက်မှုနှင့် မသက်ဆိုင်သူ အများစု ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက်
လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး


ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန် ဘိန်းဗဲလ် ကပြောသည်။

ရခိုင်ပြည်နယ်ရှိ အသက် (၁၈) နှစ်အောက်ကလေးငယ် (၈၆၀၀၀) ကျော်သည် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုကို ခံစားနေရကြောင်း၊  ယာယီဒုက္ခသည်စခန်းများရှိ ကလေးများသည် ပုံမှန်ကျောင်း မသွားနိုင်သည့် အတွက် ယာယီစာသင်ကျောင်းကဲ့သို့သော နေရာများတွင် သင်ကြားနေရခြင်း ကြောင့် သင် ထောက်ကူ ပစ္စည်းများက အစ များစွာလိုအပ်နေသေးကြောင်း၊ ယာယီစာသင်ကျောင်း အပြည့်အ၀ ဆောက်လုပ် ပေးရန် ယူနီဆက် အနေဖြင့် ရန်ပုံငွေ လုံလောက်စွာမရှိ သဖြင့် အလှူရှင်များဖြစ်သော EU၊ AUSAID ၊ USAID ကဲ့သို့သော အလှူငွေများစွာပေးနိုင့်မည့် နိုင်ငံတကာ အလှူရှင်များ လိုအပ်နေသေးသည် ဟုဆိုသည်။

အသက်ငါးနှစ်အောက်ကလေးများကာကွယ်ဆေးထိုးရာတွင်လည်း ယူနီဆက် အနေဖြင့် ယခင်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း (၂၀၁၂ ) ခုနှစ် ပဋိပက္ခဖြစ်ပွါးပြီးနောက်ပိုင်း ရပ်ဆိုင်းခဲ့ ရသဖြင့် ယခုအခါကျန်းမာရေး ၀န်ကြီး ဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကာ ပြန်လည် စတင်ရန် လုပ်ဆောင်နေပြီဖြစ် ကြောင်း၊ ယင်းကာကွယ်ဆေးထိုးလုပ်ငန်းမှာလည်း ပတ်ဝန်းကျင်လုံခြုံရေး အခက်အခဲကြောင့် နေရာတိုင်းတွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟုဆိုသည်။

ပန်မိုးဝါ(ရိုးရာလေး)
ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန် ဘိန်းဗဲလ် ကပြောသည်။

သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ


Photo: သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ
Tuesday, October 15, 2013 

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲကမ်းခြေ၌ မြေနေရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီးစပြုလာသည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

လူအများလာရောက်အပန်းဖြေရာကမ်းခြေတစ်ခုဖြစ်သော စက်စဲကမ်းခြေတွင် အနီးအပါးကမ်းရိုးတမ်းများတွင် သဲစုပ်မှုများ ပြုလုပ်ခဲ့သောကြောင့် သဘာဝသောင်ခုံပျက်စီးမှုများ စတင်ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း၊ ကမ်းခြေ တစ်ဖြည်းဖြည်းလျော့ကျ ပြိုဆင်းသွားသော အနေအထားများဖြစ်ပေါ်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

 “ကျွန်တော်တို့ အရင်ကဆို ကမ်းခြေမှာ လာပြီးဆော့ကစားကြတဲ့လူတွေပြောတာကတော့ သဲသောင်က ရေတက်လာပြီး ပြန်ကျသွားလည်း သဲတွေက သောင်ခုံပေါ်မှာပဲ ကျန်နေခဲ့တယ်။ ရေချည်းပဲ ပြန်ဆင်းသွား တယ်ပေါ့။ အခုကတော့ ကျွန်တော်တို့ ဆင်းကြည့်တာ ရုတ်တရက် ရေတက်ပြီး ပြန်ဆင်းသွားတဲ့ အချိန်ကြရင် သဲတွေပါ အကုန်လုံးသယ်ပြီး ပြန်ဆင်းသွားသလို ဖြစ်နေတယ်။ အရင်က ကမ်းခြေမှာရှိတဲ့ အပင်တွေ အမြစ် မပေါ်ဘူး။ အခုတော့ အမြစ်တွေပေါ်လာပြီ။ သောင်က တဖြည်းဖြည်း ပါးသွားပြီး အောက်ကနှုန်းမြေတွေပဲ ကျန်တော့မယ့်အနေအထားဖြစ်နေပါတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဥာဏ်စိုးက ပြောသည်။

ထိုကဲ့သို့ကမ်းခြေပျက်စီးလာခြင်းမှာ ရာဇာမင်းကုမ္ပဏီမှ စက်စဲကမ်းခြေ အစွန်းပိုင်းတွင် မြေယာများ ၀ယ်ယူ ထားခဲ့ပြီးနောက် ၎င်းတို့၏ မြေနေရာကိုမြင့်တက်စေရန် သဲများ စုပ်ယူပြီး ဖြည့်ခဲ့သောကြောင့် ဖြစ်လာရကြောင်း သဲစုပ်သည့် ပမာဏမှာလည်း ၎င်းတို့ဝယ်ယူထားသည် ၂၅ ဧက မြေအကျယ်အ၀န်းကိုဖြည့်ရန်အတွက် သဲများစုပ်ယူခြင်းဖြစ်ကာ စုပ်ယူသည့် သဲပမာဏမှာ လည်း ကျင်းပေါင်း တစ်သောင်းကျော်ခန့်ရှိခဲ့သောကြောင့် များပြားလွန်းသည့်ပမာဏဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ထိုသို့ သဲစုပ်သည်ကို ခွင့်ပြုချက်ပေးခဲ့ခြင်းမရှိပဲ ယခုအခါ စက်စဲကျေးရွာမှ ဒေသခံများထံမှ ကန့်ကွက်စာများတက်လာခဲ့သောကြောင့် အဆိုပါသဲစုပ်ခြင်းကိုလုံးဝရပ်ဆိုင်းထားခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်ပြုချက်မပေးခဲ့ဘူး။ သဲစုပ်တယ်ဆိုတာခွင့်ပြုချက်လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အလုပ်မျိုးကို အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်မပြုခဲ့ဘူး။ သောင်ခုံရဲ့ အစွန်းဘက်မှာ သဲတွေကျင်းပေါင်း တစ်သောင်း လောက်စုပ်တော့ ဒီဘက်ကသဲတွေက ဆင်းပြီး ဟိုဘက်ကို ပြန်ဖြည့်ရသလိုဖြစ်နေတာပေါ့။ အခုတော့ လုံးဝရပ်ဆိုင်းထား ခိုင်းလိုက်ပါပြီ။”မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဒေါက်တာမင်းနွယ်စိုးက ပြောသည်။

စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တစ်ခုတည်းသောအပန်းဖြေကမ်းခြေတစ်ခုဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်မည့် ရိုးရာဓလေ့များဖြင့် ပြည့်နှက်နေသောနေရာတစ်ခုဖြစ်ကြောင်း လက်ရှိအချိန်တွင် ကမ်းခြေကို အဆင့်မြှင့် တင်ရန်ပြုလုပ် နေချိန်ဖြစ်ပြီး ထိုကဲ့သို့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို အထူးအလေးထားသင့်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ 

Myit Ma Kha Media Group

http://www.myanmaronlinenews.net/2013/10/blog-post_6421.html

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲ ကမ်းခြေ၌ မြေနေ ရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီး စပြုလာ သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ

Photo: ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ
Tuesday, October 15, 2013 

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက်ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာတစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရသည်။

အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေးပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။

ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။

ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ်တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။

Eleven Media Group

WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ

စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊ ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Monday, 14 October 2013

ရွှေဘဲ စားသောက်ဆိုင်အနီး ဗုံးတလုံးတွေ့ရှိ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် ၁၃၉၊မေဃဂီရိရပ်ကွက်၊ လမ်း၈၀နှင့် ၁၆လမ်းထောင့် ရှိ ရွှေဘဲ စားသောက်ဆိုင်ဘေး လူသွားလမ်းပေါ်တွင် ယနေ့နေ့လည် တစ်နာရီ သုံးဆယ့်ငါးမိနစ်အချိန်က ယင်းဆိုင် အလုပ်သမားတစ်ဦးမှ လမ်းဘေးတွင် ဂျပ်ဘူးပြာဖြင့် ထုတ်ထားသော အမေရိကန်လုပ် လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများမှ နေ့လည်သုံးနာရီ အချိန်တွင် အောင်မြင် စွာ ဖောက် ခွဲနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်

Photo: ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်
Monday, October 14, 2013

ရန်ကုန် ၊ အောက်တိုဘာ ၁၃ ။ ။ ရန် ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ကားမှတ်တိုင်တွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန် ကုန်မြို့တော် ၏ လုံခြုံရေးကို နိုင်ငံတော်အဆင့် လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေး
ကိုအဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ် ကြောင်း ရန်ကုန်အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ ထုတ်ဖော်ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်နှင့် ပဲခူးတိုင်းဒေသကြီး
တောင်ငူ တို့တွင် ယခုရက် ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး
ညောင်လေးပင်၊ ဖြူးမြို့ နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်
နီးပါးတွေ့ရှိနေသဖြင့် ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်
ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာ တွင် ပထမဆင့်အနေဖြင့် မြင် သာမှုရှိသော လှည့်ကင်းရဲကင်း များဖြင့် ဆောင်ရွက်နေပြီး နောက် တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာ စုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ေ ဆာင် ရွက်လျက်ရှိကြောင်းသိရသည်။

''ဗုံးကွဲတာနဲ့ ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေး မှုတွေ ပြု လုပ်နေ ဆဲပါ။ လော လောဆယ်တော့ ဘာမှပြောလို့ မရသေးပါ ဘူး။ လုံခြုံရေးကိုနိုင်ငံ တော်အဆင့်အနေနဲ့ အရေးတ ကြီးထားပြီး ဆောင် ရွက်နေပါ တယ်။ လုံခြုံရေး လုပ်ငန်းတွေ ကိုလဲ အဆင့်နှစ်ဆင့်နဲ့ ဆောင် ရွက်နေပါတယ်''ဟုပြောသည်။

Yangon Media Group
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန် မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့်နှစ် ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။

ဆီးအိမ်ကင်ဆာကာကွယ်နိုင်သောနည်းလမ်း(အမျိုးသမီးများအတွက်)

အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည် အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။

နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။