Thursday, 12 September 2013

မူးလဲတော့မည်ဆိုလျှင်

- ထိုင်ချလိုက်ပါ။ မူးလဲတော့မည့် အချိန် ထိုင်ချရန်ဝန်လေးနေလျှင် လဲ ကျ၍ဦးခေါင်းထိခိုက်မိသည့် အန္တရာယ် ကြုံရတတ်သည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ယုံကြည်


Photo: မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ယုံကြည်
Thursday, September 12, 2013

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၄ခုနှစ်တွင် ၆ဒသမ ၈ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပြီး တိုးတက်နိုင်မှု အလားအလာကို ယုံကြည်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ပြောကြားသည်ဟု သိရသည်။ လက်ရှိ တွင် မြန်မာ၏ စီးပွားရေး တိုးတက်နှုန်းသည် ၅ဒသမ ၅ရာခိုင်နှုန်းရှိ သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် တင်ပို့ ရောင်းချမှုများနှင့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည်ဟု ADBက တွက်ချက်ထားသည်။

၂၀၁၄ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်းမှာ ခုနှစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းအထိ ရှိလာမည်ဟု ADB ဒုဥက္ကဌ Zhao xiaoyuက ပြောကြားသည်။ နေပြည်တော်တွင် ပြုလုပ်သော အခမ်းအနားတွင် စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အိမ်နီးချင်း နိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်ရန် မြန်မာကို အေဒီဘီက တိုက်တွန်းခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်ခြင်းဖြင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်းက ကုန်သွယ်ရေး လွတ်လပ်မှုနှင့် ငွေကြေး ပူးပေါင်း ဆောင်ရွက်မှုတို့မှ မြန်မာက အကျိုးအမြတ်များ ရရှိလာနိုင်မည်ဟု ဆိုသည်။ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေစဉ်အတွင်း စနစ်တကျ စီမံကိန်းချ လုပ်ဆောင်သွားလျှင် အလယ်အလတ်တန်းစား ၀င်ငွေရှိသော နိုင်ငံတစ်ခုအဖြစ် မကြာခင်ရောက်ရှိလာနိုင်သည်ဟု အေဒီဘီက ယူဆ ထားသည်။

“ဒေသတွင်း စီးပွားရေး ပူးပေါင်းလုပ်ဆောင်တာက မြန်မာအတွက် တကယ့်အခွင့်အလမ်းပါ။ အဲဒီအခွင့်အလမ်းကို ဆုပ်ကိုင်ဖို့ အစိုးရကလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ အနေအထားကို ဖန်တီးပေးရပါမယ်။ တစ်ဖက်ကလည်း ကောင်းမွန်တဲ့ အစိုးရ အုပ်ချူပ်မှုနဲ့ စီးပွားရေး လုပ်ဆောင်မှုအပေါ်မှာ မကန့်သတ်တဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်။ ဒီအချက်တွေက စွန့်ဦးတီထွင်မှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ အလုပ်ဖြစ်တဲ့ ပုဂ္ဂလိကကဏ်ဏ္ဍ ကို ဖန်တီးပေးတယ်”ဟု အေဒီဘီ ဒုဥက္ကဌ မစ္စတာ Zhaoက ပြောကြားသည်ဟု ဆိုသည်။

မြန်မာအစိုးရအနေဖြင့်လည်း နိုင်ငံခြားငွေ ပိုမိုရရှိရန် စီးပွားရေးကို ပိုမိုလမ်းဖွင့်ပေးရန် လိုအပ်နေသည်ကို အသိအမှတ်ပြု ပြောကြားခဲ့သည်ဟု သိရသည်။

Myanmar ICT

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၄ခုနှစ်တွင် ၆ဒသမ ၈ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ပြီး တိုးတက် နိုင်မှု အလားအလာကို ယုံကြည်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ပြောကြားသည်ဟု သိရသည်။

သမ္မတဦးသိန်းစိန်အစိုးရ၏ ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ရန် အလှမ်းဝေးနေဆဲဟု သုတေသနအဖွဲ့ဆို

မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် ဗဟိုဦးစီးချုပ်ကိုင်မှုကိုလျော့ချရန် အရေးပါသော်လည်း ထိုအရေးကို အကောင် အထည်ဖော်ရန် အလှမ်းဝေးနေဆဲဟု မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေးအရင်းအမြစ်အဖွဲ့အစည်း (MDRI) မှ သုတေသန ပညာရှင်များက စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ထိုင်းကရာတေးဒို ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ရွှေ(၇)ခုရ

Photo: ထိုင်းကရာတေးဒို ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ရွှေ(၇)ခုရ
Thursday, September 12, 2013

ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ စက် တင်ဘာ ရရက်မှ ၁ဝရက်အထိ ကျင်းပခဲ့သည့် ဘန်ကောက်အိုး ပင်း ကရာတေးဒို ချန်ပီယံရှစ် ၂၀၁၃ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရခု၊ ငွေ ၃၊ ကြေး ၆ခု ဆွတ်ခူးနိုင်
ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ခတတစ်ဦးချင်းပြိုင်ပွဲ၊ အသင်း လိုက်ပြိုင်ပွဲ အမျိုးသား၊ အမျိုး သမီးနှင့် ကုမိတဲ့တစ်ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ အမျိုးသား၊အမျိုးသမီးပြိုင်ပွဲများတွင် ပြိုင်ပွဲ ဝင်ခဲ့ပြီး ခတအမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် ရီနွယ်ထွန်းက ရွှေ တံဆိပ်၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် မင်းဟိန်းက ရွှေတံဆိပ် နှင့် အသင်းလိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး
ရွှေတံဆိပ်ဆွတ် ခူးနိုင်ခဲ့သည်။

အမျိုးသမီး ကုမိတဲ့တစ်ဦး ချင်းပြိုင်ပွဲတွင် (-၅ဝကီလို)တန်း တွင် အေပရီဖော
က ရွှေတံဆိပ်၊ (-၆၁ကီလို)တန်းတွင် နွေးနွေး ဇော်ဝင်းက ရွှေတံဆိပ်၊ အမျိုး သားတစ်ဦးချင်း(-၈၄ကီလို)တန်း တွင် စောကျော်သူက ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။

အမျိုးသမီး ခတတစ်ဦးချင်း ပြိုင်ပွဲတွင် သဇင်အေးက ငွေတံ ဆိပ်၊ ကုမိတဲ့ တစ်ဦးချင်း (-၆၈ ကီလို)တန်းတွင် ပိုးအိဖြူက ငွေ တံဆိပ်၊ အမျိုးသား
ကုမိတဲ့(-၅၅ ကီလို)တန်းတွင် မြင့်မောင်မောင် ဟိန်းက ငွေတံဆိပ်ဆွတ်ခူး
ခဲ့သည်။

ကြေးတံဆိပ်များကို အမျိုး သားတစ်ဦးချင်း ခတပြိုင်ပွဲတွင် သက်ထွဋ်ဦးနှင့်
ကျော်ကျော်ထွန်း ကလည်းကောင်း၊ အမျိုးသား ကုမိတဲ့ တစ်ဦးချင်းပြိုင်ပွဲ
တွင် (-၆၀ ကီလို)တန်းတွင် စံတိုးက ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် (-၅ဝကီလို)တန်းတွင် ဂျူစီတီးနား၊ (-၅၅ကီ လို)တန်းတွင် ဝင်းသူဇာမင်းနှင့် ခိုင်ခိုင်တင်တို့က ဆုတံဆိပ်အသီး သီး ရရှိခဲ့ကြောင်း
သိရသည်။

Yangon Media Group
ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ စက် တင်ဘာ ရရက်မှ ၁ဝရက်အထိ ကျင်းပခဲ့သည့် ဘန်ကောက်အိုး ပင်း ကရာတေးဒို ချန်ပီယံရှစ် ၂၀၁၃ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရခု၊ ငွေ ၃၊ ကြေး ၆ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းကရာတေးဒို ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ရွှေ(၇)ခုရ

Photo: ထိုင်းကရာတေးဒို ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာ ရွှေ(၇)ခုရ
Thursday, September 12, 2013

ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ စက် တင်ဘာ ရရက်မှ ၁ဝရက်အထိ ကျင်းပခဲ့သည့် ဘန်ကောက်အိုး ပင်း ကရာတေးဒို ချန်ပီယံရှစ် ၂၀၁၃ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရခု၊ ငွေ ၃၊ ကြေး ၆ခု ဆွတ်ခူးနိုင်
ခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ခတတစ်ဦးချင်းပြိုင်ပွဲ၊ အသင်း လိုက်ပြိုင်ပွဲ အမျိုးသား၊ အမျိုး သမီးနှင့် ကုမိတဲ့တစ်ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲ အမျိုးသား၊အမျိုးသမီးပြိုင်ပွဲများတွင် ပြိုင်ပွဲ ဝင်ခဲ့ပြီး ခတအမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် ရီနွယ်ထွန်းက ရွှေ တံဆိပ်၊ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင် မင်းဟိန်းက ရွှေတံဆိပ် နှင့် အသင်းလိုက်ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး
ရွှေတံဆိပ်ဆွတ် ခူးနိုင်ခဲ့သည်။

အမျိုးသမီး ကုမိတဲ့တစ်ဦး ချင်းပြိုင်ပွဲတွင် (-၅ဝကီလို)တန်း တွင် အေပရီဖော
က ရွှေတံဆိပ်၊ (-၆၁ကီလို)တန်းတွင် နွေးနွေး ဇော်ဝင်းက ရွှေတံဆိပ်၊ အမျိုး သားတစ်ဦးချင်း(-၈၄ကီလို)တန်း တွင် စောကျော်သူက ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။

အမျိုးသမီး ခတတစ်ဦးချင်း ပြိုင်ပွဲတွင် သဇင်အေးက ငွေတံ ဆိပ်၊ ကုမိတဲ့ တစ်ဦးချင်း (-၆၈ ကီလို)တန်းတွင် ပိုးအိဖြူက ငွေ တံဆိပ်၊ အမျိုးသား
ကုမိတဲ့(-၅၅ ကီလို)တန်းတွင် မြင့်မောင်မောင် ဟိန်းက ငွေတံဆိပ်ဆွတ်ခူး
ခဲ့သည်။

ကြေးတံဆိပ်များကို အမျိုး သားတစ်ဦးချင်း ခတပြိုင်ပွဲတွင် သက်ထွဋ်ဦးနှင့်
ကျော်ကျော်ထွန်း ကလည်းကောင်း၊ အမျိုးသား ကုမိတဲ့ တစ်ဦးချင်းပြိုင်ပွဲ
တွင် (-၆၀ ကီလို)တန်းတွင် စံတိုးက ရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးချင်း ကုမိတဲ့ပြိုင်ပွဲတွင် (-၅ဝကီလို)တန်းတွင် ဂျူစီတီးနား၊ (-၅၅ကီ လို)တန်းတွင် ဝင်းသူဇာမင်းနှင့် ခိုင်ခိုင်တင်တို့က ဆုတံဆိပ်အသီး သီး ရရှိခဲ့ကြောင်း
သိရသည်။

Yangon Media Group
ထိုင်း နိုင်ငံ ဘန်ကောက်မြို့၌ စက် တင်ဘာ ရရက်မှ ၁ဝရက်အထိ ကျင်းပခဲ့သည့် ဘန်ကောက်အိုး ပင်း ကရာတေးဒို ချန်ပီယံရှစ် ၂၀၁၃ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ရခု၊ ငွေ ၃၊ ကြေး ၆ခု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ကုန်းတွင်းပိုင်းမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှု တားဆီး ထိန်းချုပ်ရေး ဆောင်ရွက်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက မန္တလေး မြို့တွင်းသို့ ကုန်းတွင်းပိုင်းမှ တရားမဝင် ဝင်ရောက်လာမည့် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်ရေး အတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ ရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့က မန္တလေးတိုင်း ဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန တိုင်းဦးစီးမှူးရုံးခန်း အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

မျက်နှာအရေပြားကို တင်းရင်းစေသော အသီးအရွက်များ

Photo: မျက်နှာအရေပြားကို တင်းရင်းစေသော အသီးအရွက်များ
Thursday, September 12, 2013

(၁)ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်တွင် 'လူတိန်း' ခေါ် အင်တီအောက်စီဒင့်အသား အရေစိုပြည်မှု၊ အရေပြားဆန့်ကျုံ့ သတ္တိကိုလည်း ကူညီမှုပေးပြီး ပါးရေ တွန့်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။ Free radical ကြောင့်ဖြစ်ပေါ်သော အသားအရေကို Lipid Level တိုး စေခြင်းဖြင့် ကာကွယ်ပေးသည်။ မျက်လုံးအောက်ရှိ မျက်ကွင်းညိုခြင်း ကို ဗီတာမင် K, C အားဖြင့် လျှော့ချ ပေးသည်။

(၂)ကမာကောင်
ဗီတာမင် B12 သို့မဟုတ် သံ ဓာတ် ချို့တဲ့မှုကြောင့် အနီးမီးယား ရောဂါဖြစ် စေတတ်ပြီး အသားအရေ ဖြူဖတ်ဖြူ ရော်ဖြစ်ခြင်း၊ မျက်ကွင်းညို ခြင်းများအတွက် မရှိမဖြစ်လိုအပ် သော အာဟာရကို ပေး
စွမ်းနိုင်သည်။ ခုံး ကောင်၊ ယောက်သွားများကိုလည်းအလားတူစား
သုံးပေးနိုင်သည်။

(၃)ကြက်သွန်ဖြူ
သွေးသန့်စေရန် ကိုယ်ခံအား တက်စေရန် ဘက်တီး ရီးယားများကို တိုက်ထုတ်ရန်အတွက် ထိရောက် သော သဘာဝစား သောက်ကုန်တစ်ခု
ဖြစ်သည်။ ဝက်ခြံကို သဘာဝအားဖြင့် ထိရောက်မှု ရှိစွာနှင့်ကုန်ကျစရိတ်
သက်သာစွာဖြင့် ပျောက်ကင်းစေသည်။ ဝက်ခြံ ကြီးထွားပြီး ရောင်
ရမ်းခြင်းများ မဖြစ်စေရန် ကြက်သွန်စိမ်းကို စား ခြင်းဖြင့် ကြိုတင်ကာကွယ်မှု
ပေးနိုင်သည်။

(၄) ထောပတ်သီး
Collagen ထုတ်လုပ်မှုကို တိုးပွား စေပြီး အရေးအကြောင်းများကို ကာ ကွယ်ပေးသည်။ ဗီတာမင် E မြင့်မားစွာ ပါဝင်မှုကြောင့် အသား အရေကို
ပျော့ပြောင်းစေပြီး အရွယ် မတိုင်မီ အိုမင်းခြင်းကို ကာကွယ် ပေးသည်။
ထောပတ်သီးတွင် အိုမီဂါ ၃ အက်ဆစ်ပါဝင်သဖြင့် အရေပြား၏ အတွင်းပိုင်းအထိ အစိုဓာတ်ကို ရရှိစေသည်။ ဝက်ခြံကိုလည်းကောင်း၊ ကြမ်းထော်သည့်အနီပိန့်များ ထွက် သည့်ရောဂါကိုလည်းကောင်း ကာ ကွယ်ပေးနိုင်သည်။

(၅)ငှက်ပျောသီး
မျက်နှာဖောင်းပွခြင်း၊ မျက်လုံး အိမ်တွဲခြင်းတို့အတွက် ထိရောက်စေ သည်။ ရေဓာတ်ထိန်းသိမ်းထားမှု ကြောင့် ခန္ဓာကိုယ်မှ ဆိုဒီယမ်နှင့်ပို တက်စီယမ်ကို ညီအောင် ပြန်ညှိ ပေးသည်။ ပိုတက်စီယမ်ကြွယ်ဝ သည့်ငှက်ပျောသီးကို စားပေးခြင်း ဖြင့် ခန္ဓာကိုယ်မှ ရေဓာတ်နှင့်ဆား ဓာတ်အနည်းအများကို ညှိပေး သည်။ စတော်ဘယ်ရီ၊ သင်္ဘော၊ ဖရဲ စသည်တို့သည်လည်း ပိုတက်စီယမ် ကြွယ်ဝသောအသီးများဖြစ်ပြီး မျက် နှာ၏အသားအရေကို ချောမွေ့စေ ပြီး နုပျိုစေသည်။

ဒေါန
Health Updates Journal
(၁)ဟင်းနုနွယ်ရွက်
ဟင်းနုနွယ်ရွက်တွင် 'လူတိန်း' ခေါ် အင်တီအောက်စီဒင့်အသား အရေစိုပြည်မှု၊ အရေပြားဆန့်ကျုံ့ သတ္တိ ကိုလည်း ကူညီမှုပေးပြီး ပါးရေ တွန့်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။ Free radical ကြောင့်ဖြစ်ပေါ်သော အသားအရေကို Lipid Level တိုး စေခြင်းဖြင့် ကာကွယ်ပေးသည်။ မျက်လုံးအောက်ရှိ မျက်ကွင်းညိုခြင်း ကို ဗီတာမင် K, C အားဖြင့် လျှော့ချ ပေးသည်။

အန်းဒရွိုက်အတွက် Google Play Music


မြန်မာအိုင်စီတီ ပရိသတ်တွေထဲက အန်းဒရွိုက်Userတွေ အတွက် “Google Play Music”ဆိုတဲ့ Music

မာဒေးကား ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာ ယူ-၂၃ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက် နိုင်ပြီ

Photo: မာဒေးကား ဖလား အုပ်စု နောက်ဆုံး ပွဲစဉ်တွင် မြန်မာ ယူ-၂၃ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက် နိုင်ပြီ
Thursday, September 12, 2013

မာဒေးကားဖလား အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ ယူ- ၂၃ အသင်းနှင့် စင်ကာပူ ယူ- ၂၃အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မြန်မာ ယူ-၂၃ အသင်းက ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီ ဖြစ်သည်။ မြန်မာ အသင်းသည် ယခုပွဲတွင် ကစားသမားများကို အပြောင်းအလဲ ပြုလုပ်၍ ပွဲပယ်ခံရသော ကြည်လင်းနှင့် ဒဏ်ရာ ရရှိနေသော ကျော်ဇေယျာဝင်းတို့၏ နေရာ တွင် ကောင်းစည်သူနှင့် ထူးထူးအောင် တို့အား အစားထိုး၍ ကစား ခဲ့သည်။

မြန်မာအသင်းတွင် ဂိုးပြည့်ဖြိုးအောင်၊ နောက်တန်း သက်နိုင်၊ အောင် ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ အလယ်တန်း နေလင်းထွန်း၊ ထူးထူးအောင်၊ ရဲလင်းနှင့် ဒေးဗစ်ဒန်း၊ ရှေ့တန်းတွင် ကျော်ကို ကိုနှင့် ကောင်းစည်သူ တို့ကို ပွဲထွက် စေကာ ၄- ၄- ၂ ကစားကွက်ဖြင့် ကစားခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲတွင် သေချာပေါက် အနိုင်ရရှိရန် လိုအပ် နေသဖြင့် ပွဲအစမှ စ၍ တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် ၁၅မိနစ်တွင် ဘယ်တောင်ပံမှ ဖြတ်တင်ဘောကို ကျော်ကိုကို က ခေါင်း တိုက်၍ မြန်မာ အသင်းအတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ သည်။ နောက် ပိုင်းတွင် မြန်မာအသင်း ထပ်မံ တိုက်စစ် ဆင်ကစား နိုင် ခဲ့သော်လည်း ပထမပိုင်း ပြီးသည်အထိ ဂိုးထပ်မံ မရရှိခဲ့ပေ။

ဒုတိယပိုင်း အစတွင် နေလင်းထွန်း အစား နန္ဒလင်းကျော် ချစ်နှင့် ဒေးဗစ် ဒန်း အစား သက်ဖြိုးဝေတို့ ဝင်ရောက် ကစား ခဲ့ရာ တိုက်စစ် ပိုမို ကောင်း မွန် လာခဲ့သည်။ မြန်မာ အသင်းအတွက် နောက်ဆုံးဂိုးကို ထပ်ဆောင်း အချိန်ပို ၂ မိနစ်တွင် ကောင်းစည်သူ အစား ဝင်လာသော တိုက်စစ်မှူး စိုးကျော်ကျော်က သက်ဖြိုးဝေ၏ ဖန်တီးပေးပို့မှုမှ တစ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့သဖြင့် မြန်မာ အသင်း နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့သည်။

အခြား ပွဲစဉ်တွင် မလေးရှား ယူ-၂၃ အသင်းက ထိုင်း Selected Team အသင်းကို ၃ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိ သွားခဲ့ သည်။ ထို့ကြောင့် မြန်မာ ယူ-၂၃ အသင်းနှင့် မလေးရှား ယူ-၂၃ အသင်း တို့သည် လာမည့် စက်တင်ဘာ ၁၄ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်ကစား ကြတော့မည် ဖြစ်သည်။

ကျော်ဇင်ထွဋ်
မြ၀တီ
မာဒေးကားဖလား အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာ ယူ- ၂၃ အသင်းနှင့် စင်ကာပူ ယူ- ၂၃အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ ယူ-၂၃ အသင်းက ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင် ရရှိပြီး နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် ကစားသမားများကို အပြောင်းအလဲ ပြုလုပ်၍ ပွဲပယ်ခံရသော ကြည်လင်းနှင့် ဒဏ်ရာရရှိနေသော ကျော်ဇေယျာဝင်းတို့၏ နေရာတွင် ကောင်းစည်သူနှင့် ထူးထူးအောင် တို့အား အစားထိုး၍ ကစား ခဲ့သည်။

iPhone သစ်နှစ်မျိုး အက်ပဲလ်ပြ

Photo: iPhone သစ်နှစ်မျိုး အက်ပဲလ်ပြ
Thursday, September 12, 2013

အက် ပဲလ်က ၎င်း၏ iPhone သစ်နှစ် မျိုးကို အင်္ဂါနေ့က ဖွင့်လှစ်ပြသ ခဲ့သည်။ တစ်မျိုးမှာ အထင်ကြီး လောက်အောင် ပြယုဂ်ကောင်း မွန်သည့် ထိပ်တန်းမိုဒယ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ကမ္ဘာတစ်ဝန်း မှ တန်ဖိုးနည်း စမတ်ဖုန်းဝယ်သူ များအတွက် ရည်ရွယ်သည်။

''လုပ်ငန်းက သိပ်ကြီးလာ ပြီဆိုတော့ ဒီနှစ်မှာ iPhone 5 ရဲ့ နေရာကို အစားထိုးတော့မှာပါ။ အဲဒီနေရာကို ဒီဇိုင်းသစ်နှစ်ခုနဲ့ အစားထိုးမှာပါ''ဟု အက်ပဲလ်၏ အကြီးအကဲတင်မ်ကွတ်က ကုမ္ပဏီ ၏ဆီလီကွန်ဗယ်လီရုံးချုပ်၌ ကြေ ညာခဲ့သည်။ အက်ပဲလ်သည် စက် တင်ဘာ၁၃ရက်တွင် အမှာစာများ ကို စတင်လက်ခံမည်ဖြစ်သည်။ စင်တင်ဘာ၂ဝရက်တွင် ဖုန်းသစ် နှစ်မျိုးစလုံးကို အမေရိကန်၊ ဩ စတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဂျာမ နီ၊ ဂျပန်နှင့် စင်ကာပူတို့၌ စတင် ရောင်းချမည်ဟု သိရသည်။

ဖုန်းသစ်နှစ်လုံး၏အမည် မှာ iPhone 5C နှင့် iPhone 5S တို့ဖြစ်သည်။ iPhone 5C သည် ပြိုင်ဘက်များ၏ တန်ဖိုးနည်းစမတ် ဖုန်းများကိုယှဉ်ပြိုင်ရန် အက်ပဲလ် ၏ ကြိုးပမ်းမှုအစိတ်အပိုင်းဖြစ် သည်။ ပြိုင်ဘက်များ၏တန်ဖိုး နည်းစမတ်ဖုန်းအများစုမှာ Google Android Operating System ကို အသုံးပြုထားသည်။ တန်ဖိုးနည်း ဟုဆိုသော်လည်း သံမဏိဘောင် ကွပ်ထားသော ပိုလီကာဗွန်နိတ် iPhone 5C မှာ လှပသည်ဟု အက်ပဲလ်ဒီဇိုင်နာဂျော်နီအိုက်ဗ် က ဆိုသည်။ iPhone 5C (16 GB) ကို အမေရိကန်၌ နှစ်နှစ်စာ ချုပ်ဖြင့် ငှားရမ်းဝယ်ယူပါက ၉၉ ဒေါ်လာ စတင်ပေးချေရမည်ဖြစ် ပြီး အကယ်၍ ချက်ချင်းကျသင့် ငွေချေစနစ်ဖြင့် ဝယ်ယူပါက ၅၄၉ ဒေါ်လာဖြင့်ရောင်းချမည်ဟု သိ ရသည်။ ယခင် iPhone မိုဒယ် များထက် ဒေါ်လာ၁ဝဝလျော့ နည်းသည်။ သို့သော် 5C အဖုံး အိမ်မှာ သတ္တုမဟုတ်ဘဲ ပလတ် စတစ်သာဖြစ်သည်ဟု ဆိုသည်။

ထိပ်တန်း iPhone 5S ကို အမေရိကန်တွင် စာချုပ်စနစ်ဖြင့် ဝယ်ယူသူများကို ၁၉၉ဒေါ်လာ ဖြင့်ရောင်းချမည်ဖြစ်ပြီး အပြီး အပြတ်ဝယ်ယူသူများကို ၆၄၉ဒေါ် လာဖြင့် ရောင်းချမည်ဖြစ်သည်။

''စမတ်ဖုန်းတွေထဲမှာတော့ ရွှေအဆင့်စံနှုန်းပါပဲ''ဟု အက် ပဲလ်၏ ဒုတိယဥက္ကဋ္ဌဖီလ်ရှီးလာ ကပြောကြားခဲ့သည်။ 5S မိုဒယ်တွင် ပိုမိုလျင်မြန် သောချစ်ပ်တစ်ခုပါပြီး တွက်ချက် ဆောင်ရွက်မှုများကို စားပွဲတင် ကွန်ပျူတာများနှင့် တန်းတူပြု လုပ်နိုင်သည်။ 5S ထဲမှာ ထရန် စစ္စတာ သန်းတစ်ထောင်ကျော် ရှိသည်ဟု ၎င်းက ပြောကြားခဲ့ သည်။ တန်ဖိုးနည်းသော 5C ကို အပြာရောင်၊ အဖြူရောင်၊ ပန်း ရောင်၊ အဝါရောင်နှင့် အစိမ်း ရောင်တို့ဖြင့် ထုတ်လုပ်မည်ဖြစ် ပြီး ထိပ်တန်းမိုဒယ် 5S ကိုမူ ငွေ ရောင်၊ ရွှေရောင်နှင့် မီးခိုးရောင် တို့ဖြင့်ထုတ်လုပ်မည်ဟု အက်ပဲလ် က ပြောသွားခဲ့သည်။

Yangon Media Group
အက် ပဲလ်က ၎င်း၏ iPhone သစ်နှစ်မျိုးကို အင်္ဂါနေ့က ဖွင့်လှစ်ပြသခဲ့သည်။ တစ်မျိုးမှာ အထင်ကြီး လောက်အောင် ပြယုဂ်ကောင်း မွန်သည့် ထိပ်တန်းမိုဒယ်ဖြစ်ပြီး နောက်တစ်မျိုးမှာ ကမ္ဘာတစ်ဝန်း မှ တန်ဖိုးနည်း စမတ်ဖုန်းဝယ်သူ များအတွက် ရည်ရွယ်သည်။

ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင် ဆက်စပ်နေကြသည်။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ် လျှင် အသည်းတွင်လည်း ထိခိုက်နိုင်သည်။

စိတ်ကြွ ရူးသွပ် ဆေးပြားများ ထပ်မံ သိမ်းဆည်း ရမိ

Photo: စိတ်ကြွ ရူးသွပ် ဆေးပြားများ ထပ်မံ သိမ်းဆည်း ရမိ
Thursday, September 12, 2013

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ ဝင်များက စက်တင်ဘာ ၅ရက်တွင် ဘန်းယဉ်မြို့နယ် အတွင်း လှည့်ကင်း တာဝန် ထမ်းဆောင်စဉ် အစိုင်း(ခ) စိုင်းစိုင်း၊ အားစီ(ခ) သက်မြင့်ထွန်းတို့အား ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ် နှင့် ဗွီဂို အဖြူရောင် ယာဉ် နှစ်စီး နှင့်အတူ စိတ်ကြွ ရူးသွပ်ဆေးပြား များ၊ လက်နက် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့မှုကို စက်တင် ဘာ ၈ ရက်ထုတ် မြဝတီ သတင်းစာတွင် သတင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

အဆိုပါ တရားခံ နှစ်ဦးတို့အား သက်သေခံ ယာဉ်နှစ်စီး နှင့်အတူ စက်တင်ဘာ ၁ဝရက် နံနက်ပိုင်းက ဆီဆိုင်မြို့မှ တောင်ကြီး မြို့ရှိ နယ်မြေခံ ရဲစခန်းသို့ ပြောင်းရွှေ့ ထိန်းသိမ်း ထားရှိပြီး ယာဉ်/ စက်ပြင် ကျွမ်းကျင်သူများဖြင့် မော်တော် ယာဉ်နှစ်စီးအား အသေးစိတ် စစ်ဆေး ရှာဖွေရာ ဟိုင်းလတ်ဖိုးဝှီး ခဲရောင်ယာဉ်အတွင်း ယာဉ်မောင်း ထိုင်ခုံ၏ အနောက် ဘက်အခန်း ဘယ်/ညာ ဘက်ဆိုဒ် ကာဘာနှင့် ဘော်ဒီ အကြားများနှင့် ဂီယာတံ အဖုံးအောက်မှ WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုတ်လျှင် ၉၈ဝဝပြားပါ အထုပ် ရှစ်ထုပ် စုစုပေါင်း ၇၈၄ဝဝပြား၊ တန်ဖိုးငွေ ၃၁၃၆ သိန်း အား ထိပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ရက်တွင် ဘန်းယဉ်မြို့နယ်

လူကူးမျဉ်းကြားတွင် ရပ်နားခြင်းမရှိဘဲ မောင်းနှင်နေသည့် ယာဉ်မောင်း များကို စီမံချက်ဖြင့် အရေးယူမည်

Photo: လူကူးမျဉ်းကြားတွင် ရပ်နားခြင်းမရှိဘဲ မောင်းနှင်နေသည့် ယာဉ်မောင်း
များကို စီမံချက်ဖြင့် အရေးယူမည်
Thursday, September 12, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကူးမျဉ်းကြားများ၌ ခေတ္တရပ်နားခြင်း မရှိဘဲ ယာဉ်ဆက်လက် မောင်းနှင်နေသည့် ယာဉ်မောင်းများကို စက်တင်ဘာ ၂၃ ရက်မှ စတင်ပြီး အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူး သာဌေး က စက်တင်ဘာ ၁၁ ရက် နံနက်တွင် ပြောကြားသည်။

စည်းကမ်းလိုက်နာမှု မရှိသည့် ယာဉ်မောင်းများကို စစ်ဆေးတွေ့ရှိ
ပါက မော်တော်ယာဉ် နည်းဥပေဒဖြင့် အရေးယူမည့်အပြင် စီမံချက် ဒဏ်ငွေကျပ် ၃၁၅၀၀ ဆောင်ခိုင်းခြင်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"လူကူးမျဉ်းကြားတွေမှာ ခြေကျင်သွားနေတဲ့ ခရီးသည်တွေ လမ်းဖြတ် ကူးတဲ့ အချိန်တွေမှာ ယာဉ်မောင်းတွေက မရပ်ဘဲ မောင်းနှင်နေတော့ လမ်းကူးတဲ့သူတွေ အန္တရာယ် ကင်းရှင်းမှု မရှိဘူး။ ဒါ့ကြောင့် ထိရောက်စွာ အရေးယူသွားမယ်။ ဒါပေမဲ့ စက်တင်ဘာ ၉ ရက်ကနေ နှစ်ပတ်အတွင်း ပညာပေးတွေ ပြုလုပ်နေတယ်။ ပညာပေးကာလ ပြီးသွားရင်တော့ သတ်မှတ် ထားတဲ့ ဥပဒေအတိုင်း အရေးယူသွားမယ်။ ယာဉ်မောင်းတွေ အနေနဲ့ စနစ်တကျ ရှိစေချင်သလို လမ်းကူးသူအနေနဲ့လည်း အန္တရာယ် ကင်းရှင်း စေချင်ပါတယ်" ဟု ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသားဌေးက ပြောကြားသည်။

သြဂုတ်လအတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်အစီးရေ (၁၅၀၀၀) ၀န်းကျင်၊ ခေါင်းမိုးပေါ်တွင် ခရီးသည်တင် ပြေးဆွဲနေသော ယာဉ်များနှင့် ဘေးတွယ်စီးပြီး မောင်းနှင်နေသည့် မော်တော်ယာဉ် (၄၀၀) ကျော် အရေးယူခဲ့ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

"ရန်ကုန်မြို့မှာရှိတဲ့ လူကူးမျဉ်းကြား အများစုမှာတော့ လမ်းကူးသူတွေကို ပြီးအောင်မစောင့်ဘဲနဲ့ ယာဉ်မောင်းတွေက မောင်းနှင်နေတာ တွေ့ရတယ်။ အချို့ယာဉ်မောင်းတွေက စည်းစနစ်တကျ ရပ်ပေးတာ ရှိသလို အချို့ယာဉ်မောင်းတွေ ဆိုရင်လည်း လမ်းကူးတွေကို အော်ဟစ်ပြောဆို တာတွေ ကို တွေ့ရတယ်" ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ
ဒေါ်ယဉ်မာက လူကူးမျဉ်းကြားတွင် လမ်းကူးသည့်အခါ ကြုံတွေ့ရသည်ကို
ပြန်လည်ပြောကြားသည်။

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း လူကူးမျဉ်းကြားများ၌ ခေတ္တရပ်နားခြင်းမရှိဘဲ ယာဉ်ဆက်လက် မောင်းနှင်နေသည့် ယာဉ်မောင်းများကို စက်တင်ဘာ ၂၃ ရက်မှ စတင်ပြီး အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူရဲမှူး သာဌေး က စက်တင်ဘာ ၁၁ ရက် နံနက်တွင် ပြောကြားသည်။

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို

Photo: ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံး ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဟုဆို
Thursday, September 12, 2013

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော် မတီ မှ သတင်းရရှိသည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းက ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ရွှေဂုံတိုင် ခုံးကျော်တံတားကလည်း အဲဒီလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက် ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ်ခဲ့ပြီး တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ် ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ်ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

လှည်းတန်းခုံးကျော်တံတားအား ယခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်အသုံးပြုခွင့်
ပေးခဲ့ကြောင်း သိရသည်။

လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေး
မှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခုရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့
မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားအား နိုဝင်ဘာလ တတိယပတ်တွင် အပြီး
တည်ဆောက် မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ဘုရင့်နောင် ခုံးကျော်တံတားကိုလည်း ဒီဇင်ဘာလတွင် အပြီးတည်ဆောက် သွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

ယခုလက်ရှိ ရွှေဂုံတိုင် ခုံးကျော်တံတားတွင် တံတားသံပေါင်များ တပ်ဆင်ခြင်း
များ ပြုလုပ်နေသောကြောင့် ရွှေဂုံတိုင်လမ်းဆုံအား ကမ္ဘာအေး ဘုရား
လမ်းပေါ်မှ ဖြတ်သန်းသွားလာခြင်းအား ဇီဝိတဒါန သံဃာ့ဆေးရုံရှေ့ထိ ပိတ်ထားပြီး မီးပွိုင့်ဖြတ်သန်းယာဉ်များမှာ ရှောင်ကွင်းလမ်းများဖြစ်သည့်
ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းများမှ ဖြတ်သန်းသွားလာ နေ
ရသည်။

Eleven Media Group
ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ သတင်းရရှိသည်။

သင်သတိမပြုမိသော စိတ်ဖိစီးမှု အကြောင်းရင်းများ

Photo: သင်သတိမပြုမိသော စိတ်ဖိစီးမှု အကြောင်းရင်းများ
Thursday, September 12, 2013

ဆူညံသံ
ဆူညံသံများနှင့် ထိတွေ့မှုများ လျှင်ခန္ဓာကိုယ်မှ အဒရီနယ်လင် ဟော်မုန်း များ ထွက်လာစေပြီး သွေး ပေါင်တက်လာတတ်သည်။ ဆူညံ သော ပတ်ဝန်း ကျင် ၌ အလုပ်လုပ်ရသူ များသည်

တိတ်ဆိတ်သည့်နေရာ တွင်အလုပ်လုပ်ရသူများထက် နှလုံး ရောဂါဖြစ်ပွားနှုန်း နှစ်ဆမှ သုံးဆ အထိမြင့်မားလေ့ရှိသည်။

မိတ်ဆွေများ
ပျော်ရွှင်မှုသည် မိတ်ဆွေတစ်ဦး မှ တစ်ဦးသို့ ကူးစက်တတ်သည်။ ထို နည်းတူပင် မိတ်ဆွေတစ်ဦး စိတ်ဖိစီး နေသည့်အခါ အခြားတစ်ဦးထံ ကူး စက်လေ့ရှိသည်။

မိဘများ
စိတ်ဖိစီးမှုဒဏ် ခံနိုင်ရည်ကို မိဘများထံမှ အမွေဆက်ခံရရှိသည်။ အမြွှာ ကလေးများကို လေ့လာချက် များအရကလေးနှစ်ဦးကို တစ် ယောက် တစ်နေရာစီ၊ ပတ်ဝန်းကျင်တစ်ခုစီခွဲထားသော်လည်း စိတ်ဖိစီးမှု ခံနိုင် ရည်မှာတစ်ဦးနှင့်တစ်ဦးအတူတူပင်ဖြစ် သည်ကို တွေ့ရ သည်။ စိတ် ဖိစီးမှုမခံနိုင်သည့် မိဘများ၏ကလေး များသည်လည်း စိတ်ဖိစီးမှုကိုခံနိုင် ရည်နည်းပါးသည်ကိုတွေ့ရသည်။

မအိပ်ခင်အင်တာနက်ကြည့်ခြင်းနှင့် စာရိုက်ခြင်း
ညမအိပ်ခင် နည်းပညာပစ္စည်းတစ်ခုခုအသုံးပြုခြင်းသည် စိတ်ဖိ စီးမှု ဖြစ်ပေါ်စေသည်။ မအိပ်ခင်နှစ် နာရီအတွင်း အင်တာနက်ကြည့်၊ စာရိုက်ခြင်း ပြုလုပ်သူများသည် စိတ် ဖိစီးမှုပိုမိုဖြစ်ပေါ်သည်ကို တွေ့ရ သည်။

ဇော်ကို
Source:RD
Health Updates Journal
ဆူညံသံ
ဆူညံသံများနှင့် ထိတွေ့မှုများ လျှင်ခန္ဓာကိုယ်မှ အဒရီနယ်လင် ဟော်မုန်း များ ထွက်လာစေပြီး သွေး ပေါင်တက်လာတတ်သည်။ ဆူညံ သော ပတ်ဝန်းကျင်၌ အလုပ်လုပ်ရသူများသည် တိတ်ဆိတ်သည့်နေရာ တွင်အလုပ်လုပ်ရသူများထက် နှလုံး ရောဂါဖြစ်ပွားနှုန်း နှစ်ဆမှ သုံးဆ အထိမြင့်မားလေ့ရှိသည်။

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းအား သက်သာစေရန်

Photo: ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းအား သက်သာစေရန်
Thursday, September 12, 2013

ကိုယ်ဝန်ရှိနေလား၊ ဝမ်းရော ချုပ်နေသလား၊ ရှက်မနေပါနဲ့။ ဒီပြဿနာဟာ သင်တစ်ယောက်ထဲ ခံစားနေရတာမဟုတ်ပါဘူး။ ကိုယ်ဝန် ဆောင်တွေမှာ ဘာဖြစ်လို့ ဝမ်းချုပ် ကြတာလဲ။ အကြောင်းအရင်းက နှစ်ခုရှိတယ်။ တစ်ခုက ကိုယ်ဝန်ေ ဆာင်စဉ်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်း တွေက အစာခြေဖျက် မှုကို အားမပေး လို့ရယ်၊ နောက်တစ်ခုက ကိုယ်ဝန် ဆောင်အားဆေးတွေက သံဓာတ် ပါဝင်မှုများတဲ့အတွက် ဝမ်းချုပ်စေ တာပါ။

ကဲ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်ခြင်းက သက်သာအောင် ဆေးသောက် စရာမလိုဘဲ ဘယ်လို လုပ်ကြမလဲ။၁။နေ့စဉ်စားနေကျ အစားထဲ မှာ လတ်ဆတ်တဲ့သစ်သီးတွေ၊အရွက် တွေ ၊ အစေ့အဆန်တွေ ထပ်ပေါင်း ထည့်လိုက်ပါ။ အမျှင်ဓာတ်က ဝမ်း ချုပ်တာကို သိသာစွာ သက်သာစေ ပါတယ်။

၂။ရေများများသောက်ပါ။

၃။မနက်မိုးလင်းလျှင် စပျစ်သီးခြောက် အနည်းငယ်ကို ရေစိမ်၍ စားပါ။ ယင်းက အမျှင်ဓာတ်များစွာပါရုံသာမက သဘာဝ၀မ်းနှုတ်ဆေးလည်း ဖြစ် ပါ တယ်။

၎။မရသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေး ကို ပြောင်းသုံးကြည့်ပါ။ တချို့တံ ဆိပ်တွေက ဝမ်းချုပ်ခြင်းကို ပိုသက် သာစေပါတယ်။

၅။အရေးကြီးဆုံးကတော့ ဝမ်းချုပ် လို့ဆိုပြီး ဆရာဝန်မညွှန်ကြားတဲ့ ဝမ်းနှုတ်ဆေးတွေ မသောက်ပါနဲ့။ ယင်းက ကိုယ်ဝန်အပေါ်သက်ရောက် မှုတွေ ရှိနိုင်ပါတယ်။

မိုင်ကိ
ref: Medindia
Health Updates Journal
ကိုယ်ဝန်ရှိနေလား၊ ဝမ်းရောချုပ်နေသလား၊ ရှက်မနေပါနဲ့။ ဒီပြဿနာဟာ သင်တစ်ယောက်ထဲ ခံစားနေ ရတာမဟုတ်ပါဘူး။ ကိုယ်ဝန် ဆောင်တွေမှာ ဘာဖြစ်လို့ဝမ်းချုပ် ကြတာလဲ။ အကြောင်းအရင်းက နှစ်ခု ရှိတယ်။ တစ်ခုကကိုယ်ဝန်ဆောင်စဉ်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေက အစာခြေဖျက်မှုကို အားမပေး လို့ရယ်၊ နောက်တစ်ခုက ကိုယ်ဝန် ဆောင်အားဆေးတွေက သံဓာတ်ပါဝင်မှုများတဲ့အတွက် ဝမ်းချုပ်စေ တာပါ။

ဖိလစ်ပိုင်စစ်တပ်နဲ့ မူဆလင်သူပုန် တိုက်ပွဲရက်ရှည်

Photo: ဖိလစ်ပိုင်စစ်တပ်နဲ့ မူဆလင်သူပုန် တိုက်ပွဲရက်ရှည်
Thursday, September 12, 2013

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြို့တမြို့ရဲ့ အချက်အခြာနေရာတွေကို သိမ်းပိုက် ထားတဲ့ မူဆလင်သူပုန်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်မြောက်နေ့ အဖြစ် ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား ခဲ့ပါတယ်။

မင်ဒါနာအိုကျွန်းပေါ်က Zamboanga မြို့မှာ Moro အမျိုးသား လွတ်မြောက်ရေး တပ်ဦး MNLF တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကြောင်းလည်း စစ်တပ်တာဝန် ရှိသူတွေက ပြောပါတယ်။

ခန့်မှန်းချေ သူပုန်အင်အား ၂၀၀ လောက်ဟာ အရပ်သားတွေကို အကာ အကွယ် ယူပြီး စီးနင်းထားတယ်လို့ ယူဆထားတဲ့ ကမ်းရိုးတန်းဒေသ က ကျေး ရွာ ၄ ရွာကိုတော့ စစ်တပ်က ၀ိုင်းထားပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံပေါင်း ထောင်သောင်းချီထွက်ပြေးခဲ့ကြသလို လူ ၁ သန်းလောက် နေထိုင်ရာ ဒေသမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေ တာပါ။ Zamboanga မြို့တော်ဝန်ရဲ့ အင်တာနက်ပေါ်မှာ ဖော်ပြခဲ့ တဲ့ ကြေညာချက်ထဲမှာတော့ သူပုန်တွေနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ အကြောင်း ဖော်ပြထားပါတယ်။

အစားအသောက်တွေ တောင်းခံခဲ့ကြတဲ့ သူပုန်တွေက အပြန်အလှန် အနေနဲ့ ဓားစားခံ အနည်းဆုံး ၇ ယောက်ကို ပြန်လွှတ်ပေး ခဲ့ပေမဲ့ နောက်ထပ် အရပ်သား ၁၀၀ လောက်ဟာ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေထဲမှာ ရှိနေတုန်းပဲလို့လည်း မြို့တော်ဝန် Maria Isabelle Climaco ကပြောပါတယ်။

MNLF သူပုန်အဖွဲ့ကတော့ မူဆလင်တွေ အများစုရှိရာ နိုင်ငံတောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ကြိုးပမ်းနေကြတာဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့လည်း အစိုးရက ကတိပျက်တယ်ဆိုပြီး အဖွဲ့ဝင်တချို့က ဆက်လက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

VOA
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မြို့တမြို့ရဲ့ အချက်အခြာနေရာတွေကို သိမ်းပိုက် ထားတဲ့ မူဆလင်သူပုန်တွေနဲ့ စစ်တပ်တို့ကြား ၃ ရက်မြောက်နေ့ အဖြစ် ဗုဒ္ဓဟူးနေ့က အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ တင်သွင်းရသည့် ရေငန်ပုစွန်ဖြူများအား စင်ကာပူရှိ Gold Coin ကုမ္ပဏီနှင့် ငါးလုပ်ငန်း ဦးစီးဌာန ပူးပေါင်းရန် စီစဉ်

ထိုင်းနိုင်ငံမှ တင်သွင်းနေရသည့် ပြည်တွင်းပြည်ပ ဈေးကွက်ဝင်၍ စားသုံးမှုများသော ပနားမီး ရေငန်ပုစွန်ဖြူ (vennami)များကို စင်ကာပူနိုင်ငံရှိ ရွှေဒင်္ဂါး (Gold Coin) ကုမ္ပဏီနှင့် ပူးပေါင်း၍ ချောင်းသာရှိ ပုစွန် သားဖောက်စခန်းတွင် သားဖောက်မွေးမြူ ထုတ်လုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန (FIQC) ၏ သတင်းထုတ်ပြန်ချက်မှ သိရသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ကော် မတီသို့ တင်ပြမည်

Photo: ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတစ်ခု ရေးဆွဲကာ လွှတ်တော်ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ကော် မတီသို့ တင်ပြမည်
Thursday, September 12, 2013

တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်း တစ်ခု ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရ သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတွင် NBF ပါတီ အချို့မှ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်နေပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် အဆိုပါလွှတ်တော် ကိုယ်စား လှယ် များ ပါဝင်သော NBF သီးသန့်အစည်းအဝေး များ ပြုလုပ် ထားကြောင်း သိရသည်။

အဆိုပါ ပြုလုပ်ပြီးသည့် အစည်းအဝေးများအတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် NBF က ပြင်ဆင်လိုသော အချက်များကို မူကြမ်းအနေဖြင့် ရရှိထားပြီး ဖြစ်ကြောင်းနှင့် လာမည့်အစည်းအဝေးတွင် အချောသတ်နိုင် ရန် ကြိုးစားမည်ဟု NBF အဖွဲ့ဝင် ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

"အခု ကျွန်တော်တို့ ရေးဆွဲထားတဲ့ မူကြမ်းကို ပညာရှင်တွေထံ အသုံး အနှုန်းက အစ လိုအပ်တာတွေ လေ့လာနိုင်ဖို့ ပေးထားတယ်။ ပြီးရင်တော့ နောက်တစ်ခေါက် အစည်းအဝေးထိုင်ပြီး အချော သတ်နိုင်အောင် ကြိုးစားမယ်။

လွှတ်တော်က လေ့လာသုံးသပ်ရေး ကော်မတီကလည်း ဒီဇင်ဘာ ၃၁ ရက် မတိုင်ခင် အစီရင်ခံစာ တင်ရမှာဆိုတော့ အစည်းအဝေးက မကြာခင် မှာတော့ ခေါ်ဖြစ်မှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုသည်။

အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အချောသတ်ပြီးပါက လွှတ်တော်တွင်းတွင်သာမက လွှတ်တော်ပြင်ပ လှုပ်ရှားမှုများတွင်ပါ NBF မူတစ်ခုအနေဖြင့် ကိုင်စွဲသွားမည်ဟုလည်း ၎င်းကပြောကြားသည်။

"လွှတ်တော်ပြင်ပမှာတော့ တိုင်းရင်းသား ညီလာခံတစ်ခု လုပ်နိုင်ဖို့ ညီနောင် ပါတီတွေ ဘက်ကရော၊ အပစ်အခတ် ရပ်ထားတဲ့ အဖွဲ့တွေ ကရော ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ထောင်စုညီလာခံ မဟုတ်ဘဲနဲ့ အဲဒီမတိုင် ခင် ပြည်တွင်းမှာ တိုင်းရင်းသားတွေ သီးသန့်ညီလာခံ တစ်ရပ်ခေါ်ဖို့ စီစဉ်ထားတယ်။ သဘောက လွှတ်တော်ပြင်ပကနေ ကိုယ့်ပြည်နယ် အ သီးသီး ညီလာခံတွေ ကျင်းပမယ်။ ပြီးတော့ တိုင်းရင်းသားညီလာ ခံ၊ ပြည်ထောင်စု ညီလာခံတွေပေါ့။ အဲဒီအဆင့်ဆင့်မှာလည်း NBF ရဲ့ မူအနေနဲ့ တစိုက်မတ်မတ် ကိုင်စွဲသွားမှာပါ" ဟု ဆလိုင်းကျဲအိုဘိခ်ထောင် က ပြောကြားသည်။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတစ်ခု ရေးဆွဲ ရန် ကော်မတီ ဖွဲ့စည်းထားပြီး နိုဝင်ဘာလမကုန်မီ အပြီးရေးဆွဲ သွားမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးကော် မတီ တစ်ခုကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီမှ တစ်ပတ်တစ်ကြိမ် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံကာ ရရှိလာ မည့် ရလဒ်များကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ ထံ ပေးပို့သွား မည် ဖြစ် သည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း အဖွဲ့ဝင် ပါတီများမှာ ချင်းအမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ အရှိုချင်းအမျိုးသား ပါတီ၊ တအာင်း (ပလောင်) အမျိုးသား ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ "၀" ဒီမိုကရက်တစ် ပါတီ၊ "၀" အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီနှင့် တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်သည်။

Eleven Media Group
(NBF မှ ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ဆွေးနွေးပွဲအား တွေ့ရစဉ်)
(NBF မှ ဇူလိုင်လအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ဆွေးနွေးပွဲအား တွေ့ရစဉ်)
တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်း တစ်ခု ရေးဆွဲကာ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများ မှတ်ပုံတင်နိုင်ရေး မလေးရှား အစိုးရ ကူညီမည်

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် အရည်အချင်း ပြည့်မီသောတရားမ၀င် မြန်မာနိုင်ငံသား များအား မလေးရှားအစိုးရက အကူအညီ ပေး မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာ The Star တွင် ဖော်ပြ ထားချက်အရ သိရသည်။