Monday, 2 September 2013
ပဋိပက္ခများ ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ကုလအထူးအကြံပေးပုဂ်္ဂိုလ် အစိုးရကို တိုက်တွန်း
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်အမြင်မတူသည့် လူမျိုးနွယ်စုနှစ်ခုအကြား အမြင်လွဲမှားဖွယ်ရှိသည့် သတင်း အချက်အလက်များကြောင့် ပဋိပက္ခများတိုးပွားလာနိုင်ပြီး ပဋိပက္ခများကို ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိရန် ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ်္ဂိုလ် မစ္စတာဗီဂျေးနမ်ဗီးယားက သတိပေး တိုက်တွန်းလိုက်သည်။
မြန်မာတပ်တွေ နယ်စပ်မှာတပ်စွဲဖို့ ကြိုးစားလို့ အိန္ဒိယဘက်ကစိုးရိမ်

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ နယ်နမိတ်ခြင်း ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ မြန်မာ စစ်တပ် ဘက်က ယာယီစစ်စခန်း လာဆောက်နေတာနဲ့ ပတ်သက်ပြီး အိန္ဒိယဖက်က စိုးရိမ်မှုတွေ ရှိနေပါ တယ်၊ မိုင် ၂၄၇ မိုင်ရှည်လျားတဲ့ မြန်မာနိုင်ငံနဲ့ မဏိပူရပြည်နယ် နယ်စပ်ကို အတိအကျ နယ်စပ်စည်းသတ် မှတ်နိုင်ဖို့ အတွက်လည်း အိန္ဒိယနဲ့မြန်မာ အစိုးရကြားမှာ ဆွေးနွေးနေကြတယ်လို့ သိရပါ တယ်။ ဒီအကြောင်း အပြည့် အစုံကိုဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
မထသ ၃ မီနီဘတ်စ်ပြေးဆွဲသော်လည်း ယာဉ်ငယ်များကို အားထားနေရသေး

မထသ ၃ ယာဉ်လိုင်းတွင် ယခုအခါမီနီဘတ်စ်များ ပြေးဆွဲနေပြီဖြစ်သော် လည်း စီးရေ နည်းခြင်းကြောင့် ယာဉ်ငယ်များကိုသာ အားထားနေရဆဲဖြစ်ကြောင်း သိရသည်။
ယခု ဩဂုတ်လကုန်ပိုင်းမှစ၍ မထသ ၃ (အစိမ်းရောင်)ယာဉ်လိုင်းတွင
ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် မဲဆောက်မှ မော်လမြိုင်သို့ စင်းလုံးငှားလေယာဉ် ဆင်းသက်
ပထမဆုံး ပြည်ပတိုက်ရိုက် ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်မှ မော်လမြိုင်သို့ NOK Air လေကြောင်းလိုင်းမှ လေယာဉ်သည် ခရီးသည် ၃၃ ဦး တင်ဆောင်လျက် စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် မော်လမြိုင်လေဆိပ်သို့ ဆိုက်ရောက်ပြီး နံနက် ၁၀ နာရီ ၃၈ မိနစ်တွင် ခရီးသည်တစ်ဦး တင်ဆောင်လျက် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်မသွားရန် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်ရန် လိုအပ်
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး အဆိုပါ အဓိကရုဏ်းများ မဖြစ်ပေါ်စေရန် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ရန် လိုအပ်နေကြောင်း သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှုရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hutanuwatr က ပြောကြားသည်။
ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား သက်ဆိုင်ရာက စီမံချက်များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေ
ရထားသံလမ်းဘေးတွင် ရေသန့်ဘူးနှင့် ငွေကြေးလိုက်လံ တောင်းခံနေသည့် ကလေးများအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား စီမံချက်များဖြင့် လိုက်လံဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်နေ သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ အစိုးရ ထိန်းချုပ်ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိနေ

ကချင်ပြည်နယ် မိုင်းနားစိန့်ဂျိုးဇက် ဒုက္ခသည်စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ အစိုးရထိန်းချုပ် ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက "ကျွန်တော်တို့ နောက်ဆုံးရထားတဲ့ စာရင်းတွေအရတော့ ကချင်ပြည်နယ်မှာ ၃၉၀၀၀ ကျော် ရှိပြီးတော့ ရခိုင်ပြည်နယ်မှာ ၁၁၀၀၀၀ ခန့် ရှိပါတယ်" ဟု ပြောကြားသည်။
သတ်မှတ်ပညာပေးကာလ ပြည့်သွားသဖြင့် တရားမ၀င် မှောင်ခိုကုန်သွယ် သူများအား ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် စတင်အရေးယူမည်

ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသော သင်္ဘောတစ်စီးကို တွေ့ရစဉ်
တရားမ၀င် မှောင်ခိုကုန်သွယ်နေမှုများ ယခင်က ဒဏ်ကြေးသာ ပေးဆောင်စေသည့် ပင်လယ်ရေကြောင်း ဥပဒေဖြင့် အရေးယူခဲ့ပြီး ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူ ဖမ်းဆီးမှုအား စတင်ပြုလုပ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ စက်တင်ဘာ ၁ ရက်က သိရသည်။
လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန် လိုအပ်လာ

လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်အစည်းအဝေး ရပ်နားချိန်အတွင်း တွေ့ရစဉ်
လွှတ်တော်သက်တမ်း နှစ်နှစ်ခွဲကျော် ကာလသို့ ရောက်ရှိလာချိန်တွင် လွှတ်တော်တွင်း ဆွေးနွေးမှုများ ပြု လုပ်နေသော လွှတ်တော်ကိုယ်စားလှယ် အချို့၏ အရည်အသွေးကို ဆန်းစစ်ရန် လိုအပ်လာကြောင်း သုံးသပ်မှုများ ရှိနေသည်ဟု သိရပါသည်။
Thursday, 29 August 2013
မန္တလေးတိုင်းဒေသကြီး သတ္တမအကြိမ် ပုံမှန်အစည်းအဝေးတွင် ဥပဒေနှစ်ခု အတည်ပြုမည်
ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးကို
စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ဥပဒေနှစ်ခု
အတည်ပြု ပြဋ္ဌာန်းနိုင် မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ
ဦးဝင်းမောင်က ပြောကြားသည်။
ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား International Organization for Migration ဌာနေ ကိုယ်စား လှယ်နှင့် အဖွဲ့ လာရောက် တွေ့ဆုံ

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား International Organization for Migration ဌာနေ ကိုယ်စားလှယ် ဖြစ်သူ Mr. Kieran Gorman-Best သည် အဆိုပါ ဝန်ကြီးရုံး၌ ယနေ့ညနေ ၃နာရီ တွင် လာရောက် တွေ့ဆုံသည်။
ပြည်သူ့ရင်ပြင် စမ်းချောင်းတုတွင် လူငယ်တစ်ဦး သေဆုံး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ဝင်းအတွင်း စမ်းချောင်း
သာ ရေတံခွန်နှင့် ဆက်နေသော စမ်းချောင်းပုံစံ ပြုလုပ်ထားသည့် ရေမြောင်း တွင်
သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၁၈ နှစ်ခန့် လူငယ် တစ်ဦး
သေဆုံးခဲ့ကြောင်း အဆိုပါ ရင်ပြင်တွင် လုပ်ကိုင်ခွင့်ရသည့် Natural World
ကုမ္ပဏီမှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။
ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက အစ္စရေးကို လက်တုံ့ပြန်မည်ဟု အီရန် သတိပေး
ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ်အပြစ်မြင်နေသော ကင်တားနား

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်မစ္စ တာကင်တားနား တစ်ယောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေ မှန်မှန်ကန်ကန်ဆောင်ရွက်ရန် အပြု
ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် မြစ်ကြီးနားမြို့ ရှိ ဒေ သ ခံ ပြည်သူများနှင့် နေရပ်စွန့်ခဲ့ ရသော မိသားစု များအား တွေ့ဆုံ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်မစ္စတာဗီဂျေနမ် ဘီးယားနှင့် အဖွဲ့ သည် မြစ်ကြီး နားမြို့ သီတာရပ်ကွက် အောင်ဆန်းလမ်းရှိ သီတာခရစ်ယာန် နှစ်ခြင်းအသင်းတော်ခန်းမ၌ ယမန်နေ့ က မြစ်ကြီးနား မြို့ရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံသည်။
မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေး ပြဿနာများ

လူအများစု ကြုံတွေ့ ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ် ။ခြေထောက် ရောင် ရမ်းခြင်း
မြေပြိုမှုကြောင့် ကျိုင်းတုံ-မိုင်းလား ကားလမ်း ပိတ်
![]() |
| ကျိုင်းတုံ-မိုင်းလား ကားလမ်းမြေပြိုကျမှု ဖြစ်ပွားနေစဉ် (ဓာတ်ပုံ – Shan News Facebook) |
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း တရုတ်-မြန်မာ နယ်စပ်တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုနှင့် မြေပြိုမှုကြောင့် ကျိုင်းတုံ- မိုင်းလား ကားလမ်း ပျက်စီးသွားပြီး ကားသွားလာခွင့် ယာယီ ပိတ်ပင်ထားကြောင်း သတင်း ရရှိသည်။
Subscribe to:
Posts (Atom)

