ဒီဖြစ်ရပ်လေးဟာ Facebook ပေါ်က ဖြစ်ရပ်မှန်အဖြစ်အပျက်လေးတစ်ခုပါ။Facebook
သုံးစွဲသူ သမီးပျိုလေးများ အနေနဲ့ သတိပြုဆင်ခြင်နိုင်ဖို့ အရေးကြီးပါတယ်။
Wednesday, 16 October 2013
ခြောက်ရက်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှု မှတ်တမ်း
နိုင်ငံတ၀န်း ဗုံးပေါက်ကွဲခြင်းနှင့် ဗုံးတွေ့ရှိရသည့် နေရာများ၁- အောက်တိုဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးစာတိုက်ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့
သတိပေးနှိုးဆော်ချက်
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလနှင့် တန်ဆောင်တိုင်
ကာလများတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များ
ပစ်ဖောက်ခြင်းများ ကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊
မသမာသူများထံမှ ရပ်ရွာ အေးချမ်းသာယာရေးနှင့်
လုံခြုံရေးကိုထိခိုက်အောင်ပြုလု ပ်လာနိုင်ခြင်း တို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များပစ်ဖောက် ခြင်းကို တားမြစ်သည်။
ကြည့်မြင်တိုင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား ၃ နာရီအတွင်း ဖမ်းဆီးရမိ
ကြည့်မြင်တိုင် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ လူသတ်တရားခံအား
အခင်းဖြစ်ပွားပြီးနောက် ၃နာရီအတွင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့်
မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု
ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့်
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို
အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို
မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက
ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မြောက်ဥက္ကလာပ လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့က စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှု တိုင်းတရားလွှတ်တော်ရုံး လက်ခံ
လွန်ခဲ့သော နှစ်နှစ်ခန့်က မြောက်ဥက္ကလာပမြို့နယ် မျက်နှာဖုံးစွပ်
အုပ်စုဖွဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ ၂၃ ဦးထဲမှ အချို့မှ
စွဲချက်အမိန့်ကို မကျေနပ်၍ ပယ်ဖျက်ပေးရန် ပြင်ဆင်တင်သွင်းမှုကို
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။
ယင်းအမှုမှ ကျူးလွန်သူ ၂၃ ဦးကို ကြိုတင် ကြံရွယ်သည့်
လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂-၁(ခ)နှင့်
ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး
စက်တင်ဘာ ၁၇ရက်တွင် ကျူးလွန်သူ ၂၃ ဦး၏ ပြန်ခေါ်သက်သေများကို
စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု
ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့်
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက်
အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့်
ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက
ထုတ်ပြန်ခဲ့သည်။
အိမ်ကွင်းမှာ အနိုင်ရလဒ်နှင့်အတူ အောင်ပွဲခံနိုင်ခဲ့သည့် အဖြူရောင် ခြင်္သေ့များ
မနေ့ညက ဥရောပခြေစစ်ပွဲအုပ်စုပွဲစဉ်များအပြီးမှာတော့ အင်္ဂလန်အသင်းက
ဘရာဇီးသို့ သွားရောက်ခွင့်တနေရာ အတွက် အိမ်ကွင်း ၀င်ဘာလေ မှာ ဂျရတ် နှင့်
ရွန်းနေးတို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို အနိုင်ယူလိုက်နိုင်ပါတယ်။
ပွဲစဉ်ကို ပိုလန်အသင်းပရိတ်သတ်ပေါင်း ၂ သောာင်း ခန့်လောက်ထိ ဆူဆူညံညံဖြင့်
သူတို့နိုင်ငံအသင်းကို ကြောက်ခမန်းလိလိအားပေး ခဲ့ကြတာကိုတွေ့ရ ပါတယ်။
ဒုတိယပိုင်းလောက်မှာလည်း ပိုလန်အသင်းမှ ပရိတ်သတ်တစ်ဦး ကွင်းထဲကို
ဝင်ရောက်ပြေး လာပြီး နှောက်ယှက်သလိုဖြစ်တာကြောင့် ခဏရပ်ထားခဲ့ရပါသေးတယ်။
Tuesday, 15 October 2013
သံတွဲ ပဋိပက္ခ ပါဝင်မှုမရှိသူ အများစု ဖမ်းဆီးခံထားရဟုဆို
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့်
ဖမ်းဆီးခံထားရသူများတွင် ယင်းအကြမ်းဖက်မှုနှင့် မသက်ဆိုင်သူ အများစု
ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇော်အေးမောင်က ပြောကြားသည်။
ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ
စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င်
လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈)
သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန်
ဘိန်းဗဲလ် ကပြောသည်။
စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ
စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊
ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ
ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း
ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က
ပြောပါတယ်။
သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု
သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈
ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး
မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက်
ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင်
မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့်
ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ
စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု
သတင်းတွင် ဖော်ပြထားသည်။
Monday, 14 October 2013
ရွှေဘဲ စားသောက်ဆိုင်အနီး ဗုံးတလုံးတွေ့ရှိ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် ၁၃၉၊မေဃဂီရိရပ်ကွက်၊ လမ်း၈၀နှင့် ၁၆လမ်းထောင့် ရှိ ရွှေဘဲ စားသောက်ဆိုင်ဘေး လူသွားလမ်းပေါ်တွင် ယနေ့နေ့လည် တစ်နာရီ သုံးဆယ့်ငါးမိနစ်အချိန်က ယင်းဆိုင် အလုပ်သမားတစ်ဦးမှ လမ်းဘေးတွင် ဂျပ်ဘူးပြာဖြင့် ထုတ်ထားသော အမေရိကန်လုပ် လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများမှ နေ့လည်သုံးနာရီ အချိန်တွင် အောင်မြင် စွာ ဖောက် ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်

ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့်
ရန်ကုန် မြို့တော်၏ လုံခြုံရေးကို
နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့်နှစ်
ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက
ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
ဆီးအိမ်ကင်ဆာကာကွယ်နိုင်သောနည်းလမ်း(အမျိုးသမီးများအတွက်)
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည်
အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ
ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။
နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို
နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ
၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က
ပြောကြားသည်။
Subscribe to:
Posts (Atom)





