Monday, 29 July 2013

လီဗာပူး ကတော့ ဘန်ကောက်မှာ လည်း နိုင်ပွဲ ဆက်ခဲ့တယ်

Photo: လီဗာပူးကတော့ ဘန်ကောက်မှာလည်း နိုင်ပွဲဆက်ခဲ့တယ်
Monday, July 29, 2013

ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရနေတဲ့ လီဗာပူးဟာ ထိုင်း
အသင်းနဲ့ ခြေစမ်းပွဲမှာလည်းကော်တင်ဟို၊ အက်စ်ပက်၊ ဂျရတ်တို့ရဲ့ ဂိုးတွေနဲ့အတူ၃ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ မဲလ်ဘုန်းကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို အပြောင်းအလဲ ၆နေရာ လုပ်ခဲ့တဲ့ လီဗာပူးဟာ ဆွာရက်ဇ်ကိုတော့ အရန်ခုံမှာပဲ ဆက်ထားခဲ့ပြီး ပွဲအစ ၁၆မိနစ်မှာပဲ လူငယ်ကစားသမားကော်တင်ဟိုရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုက အဖွင့်ဂိုးဖြစ်စေခဲ့ပါတယ်။ ကော်တင်ဟိုဟာ ပြိုင်ဘက်အသင်း ခံစစ်မှူးနှစ်ဦး
ကို ကျော်ဖြတ်ပြီး ဧရိယာထဲအရောက် အနိမ့်ဘောကန်သွင်းခဲ့တာပါ။

ဒါပေမဲ့ လီဗာပူးအတွက် ဂိုးသမား မစ်နိုလတ် လက်စွမ်းပြခဲ့လို့ ပထမပိုင်း
မှာ ချေပဂိုး ပြန်မပေးခဲ့ရတာဖြစ်ပြီး ကာကွယ်မှု နှစ်ကြိမ်လုပ်ခဲ့တာ တွေ့ရ
ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၅မိနစ်အကြာမှာတော့ လီဗာပူးတို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ကော်တင်ဟို ထိုးပေးတဲ့ ဘောလုံးကို အက်စ်ပက်က ကန်သွင်း
သွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နောက် ၉မိနစ်အကြာမှာလည်း ဂျရတ်က တတိယဂိုး သွင်းခဲ့ပြီး ပွဲချိန် ၆၂မိနစ်မှာ ဆွာရက်ဇ် လူစားဝင်လာခဲ့ပါတယ်။ ဒီကစားသမားဟာ ၆ကိုက် အကွာကနေ အပိုင်ဂိုးသွင်းခွင့် ရခဲ့ပေမယ့် သူ့ရဲ့ ခေါင်းတိုက်ချက် ဘားထိသွားခဲ့တဲ့အတွက် ဂိုးမသွင်းနိုင်လိုက်ပါဘူး။

YoYarLay
ရာသီကြိုခြေစမ်းပွဲတွေမှာ ရာနှုန်းပြည့် နိုင်ပွဲရနေတဲ့ လီဗာပူးဟာ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲမှာ လည်းကော် တင်ဟို၊ အက်စ်ပက်၊ ဂျရတ်တို့ရဲ့ ဂိုးတွေနဲ့အတူ၃ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။

မြန်မာ့ ပထမဆုံး ကောင်းကင် ရထား စီမံကိန်း စတင်မယ်

Photo: မြန်မာ့ပထမဆုံး ကောင်းကင်ရထား စီမံကိန်း စတင်မယ်
Monday, July 29, 2013

မြန်မာနိုင်ငံမှာ ပထမဆုံး ကောင်းကင်ရထား( Cable Car) ပြေးဆွဲဖို့ စီမံကိန်းကို  စတင်ရေးဆွဲနေပါပြီ။ကောင်းကင်ရထား စီမံကိန်းကို 
ကရင်ပြည်နယ်၊ ဇွဲကပင်တောင်က ဆံတော်ရှင် ဘုရားကို အလွယ်တကူ တက်ရောက်နိုင်ဖို့ ဖြစ်ပါတယ်တဲ့။ 

မလေးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားတဲ့နေရာတခုက
 ကောင်းကင်ရထား၊ 

လာမယ့် ၂ လမှာ စီမံကိန်းကို စတင်မှာဖြစ်ပြီး တည်ဆောက်မှုကာလ ၁ နှစ်ကြာမယ်လို့ ဦးဆောင်လုပ်ကိုင် တဲ့ မလေးရှား ပီနန်ဆရာတော် 
ဘဒ္ဒန္တ ပညာဝံသက မြန်မာ့အလင်းသတင်းစာကို ပြောထားပါတယ်။ 

ဇွဲကပင်တောင် ဂေါပကအဖွဲ့ရဲ့ အဓိက စိုက်ထုတ်ငွေတွေနဲ့ စီမံကိန်းကို လုပ်ဆောင်မှာဖြစ်ပြီး အစိုးရတွေ အပိုင်းကလည်း အကူအညီတွေပေး
သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ကောင်းကင်တောင်တက် ရထား စီမံကိန်းကို မလေးရှား ပညာရှင်တွေနဲ့ Alan Lakawi Company က တည်ဆောက်မှာဖြစ် ပြီး ကုန်ကျ စရိတ် အမေရိကန် ဒေါ်လ ၂၂ သန်းကျော်ကုန်ကျမယ်လို့ ခန့်မှန်းထား တယ်လို့ ဆိုပါတယ်။ 

စီမံကိန်းအတွက် မြန်မာအလုပ်သမားတွေကိုပဲ အဓိက အသုံးပြုမှာဖြစ်ပြီး မလေးရှား ပညာရှင်တွေအနေနဲ့ ကြီးကြပ်တဲ့ အပိုင်း လောက်ပဲ တာဝန်ယူ
လုပ်ကိုင်မှာဖြစ်တယ်လို့ ပီနန်ဆရာတော်ကြီးက မိန့်ထားပါတယ်။ 

စီမံကိန်းတည်ဆောက်ပြီးစီးသွားပြီဆိုရင် အရင်က ဇွဲကပင်တောင်ပေါ်က ဆံတော်ရှင် ဘုရားပေါ်ရောက် ဖို့ ပေ ၂ ထောင်၊ ၃ ထောင်လောက်
 ခြေလျင်တက်ရတဲ့ အနည်းဆုံး ၂ နာရီကျော် ၃ နာရီ ခရီးက အချိန်တို အတွင်း တောင်ပေါ်ကို ကောင်းကင် ရထားနဲ့ ရောက်ကြရတော့မှာပါ။ 

ဒီစီမံကိန်းကြောင့် ဘုရားဖူးဧည့်သည်တွေအတွက် သက်တောင့်သက်သာ
 ဖြစ်ရုံသာမက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအ တွက်လည်း အများကြီး အထောက်အကူဖြစ်မှာပါ။ ဒီအပြင် အခြားသော ဆက်စပ် စီးပွားရေး လုပ်ငန်းတွေအတွက်လည်း အထောက်အကူဖြစ်လာမှာပါ။ 

ဧရာဝတီblog
မြန်မာနိုင်ငံမှာ ပထမဆုံးကောင်းကင်ရထား( Cable Car) ပြေးဆွဲဖို့ စီမံကိန်းကို စတင်ရေးဆွဲနေ ပါပြီ။ကောင်းကင် ရထား စီမံကိန်းကို ကရင်ပြည်နယ်၊ ဇွဲကပင်တောင်က ဆံတော်ရှင် ဘုရားကို အလွယ်

ဘုရားဖူး စေလွှတ်ရေး ဆိုင်ရာ လုပ်ငန်း များတွင် ချုပ်ကိုင်ခြင်း ပြုလုပ်တော့ မည် မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာ နမှ ရှင်းလင်းပွဲပြုလုပ်

7.28.19
သာသနာရေး ၀န်ကြီးဌာန ဒုတိဝန်ကြီး ဦးစိုးဝင်းမှ ရှင်းလင်းနေစဉ်
ဗုဒ္ခဂယာနှင့် နီပေါသို့ ဘုရားဖူး စေလွှတ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ချုပ်ကိုင်ခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း သာသနာရေး ၀န်ကြီးဌာနမှ ဦးစီး၍ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ တစ်ပတ်ကြာလာရောက်မည်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူအခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံ အောက် လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow ခေါင်ဆောင်းသော ကိုယ်စားလှယ် အဖွဲ့သည် တစ်ပတ်ကြာ လာရောက် မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိဘဲ သဘောတူညီ တည်ဆောက် ခဲ့သော မြန်မာ-တရုတ် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင်ဖွင့်လှစ်

7.28.20
ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် တာဝန်ရှိသူများမှ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား ဖွင့်လှစ်ပေးနေစဉ်
ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှု မရှိဘဲ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်ထားမှုတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေး ဌာနတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်- ဘီလူးကျွန်း တံတား စီမံကိန်း ၂၀၁၄-၂၀၁၅ စီမံကိန်းနှစ် တွင် စတင်မည်

မွန်ပြည်နယ် အတွင်းရှိ သံလွင်မြစ် ခြားနေသော မော်လမြိုင်-မုပွန်ရပ်ကွက်နှင့် ဘီလူးကျွန်း ချောင်းဆုံ မြို့နယ် ကညှော်ကျေးရွာ တို့ကို မြစ်ကူးတံတား တည်ဆောက်ရေး အတွက် လမ်းအူကြောင်း တိုင်းထွာ မှုများ ပြုလုပ်ပြီးဖြစ်၍ လာမည့်(၂၀၁၄-၂၀၁၅)စီမံကိန်းနှစ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း၊ ဦးစောမြင့်ကြည် (ဒုအင်ဂျင်နီယာမှူးကြီး-တံတားအထူးအဖွဲ့ ၆)က ပြောကြားသည်။

အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော် မတီနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ တွေ့ဆုံ မှုနှင့် ပတ်သက် ၍ ဇူလိုင် ၂၈ ရက်တွင် သတင်းစာ ရှင်းလင်း ပွဲပြုလုပ်

7.29.21
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်နေစဉ်
အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြညိမ်း၊ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်တီနှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ)တို့ ဇွန် ၂၄ ရက်က နေပြည်တော်လွှတ်တော်တွင် တွေ့ဆုံခဲ့မှုများနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)က ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ရှိ စာနယ်ဇင်းကောင်စီ ရုံးခန်းတွင် သတင်း စာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

Saturday, 27 July 2013

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေ ပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။

တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ယာဉ်သုံးစီး ဆင့်တိုက်ရာမှ ခြောက်ဦးဒဏ်ရာရ

7.25.2
ယာဉ်သုံးစီး ဆင့်တိုက်မှု မြင်ကွင်းအား ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်)
တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းပေါ်တွင် ဇူလိုင် ၂၆ရက် နံနက် ၁၀ နာရီ ၀န်းကျင်ခန့်က ယာဉ်သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ

ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာ ကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

7.25.19
ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင် မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့် အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင် Eleven Media သို့ ပြောကြားခဲ့သည်။

Friday, 26 July 2013

တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်တစ်ခု မီးလောင်မှုဖြစ်ပွား

7.25.24
တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အတွင်းရှိ ဖို့မြေရပ်ကွက်တွင် ဇူလိုင် ၂၅ ရက် ညပိုင်းက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ ရက်အထိ အာဖဂန် စစ်ဆင်ရေးတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂၁၁၄ ဦး သေဆုံး

အာဖဂန် နစ္စတန်နိုင်ငံ အတွင်းသို့ အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့များ ကျူးကျော် ဝင်ရောက်ခဲ့သည့် ၂ဝဝ၁ ခုနှစ် နှောင်းပိုင်း အချိန်မှစ၍ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂၃ရက်အထိ အာဖဂန်နစ္စတန် နိုင်ငံ၌ အမေရိကန် တပ်ဖွဲ့ဝင် အနည်းဆုံး ၂၁၁၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာန၏ စစ်တမ်းကောက် ယူမှု တစ်ရပ်အရ သိရသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ သောက်သုံး မှုကြောင့် ဆေးရုံ တက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ် ထင်မြင်ချက် တောင်းခံထားကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် နိုင်ငံတကာ အဆင့်မီရန် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်သည်ဟု သမ္မတရုံးဝန်ကြီး ပြောကြား

7.25.19
လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ- ဟိန်းမင်းထက်)
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး မြန်မာပြည် လာမယ်

U Thein Sein France ပြင်သစ်နိုင်ငံကို သမ္မတဦးသိန်းစိန်ရောက်ရှိစဉ် (Credit: ABC)  မြန်မာနိုင်ငံကို ​ရှေ့လာမယ့် ​တပတ်အတွင်းမှာ ​ပြင်သစ်နိုင်ငံ ​ကုန်သွယ်ရေးဝန်ကြီး ​Nicole ​Bricq ​ကနေဦးဆောင်ပြီးတော့ ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေးသမားများ ​၁၅ဦး ​ပါဝင်တဲ့ ​ကိုယ်စားလှယ် အဖွဲ့ ​တဖွဲ့ ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိတယ်လို့ ​သိရပါတယ်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရထားလမ်းချော် ၈၀ ဦးသေ

စပိန်နိုင်ငံ ​​အနောက်မြောက်ပိုင်းမှာ ​​မနေ့က ​ရထားလမ်းချော်မှု ​​ဖြစ်ပွားတဲ့အတွက် ​​အနည်းဆုံး ​​လူ

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

Photo: ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးကို စစ်ဆေး

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယကဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဆရာတော် ဦးဝီရသူ တရားပွဲအနီးမှာ တပ်ထားတဲ့ CCTV ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်ပုံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးပြီးတဲ့အခါမှာ အခုလိုဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှုးဦးစိုးငြိမ်းက RFA ကို ပြောပါတယ်။

“ကင်မရာကလည်း သီးခြားတပ်ထားတဲ့ ကင်မရာမဟုတ်ပါဘူး၊ တခြားမှာ လုံခြုံရေးအရ သူ့ဘာသာသူ တပ်ထားတဲ့ ကင်မရာဆိုတော့ ဒီထဲမှာပါလိုပါငြားဆိုပြီးတော့ ကျနော်တို့က စုံစမ်းကြည့်ရတာပေါ့နော်၊ တရားနာတဲ့ပရိသတ်နဲ့ ပုံသဏ္ဍာန်မတူတဲ့ နည်းနည်းလေး သံသယဖြစ်ဖွယ်ရာရှိတဲ့ ပုံမှန်ထက်နည်းနည်းလေး ထူးခြားတယ်လို့ထင်တဲ့လူကို ကျနော်တို့က စုံစမ်းတာပါ၊ တရားခံဖြစ်ချင်ရင်လည်းဖြစ်မယ်၊ မဖြစ်ချင်ရင်လည်းမဖြစ်ဘူး”

ဇူလိုင်လ ၂၁ ရက်နေ့က ဆရာတော်ရဲ့ တရားပွဲနားမှာရပ်ထားတဲ့ ကားအနားမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ တရားနာသူ သုံးယောက်ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော် ဦးဝီရသူရဲ့ တရားပွဲအနီးမှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိ သူနှစ်ဦး ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်

အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်ပါသည်။

Thursday, 25 July 2013

ကျောက်မီးသွေး ထုတ်သည့် ပုဂ္ဂလိက ကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး အတွက်ထောက်ပံ့ မှု အားနည်း

Photo: ကျောက်မီးသွေးထုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး အတွက်ထောက်ပံ့မှု အားနည်း
Thursday, July 25, 2013

ကလေးဝမြို့တွင်း ကျောက်မီးသွေး ထုတ်နေသော ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် ကလေးဝမြို့နယ် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများ မရှိကြောင်း ကလေး ၀မြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။

“ကလေးဝ မြို့နယ်တွင်းမှာ ကျောက်မီးသွေး ထုတ်ယူနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၁၅-ခုနှင့် ၂၀-ကြားမှာ ရှိပါတယ်။ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး အတွက် ထင်သာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရှိကြပါဘူး။ တကယ်ဆိုဒေသဖွံ့ဖြိုးရေးမှာ လိုအပ်တဲ့ ကားလမ်းတွေကို ပြုပြင်ဖို့ စက်ယန္တယား အကူအညီတွေ၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွေ အတွက် ရံပုံငွေ ထောက်ပံ့မှုတွေကို လုပ်ပေး သင့်ပါတယ်။ 

ကလေးဝဒေသကထွက်တဲ့ ကျောက်မီးသွေး တွေကိုသာ ထုတ်ယူသွားကြပေမယ့် ကလေးဝမြို့ခံ ပြည်သူတွေအတွက် အကျိုးခံစားခွင့် ရာခိုင်နှုန်းသတ်မှတ်ပြီး ပေးတာမျိုးလဲ မရှိပါဘူး”ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။
ကလေးဝနှင့်မော်လိုက်မြို့နယ်အတွင်း ကျောက်မီးသွေး သတ္တုတွင်းများ အခြေအနေကို လေ့လာသည့် စာရင်းအရစာချုပ်ချုပ်ပြီးသည့် ကုမ္ပဏီ(၁၅)ခုရှိပြီး ကျောက်မီးသွေး ထုတ်ယူမည့် မြေနေရာ ဧကပေါင်း(၆၀၃၂၀.၆၆၂)ဧက ရှိပြီးခန့်မှန်းတန်ချိန် သန်းပေါင်း (၁၈၈.၇၅၈၄) ရှိကြောင်း၊ စမ်းသတ်တိုင်းတာခွင့်ပြုမိန့်ရပြီး
ကုမ္ပဏီ (၂)ခုရှိပြီး ဧကပေါင်း(၃၃၀၅.၆၇)ရှိကြောင်း၊ လျှောက်ထားဆဲ ကုမ္ပဏီ(၁၀)ခုရှိပြီး ဧကပေါင်း(၂၂၈၆၀)ရှိကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် စာအမှတ်(၂/၃ – ၁၆၁ (၄၉၁)/ဦး ၆)ပါညွှန်ကြားစာဖြင့်ပူးတွဲဖော်ပြသော စာရင်းများအရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်
ကလေးဝမြို့တွင်း ကျောက်မီးသွေးထုတ်နေသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ကလေးဝမြို့နယ် ဒေသ တွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများမရှိကြောင်း ကလေးဝမြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။