Showing posts with label ပြည်ပရေးရာ. Show all posts
Showing posts with label ပြည်ပရေးရာ. Show all posts

Saturday, 12 September 2015

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကွင်းလုံးကျွတ် လွတ်တော့မလား လူသတ်လက်နက်ပေါက်တူးပေါ်ရှိ ဒီအင်န်အေသည် မြန်မာလုပ်သားနှစ်ဦးမှ မဟုတ်ကြောင်း နာမည်ကြီးထိုင်းအမျိုးသမီးမှုခင်းဆရာဝန် ထွက်ဆို

ထိုင်းနိုင်ငံတရားမျှတရေးဝန်ကြီးဌာန၊ မှုခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်သည် လိပ်ကျွန်းလူသတ်မှု ဒီအင်န်အေစစ်ဆေးချက်များနှင့်ပတ်သက်၍ တရားရုံးသို့ လာရောက်ထွက်ဆိုရာ ပေါက်တူးတွင်တွေ့ရှိသည့် ဒီအင်န်အေသည် မြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေနှင့် မတူညီ ကြောင်း ထွက်ဆိုခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်း လူသတ်မှု ဒီအင်န်အေစစ်ဆေး ရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့ခြင်းမရှိဟု ဒေါက် တာ ပွန်တစ်က ထွက်ဆိုကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘တစ်ချက်က ပေါက်တူးကို ဒီအင်န်အေစစ်တယ်။ လူသတ် တရားခံရဲ့ ဒီအင်န်အေတွေ့တယ်။ ဒါပေမဲ့ အဲဒီဒီအင်န်အေက ဇော် လင်းရယ်၊ ၀င်းဇော်ထွန်းရယ်၊ မောင်မောင်တို့ရဲ့ ဒီအင်န်အေ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြော ရမယ်ဆိုရင် ရှင်းနေတာပဲ။ တခြား သူတစ်ယောက် ရှိတယ်ပေါ့။ နောက်တစ်ချက်က ဒီအင်န်အေ ရယူတဲ့အခါမှာ အော်တိုစက်ကို သုံးမယ်ဆိုရင် မစစ်ခင်ကတည်း က စစ်မယ့်သူရဲ့ နာမည်၊ လိပ်စာ တို့ထည့်ရတယ်။ တရားရုံးမှာ တင်ထားတဲ့အမှုက အရင်စစ်ပြီးမှ နာ မည်၊ လိပ်စာတို့ယူထားတယ်။ စာသားတွေကို ပြင်ထားတယ်ဆိုတာ နာရီကွာခြားချက်၊ ရက်စွဲကွာခြား ချက်တွေမှာ တွေ့ရတယ်လို့ ထွက်ဆိုသွားပါတယ်။ ကွဲလွဲနေတာ ပေါ့’’ဟု ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။

Wednesday, 18 September 2013

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာ တတိယပတ်၌ ဖွင့်လှစ်မည်


ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး စခန်းငါးခုကို စက်တင်ဘာလ တတိယအပတ်အတွင်း ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

Tuesday, 17 September 2013

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများအား ၀ယ်ယူမှုနှုန်း မြင့်တက်နေခြင်းကို ပြန်လည်ဆန်းစစ်ရန် တရုတ်နှင့် မြန်မာ တာဝန်ရှိသူတို့ ညှိနှိုင်း

တရုတ်အမျိုးသားများ၏ ဇနီးအဖြစ် မြန်မာအမျိုးသမီးများကို သိန်းဆယ်ဂဏန်းဖြင့် ၀ယ်ယူမှုနှုန်း မြင့် တက်နေခြင်းကို ပြန်လည်ဆန်းစစ် ပြုပြင်ရန် တရုတ်နိုင်ငံ ရဲအရာရှိ ကြီးများနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်တားဆီး နှိမ်နှင်းရေးတို့ ညှိနှိုင်းလျက် ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Wednesday, 4 September 2013

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံ အနေဖြင့် မိမိနိုင်ငံနှင့် သင့်တော်သည့် နည်းလမ်းများ ရွေးချယ်ပြီး အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် နိုင်ငံတည်ငြိမ် ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုကို ထောက်ခံဟု တရုတ်ဝန်ကြီးချုပ် မစ္စတာ လီကာကျန်းက ပြောကြားသည်။

Monday, 19 August 2013

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး တွင်မြန်မာမိန်းကလေး အဓ္ဓမ ကျင့်ခံရ

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး 

သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ် ပွားပုံမှာ ည ၁၀ နာရီ ခွဲ အချိန်ခန့်တွင် မိန်းကလေးအဆောင်နောက်ဘေး အဆောင် တံခါးပေါက် အားဖြတ်ဆီး၍ မလေးသုံး ယောက်မှာ အဆောင်တွင်းသို့ ဝင်ရောက်လာသောအခါ အဆောင် တွင်းနေ မြန်မာမိန်းကလေးများ ကြောက်ရွံ့အော်ဟစ်ခါ သူငယ်ချင်းများအားလုံး သတိပေးကာ အဆောင်ရှေ့ပေါက်မှ ထွက်ပြေးကြလေ သည်။

ကံဆိုးသူ မ... ကတော့ ဆေးစစ်ပြီး ပြန်လာချိန် ဖြစ်၍ ပင်ပန်း၍ မနိုးပဲ အိပ်ရာထက် ကျန်ခဲ့သော အခါ သူတို့ ၃ ယောက်က ဓားဖြစ်ထောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်
ထိုအဖြစ်အပျက် အား မြန်မာသံရုံး သို့ တိုင်ကြားသောအခါ

 မြန်မာသံရုံးမှ မလေးရှားလဝက အားတိုင်ကြားပြီး တနင်္လာနေ့ ညနေ ၃ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း အကြောင်းပြန်ပါသည်
ယခုဖော်ပြပါ ဓာတ်ပုံမှာ မြန်မာမိန်းကလေးများ အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။

သူတို့ ဆန္ဒ ပြသော အကြောင်း အရာမှာ သူတို့ နေအိမ် အဆောင်များ လုံခြုံမှုရှိအောင်လုပ်ပေးရန် နှင့် ယခု ကိစ္စ အားအရေးယူတိုင်ကြားပေး ရန် ဖြစ်ပါတယ်။

Tayzar Aung
Myanmar Daily News
cokodmoe

Posted From Classic Burma News

မလေးရှားနိုင်ငံ ဂျိုဟိုး kota tinggi မြို့ taman kota ရပ်ကွက်တွင်နေထိုင်သူ မြန်မာ မိန်းကလေး တစ်ယောက်အား မနေ့ည (16.8.2013)က မလေးလူမျိုး ၃ ဦးမှ ည ၁၀နာရီ ခွဲအချိန်တွင် နေအိမ်ထဲ သို့ ဝင်ရောက်ကာ ဓားဖြင့်ထောက် ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့သည့် အခင်းဖြစ်ပွားပုံမှာ ည ၁၀

အမေရိကန် ပြည်ထောင်စုတွင် ၁၂ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဦးနှောက် ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခံရ

ဝါရှင်တန်  သြဂုတ်  ၁၇
အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့တွင် အသက် ၁၂ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးသည်ကြုံခေါင့်ကြုံခဲလှသည့် ဦးနှောက်ပျက်စီးစေသည့် ပိုးတစ်မျိုး ကူးစက်ခြင်း ခံခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းဌာန၏ ထုတ်ဖော် ပြောကြားချက်အရ သိရသည်။

Saturday, 17 August 2013

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

Photo: သေချင်ပေမယ့် အချိန်မကျသေး၍ မသေ

17.8.2013

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ဖြစ်ပုံက တိုက်ပေါ်ကနေ ခုန်ချပေမယ့် အောက်မရောက်ပဲ ကြော်ငြာဘေဘုတ်မှာ ငြိနေတုန်း ရဲတပ်ဖွဲ့က သူမကို ဖျောင်းဖျပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

News of Myanmar
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေးကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

Monday, 5 August 2013

တန်နက်ဆီ ပြည်နယ်သား တစ်ဦး ခြောက်ရက် ကျော်ကြာ ရေငုပ်၍ စံချိန်တင်နိုင်ခဲ့

နက်စ်ဗေးလ် သြဂုတ် ၃
အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်သား စကူဘာ ရေငုပ်သမား (ကျောပိုး သယ်ဆောင် နိုင်သော ရေအောက် အသက်ရှူကိရိယာဖြင့် ရေငုပ်ခြင်း) တစ်ဦးသည် ရေအောက် တွင် ခြောက်ရက် ကျော်ကြာအောင် နေပြ၍ စံချိန်သစ် တင်နိုင်ခဲ့ပြီးနောက် သြဂုတ် ၂ ရက်က ရေပြင်ပေါ်သို့ ပြန်လည် ပေါ်ထွက် လာခဲ့ကြောင်း သိရသည်။

Saturday, 27 July 2013

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ

ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာ ကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။

Friday, 26 July 2013

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ

စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ

Thursday, 25 July 2013

ကျောင်းသားတွေသေဆုံးမှုနဲ့ ကျောင်းအုပ် ဆရာမ အဖမ်းခံရ

အိန္ဒိယနိုင်ငံက ​ပြီးခဲ့တပတ်ကပဲ ​မူလတန်းကျောင်းက ​ကျောင်းသား​၂၃ယောက်လောက် ​သေဆုံးစေခဲ့တဲ့ ​အစာအဆိပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ​သံသယရှိသူ ​ကျောင်းအုပ်ဆရာမကို ​အိန္ဒိယရဲတွေက​ဖမ်းဆီး လိုက်ပြီလို့ ​သိရပါတယ်။

Monday, 8 April 2013

ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့တွင် ပထမဆုံး လူသေဆုံး




ကြက်တုပ်ကွေးကြောင့် မြန်မာ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်။

Friday, 5 April 2013

အိန္ဒိယနိုင်ငံတွင် ဆောက်လက်စတိုက် ပြိုကျမှုကြောင့် လူ ၃၁ ဦး သေဆုံး


အိန္ဒိယနိုင်ငံ၏ အဓိက စီးပွားရေး မြို့တော်ကြီး တစ်ခုဖြစ်သော မွမ်ဘိုင်းတွင် လူနေတိုက်တာ အဆောက် အအုံ တစ်ခု ပြိုကျခဲ့ရာ လူပေါင်း (၃၁)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယ၏ အကြီးဆုံး မြို့ကြီးလည်းဖြစ်သော မွမ်ဘိုင်းတွင် ကြာသပတေးနေ့ မွန်းလွဲပိုင်းက မွမ်းမံ ဆောက် လုပ်နေဆဲ တိုက်တစ်လုံး ပြိုကျခဲ့ခြင်း ဖြစ်သည်။ ရဲများက လူ(၃၁)ဦးထိ အသေအပျောက်ရှိခဲ့ပြီး ယင်းတို့အနက် ကလေး(၁၁)ဦး ပါဝင်ကြောင်း ပြောကြားထားသည်။

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..

Photo: မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား 'Hack'လုပ်ခြင်းခံရ..
Friday, April 5, 2013

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား အမည်မသိအဖွဲ့
အစည်းတစ်ခုမှ 'Hack' လုပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ Hacker များ၏
လုပ်ရပ်ကြောင့်မြောက်ကိုရီးယား၏ သတင်းဆိုက်(ဒ်)တစ်ခုဖြစ်သော
'Uriminzokkiri' ၏ ထုတ်လွှင့်မှုများ ပြတ်တောက်ခဲ့၍ 'Twitter' နှင့် 'Flicker'
အကောင်းများဖျက်စီးခံခဲ့ရသည်။

တက္ကသိုလ်ကျောင်းသားတစ်သောင်းငါးထောင်တို့၏ Username နှင့် Passwords များကိုလည်း တက္ကသိုလ်ကျောင်းရှိ Database များထဲမှ
ရယူနိုင်ကြောင်း Hackers များမှအခိုင်အမာပြောကြားခဲ့သည်ဟု BBC
သတင်းဌာနတွင်ဖော်ပြထားသည်။

SkyNet TV Browser

မြောက်ကိုရီးယားနိုင်ငံ၏လူမှုရေးကွန်ယက်များအား အမည်မသိအဖွဲ့အစည်းတစ်ခုမှ 'Hack' လုပ်ခြင်းခံခဲ့ရကြောင်းသိရသည်။ Hacker များ၏လုပ်ရပ်ကြောင့်မြောက်ကိုရီးယား၏သတင်းဆိုက်(ဒ်)တစ်ခုဖြစ်သော'Uriminzokkiri' ၏ထုတ်လွှင့်မှု များ ပြတ်ေ တာက် ခဲ့၍ 'Twitter' နှင့် 'Flicker'အကောင်းများဖျက်စီးခံခဲ့ရသည်။

Thursday, 4 April 2013

မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင်အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြညာ


မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည် ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင်အခြေစိုက် ဒုံးပျံ ကာကွယ်ရေး စနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက်တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာလိုက် ပါတယ်။
Thursday, April 4, 2013

အဲဒိကြေညာချက်အရ ဒုံးကျည်တွေ ကားတင်အမြှောက်
လောင်ချာတွေ ရေဒါတွေနဲ့ ပစ်မှတ်ရှာတဲ့ ကရိယာတွေနဲ့ 
မြေပြင်အခြေစိုက်ကာကွယ်ရေးစနစ်ကို မကြာခင် သီတင်းပတ်တွေမှာ ဂူအမ်ကျွန်းမှာ စေလွှတ်တပ်ဆင်မှာဖြစ်ပါတယ်။

Terminal High Altitude Area Defense System လို့ ခေါ်တဲ့  အဆင့်မြင့်ကာကွယ်ရေးစနစ်မှာ ကိုယ်ရဲ့ ကာကွယ်ရေးစနစ် ပိုင်နက်ထဲကိုချဉ်းကပ်ဝင်ရောကိလာတဲ့ ရန်သူရဲ့ ဒုံးကျည်တွေကို 
တမိနစ် သို့မဟုတ် နှစ်မိနစ်အတွင်းမှာ ပစ်ချဖြိုခွင်းမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ရဲ့ ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းကို အဏုမြူလက်နက်နဲ့ တိုက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဂူအမ်ကျွန်းဟာ မြောက်ကိုရီးယားနိုင်ငံကနေ မိုင် ၂၀၀၀ ကွာဝေး ပါတယ်။ 

လေ့လာအကဲခတ်သူတွေကတော့ မြောက်ကိုရီးယားဟာ 
တာပေးပစ် ဒုံးကျည် ပစ်ခတ်နိုင်တဲ့ နည်းပညာ မရှိသေးဘူးလို့  ဆိုပါတယိ။ 

ဒါပေမဲ့  မိုင်ရာချီပေါက်ကွဲပစ်ခတ်နိုင်တဲ့ အလယ်အလတ်တန်းစား
ရွေ့ လျားပစ်နိုင်တဲ့ ဒုံးကျည် အပါအ၀င် စစ်အင်အား အတော်များများကို ပိုင်ဆိုင်ထားပါတယ်။

ထားထားမြင့် 

Burma-Newselite

မြောက်ကိုရီးယားရဲ့  ရွေ့လျားပစ်ခတ်နိုင်တဲ့ ဒုံးကျည်ပစ်ခတ်မှုကို ကာကွယ်တုံ့ပြန်ဖို့ အတွက် မြေပြင် အခြေစိုက် ဒုံးပျံကာကွယ်ရေးစနစ် လက်နက်တွေကို အမေရိကန်ပြည်ထောင်စုက သူရဲ့ ပိုင်နက် တခု ဖြစ်တဲ့ ဂူအမ်ကျွန်းကို ပို့ ဆောင်တော့မယ်လို့  မေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာ လိုက်ပါတယ်။

Wednesday, 3 April 2013

မြောက်ကိုရီးယား ခြိမ်းခြောက်မှု အမေရိကန်လုံးဝ လက်မခံနိုင်



မြောက်ကိုရီးယားရဲ့စစ်ရေးခြိမ်းခြောက်မှုတွေကနေအမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ မဟာမိတ် တောင်ကိုရီး ယားနိုင်ငံကို အကာအကွယ်ပေးသွားမယ်။ မြောက်ကိုရီးယားနိုင် ငံ ကို နျူကလီးယား လက်နက် ပိုင်ဆိုင် တဲ့နိုင်ငံ အဖြစ်မခံနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ပြောပါတယ်။

Thursday, 28 March 2013

တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်


ဆိုးလ်၊မတ်လ ၂၈ ရက်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီး ယားနိုင်ငံ က တောင်ကိုရီးယား  နဲ့ ဆက် သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေး တဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်း ကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။

Sunday, 24 March 2013

APPLE ကုမ္ပဏီ၏ I WATCH နာရီကို ယှဉ်ပြိုင်ရန် SAMSUNG ကုမ္ပဏီ IS နာရီ ထုတ်လုပ် လျက်ရှိ



လန်ဒန် ၊မတ်လ ၂၃ ရက်

Samsung ကုမ္ပဏီသည် APPLE ကုမ္ပဏီမှ မကြာမီ ထုတ်လုပ် တော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော i Watch နာရီကို ယှဉ်ပြိုင်နိုင်ရန် အတွက် IS နာရီကို ထုတ်လုပ်လျက် ရှိသည်။