Sunday, 24 March 2013

မိတ္ထီလာ သတင်းများ

မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်း ဖက် မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူ ဖို့ ဆောင် ရွက်နေကြောင်း၊

သံတွဲခရိုင် လ၀က ရုံး မီးလောင်



သံတွဲ၊ မတ်လ ၂၄ ရက်

ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲခရိုင် လ၀ကရုံး ယမန်နေ့က မီးလောင်ရာ စာရွက် အများအပြား မီးထဲ ပါ သွား သည်ဟု သတင်း ရရှိသည်။မတ်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင် ကျွမ်းခြင်း ဖြစ်သည်ဟု သံတွဲမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်သူ ဦးကျော်လင်းက နိရဉ္စရာ သို့ ပြောသည်။

မိတ္ထီလာမြို့သတင်းများ၊ ကောလဟာလများနှင့်ပတ်သတ်၍ ရှင်းလင်းချက်။


မိတ္ထီလာသတင်းနှင့်ပတ်သတ်၍ သိလိုသည်များကို ကျွန်တော့် message box ၊
တယ်လီဖုန်းများနှင့်ဆက်သွယ်မေးမြန်းလာသည့် ကောလဟာလများနှင့်
သတင်းများကို အမှား၊အမှန်အတည်ပြုဖော်ပြလိုက်ပါတယ်။ကျွန်တော် သိလျှင်သိသည့်
အတိုင်း၊မသိလျှင် မသိသည့်အတိုင်းရိုးရိုးသားသားဖော်ပြလိုက်ပါတယ်။
၁။ Q; မိတ္ထီလာ ရှိဖောင်တော်ထိပ် ရပ်တော်မှုဆင်းတုကြီးတွေ အဖြိုခံရတယ်ဆိုတာ
ဟုတ်ပါသလား။

"ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း ဦးအောင်မင်းပြောကြား"



မိတ္ထီလာ၊ မတ် - ၂၄

နိုင်ငံတွင်း ဆူပူမှုများ မကြာခဏဖြစ်ပွားနေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို အကြီးအကျယ်ထိခိုက်စေမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပြောသည်။

လင်မယားချင်း စကားများရန်ဖြစ်ရာမှ နေအိမ်မီးရှို့



နေပြည်တော်၊ မတ်လ ၂၄ ရက်

၂၃-၃-၂၀၁၃ ရက်နေ့ ၁၂၂၅ အချိန် မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ထိန်ကုန်း(၁) ရပ်ကွက်နေ ရန်နိုင်ထွန်း (၃၂)နှစ်သည် ၄င်း၏ဇနီးဖြစ်သူ မ၀ါဝါ(၂၈)နှစ်နှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာ မှ နေအိမ်ရှိ လစ်ပိုပုလင်းအတွင်းထည့်ထားသော ဓါတ်ဆီပုလင်းအား အိမ်ပေါ်တွင် လောင်းချ မီးရှို့ခဲ့ သဖြင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၁၂၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။ 

APPLE ကုမ္ပဏီ၏ I WATCH နာရီကို ယှဉ်ပြိုင်ရန် SAMSUNG ကုမ္ပဏီ IS နာရီ ထုတ်လုပ် လျက်ရှိ



လန်ဒန် ၊မတ်လ ၂၃ ရက်

Samsung ကုမ္ပဏီသည် APPLE ကုမ္ပဏီမှ မကြာမီ ထုတ်လုပ် တော့မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသော i Watch နာရီကို ယှဉ်ပြိုင်နိုင်ရန် အတွက် IS နာရီကို ထုတ်လုပ်လျက် ရှိသည်။

"ပျော်ဘွယ်နဲ့ရမည်းသင်းမှာ လုံခြုံရေး အခြေအနေ တိုးမြှင့်"



မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းဖြစ်စဉ်တွေရမည်းသင်းနဲ့ ပျော်ဘွယ်မြို့တွေကို ကူးစက်လာခြင်း မရှိစေဖို့အတွက် ဒီကနေ့ မနက်ကစပြီး အဲဒီမြို့နှစ်မြို့မှာ လုံခြုံရေးအခြေအနေ တိုးမြှင့်လိုက်ရတာလို့ RFA က စုံစမ်းသိရပါတယ်။

ကုလ ကိုယ်စားလှယ် မိတ္ထီလာ မြို့တွင်း သွားရောက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် ယနေ့နံနက် ၈ နာရီခွဲတွင် မိတ္ထီလာခရိုင် အားကစားကွင်း၊ အထက (၁) မိတ္ထီလာကျောင်းဝင်း၊ ပညာရေး တက္ကသိုလ် စသည့်နေရာများရှိ ဒုက္ခသည်များအား သွားရောက်ကြည့်ရှု့ခဲ့ပြီး လက်ရှိတွင် မိတ္ထီလာမြို့ ကားကြီးဝင်းအနီး မီးလောင်ပြင်နေရာများအား သွားရောက်ကြည့်ရှု့နေကြောင်း သိရသည်။

ကယားပြည်နယ်တွင်း မြို့သုံးနေရာသို့ နိုင်ငံခြားဧည့်သည်များ လာရောက် လည်ပတ်နိုင်ဖို့ ခွင့်ပြုလာ



ကယား(ကရင်နီ) ပြည်နယ်အတွင်း အစိုးရမှ နိုင်ငံခြားဧည့်သည်များအတွက် မြို့နေရာသုံးခုကို လာရောက်လေ့လာ လည်ပတ် နိုင် ရန် အတွက် ခွင့်ပြုလာတာကို တွေ့မြင်နေရပါတယ်။

" ရမည်းသင်းမှာ မီးလောင်ကျွမ်းမှုဖြစ်"



ရမည်းသင်းမြို့ရဲ့ အနောက်ဘက် ၈ မိုင်လောက်ကွာဝေးတဲ့ ရွာတန်းကျေးရွာမှာ မနေ့ည (မတ်လ ၂၃ ရက်)၈ နာရီ ကျော်အချိန်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရမည်းသင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

မြန်မာ ဆီးဂိမ်း သီချင်းများ


Saturday, 23 March 2013

မိတ္တီလာမှာ ဒုက္ခသည် အရေအတွက် ငါးထောင်နီးပါးရှိနေ


2013-03-23

ပြီးခဲ့တဲ့ ၃ ရက်အတွင်း မိတ္တီလာ အဓိကရုဏ်းကြောင့် လူဦးရေ စုစုပေါင်း ၅၀၀၀ နီးပါးလောက်ဟာ အမှတ် (၁) ရဲစခန်း၊ ခရိုင်အားကစားကွင်းနဲ့ အခြေခံပညာရေးကျောင်းတွေမှာ ယာယီ ခိုလှုံ့ခဲ့ကြရပြီး အမှတ် ၁ ရဲစခန်းဝင်းက ဒုက္ခသည် ၁၀၀၀ လောက်ကို ဒီနေ့ မတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီ လောက်က အထက ၁ ကျောင်းဝင်းအတွင်းကို စတင်ပြောင်းရွှေ့နေပြီလို့ သိရပါတယ်။

မိတ္ထီလာ သတင်းများ


မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်

မိတ္ထီလာမြို့ ပဋိပက္ခ့ဖြစ်စဉ်အတွင်း၌ သေဆုံးသူ၃၂ဦးရှိခဲ့ပြီးအကြမ်းဖက်မှုနှင့်မီးလောင်မှု ဖြစ်စဉ် များကြောင့် လက် ရှိအချိန်တွင် ဒုက္ခသည် စုစုပေါင်း ၉၆၀၀ ကျော် ယာယီ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင် လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၃ရက် ည ၈နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

မမီမကမ်း အပြောင်းအလဲ


(ေဇယ်သူ)

မြန်မာနိုင်ငံ ပြောင်းလဲနေသည်မှာ ၂နှစ်တာ ဆိုသောအချိန်နှင့် ယှဉ်ကြည့်လျှင် အလွန်မြန်သည်။ ကမ္ဘာအနှံ့ အပြောင်းအလဲ များ ကို လေ့လာနေသည့် ကမ္ဘာ့ပညာရှင်များပင် သြချရလောက်အောင် မြန်လွန်းသည့် အပြောင်းအလဲနောက်သို့ မြန်မာနိုင်ငံ၏ စနစ်များ၊ လူများ၊ ဓလေ့များက မမီမကန်း တိုးလို့တွဲလောင်း လိုက်နေရသည်။ နိပါတ်တော်လာ ပုဏ္ဏက ဘီလူး မြင်းစီးဒုန်းစိုင်း သည့်နောက် ဘုရားလောင်း ဝိဓူရအမတ် မြင်းမြီးဆွဲ လိုက်နေရသည့်အသွင်။

စစ်ပွဲပြီးစ မြို့လိုဖြစ်နေ



မတ်လ ၂၃ ရက်၊ ၂၀၁၃

မန္တလေးတိုင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်နှင့် သာစည်မြို့နယ်များကို အရေးပေါ် အခြေအနေအဖြစ် မတ်လ ၂၂ ရက်နေ့က ကြေညာလိုက်ပြီးနောက် ယနေ့မနက်တွင် မိတ္ထီလာ တမြို့လုံးတွင် တည်ငြိမ်သည့် အနေအထား ရောက်ရှိလာပြီဟု မြို့ခံများ က ဆိုသည်။

မိတ္ထီလာ မြို့နယ် အတွင်း တည်ငြိမ် အေးချမ်း စေရေး အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က ကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိခြင်း


မိတ္ထီလာ မြို့နယ် အတွင်း တည်ငြိမ်အေးချမ်း စေရေးအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က သက်ဆိုင် ရာ ကော်မတီ များအား မတ် (၂၂)ရက်မှ စတင်၍ ဖွဲ့စည်း တာဝန် ပေအပ် ထားကြောင်း သိရှိရသည်။
အဆိုပါ ကော်မတီများမှာ ဗဟို ကွပ်ကဲမှု အဖွဲ့ကို ဥက္ကဌ အဖြစ် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၊ အတွင်းရေးမှုး အဖြစ် ပြည် ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် စုစုပေါင်း (၁၀)ဦး ဖြင့် လည်းကောင်း၊ လုံခြုံရေး ကော်မတီကို အမှတ်(၄) စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မိုးမြင့်ထွန်းက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၇)ဦးဖြင့် လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒုတိယ ၀န်ကြီး ဦးဘုန်းဆွေက ဥက္ကဌ အဖြစ် ဆောင်ရွက်၍ စုစုပေါင်း (၄)ဦးဖြင့် လည်းကောင်း၊ တရားဥပဒေ စိုးမိုးရေး ကော်မတီ 

မိတ္ထီလာ သတင်းများ

မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ ပြန်လည်တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် မြို့မရပ်ကွက် ဧရာဝတီဘဏ် ၀န်းကျင်နှင့် မြို့နေရာ အချို့တွင် တပ်မတော်မှ လုံခြုံရေး ယူပေးထားသည်ကို တွေ့ရသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး မီးလောင်ကျွမ်းမှုများ မရှိတော့ကြောင်းနှင့် မတ်လ ၂၂ ရက် မွန်းလွဲပိုင်းက မြို့ပေါ်ရပ် ကွက်များနှင့် မြို့နေရာအချို့တွင် မီးလောင်သေဆုံးနေသော လူသေအလောင်း ၁၀ လောင်းဝန်း ကျင် တွေ့ခဲ့ ရကြောင်း ဒေသခံ များ၏ ပြောကြားချက်အရ သိရသည်။

" Google Play မြန်မာနိုင်ငံတွင် သုံး၍ရပြီ "




ရန်ကုန်၊မတ်လ ၂၃ ရက်

မြန်မာနိုင်ငံ အင်တာနက် အသုံးပြုသူများမျှော်လင့်စောင့်စားနေသော Google Play ကို ယနေ့ နံက်မှ စတင်၍ အသုံးပြု၍ရပြီဖြစ်ကြောင်းသိရသည်။ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ် Mr. Eric Schmidt မတ်လ ၂၂ရက်နေ့က မြန်မာနိုင်ငံ သို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ အသုံးပြုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ Mr. Eric Schmidt မလာမီ တစ်ရက်အလိုကလည်း Google.com.mm ဒိုမိန်းနှင့် အသုံးပြုခွင့်ရခဲ့ပြီးဖြစ်သည်။

မိတ္ထီလာ သတင်းများ

 
 
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့်ခရိုင်အားကစားကွင်း၊အမှတ်(၁)ရဲစခန်းနှင့် ဘုန်းေ တာ် ကြီးကျောင်း များတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦအောင်မင်းနှင့် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာသို့ မနက်ဖြန် တွင် သွားရောက်မည်

ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မတီ ဒုတိယဥက္ကဌ ဦအောင်မင်းနှင့် မစ္စတာ နမ်ဗီးယားတို့ မိတ္ထီလာသို့ မနက်ဖြန် တွင် သွားရောက်မည်ဟု ငြိမ်းချမ်းရေးစင်တာတွင် ပြောဆိုလိုက်သည်။