ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့်
ဖမ်းဆီးခံထားရသူများတွင် ယင်းအကြမ်းဖက်မှုနှင့် မသက်ဆိုင်သူ အများစု
ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး
ဦးဇော်အေးမောင်က ပြောကြားသည်။
Tuesday, 15 October 2013
ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ
စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င်
လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈)
သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန်
ဘိန်းဗဲလ် ကပြောသည်။
စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ
စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊
ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ
ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း
ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က
ပြောပါတယ်။
သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု
သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈
ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး
မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက်
ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင်
မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့်
ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ
စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု
သတင်းတွင် ဖော်ပြထားသည်။
Monday, 14 October 2013
ရွှေဘဲ စားသောက်ဆိုင်အနီး ဗုံးတလုံးတွေ့ရှိ အောင်မြင်စွာဖယ်ရှားနိုင်ခဲ့
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ အကွက် ၁၃၉၊မေဃဂီရိရပ်ကွက်၊ လမ်း၈၀နှင့် ၁၆လမ်းထောင့် ရှိ ရွှေဘဲ စားသောက်ဆိုင်ဘေး လူသွားလမ်းပေါ်တွင် ယနေ့နေ့လည် တစ်နာရီ သုံးဆယ့်ငါးမိနစ်အချိန်က ယင်းဆိုင် အလုပ်သမားတစ်ဦးမှ လမ်းဘေးတွင် ဂျပ်ဘူးပြာဖြင့် ထုတ်ထားသော အမေရိကန်လုပ် လက်ပစ်ဗုံးတလုံး တွေ့ရှိခဲ့ပြီးနောက် တာဝန်ရှိသူများမှ နေ့လည်သုံးနာရီ အချိန်တွင် အောင်မြင် စွာ ဖောက် ခွဲနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်ကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်တိုးမြှင့်

ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့်
ရန်ကုန် မြို့တော်၏ လုံခြုံရေးကို
နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ်သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့်နှစ်
ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက
ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
ဆီးအိမ်ကင်ဆာကာကွယ်နိုင်သောနည်းလမ်း(အမျိုးသမီးများအတွက်)
အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များအား ပိုမို စားသုံးခြင်းသည်
အမျိုးသမီး များတွင် ဆီးအိမ် ကင်ဆာရောဂါ ဖြစ်ပွားနိုင်မှု နှုန်းကို လျှော့ချ
ပေးနိုင်ကြောင်း အမေရိကန် နိုင်ငံရှိ သုတေသီ များက ပြောကြားထားသည်။
နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို
နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ
၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု
လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က
ပြောကြားသည်။
လျော်ကြေးထုတ်ယူမထားသော မြေယာများပေါ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေမှုကို ဒေသခံတောင်သူများ တားဆီးရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွား

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု ဖြစ်ပွားနေ စဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းဆည်းခံခဲ့ရသော
လယ်ယာမြေများ အတွက် လျော်ကြေးငွေထုတ် ယူခြင်း မပြုလုပ်ခဲ့သော
ယာမြေများပေါ်တွင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုးများ ခတ်ခြင်း၊
နှမ်းခင်းများကို ဘူဒိုဇာဖြင့်ထိုး၍ မြေညှိခြင်းတို့ကို အောက်တိုဘာ ၁၂
ကုန်းတွင်းလုပ်ကွက်များတွင် တင်ဒါအောင်မြင်သည့် ပြည်ပကုမ္ပဏီများ အနေနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော်လည်း အကျိုးအမြတ် ခွဲဝေမှု ပုံစံအား ကန့်သတ်ထားမှု မရှိ
စွမ်းအင်ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်
ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေနှင့်
မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်
လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်
ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ပြောကြားသည်။
Sunday, 13 October 2013
ဖိလစ်ပိုင်မြောက်ပိုင်း Nari မုန်တိုင်းဝင်

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို စနေနေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်သွားတဲ့ အင်အားပြင်း တိုင်ဖွန်း မုန်တိုင်းကြောင့် ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။
ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် လိုက်နာမှု အားနည်းနေမှုကြောင့် ယာဉ်ကြောရှုပ်ထွေး နေသဖြင့် CCTV ကင်မရာဖြင့် စောင့်ကြည့်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ခရီးသည်တင်ယာဉ်မောင်းများအနေဖြင့် ကား မှတ်တိုင် များတွင် ရပ်၊ တင်၊ ချစနစ် ကျင့်သုံးမှုအား နည်းနေသောကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေသဖြင့် မှတ်တိုင်များတွင် CCTV ကင်မရာများတပ်ဆင်ပြီး စောင့်ကြည့်သွားရန် စီစဉ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် က အောက်တို ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
တရားမျှတမှု မရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာ ကွယ်ပေး ရမည့်အချက် ပါဝင်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ပြဋ္ဌာန်း
တရားမျှတမှုမရှိသည့်
မြေယာသိမ်းဆည်းခြင်းများမဖြစ်ပေါ်စေရန် ကာကွယ်ပေးရမည့်အချက် ပါဝင် သည့်
တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား
မြှင့်တင်ရေးဥပဒေကို အောက် တိုဘာ ၁၂ ရက်က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး
ပြဋ္ဌာန်းခဲ့သည်။
စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
![]() |
| ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပုံ မြင်ကွင်း |
ရန်ကုန်တိုင်းဒေသကြီး
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်
ဘက်မှ မင်္ဂလာဒုံဘက်သို့သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ
ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ ရက်နေ့ ၀၀၁၅ အချိန်ခန့်က
ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ
့ဖေ့ဘုတ် အင်တာနက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
တွင်းတောင်မှ ထွက်ရှိသည့် ကမ္ဘာ့သယံဇာတ စိမ်းပြာရေညှိ ထွက်နှုန်း လျော့ ကျ သွား ၍ မြန်မာ့သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာ ရှင် များ တွေ့ဆုံဆွေးနွေး
ကမ္ဘာ့သယံဇာတတစ်ခုဖြစ်သော
ရှားပါးစပီရူလိုင်းနား(၀ါ) စိမ်းပြာရေညှိထွက်နှုန်းများ လျော့ကျ
သွားသောကြောင့် မြန်မာ့သဘာဝပတ်ဝန်းကျင်ပညာရှင်များ တွေ့ဆုံဆွေးနွေးမှုကို
စက်တင်ဘာ ၁၂ ရက် က အနောက်ရွှေဂုံတိုင်လမ်းမပေါ်ရှိ ယုဇနဟိုတယ်၌
ကျင်းပပြုလုပ်ခဲ့သည်။
Saturday, 12 October 2013
အရှေ့တောင်အာရှ နိုင်ငံများတွင် အကြံပေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန် အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် မြှုပ်နှံရန် စီစဉ်
![]() |
နယူးဇီလန်နိုင်ငံရှိ Deloitte Center အား တွေ့ရစဉ် (ဓာတ်ပုံ - en.wikipedia.org)
|
အရှေ့တောင်အာရှ
နိုင်ငံများတွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် အမေရိကန်
အခြေစိုက် Deloitte Consulting မှ မြန်မာနိုင်ငံတွင် လာရောက်
မြှုပ်နှံလုပ်ကိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆု ဓာတုလက်နက် တားဆီးရေး အဖွဲ့ (OPCW) ရရှိ

၂၀၁၃
ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ကမ္ဘာတွင်
ဓာတုလက်နက်များဖယ်ရှားရန် နှစ်ပေါင်း များစွာ ကြိုးပမ်းနေခဲ့သော
ဓာတုလက်နက်များတားဆီးရေးအဖွဲ့ (Organisation for the Prohibition of
Chemical Weapons (OPCW)) ချီးမြှင့်ခံရကြောင်း ဆုရွေးချယ်ရေး ကော်မတီ က
အောက်တိုဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ဖမ်းသွားတဲ့သူတွေက အာဏာသိမ်းဖို့ကြံဟု လစ်ဗျားဝန်ကြီးချုပ်ပြော

ပြန်လွတ်လာတဲ့ လစ်ဗျား ၀န်ကြီးချုပ် Ali Zeidan က သူ့ကို ဖမ်းသွားတဲ့သူတွေဟာ အစိုးရကို ဖြုတ်ချဖို့ အာဏာသိမ်းမလို့ကြံတာဖြစ်တယ်လို့ အောက်တိုဘာလ ၁၁ရက်နေ့ သောကြာ နေ့က မြို့တော် Tripoli မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
Subscribe to:
Posts (Atom)




