Friday, 29 March 2013
ဗကသ ဖြစ်မြောက်ရေးအဖွဲ့ဝင် ပျောက်ဆုံးနေမှု အမှုဖွင့်တိုင်ကြား
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦး ဟာ မတ်လ၂၅ရက်နေ့ကတည်းက အကြောင်းမဲ့ပျောက်ဆုံးနေပြီး အခုထိ ဘာ့ကြောင့် ပျောက် ဆုံးနေ တယ်ဆိုတာကို တစုံတရာစုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
အဲဒီပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ဗဟန်းရဲစခန်းမှာ လူပျောက်အမှုဖွင့် တိုင်ကြား ထားပြီး ပျောက်ဆုံးသွားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုရဲမင်းဦးရဲ့အစ်ကို ကိုဖိုးသားက RFA ကို အခုလို ပြောပါတယ်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကို လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေချိန်တွင် ဘာသာကြီး လေးခုမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယမ၀င်ပဲ မေတ္တာထားကြရန် အစ္စလာမ်ဘာသာရေး ခေါင်းဆောင် အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်းမှ တိုက်တွန်း

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော
လူမျိုးရေးဘာသာရေး
ပဋိပက္ခအသွင်ဆောင်ကာ ကြိုးပမ်းနေသော အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍
အကြမ်းဖက်လူတစ်စုက ရည်ရွယ်ချက် ရှိရှိ ဆောင် ရွက်နေချိန်တွင်
ဘာသာကြီးလေးဘာသာမှ ဘာသာဝင်တိုင်းက တစ်ဦးကိုတစ်ဦး သံသယ မ၀င်ပဲ မေတ္တာ
ထားကြရန်
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အပါအ၀င် ဘာသာလေးခု ချစ်ကြည်ရေး အဖွဲ့အစည်း မှ
ခေါင်းဆောင်များနှင့် လူငယ်များက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
Thursday, 28 March 2013
စင်ကာပူ သမ္မတ မြန်မာနိုင်ငံ လာရောက်မည်
သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ စင်ကာပူ သမ္မတ ဒေါက်တာ တိုနီ တန် ကင် ယမ်းနှင့် ဇနီး မစ္စစ် မေရီ ကန်တို့သည် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
ဧရာဝတီ
ဧရာဝတီ
အဓိကရုဏ်းများနှင့်ပတ်သက်၍ အခြေအနေမဲ့များအားလုံးကို စိုးရိမ်ပူပန်သဖြင့်ကရုဏာလက်များကွန်ရက် ကြေညာချက်ထုတ်ပြန်
အခြေအနေမဲ့ကလေးသူငယ်များ ကာကွယ်ေ စာင့်ရှောက် ပညာသင်ကြားပေးနေေ သာကရုဏာ လက်များ ကွန်ရက်အနေဖြင့် အဓိ ကရုဏ်း များကြောင့် အခြေအနေမဲ့များအားလုံးကို စိုးရိမ်ပူပန်သဖြင့် ကြေညာချက်ထုတ်ပြန်သည်လိုက်ကြောင်းသိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် (၆၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာ စားပွဲတက်ရောက်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပသည်။
လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရက ကျပ် ဘီလျံ၂,၃ဝဝ နီးပါး ပိုသုံးမည်
လာမည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အ တွက် အစိုးရ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း(ဘတ်ဂျက်)အရ ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း လျာထားအသုံးစရိတ်မှာ ယခင် ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၂,၃ဝဝနီးပါး ပိုမိုသုံးစွဲမည်ဖြစ်သည်။
မန္တလေး တိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်
မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။
တိုင်ဝမ်ငလျင် လူ ၂၀ ကျော် ဒဏ်ရာရ
တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်းတဲ့
ငလျင်တခုလှုပ်သွားတာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀
ထက်မနည်း ဒဏ်ရာရ ခဲ့တယ် လို့ တာဝန်ရှိသူတွေကပြော ပါတယ်။ ငလျင်ကြောင့်
နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ဒေသဆိုင်ရာ
ကယ်ဆယ်ရေး ဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။
တိုင်ဝမ်ကျွန်းအလယ်ပိုင်း ကျေးလက်ဒေသမှာ ဗုဒ္ဓဟူးနေ့က အားကောင်းတဲ့
ငလျင်တခုလှုပ်သွားတာကြောင့် အဆောက်အဦး လှုပ်ခါသွားပြီးတော့ လူအယောက် ၂၀
ထက်မနည်း ဒဏ်ရာရ ခဲ့တယ် လို့ တာဝန်ရှိသူတွေကပြော ပါတယ်။ ငလျင်ကြောင့်
နံရံတခုပြိုကျပြီး လူတယောက် သေဆုံးသွား တယ်လို့ဒေသဆိုင်ရာ
ကယ်ဆယ်ရေး ဌာနတွေကို ကိုးကားပြီး ရိုက်တာသတင်း က ဖော်ပြပါတယ်။ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီသာ ဆောင်ရွက် သွားပါမည်
မိတ္ထီလာမြို့၌ သာမန်ဈေး အရောင်းအဝယ်
အချင်းများရာမှ လူအုပ်စုဖြင့် အဆောက် အအုံ များ၊ ဈေး ဆိုင်ခန်းများ
ဖျက်ဆီးခြင်း၊ ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့်
မြို့နယ်၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ
စိုးမိုးရေး ဖောက်ဖျက်မှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ဒေသ ဆိုင်ရာ
လုံခြုံရေးဝန်ထမ်းများက အခြေအနေအား ထိန်းသိမ်းခဲ့ရပါသည်။ ဖြစ်စဉ်
ဖြစ်ပွားခဲ့သည့် မတ်လ
၂၀ ရက်နေ့တွင် ည ၈ နာရီမှ စတင်ကာ မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှူးက မိတ္ထီလာ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄)ကို ကျင့်သုံး၍ တားမြစ်မိန့်
ထုတ်ပြန်ခဲ့ ပါသည်။တောင်ကိုရီးယားနဲ့ စစ်ဘက် ဆက်သွယ်ရေးလိုင်း မြောက်ပိုင်းဖြတ်တောက်
ဆိုးလ်၊မတ်လ ၂၈ ရက်ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန် မြင့်လာတာ နဲ့အမျှ မြောက်ကိုရီး ယားနိုင်ငံ က တောင်ကိုရီးယား နဲ့ ဆက် သွယ်ရေးမှာ နောက်ဆုံး ကျန်နေသေး တဲ့ စစ်ဘက် အရေးပေါ် ဆက်သွယ်ရေးလိုင်း ကို ဖြတ်တောက် လိုက်ပြီလို့ ပြောလိုက်ပါတယ်။
ထားဝယ်ဒေသ နောက်ဆုံးအခြေအနေ
ထားဝယ်၊မတ်လ ၂၈ ရက်
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာထဲ ရောက်နေလို့ ပြောင်းပေးရမယ့် ရွာတွေမှာ နေရာချထားရေး ဆိုင်ရာ စာရင်းကောက်ယူမှုတွေ ဒီရက်ပိုင်းအတွင်း အပြီးသတ်ဆောင်ရွက်မယ်လို့ ကြားသိရပါတယ်။
Wednesday, 27 March 2013
(၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား အောင်မြင်ခမ်းနားစွာကျင်းပ၊ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်
နေပြည်တော်၊ မတ်လ ၂၇ ရက်
၂၀၁၃ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနား အား နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ ယခုနှစ် စစ်ရေးပြအခမ်းအနားအား ယမန်နှစ်များနှင့်မတူပဲ တမူထူးခြားစွာ ကျင်းပခဲ့ကြောင်းလည်း သိရှိရပါ သည်။
ကိုယ်ဝန်ဆောင်များသည် ကြောင်များနှင့်နီးကပ်စွာ မနေသင့်
တကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဖြစ်ပြီး ကြောင်တွေနဲ့နီးကပ်စွာ နေတတ်သူဖြစ် မယ် ဆိုရင် သင်ရော၊ မမွေးသေးတဲ့ သင့်ကလေးငယ်ပါ Toxoplasmosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ကပ်ပါး စွဲကပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို သိထားသင့်ပါတယ်။
(၆၈) နှစ်မြောက်တပ်မတော်နေ့ မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မိန့်ခွန်းပြောကြား
(၆၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် (၄)ရပ်
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ
အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး၊ (၂)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ
နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား
ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်
ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊
==============================
(၁) နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သော ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရေး၊ (၂)ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့်အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး၊
Subscribe to:
Posts (Atom)








