Monday, 19 August 2013

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး 

သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက် အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ

 မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ ဆန္ဒ ပြသော အကြောင်း အရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေး ရန် ဖြစ်ပါတယ်။

Tayzar Aung
Myanmar Daily News
cokodmoe

Posted From Classic Burma News

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ်ပွားပုံမှာ ည ၁၀

အခြေခံဥပဒေပြင်ဆင်ရေးမှာ အုပ်ချုပ်ရေးပိုင်းလုပ်မှ ဖြစ်နိုင်မယ်လို့ဆို

radio australia, shwe mahn လွှတ်တော်နာယက သူရ ဦးရွှေမန်း (Credit: ABC)  မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ  ​ဥပဒေ ​ပြင်ဆင်ရေး ​ပြုလုပ်ဖို့ ​သမ္မတ ​ဦးသိန်းစိန် ​ဦးဆောင်တဲ့ ​ အုပ်ချုပ်ရေးပိုင်းက  ​အဓိက ​လုပ်ဆောင်မှ ​ဖြစ်လာ ​နိုင်မယ်လို့ ​ပြည်ထောင်စု ​လွှတ်တော် ​နာယက ​သူရဦးရွှေမန်းက ​ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ

ဝါရှင်တန်  သြဂုတ်  ၁၇
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးသည်ကြုံခေါင့်ကြုံခဲလှသည့် ဦးနှောက်ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခြင်း ခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

Saturday, 17 August 2013

ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား

  Photo: ဘေးလ်ကိုခေါ်ယူရန် မလိုအပ်ကြောင်း ရီးယဲလ်ကစားသမား အများစု ပြောကြား 
Saturday, August 17, 2013

ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ရီးယဲလ်မက်ဒရစ် ကစားသမား အများစုက ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် မလိုအပ်ဟု နည်းပြ ကာလို အန်ဆလော့တီကို ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ စပိန်ထိပ်တန်း ကလပ်အသင်းကြီး သည် တော့တင်ဟမ် ဟော့စပါး အသင်းမှ ဝေလ လက်ရွေးစင်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ကမ်းလှမ်း ခေါ်ယူ သွားမည်ဟု သတင်းကြီးနေသည်။ အသက်(၂၄)နှစ်ရှိ ဘေးလ်သည် ပြီးခဲ့သည့် ရာသီက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သူလည်း ဖြစ်သည်။ ရီးယဲလ်သည် ဘေးလ် ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နှင့် အားကစား ဒါရိုက်တာ ဇနီဒင်း ဇီဒန်းတို့က ဘေးလ်ကို စိတ်ဝင်စားနေသည့်တိုင် ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာနှင့် မီဆွတ်အိုဇေးလ် အစရှိသည့် စီနီယာ ကစားသမားများက ယင်းအစီအစဉ်ကို ဆန့်ကျင်နေကြောင်း သိရသည်။ လက်ရှိ ရီးယဲလ်၏ ကြယ်ပွင့် ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ကိုယ်တိုင်သည်လည်း ဘေးလ်တစ်ယောက် ဘာနေဗျူး ရောက်ရှိ လာမည်ကို လိုလားဖွယ် မရှိကြောင်း သတင်းများက ရေးသားလျှက် ရှိသည်။

ဘေးလ်နှင့် ပတ်သက်ပြီး ရော်နယ်လ်ဒိုအား သတင်းထောက်များက မှတ်ချက် တောင်းခံခဲ့ရာ ပေါ်တူဂီ လက်ရွေးစင် ကစားသမား က ဘေးလ်ကို ခေါ်ယူမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာလည်း ကိုယ်ပိုင်အမြင် တစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထုတ်ပြောနေမှာတော့ မဟုတ်ဘူးဟု ပြောကြားသွားသည်။

Planet Myanmar Network
ရီးယဲလ်သည် ဘေးလ်ကို ခေါ်ယူနိုင်ရန် မသေချာသေးသော်လည်း ရီးယဲလ် ကစားသမားများက ၎င်းတို့ အနေဖြင့် ဘေးလ်ကို ထပ်မံ မလိုအပ်ဟု ယုံကြည်နေကြောင်း Marcaက ဖော်ပြသွားသည်။

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

Photo: သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

17.8.2013

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ဖြစ်ပုံက တိုက်ပေါ်ကနေ ခုန်ချပေမယ့် အောက်မရောက်ပဲ ကြော်ငြာဘေဘုတ်မှာ ငြိနေတုန်း ရဲတပ်ဖွဲ့က သူမကို ဖျောင်းဖျပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

News of Myanmar
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေးကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ရန်ကုန်မြို့တွင် လူဦးရေ တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေနေရဆဲ ဖြစ်သည့်အတွက် ရန်ကုန်မြို့ အပါအ၀င် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ရာစစ်တမ်း ကောက်ယူရန် စီစဉ်

8.1.1
လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေအိမ်အချို့အား တွေ့ရစဉ်
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ လူဦးရေ သိပ်သည်းမှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်းများ ကြီးမြင့်နေသောကြောင့် ရန်ကုန်မြို့တွင် ရှိသော ပျမ်းမျှလူဦးရေ ခြောက်သန်း အနက် တစ်သန်းကျော်မှာ စံချိန်မမီသော အိမ်များတွင် နေထိုင်နေရကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများ အရ သိရသည်။

မိတ္ထီလာတွင် မတ် ၂၁ ရက်က အစ္စလာမ် ဘာသာရေး အဆောက်အအုံအား ဖျက်ဆီးခဲ့သူ နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချမှတ်

8.1.1
မတ်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မီးလောင်ပျက်စီးခဲ့သော သီရိမင်္ဂလာ ရပ်ကွက်တွင် ရှင်းလင်းမှုများ ပြုလုပ်နေစဉ်
မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက်အတွင်းရှိ အစ္စလာမ်ဘာသာရေး အဆောက်အအုံကို ဖျက်ဆီး ခဲ့သူ နှစ်ဦးအား အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် မြို့နယ်တရားရုံးမှ သြဂုတ် ၁၂ ရက်က အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်

8.1.1
မြိတ်မြို့ အဝေးပြေးကားဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Friday, 16 August 2013

ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့သည့် အိန္ဒိယ ရေငုပ်သင်္ဘောမှ အလောင်းများ စတင်တွေ့ရှိ

Photo: ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့သည့် အိန္ဒိယ ရေငုပ်သင်္ဘောမှ အလောင်းများ စတင်တွေ့ရှိ
Friday, August 16, 2013

အိန္ဒိယ ရေတပ်၏ ရေငုပ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည့် ရေငုပ်သင်္ဘောမှ အလောင်း(၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မွမ်ဘိုင်းရှိ သင်္ဘောကျင်း တစ်ခုတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး နစ်မြုပ်နေခဲ့သည့် သင်္ဘောအတွင်း အနည်းဆုံး ရေတပ်သား (၁၈)ဦးမျှ ပိတ်မိနေမည်ဟု
ရေတပ်က အစောပိုင်းက ကြေညာထားသည်။ ယခုအခါ အလောင်း
(၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီး ကျန်ရေတပ်သားများ၏ အသက်ရှင်ခွင့်
အတွက်လည်း မျှော်လင့်ချက် နည်းပါးနေကြောင်း သိရှိရသည်။

"အလောင်း(၃)လောင်းတော့ ပြန်ရှာတွေ့ထားပါပြီ။ တော်တော်လေးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာကို မှန်းဆလို့ မရလောက်အောင် မီးလောင်မှုတွေရှိနေတယ်"ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "လက်ရှိမှာတော့ ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့ရှိဖို့တော့ ဖြစ်နိုင်ခြေ နည်းသွားပါပြီ"ဟုလည်း ဝန်ခံခဲ့သည်။ ယမန်နေ့မှ စတင်ကာ ပျောက်ဆုံးသူ (၁၈)ဦး၏ မိသားစုများသည် မွမ်ဘိုင်းတွင် လာရောက် စုရုံးနေပြီ ဖြစ်သည်။ လက်ရှိ အချိန်ထိ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။

ထို့အပြင် INS ဆင်ဟာရက်ရှက် ရေငုပ်သင်္ဘော တည်ဆောက်ပုံအရ အတွင်းမှ ပိတ်ထားသော တံခါးများကို ဖျက်ဆီးဝင်ရောက်ရန် ခက်ခဲနေ
ဆဲဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းများ ကြံ့ကြာနေကြောင်း သိရှိရသည်။

ရေငုပ်သမားများသည် (၃၆)နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းများ အပြီးတွင် မှန်ပြောင်းကြည့် မျှော်စင်အတွင်းဘက် ဒုတိယအခန်းထိသာ
ရောက်ရှိနိုင်သေးသည်။ လတ်တလောတွင် ဆယ်ယူတွေ့ရှိသော အလောင်းများကို DNA စစ်ဆေးမှု ပြုလုပ်ရန် ရေတပ် ဆေးရုံသို့ ပို့ဆောင်ထားသည်။ ရေတပ်သည် ကြာသပတေးနေ့က ပျောက်
ဆုံးနေသည့် ရေတပ်သား (၁၈)ဦး၏ အမည်များကို ကြေညာခဲ့ပြီး အရာရှိ (၃)ဦးနှင့် တပ်သားအဆင့် (၁၅)ဦး ပါဝင်သည်။ အဆိုပါ ရေငုပ်သင်္ဘောကို ရုရှားထံမှ (၂၀၀၀)ပြည့်လွန်နှစ်များ မတိုင်မီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ လက်နက်အဆင့် မြှင့်တင်မှုများ၊ တော်ပီဒို တပ်ဆင်မှုများကို ဒေါ်လာ သန်း(၈၀) အကုန်အကျခံ မွမ်းမံထားသည်။

Planet Myanmar Network
အိန္ဒိယ ရေတပ်၏ ရေငုပ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည့် ရေငုပ်သင်္ဘောမှ အလောင်း (၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မွမ်ဘိုင်းရှိ သင်္ဘောကျင်း

ဧည့်မထဆန်ဖြင့်သာ ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ဟု ကုန်သည် အချို့ဆို

Photo: ဧည့်မထဆန်ဖြင့်သာ ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်ဟု ကုန်သည်
အချို့ဆို
Friday, August 16, 2013

မြန်မာနိုင်ငံဆန်ကို ပြည်ပတင်ပို့ရာတွင် ကမ္ဘာသိ ပေါ်ဆန်းမွှေး
ဆန်ထက် ဆန်ကြမ်းအုပ်စုဝင်ဖြစ်သော ဧည့်မထဆန်ဖြင့်သာ
နိုင်ငံတကာ ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မည် ဖြစ်ကြောင်း
မြန်မာ့ ထိပ်တန်း ဆန်ကုန်သည်ကြီးအချို့က တညီတညွတ်တည်း သုံးသပ်ပြောကြားသည်။

ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရှေ့လုပ်ငန်းစဉ် ခုနစ်ချက်တွင်
ပေါ်ဆန်းမွှေးဆန်ဖြင့် ကမ္ဘာ့ဆန်ဈေးကွက်ကို ထိုးဖောက်ရန် ထည့်သွင်းထားခြင်း အပေါ်တွင် အဆိုပါ ကုန်သည်ကြီးများက
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံ
ဆန်စပါး အသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကောင်စီအစည်း
အဝေးတွင် ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ ပေါ်ဆန်းမွှေးဆန်သည် ဒေသမရွေး စိုက်ပျိုး၍ မရခြင်းကြောင့် ဆန်ကြမ်း အုပ်စုဝင် ဧည့်မထဆန်ကိုသာ ပြည်ပဈေးကွက်တွင် အမှတ်တံဆိပ်တစ်ခု အနေနှင့် သိရှိအောင် ကြိုးစားသင့်သည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။

“မြန်မာပေါ်ဆန်းမွှေးကို ကမ္ဘာက သိပေမယ့် ဧည့်မထကိုလည်း အရည်အသွေး အဆင့်သတ်မှတ်ပြီး ပြည်ပပို့ဖို့ လုပ်သင့်တယ်။ လက်ရှိပို့နေတဲ့ ဆန်တွေမှာ ၇ မီလီမီတာ အရှည်ရှိတဲ့ ဆန်တွေပါတဲ့အတွက် ဆန်ကောင်းတွေကို ဈေးပေါပေါနဲ့ ရောင်းလိုက်သလို ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကဆိုသည်။

ပေါ်ဆန်းမွှေးသည် ပြည်ပဈေးကွက်တွင် နာမည်ကောင်း ရသော်လည်း
ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှု နည်းသည့်အတွက် ပြည်ပတင်ပို့ရန် အခက်အခဲ ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောကြားသည်။

ကမ္ဘာ့ဆန်တင်ပို့သည့် နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနက သုတေသန ပြုထုတ်လုပ်ထားသော ဧည့်မထ စပါးမျိုးများကိုသာ သက်ဆိုင်ရာနိုင်ငံများ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီရန် ပြုပြင်၍ စိုက်ပျိုးလျက် ရှိကြကြောင်း ပြည်တွင်းဆန်စပါး လုပ်ငန်းရှင်ကြီးများက ဆိုသည်။

မြန်မာနိုင်ငံသည် ဒေသအတွင်း ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံများ စာရင်းတွင် ပါဝင်ရပ်တည်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းက ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့နိုင်
ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်ထံမှ သိရသည်။

The Voice Weekly
မြန်မာနိုင်ငံဆန်ကို ပြည်ပတင်ပို့ရာတွင် ကမ္ဘာသိ ပေါ်ဆန်းမွှေး ဆန်ထက် ဆန်ကြမ်းအုပ်စုဝင်ဖြစ်သော ဧည့်မထဆန်ဖြင့်သာ နိုင်ငံတကာ ဈေးကွက်ကို ပိုမိုထိုးဖောက်နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ထိပ်တန်း ဆန် ကုန်သည် ကြီးအချို့က တညီတညွတ်တည်း သုံးသပ်ပြောကြားသည်။

ခါးပိုက်နှိုက် ဖမ်းဆီးရမိ

Photo: ခါးပိုက်နှိုက်ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ (၃)လမ်းဆုံကားမှတ်တိုင်၌ ခါးပိုက်နှိုက်ဖမ်းဆီးရေးဆောင်ရွက်စဉ် အမှတ် (၇၉)ယာဉ်လိုင်းပေါ်မှ ဆင်းလာသောခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ၊
ရွှေပြည်သာမြို့နယ်နေသူများဖြစ်သည့် အောင်ကျော်ဦး(ခ)ပြုံးရွှင်
(ဘ)ဦးကျော်စိန်၊ ည/၁၁ ရပ်ကွက်၊ ကျော်ကြီး(ခ)ကျော်ဖေ (ဘ)ဦးမာမတ်၊ တ/၁၅ ရပ်ကွက်နေသူတို့ထံမှ ငွေကျပ်(၁၃၀၀၀)အားတွေ့ရှိရသဖြင့် စစ်မေးရာ ၎င်းယာဉ်ပေါ်တွင်ပါလာသော အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးထံမှ နှိုက်ယူရရှိခဲ့သည့်ငွေများဖြစ်ကြောင်းသိရှိရသဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၁၁/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်
အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။
၁၅.၈.၂၀၁၃ရက်နေ့ ၁၀၃၀အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ (၃)လမ်းဆုံကားမှတ်တိုင်၌ ခါးပိုက်နှိုက်ဖမ်း

မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

Photo: မူးယစ်ဆေးဝါးဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ ရက်နေ့ ၁၈၂၅ အချိန် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ တာမွေမြို့နယ်၊
ကျောင်းရှေ့ရပ်ကွက်၊ကျောက်ရေတွင်းလမ်း၊အ.ထ.က(၂)ကျောင်းရှေ့တွင်
စောင့်ဆိုင်းနေစဉ်သတင်းရရှိသူ မသင်းသင်းမာ (ဘ)ဦးကြည်မြင့်၊
မြောက်ဥက္ကလာပမြို့နယ်နေသူအားတွေ့ရှိရှာဖွေရာ၎င်းဝတ်ဆင်ထားသော အပြာရောင်ဂျင်း ဘောင်းဘီတို၏ ယာဘက်ရှေ့အိတ်အတွင်းမှ 
WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၂၀)ပြား၊အလေးချိန် (၂)ဂရမ်၊ ကာလတန်ဘိုးငွေကျပ် (၁၀၀၀၀၀)အား တွေ့ရှိသိမ်းဆည်းရမိ
သဖြင့် တာမွေမြို့မရဲစခန်း မယ(ပ)၁၅/၂၀၁၃၊ မူး/စိတ် ၁၅/၁၆(ဂ) ဖြင့်
အရေးယူဆောင်ရွက်ထားရှိပါသည်။

အဆိုပါအမှုမှ မသင်းသင်းမာ၏ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၂၁၅အချိန် တွင်တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ နိုင်ထွဋ် (ဘ)ဦးထွန်းအောင်ကျော်၏ နေအိမ်သို့ဆက်လက်ရှာဖွေရာ နေအိမ်ဧည့်ခန်း ဘုရားစင်သစ်သားဗီရိုအောက်အဆင့်တွင် ထည့်ထားသော WY စာတမ်းပါ နီညိုရောင်စိတ်ကြွဆေးပြား (၁၈၀)ပြား၊ အလေးချိန် (၁၈)ဂရမ်၊ ကာလတန်ဘိုး ငွေကျပ် (၉၀၀၀၀၀)၊ ငွေစက္ကူရောရာကျပ်(၃၀၀၀၀)၊
နေအိမ်အိပ်ခန်း အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်ဆင်ထားသောရေသန့်ဗူး(၁)ဗူး၊ ရေသန့်ဗူးသေး(၁)ဗူး၊အစိမ်းရောင် ပလပ်စတစ်ဗူး(၁)ဗူး၊ ဖန်ပုလင်းငယ် (၁)ဗူး၊ငွေရောင်ခဲပြားလိပ် (၁)ခု တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်းမယ(ပ)၁၆/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အရေးယူဆောင်ရွက်ထားရှိ 
ကြောင်းသတင်းရရှိပါသည်။
၁၅.၈.၂၀၁၃ ရက်နေ့ ၁၈၂၅ အချိန် တာမွေမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရတာမွေမြို့နယ်၊ ကျောင်းရှေ့ရပ်ကွက်၊ကျောက်ရေတွင်းလမ်း၊ အ.ထ.က (၂)ကျောင်းရှေ့တွင် စောင့်ဆိုင်းနေစဉ်သတင်းရရှိသူ မသင်းသင်းမာ (ဘ)ဦးကြည်မြင့်၊ မြောက်ဥက္ကလာပ

စိန်လက်ကောက် ခိုးယူသူအား ဖမ်းဆီးရမိ

Photo: စိန်လက်ကောက်ခိုးယူသူအား ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၆

၁၅.၈.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည်လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းကျဆင်းရေးဆောင်ရွက်စဉ် ၎င်းလမ်းပေါ်ရှိ န၀လီရွှေဆိုင်သို့ စိန်လက်ကောက်(၁)ကွင်းအားလိုက်လံ
ရောင်းချနေကြောင်းသတင်းရရှိသူ မစုလှိုင် (ဘ)ဦးဝင်း၊ ပိန္နဲကုန်းရပ်ကွက်၊
အင်းစိန်မြို့နယ်နေသူထံမှအလေးချိန် ၈ ပဲ ၂ ရွေးရှိ စိန်လက်ကောက် (၁)ကွင်းနှင့်အတူတွေ့ရှိစစ်မေးခဲ့ရာ အစ်မဖြစ်သူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့်၎င်း၏ အစ်မဖြစ်သူမစန္ဒာအေး(ခ)မစန္ဒာအားဆက်လက် စစ်ဆေးခဲ့ပါသည်။

အဆိုပါလက်ကောက်နှင့်ပတ်သက်၍ မစန္ဒာအေး(ခ)မစန္ဒာသည် ၁၉.၇.၂၀၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ရွာသစ်(၁)လမ်းထဲရှိ အိမ်တစ်အိမ်၏ အလှူတွင်ဝိုင်းကူလုပ်ပေးစဉ် ၎င်းနေအိမ်ဗီရိုအတွင်းမှ ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်
ပြန်လည်သိမ်းဆည်းပြီး မစန္ဒာအေး(ခ)စန္ဒာအား အင်းစိန်မြို့မရဲစခန်း (ပ)၈၈၉/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၁၅.၈.၂၀၁၃ရက်နေ့ ၁၀၀၀ အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည်လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မှုခင်းကျ ဆင်းရေးဆောင်ရွက် စဉ် ၎င်းလမ်းပေါ်ရှိ န၀လီရွှေဆိုင်သို့ စိန်လက်ကောက်(၁)ကွင်းအားလိုက်လံ ရောင်း ချနေကြောင်းသတင်းရရှိသူ မစုလှိုင် (ဘ)ဦးဝင်း၊ ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူထံမှအလေးချိန် ၈ ပဲ ၂ ရွေးရှိ စိန်လက်ကောက် (၁)ကွင်းနှင့်အတူတွေ့ရှိစစ်မေးခဲ့ရာ အစ်မဖြစ်သူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့်၎င်း၏ အစ်မဖြစ်သူမစန္ဒာအေး(ခ)မစန္ဒာအားဆက်လက် စစ်ဆေးခဲ့ပါသည်။

လှိုင် သာယာမြို့နယ် တွင် မီးလောင်မှုဖြစ်

Photo: လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်
 Friday, August 16, 2013

၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအိမ်မှ တဆင့်ရွှေမိတ်ဆွေဝပ်ရှော့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့်မီးသတ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ဖြင့်ငြိမ်းသတ်ခဲ့၍ ၀၉၅၁ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်ပွါးရာသို့ အမှတ်(၂)ပြည်နယ်/တိုင်းမီးသတ်ရုံးများကွပ်ကဲရေးရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ပါသည်။

မီးလောင်မှုကြောင့်တန်ဘိုးငွေကျပ်(၂၁၀၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ သန်းနိုင်စိုးအားလှိုင်သာယာမြို့မရဲစခန်း (ပ)၉၂၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့

န၀ရတ် ကိုးပါး

Photo: န၀ရတ်ကိုးပါး

Friday, August 16, 2013

န၀ရတ်ဟူသည် န၀ရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ ထိုကိုးပါးသော ရတနာတို့မှာ -

၁။ ပုလဲ၂။ သန္တာ၃။ နီလာ၎။ စိန်၅။ ကြောင်၆။ မြ၇။ ဥဿဖယား၈။ ပတ္တမြား နှင့်၉။ ဂေါ်မုတ် တို့ ဖြစ်ကြသည်။

ယင်းရတနာကိုးပါးစလုံးသည် ကျောက်မျက်မျိုးတွင် ပါဝင်သော ရတနာများဖြစ်သည်။ ၄င်းတို့အနက်စိန်၊ ပတ္တမြား၊ မြ နှင့် နီလာ တို့သည် အဖိုးအတန်ဆုံး ဖြစ်ကြသည်။ပုလဲ နှင့် သန္တာသည် တွင်းထွက်ကျောက်မျက်များ မဟုတ်ဘဲ ပုလဲကို ကမာ (သို့မဟုတ်) မုတ်ကောင်၏ ကိုယ်တွင်းမှရ၍ သန္တာကို သန္တာကောင်များရှိသော သန္တာကျောက်တန်းများမှ ရသည်။

နီလာနှင့် ပတ္တမြားမှာ ကျောက်မျက်အမာမျိုး တမျိုးတည်းပင်ဖြစ်၍ အသွေးအရောင်၌သာ ခြားနားခြင်းရှိကြသည်။ ပတ္တမြားသည် သွေးကဲ့သို့ နီသောအရောင်ရှိ၍ နီလာသည် တောက်ပသော အပြာရောင်ရှိသည်။ စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင် ခေါ်သည်။ကျောက်မျက်အမျိုးပေါင်း ၁၂၀-ခန့်ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။ ကြောင်ကို ကြောင်မျက်ရွဲဟုလည်းခေါ်ကြသည်။ မြတွင် ကြည်လင်စိမ်းမြသော အရောင်ရှိသည်။

သို့သော် စိန်၊ နီလာနှင့် ဥဿဖယားတို့လောက် မမာချေ။ ဂေါ်မုတ်သည် ကျောက်သလင်းနှင့် ရော၍ တွေ့ရတတ်သော ကျောက်မျိုးဖြစ်သည်။ အထက်ပါ ရတနာကိုးပါး စီခြယ်အပ်သော လက်စွပ်ကို န၀ရတ်လက်စွပ်ဟု ခေါ်သည်။ ပဒေသရာဇ်ခေတ် မြန်မာဘုရင်များ၏ အသုံးအဆောင်များ ဖြစ်သော ကွမ်းအစ်၊ လည်ဆွဲကြိုး၊ လက်ကောက်၊ ဆံထုံးများတွင် န၀ရတ်ကိုးပါး စီခြယ်ထားသည်ကို တွေ့ရှိရသည်။ရှေးခေတ်များတွင် ကျောက်မျက်များ၌ ထူးခြားသောတန်ခိုးများ ရှိသည်ဟု လူတို့ အယူရှိခဲ့ကြသည်။ န၀ရတ်တွင်ပါသော ကျောက်မျက်ရတနာတပါးစီတွင် တန်ခိုးအာနိသင်များ ရှိကြသည်ဟု သိရသည်။

ပတ္တမြားသည် မြန်မာနိုင်ငံမှ ထွက်ရှိ၍ ဘုန်းတန်ခိုးရှိသည်။ ရန်သူအန္တရာယ်မှ ကာကွယ်နိုင်သည်ဟု အယူရှိကြသည်။ မြန်မာနိုင်ငံမှ ပတ္တမြားငမောက်ကို ပဒေသရာဇ်မင်းတို့က ဘုန်းတန်ခိုးအာနိသင်ရှိအောင်နှင့် ရန်သူအန္တရာယ်မှ ကာကွယ်နိုင်အောင် ဆောင်ထားခြင်းကို သမိုင်းရာဇ၀င်များတွင် လေ့လာတွေ့ရှိရသည်။မြကျောက်သည် စိမ်းမြသောအရောင်နှင့် ညီမျှသော အေးချမ်းခြင်း၊ သောကကင်းဝေးခြင်း၊ စိတ်တည်ငြိမ်ခြင်းကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။စိန်သည် တောက်ပဖြူစင်ပြီး ဘုန်းတန်ခိုးကြီးခြင်း၊ အိမ်ထောင်ခိုင်မြဲခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်ခြင်းတို့ကို စွမ်းဆောင်နိုင်သည်ဟု ဆိုပါသည်။ ကမ္ဘာလူသားတိုင်း မင်္ဂလာလက်စွပ် လဲလှယ်ရာတွင် စိတ်လက်စွပ်ကို အသုံးပြုကြခြင်းသည် အိမ်ထောင်ခိုင်မြဲမှုအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ကမ္ဘာ့အကောင်းဆုံးစိန်များ ထွက်ရှိသည်။ကြောင်ကျောက်သည် သိဒ္ဓိပြီးမြောက်သည်၊ အောင်မြင်သည်၊ တန်ခိုးရှိသည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။ဥဿဖယားကျောက်သည် ကျန်းမာရေး ကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။

သန္တာကျောက်သည် အကြီးအကဲဖြစ်ခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ သူတပါးအကျိုးကို ဆောင်ရွက်နိုင်ခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။ပုလဲရတနာသည် ကျက်သရေရှိခြင်း၊ လူ၊ နတ်၊ ချစ်ခင်ခြင်း၊ ကျန်းမာခြင်း၊ အန္တရာယ်ကင်းခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

က၀ိလက္ခဏာသတ်ပုံကျမ်းတွင် မျက်စုံလည်းသတ်၊ န၀ရတ်၊ စီခတ်အမွှမ်းတင်-ဟုတွေ့ရသည်။ လူတို့သည် န၀ရတ်လက်စွပ်ကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟု ယုံကြည်၍ ဆင်ယင်လေ့ရှိကြသည်။ပတ္တမြားဘုန်းတောက်၊ မြကျောက်ဧချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိ နီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲ ကျက်သရေ၊ ကိုးဂုဏ်ဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း-ဟူ၍ န၀ရတ်ကိုးပါးနှင့် ပတ်သက်သော လင်္ကာကို စပ်ဆိုခဲ့ကြသည်ကို မှတ်သားရပါသည်။

ကိုးကား
ဦးမြင့်စော-(သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်)( မင်္ဂလာမောင်မယ် ၂၀၀၈-ခု အောက်တိုဘာလ)

Myanma Spectrum
န၀ရတ်ဟူသည် န၀ရတနဟူသော ပါဠိမှလာ၍ ရတနာကိုးပါးဟု အနက်ရသည်။ ထိုကိုးပါးသော ရတနာ တို့မှာ -

ကားဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ်သုံးနှစ်လျော့ တင်သွင်းပါက တင်သွင်းခွင့် ပိတ်ပင်မည်

Photo: ကားဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ်သုံးနှစ်လျော့ တင်သွင်းပါက တင်သွင်းခွင့် ပိတ်ပင်မည်
Friday, August 16, 2013

ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ် သုံးနှစ်လျော့ တင်သွင်းပါက ယာဉ်တင်သွင်းသူကို တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ် ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိ ရသည်။

မော်တော်ယာဉ် တင်သွင်းသူများအနေဖြင့် ယာဉ်အို၊ ယာဉ်ဟောင်းစနစ်ဖြင့် တင်သွင်းပါက သတ်မှတ်မိုဒယ်အောက် ၂ နှစ် လျော့အထိ ဒဏ်ကြေးငွေ ပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သော်လည်း သုံးနှစ်အောက်လျော့ ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်ကိုလည်း ပြည်ပမှ ထပ်မံတင်သွင်း ခွင့်မပြုဘဲ ပြည်တွင်းအရောင်းစင်တာများမှသာ ၀ယ်ယူခွင့်ပြုမည် ဖြစ်သည်။

သတ်မှတ်မိုဒယ်လျော့ ကားများ တင်သွင်းလာလျှင် ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် တင်သွင်းပါက 1 Year Down ကို ဒဏ်ကြေး ကင်းလွတ်ပေးမည်ဖြစ်ပြီး 2 Year Down ကို CIF တန်ဖိုး တစ်ဝက် ½ AV ဒဏ်ကြေး ပေးဆောင်ကာ ထုတ်ယူနိုင်မည်ဖြစ်သည်။ ဖရီး ပါမစ်ဖြင့် သတ်မှတ်မိုဒယ်လျော့ ကားများ တင်သွင်းလာပါက 1 Year Down ကို ဒဏ်ကြေးကင်း လွတ်၊ 2 Year Down ကို CIF တန်ဖိုးတစ်ဝက် ½ AV ၊ 3 Year Down ကို CIF တန်ဖိုး တစ်ဆ CIF ဒဏ်ကြေး ပေးဆောင်ကာ
ထုတ်ယူနိုင်မည်ဖြစ်ပြီး သုံးနှစ် အောက်လျော့ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း သိရသည်။

Automobile Journal
ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ဖြင့် သတ်မှတ်မိုဒယ် သုံးနှစ်လျော့ တင်သွင်းပါက ယာဉ်တင်သွင်းသူကို တင်သွင်းခွင့် ပိတ်ပင်မည်ဖြစ် ကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန’မှ သိ ရသည်။

ပလိပ်မှ ကယ်တင်လာသော ခွေး ၁၀၀ ကျော်ကို သန်လျင် ခွေးခြံတွင် ယာယီထားမည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောင်းစားမည့် ခွေးများကို မန္တလေးတိုင်းဒေသကြီး ပလိပ်မြို့ရှိ ခွေးခြံမှ ကယ်တင်ကာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ရွှေပျောက်ကျေးရွာတွင် ရှိသည့် ခွေး ဘေးမဲ့ခြံ တွင် နှစ်လယာယီထားရှိမည်ဖြစ်ကြောင်း အဆိုပါ ခွေးများကို ကယ်တင်ခဲ့သည့် ဒေါ်မြတ်သက်မွန်က ပြော ကြားသည်။

ဗိုလ်တထောင်မြို့နယ်တွင်းရှိ အိမ်ရာစီမံကိန်းများ ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖော်မည်

အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်နေသော ဗိုလ်တထောင်မြို့နယ် (၃) ရပ်ကွက်ရှိ AOD၊ COD ဝင်းအတွင်း အိမ်ရာစီမံကိန်း ဆောက်လုပ်နေသော လုပ်ငန်းခွင်များ ရပ်ဆိုင်းပေးရန် ယင်း စီမံ ကိန်းမြေကို ပိုင်ဆိုင်သည်ဟု ဆိုသူများက ဆန္ဒဖော်ထုတ်မည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်မည့် ဦးတင်ဦးက The Voice သို့ ပြောကြားသည်။

အင်ဒိုနီးရှား စွမ်းအင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ

Photo: အင်ဒိုနီးရှား စွမ်းအင် စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ
Friday, August 16, 2013 

ရေနံကုမ္ပဏီ တစ်ခုထံမှ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် လာဘ်စားသည် ဟူသော စွပ်စွဲချက်ကို စုံစမ်း စစ်ဆေးရန် အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌကို အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ က ဖမ်းဆီးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား အစိုးရသည် နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ကြိုးပမ်းနေစဉ်တွင် ယခုကိစ္စသည် အင်ဒိုနီးရှား အစိုးရအတွက် ထိုးနှက်ချက် တစ်ခု ဖြစ်သည်။

အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး SKKMigs ၏ ဥက္ကဋ္ဌ ရူဒီရူဘီယံဒီနီသည် စင်ကာပူ အခြေစိုက် Kernel Oil ရေနံကုမ္ပဏီ ပိုင်ရှင် စီမွန်တန်ဂျာယထံမှ အမေရိကန် ဒေါ်လာ လေးသိန်း တန်ဖိုးရှိသော လက်ဆွဲအိတ်နှင့် BMW မော်တော်ဆိုင်ကယ် ပိုင်ဆိုင်သည့် စာရွက်စာတမ်း လက်ခံခဲ့ မှုဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။

ထို့ပြင် ၎င်း၏ နေအိမ်တွင် အမေရိကန် ဒေါ်လာ ၁၉၀၀၀၀ ကျော်ကို လည်း တွေ့ရှိခဲ့ရာ ယင်းငွေ ပမာဏသည် အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ (KPK) ၏ ၁၀ နှစ် သက်တမ်းအတွင်း ငွေပမာဏ အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း KPK ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိုနန်ဘူဒီက ပြောကြားသည်။

“အစိုးရက လာဘ်စားမှုကို လုံးဝ တိုက်ဖျက်ဖို့ လုပ်ထားတဲ့ အချိန်မှာ ဖြစ်လာ တဲ့ ဒီလို အမှုမျိုးက ရင်းနှီးမြှုပ်နှံတဲ့သူတွေဆီကို အချက်ပြလိုက်တာပါပဲ” ဟု အင်ဒိုနီးရှား ဘဏ္ဍာရေး ဝန်ကြီး Chatib Basri က ပြောကြားသည်။

ယခုသတင်းကြောင့် အင်ဒိုနီးရှားတွင် ရင်းနှီးမြှုပ်နှံထားသည့် ရေနံ ကုမ္ပဏီ များမှ အရာရှိများ တုန်လှုပ်သွားကြကြောင်း အဆိုပါ သတင်းတွင် ဖော်ပြ ထားသည်။

ယခင်က ကမ္ဘာ့ရေနံ ထုတ်လုပ်သူများအသင်း OPEC အိုပက် အဖွဲ့ဝင် နိုင်ငံဟောင်းဖြစ်သော အင်ဒိုနီးရှားသည် စွမ်းအင်ကဏ္ဍတွင် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းမှု မရှိခြင်းနှင့် အမျိုးသားရေး ဦးစားပေး အစီအစဉ်များ ပြုလုပ်သဖြင့် ဝေဖန်မှုများ ရှိနေသည့်အတွက် စွမ်းအင်ကဏ္ဍ ကျဆင်းမှုများ နှင့် ရင်ဆိုင်နေရသည်။

အင်ဒိုနီးရှား ထိပ်တန်း ရဲအရာရှိ ဂျိုကိုဆူဆီလိုက ငွေကြေး ခဝါချမှုဖြင့် တရားစွဲဆိုခံရပြီး အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ KPK သည် ဒီဇင်ဘာလက လူငယ်နှင့် အားကစား ဝန်ကြီး အန်ဒီအန်လ်ဖီယန် မာလာရန်ဂျင်းကိုလည်း လာဘ်စားမှုဖြင့် သံသယရှိကြောင်း စာရင်း ထုတ်ပြန်ထားသည်။

The Voice Weekly
ရေနံကုမ္ပဏီ တစ်ခုထံမှ အမေရိကန် ဒေါ်လာ ငါးသိန်းခန့် လာဘ်စားသည် ဟူသော စွပ်စွဲချက်ကို စုံစမ်း စစ်ဆေးရန် အင်ဒိုနီးရှား စွမ်းအင် စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌကို အင်ဒိုနီးရှား လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီ က ဖမ်းဆီးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ပြောင်းလဲ၊ တပ်ဖွဲ့ဝင်များကို တရားစွဲဆို ပိုင်ခွင့် မရှိ

Photo: ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ပြောင်းလဲ၊ တပ်ဖွဲ့ဝင်များကို တရားစွဲဆို
ပိုင်ခွင့် မရှိ
Friday, August 16, 2013 

ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ဖြည့်စွက်လိုက်ပြီး ငြိမ်းချမ်းချိန် ကာလအတွင်း တပ်ဖွဲ့ဝင်များကို စစ်တပ်က တရားစွဲဆိုပိုင်ခွင့် မရှိသလို အပြစ်ပေးနိုင်ခွင့် လည်း မရှိတော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

စည်းကမ်း ဖောက်ဖျက်မှု ပြုလုပ်သည်ဟု စွပ်စွဲခံနေရသော ထိုင်ဝမ် တပ်ဖွဲ့ဝင် ၃၅၀ ဦးကို စစ်ဘက် တရားရုံးတွင် တရားစွဲဆိုမှု မပြုဘဲ အရပ်ဘက် တရားရုံးသို့ လွှဲပြောင်း စစ်ဆေးလျက် ရှိသည်။

အထက် အရာရှိကြီးများ၏ လက်လွတ်စပယ် အပြစ်ပေး ခံထားရမှု၊ လက်အောက်ငယ်သားများကို လူမဆန်စွာဆက်ဆံမှု စသည့် အရေး
တကြီး အရေးယူ ဆောင်ရွက်ရန် လိုအပ်နေသည့် အမူအခင်းများကို လွဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ဘက် အကျဉ်းထောင်များတွင် ထောင်ဒဏ် ချခံနေရသော တပ်ဖွဲ့ဝင် ၂၅၀ ကျော်ကိုလည်း အရပ်ဘက် အကျဉ်းထောင်များ သို့ ပြောင်းလဲ ကျခံစေမည် ဖြစ်သည်။

ထိုင်ဝမ် စစ်ဘက် အကျဉ်းထောင်များကို ပိတ်သိမ်းရမည် ဖြစ်ပြီး ဇန်နဝါရီလမှ စ၍ စစ်ဘက် တရားရုံးများကို ရပ်ဆိုင်းပေးရမည် ဖြစ်သည်။

စစ်စည်းကမ်း ချိုးဖောက်သည့် ထိုင်ဝမ် တပ်သား တစ်ဦးကို အရာရှိများက အပြင်းအထန် အပြစ်ပေး အရေးယူရာမှ တစ်ဆင့် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ယခုကဲ့သို့သော စစ်ဥပဒေ ပြောင်းလဲမှု ပေါ်ပေါက်လာခြင်း ဖြစ် သည်။

အသက် ၂၄ နှစ်အရွယ် ထိုင်ဝမ် စစ်သား ဟန်ချန်ချူသည် ပြင်းထန်သော စစ်ရေး လေ့ကျင့်ခန်းများကြောင့် အပူလျှပ်ပြီး သေဆုံးခဲ့ရခြင်းကို ပြည်သူ များက မကျေနပ်ခြင်းကြောင့် တိုင်ပေမြို့တော်၌ ပြီးခဲ့သည့် လအတွင်း လူထောင်ပေါင်းများစွာ စုဝေး ဆန္ဒပြခဲ့သည်။

စစ်စခန်း အတွင်းသို့ ဟန်ချန်ချူက ကင်မရာပါသော မိုဘိုင်းလ်ဖုန်း တစ်လုံး ယူဆောင်လာခြင်း ကြောင့် အလုံပိတ် အခန်းတွင်း ဖမ်းဆီး ချုပ်နှောင်ခြင်း၊
 နေပူရှိန်အောက်တွင် အပြစ်ပေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည့် အရေးယူမှုများကို အထက် အရာရှိများက ပြုလုပ်ခဲ့သည်။

အဆိုပါ တပ်သား သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်ဝမ် တပ်မတော် အရာရှိ ၁၈ ဦးကို တရားစွဲဆိုထားကာ ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက် ခဲ့ရသည်။

လက်ရှိ လုပ်ဆောင်နေသော စစ်ဥပဒေ ပြုပြင် ပြောင်းလဲမှုများသည် ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် နေထိုင်ခဲ့ရသည့် ထိုင်ဝမ် နိုင်ငံအတွက် သိသာ ထင်ရှားသော အပြောင်းအလဲများ ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကာလ ကြုံတွေ့ခဲ့ရခြင်းကြောင့် သာမက စစ်တပ်အတွင်း အကျိုးစီးပွား ရှာဖွေမှုများ၊ အနိုင်ကျင့်မှုများ ပြည့်နှက်နေခြင်းကြောင့် ထိုင်ဝမ် ပြည်သူများက စစ်တပ်အပေါ် အဆိုးမြင်နေကြခြင်း ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

The Voice Weekly
ထိုင်ဝမ် စစ်ဥပဒေ ပြုပြင် ဖြည့်စွက်လိုက်ပြီး ငြိမ်းချမ်းချိန် ကာလအတွင်း တပ်ဖွဲ့ဝင်များကို စစ်တပ်က တရားစွဲဆိုပိုင်ခွင့် မရှိသလို အပြစ်ပေးနိုင်ခွင့် လည်း မရှိတော့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။