Saturday, 9 March 2013

NLDဗဟို ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသူ မြန်မာဒီမိုကရက် သင်တန်းကျောင်း နည်းပြချုပ် ဦးသန့်ဇင်နှင့် တွေ့ဆုံခြင်း



ရန်ကုန်၊ မတ် ၈။

မတ်လ(၈)ရက်နေ့တွင် စတင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်း ပရာတွင် အဖွဲ့ချုပ်အတွင်း ပြိုကွဲပျက်စီးစေမည့်အပြုအမူ၊ အပြောအဆို၊လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင် လုံသောသတင်း ရရှိထား သည်ဟုဆိုကာ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ ခံလိုက်ရသော ကိုယ် စားလှယ် လေးယောက်တွင် ပါဝင်သော “ဒီမိုကရေဒီကို ဖောက်လွဲဖောက်ပြန် ဖြစ်အောင် လုပ်လိုက်တာ
ကွ ငါအဲ့လိုမျိုးကိုမြင်တယ်” ဟုဆိုသူ ရွှေပြည်သာ မြို့နယ်မှ ဗဟိုညီလာခံ ကိုယ်စားလှယ် ဦးခင်မောင် ဝင်းအား မြန်မာ့ခေတ်မှ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

w1-9-3-7

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံနှင့်ပတ်သက်၍ မတ်လ ၉ ရက်နေ့ ညီလာခံအပြီး တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

ရာသီဥတုတွေက ပူပြင်းတဲ့ အတွက် သံပရာရည်၏ ကျန်းမာရေး အကျိုးကျေးဇူး



သံပရာရည်မှာ ဗီတာမင်စီနဲ့ အင်တီ အောက်ဆီးဒင့်တွေ အကောင်းဆုံး ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ် တွေကို ဖယ်ရှားပေးကာ ခုခံအားစနစ်ကို ကောင်းမွန် စေပါတယ်။

ကိုရီးယား ၂၇ ဦး ရဟန်းခံ


ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် ပထမအကြိမ်အဖြစ် ကိုရီးယား ဘုန်းတော်ကြီး ၂၇ ပါးအား ထေရ၀ါဒ ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို နိုင်ငံတော်ပရိပတ္တိ သာသနာ့တက္ကသိုလ် ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမတွင် မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီသို့ ပြောင်းရွှေ့၍ ရွေးကောက်ပွဲဝင်ခဲ့သူများအား ပါတီဝင်အဖြစ် ပြန်လက်မခံ

ယနေ့ ကျင်းပလျက်ရှိသော NLD နိုင်ငံလုံးဆိုင်ရာ ညီလာခံ ဒုတိယနေ့တွင် ၂၀၁၀ ရွှေးကောက်ပွဲကာလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီသို့ ပြောင်းရွှေ့၍ ရွေးကောက်ပွဲဝင်ခဲ့သူဦးကြည်မြင့်(လသာ)၊ဒေါက်တာ သန်းဝင်း၊ ဦးတင်အောင်အောင်နှင့် ဦးမြင့်သွင် (ရှေ့နေ) တို့အား ပါတီဝင်အဖြစ် ပြန်လည်လက်ခံခြင်းကို ညီလာခံတက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ပြည်နယ်နှင့်တိုင်းအလိုက် မတ်တပ်ရပ် ဆန္ဒမဲကောက်ယူရာထောက်ခံမဲ ၃၁၉ မဲ ကန့်ကွက် ၄၆၂ မဲဖြင့် ပါတီဝင်အဖြစ်ပြန်လည်လက်ခံခြင်းအား ပယ်ချခဲ့ကြောင်း အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ကြေညာခဲ့သည်။

ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန် ဆန္ဒပြ

ယာယီဈေးနေရာသတ်မည်စိုး၍ ဈေးမဆောက်ရန်
ဆန္ဒပြ
Saturday, March 9, 2013

ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင် ရန်
အတွက် ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ်
နိုင်ခြင်း မရှိသေးသော်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊
ကျီတော် ရပ်ကွက်တွင် နေထိုင်သူများက ၎င်းတို့၏ ရပ်
ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ်မှတ်ခြင်းကို
ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဇေယျာမြိုင် ပန်းခြံနှင့် ကလေးကစားကွင်း နေရာတွင်
ယာယီဈေးနေရာအား သတ်မှတ်ခဲ့ခြင်း ရှိခဲ့သော်လည်း ယခုချိန်ထိ ဈေးနေရာ ချထားမှုကို ညှိနှိုင်းလျက်ရှိပြီး ရပ်
ကွက်သူ၊ ရပ်ကွက်သားများက ၎င်းတို့အနေဖြင့် ဈေးနေရာ
သတ်မှတ်မည် ဆိုပါက လုံးလက်ခံမည် မဟုတ်ကြောင်း၊
ယာယီဈေး သတ်မှတ်ခြင်းကြောင့် ရပ်ကွက်အတွင်း ပတ်
ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် အခြား
သောပြဿနာများဖြစ်ပွားလာနိုင်ခြင်းကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်သူ ဦးသီဟဌေးမှပြောကြားသည်။

“အများကြီးဆုံးရှုံး နစ်နာမှုတွေ ဖြစ်နိုင်တာပေါ့။ ပန်းခြံအလှတွေ၊
သစ်ပင်တွေ ပြီးတော့ ဒီမှာ နှစ်ရှည်သစ်ပင်တွေ အများကြီး
ပါတယ်လေ။ ပြီးတော့ သေသေချာချာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ
ပါတယ်လေ။ ဒါတွေကို စည်ပင်ကပဲ စိုက်ခဲ့တာ။ သူတို့စိုက်တဲ့ သစ်ပင်တွေကို သူတို့ ဘာသာ သူတို့ ပြန်သတ်သလိုဖြစ်နေ
တာပေါ့။ ဒီရပ်ကွက်ထဲမှာ လာဆောက်မယ်ဆိုရင် ကျောင်း
လဲရှိတယ်။ ဝိုင်အမ်ဘီအေ ဗုဒ္ဓဘာသာ အသင်းလဲရှိတယ်။
ဒီရပ်ကွက်မှာ ပုဇွန်တောင်ဈေးကြီး တစ်ခုလုံး လဲရှိပြီးသားပါ။
အဲ့အတွက် အကျိုးကျေးဇူး တစ်စုံတရာ မရှိနိုင်ဘူး။” ဟု ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင်က ပြောကြားသည်။

ရေကျော်ဈေးအား အသစ်ပြန်လည် တည်ဆောက်၍ ယာယီ
ဈေးတွင် ရွှေ့ပြောင်း ရောင်းချရမည် ဆိုပါက အခက်အခဲများစွာ
ရှိနိုင်ပြီး ပထမအနေဖြင့် အပြောင်းအရွှေ့ကြောင့် ကုန်ကျစရိတ်
များပြားလာနိုင်ခြင်း၊ နေရာသစ်တွင် ဈေးရောင်းချမှု မကောင်းပါက
ဈေးသူဈေးသားများထိခိုက်နစ်နာနိုင်ခြင်းများ ဖြစ်ပွားလာနိုင်
ကြောင်းနှင့် ဈေးသစ် တည်ဆောက်ပြီးချိန်တွင် ပြန်လည် ဝင်ရောက်ရောင်းချခွင့် မရမည်တို့ကို စိုးရိမ်ကြောင်း ဈေးအတွင်း
မှ အထည်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။ယာယီဈေး
နေရာအား အတိအကျ သတ်မှတ်ထားခြင်း မရှိသေးဟု စည်ပင်
မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသော်လည်း ကျီတော်ရပ်
ကွက်သားများမှ ယာယီဈေးအား ဇေယျာမြိုင် ပန်းခြံနေရာတွင်
လာရောက် တည်ဆောက်မည် ဆိုပါက လုံးဝ လက်ခံမည် မ
ဟုတ်ကြောင်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရပ်ကွက်ပန်းခြံ
တွင် ယနေ့ နံနက် ၉နာရီကျော်မှ ၁၀ နာရီကျော်ထိ တနာရီကြာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ဝေယံ၊ရည်မွန်
The Myanma Age
 
Saturday, March 9, 2013

ရေကျော်ဈေးအား ဈေးသစ်အဖြစ် ပြန်လည်ပြုပြင်ရန်အတွက်ယာယီဈေးနေရာအား ယခုချိန်ထိ သတ်မှတ်နိုင်ခြင်း မရှိေ သးသော် လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ကျီတော် ရပ်ကွက်တွင် နေထိုင်သူများက ၎င်းတို့၏ ရပ်ကွက် အတွင်းရှိ ယာယီဈေးနေရာ သတ် မှတ်ခြင်း ကိုကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ

ကမ္ဘာ့ညို့ အားအပြင်းဆုံး အမျိုးသမီး ဟက်ကာ 

အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။ 

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေကို ဖောက်ခဲ့ပါတယ်။ 

Password အမှားတွေရိုက်၊ Zeus (Trojan horse) တွေသွင်းပြီး ငွေတွေ ယူလို့ ကြိုးစားတာ အမေရိဒေါ်လာ ၃ သန်းတန်ဖိုးရှိပါတယ်။ သို့ပေမယ့် သူတကယ် အလကားရသွားတာက အမေရိကန်ဒေါ်လာ ၃သောင်းခွဲ ပါ။ ဘဝ တစ်လျှောက်ကလည်း Money Mule အလုပ်မှာ Percentage နဲ့ ရပါတယ်။ 

မိသားစု ဆင်းရဲပြီး မိခင်တစ်ဦးတည်းရှိပါတယ်။ နယူးယောက်တက္ကသိုလ် တက်ပြီး Programming ကိုတော့ အပြင်မှာ သင်တာ ဖြစ်ပါတယ်။ ငွေ အလကားရတဲ့ နည်းလမ်းဆိုတော့ လုပ်ရင်းနဲ့ တစ်နေ့တော့ မိပါလေရော၊ မိတဲ့ အချိန်မှာ Money Mule လုပ်ငန်းနဲ့ တရားမဝင်ငွေ အလွဲအပို့လုပ်ထား တာ အတော်လေးများနေပါပြီ။ ဒါကြောင့် အမှုကြီးသွားခြင်း ဖြစ်ပါတယ်။ 

ထောင်ဒဏ်လည်းများ ဒဏ်ငွေလည်း များပါတယ်။ http://vk.com/svechinskaya_k ဒါကတော့ သူ့ရဲ့  Social account စာမျက်နှာလေးပါ။ သူမဟာ ယနေ့တိုင် ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး (The World Sexiest Model) အဖြစ် အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။ 
---
Ref: wiki
Aung Kham (TSJ team)

--
http://blog.techspace.com.mm/2013/03/blog-post_9.html

--
 
အသက်က ၂၄ နှစ်ပါ။ ခုတောင် ထောင်နန်းဆံနေပြီထင် ပါတယ်။ ထောင် ဒဏ် နှစ် ၄၀ တောင် အချခံရတယ်လို့ သိရပါတယ်။

ရုရှားဖွား အမေရိကန်ရောက် ဟက်ကာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး ယနေ့မှာဆိုရင် အသက် ၂၄ နှစ်ပဲ ရှိပါအုံးမယ်။ သူက အွန်လိုင်းကနေ တရားမဝင် ငွေလွဲပေးတဲ့ Money Mule အလုပ်လုပ်ခဲ့တာပါ။ ကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံက ဘဏ်တွေ ကို ဖောက်ခဲ့ပါတယ်။

ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း



ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်

Breaking News

ရန်ကုန်၊ မတ်- ၉
ရွှေပြည်သာမြို့သစ်၊ နွယ်သာကီလမ်း၊ ဗီအိုင်ပီ ၂ ရပ်ကွက်ရှိ ဧရာဝတီ အထည်ချုပ်စက်ရုံ နှစ်ထပ်အမျိုးသမီးအဆောင်သည် မိနစ် လေးဆယ်နီးပါးကြာမီးလောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။

မြန်မာ့ သဘာဝဓာတ်ငွေ့ ရပ်ဆိုင်းမှု ထိုင်းစီးပွားရေး လုပ်ငန်းတချို့ ထိခိုက်နိုင်


Saturday, March 9, 2013

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ ပေးပို့နေသည့် သဘာဝ ဓာတ်ငွေ့များကို ခေတ္တ ရပ်ဆိုင်းမည် ဖြစ်သောကြောင့် ထိုင်း စီးပွားရေး လုပ်ငန်း တချို့အပါအ၀င် စက်ရုံ အလုပ်ရုံတချို့ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။

'' ခေတ်သစ် မိခင် တစ်ယောက် ၏ .... ခေတ်ရေစီးကြောင်း သောက ''



ညတုန်း က အိပ်မပျော်တာ နဲ့ မကြည့်စဖူး ဆိုင် က ကလေးတွေ ကြည့်နေကြတဲ့ ဘာကားမှန်း မသိတဲ့ ရုပ်ရှင်ကား တ ကား တောင်းပြီး ကြည့်မိတယ် .... ပညာပေးကားဘဲပေါ့ .... ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ထားတာ '' တစ်ရှက် က နှစ်ရှက် '' တဲ့ .... လူ မင်း ၊ ၀တ်မှုန် ရွှေရည် ၊ ကိုပေါက် .... တို့ အဓိက ပါတယ် ....

အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပြီလေ။


 
အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပြီလေ။

ဆလုံလူမျိုးများ အများစုနေထိုင်တဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က ရေပတ်လည်ဝိုင်းနေသော လငန်းကျွန်းကလေး။

ရေငုပ်အလွန်ကျွမ်းကျင်တဲ့ အဲဒီဆလုံလူမျိုးတွေဟာ အရင်က နတ်ကိုးကွယ်ပါတယ်။ မြိတ်မြို့၊ ရတနာဗောဓိဆရာရဲ့ဆက်သွယ်ပေးမှုနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးနန္ဒ၀ံသ (ထားဝယ်) ရောက်ရှိပြီးနောက်ပိုင်း တကျွန်းလုံးက ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ခဲ့ပါတယ်။ အခုဆိုရင် ထေရ၀ါဒကျောင်းလေးတည်တည်တံ့တံ့ဖြစ်ပေါ်နေပါပြီ။
(အရင်က အ၀တ်မ၀တ်တဲ့ ဆလုံလူမျိုးတွေလဲ အ၀တ်အစားလေးနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေပါပြီ။)
ကျွန်းကလေးမှာ စာသင်ကျောင်းဖြစ်ပေါ်လာဖို့ အထက်ကို စာတင်လို့ အခုဆိုရင် မူလတန်းကျောင်းလေးလဲ ရှိနေပါပြီ။ ကျန်းမာရေးမှူးလဲ ရှိနေပါပြီ။ မြန်မာတွေလဲ အရောက်အပေါက်ရှိလာတော့ မြန်မာများနဲ့ အိမ်ထောင်ကျတဲ့ ဆလုံမလေးများလဲ မြိတ်မြို့ကို ပြောင်းသူပြောင်းနဲ့ အတော်ကို စည်ပင်နေပါပြီ။ မြန်မာရေတပ်ကနေ ဦးစီးပြီး ကထိန်သင်္ကန်းကပ်ပွဲများကိုလဲ နှစ်စဉ်ပြုလုပ်ကျင်းပလျှက် ရှိပါတယ်။

အဲဒီကျွန်းလေးကို မြိတ်မြို့ကနေ သွားမယ်ဆိုရင် လှေခရီး တနေ့နဲ့ တညအိပ်စီးရပါ့မယ်။ ကမ္ဘာ့ရေကြောင်းနဲ့အစပ်၊ မြန်မာရေပိုင်နက်အဆုံးနားမှာ ရှိပါတယ်။ တခါတရံ ကမ္ဘာ့ရေကြောင်းမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာ့လှည့်အပျော်စီးသင်္ဘောကြီးတွေကနေပြီး ရွက်လှေလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အလည်လာပြီး ကျွန်းသူ၊ကျွန်းသားများ အတွက် ကျန်းမာရေး ပညာရေးအတွက် အလှူငွေများ လှူဒါန်းသွားတတ်ပါတယ်။ အရင်က ပြည်မနဲ့ ဝေးခဲ့ကြတဲ့ ဆလုံလူမျိုးများမှာ အခုဆိုရင် ဘွဲ့ရသမီးပျိုတောင် ပိုင်ဆိုင်လို့ ကိုယ်နယ်မြေ ကိုယ့်ဒေသကို ပြန်လည်အကျိုးပြုနေသူများ ဖြစ်နေပါပြီ။

ဒီစာလေးရေးနေရင်း သူပြောခဲ့ဖူးတာလေး ပြန်သတိရလာတယ်။

'' တခါတလေဆိုကွာ ဗုဒ္ဓဘာသာရယ်လို့လဲ ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ပျင်းစရာလဲကောင်း၊ ကျွန်းပေါ်ကတောင် ခုန်ချချင်လာတယ်'' ဆိုပဲ့။ အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပါပကောလား။

အနေအစားချို့တဲ့စွာ လူသူမနီး ဝေးလံခေါင်ဖျားနယ်စပ်ကျွန်းကလေးမှာ သာသနာပြုနေရှာတဲ့သူငယ်ချင်းကို ဒီမစို့မပို့ စာတိုလေးနဲ့ ဂုဏ်ပြုရခြင်းရယ်ပါ။

Daweian Monk
MyanmarNewsUpdate

ဇင်ယော်
http://www.facebook.com/ZinYawNews
 
ဆလုံလူမျိုးများ အများစုနေထိုင်တဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က ရေပတ်လည်ဝိုင်းနေသော လငန်းကျွန်းကလေး။

ရေငုပ်အလွန်ကျွမ်းကျင်တဲ့ အဲဒီဆလုံလူမျိုးတွေဟာ အရင်က နတ်ကိုးကွယ်ပါတယ်။ မြိတ်မြို့၊ ရတနာဗောဓိဆရာ ရဲ့ဆက် သွယ်ပေး မှုနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးနန္ဒ၀ံသ (ထားဝယ်) ရောက်ရှိပြီးနောက်ပိုင်း တကျွန်းလုံးက ဗုဒ္ဓဘာသာကို သက်ဝင် ကိုး ကွယ်ခဲ့ပါတယ်။ အခုဆိုရင် ထေရ၀ါဒကျောင်းလေးတည်တည်တံ့တံ့ဖြစ်ပေါ်နေပါပြီ။

ချင်းပြည်နယ် သတ္တု စမ်းသပ်တိုင်းတာမှု ဝန်ကြီးဌာန ကူညီမည်


ချင်းပြည်နယ် သတ္တု စမ်းသပ်တိုင်းတာမှု ဝန်ကြီးဌာန ကူညီမည်

ခင်မျိုးသွယ်	 | သောကြာနေ့၊ မတ်လ ၀၈ ရက် ၂၀၁၃ ခုနှစ် 

ရန်ကုန် (မဇ္ဈိမ)။   ။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ္တုစမ်းသပ် တိုင်းတာ ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးသွားမည်ဟု သတ္တုတွင်း ဝန်ကြီးက ဆိုသည်။

“ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောတွေအတွင်း သတ္တုစမ်းသပ် တိုင်းတာ
ဆောင်ရွက်မည့် လုပ်ငန်းတွေအပေါ် သတ်မှတ် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ သဘာဝပတ် ဝန်းကျင် ထိခိုက်မှု လျှော့နည်း သက်သာစေမည့် နည်းလမ်းများဖြင့် ကူညီိဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင် က ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ဓါတ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာခွင့်၊ ထုတ်လုပ်ခွင့်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်များ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှုး၊ သစ်တော မြေစာရင်း ဒေသခံ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုး အပါအဝင် ၁၅ ဦးတို့၏ ထောက်ခံချက်များ ပြည့်စုံစွာ ပါရှိလာပြီး ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ချထားပေးထားသော လုပ်ကွက်ဧရိယာများနှင့် ကင်းလွတ်ပါက သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အနိမ့်ဆုံးဖြစ်သည့် ချင်းပြည်နယ်တွင် “နီကယ်သတ္တုကြောတွေ၊ ခရိုမိုက် သတ္တုကြောတွေနဲ့
ကြေးနီ သတ္တုကြောတွေ ရှိနေပါတယ်။ ကျောက်မီးသွေးနဲ့ ထုံးကျောက်ကြောတွေလည်း ရှိနေတယ်။ ထုံးကျောက်က ထုံးပါဝင်မှု ၅၀ % ကျော်တဲ့အတွက် ဘိလပ်မြေ ထုတ်လုပ်နိုင်ပါတယ်။ ကျောက်မီးသွေးတွင်းတွေကလည်း အဆင်သင့် ရှိနေတော့ ဘိလပ်မြေထုတ်ဖို့ ပိုပြီး အဆင်ပြေနိုင်တယ်။ အထူးသဖြင့် လက်ယက်တွင်းတိမ် ရေနံကြောတွေ အများ အပြားလည်း ရှိနေတယ်။ အဲဒီ ရေနံတွင်းတွေကို ဒေသခံတွေ လုပ်ကိုင်ခွင့် ပေးမယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးလာနိုင် ပါတယ်။ ဒေသခံတွေအနေနဲ့ သတ္တုကြောတွေကို တူးလည်း တူး၊ တဖက်ကလည်း သစ်တောစိုက်ခင်းတွေကို စနစ်တကျပျိုးထောင်၊ သြစတြေးလျလို စံပြ သတ္တုတူးဖေါ်တဲ့ လုပ်ငန်းတွေ ထူထောင်ထားတာမျိုးကို နမူနာယူ လုပ်ကိုင်သင့်ပါတယ်” ဟု ဘူမိဗေဒ ပညာရှင် ဦးစိုးသိန်း က မဇ္ဈိမကို ပြောဆိုသည်။

အေးချမ်းမွန် Credit to >> မဇ္ဈိမ << Thank

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ္တုစမ်းသပ် တိုင်းတာ ဆောင်ရွက်မည့် လုပ်ငန်းများကို ဝန်ကြီးဌာနက ကူညီဆောင် ရွက်ပေးသွားမည်ဟု သတ္တုတွင်း ဝန်ကြီးက ဆိုသည်။

တောင်ကိုရီးယားက မြောက်ကိုရီးယားကို တန်ပြန်ခြိမ်းခြောက်

တောင်ကိုရီးယားက မြောက်ကိုရီးယားကို တန်ပြန်ခြိမ်းခြောက်




အကယ်၍ မိမိတို့ နိုင်ငံကို နျူကလီးယား လက်နက်ဖြင့်တိုက်ခိုက်မည် ဆိုပါက မြောက်ကို ရီးယား ဆိုသော နိုင်ငံသည် ကမ္ဘာပေါ်တွင် အပြီး တိုင် ပျောက်ကွယ်သွားလိမ့်မည် တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာနက ပြောကြားလိုက်သည်။ကုလသမဂ္ဂ က မြောက်ကိုရီးယား ၏ နျူက လီးယား လက်နက် စမ်း သပ် မှုနှင့် ပတ်သက်ပြီး ပိတ်ပင်တား ဆီး မှု အသစ် များ ပြုလုပ်ခဲ့သည့်နောက် မြောက်ကိုရီးယားက မိမိတို့ နှင့် တောင် ကိုရီးယားတို့ကြား ငြိမ်းချမ်းရေး ကာ လများ ပြီးဆုံးသွားနိုင်ကြောင်း ကြေညာခဲ့သည်။

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးများ



၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာ တယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ် တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင် ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

Facebook ကိုအသွင်အပြင်အသစ်နဲ့တွေ့မြင်ရတော့မည်

ကမ္ဘာကျော်လည်းဖြစ် Social Website တို့ရဲ့ဘုရင်လို့တောင်တင်စားခေါ်နိုင်မှာကတော့ Facebook ဖြစ်ပါတယ်။ ကမ္ဘာတစ် ၀ှမ်းမှအသုံးပြုသူဦးရေ သန်းပေါင်းတစ်ထောင်ကျော်ခဲ့တဲ့ ပထမဆုံး Social Website တစ်ခုလည်းဖြစ်လာခဲ့တာပါ။ ဆိုရှယ် Website တွေတပုံတပင်ကြီး ထွက်ပေါ်လာချိန်မှာတောင်သုံးစွဲသူဦးရေဟာ Facebook မှာတစ်နေ့တခြားများပြားလျှက်လည်
ရှိပါတယ်။ 
 

Friday, 8 March 2013

ပြည်မြို့တွင် NLD ပါတီဝင် အချင်းချင်း ဆန္ဒပြမှုဖြစ်ပွား


(၇၊ ၃၊ ၂၀၁၃)ည ၆ နာရီခွဲခန့်က ပြည်မြို့ NLD ပါတီရုံးရှေ့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သူ ဦးကျော်ဆန်း ဦးဆောင်သော လူဦးရေ (၁၀၀)ခန့်က ပြည်မြို့ NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းအား မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြကြောင်း CJMyanmar က သတင်းရသည်။ ပြည် NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းသည် ခရိုင်ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပြီး အဆို ပါ ရွေးချယ်ခံရခြင်းအပေါ် မကျေနပ်သဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့်လည်းကောင်း ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ခံတစ်ဦးက CJMyanmar သို့ပြောသည်။ဆန္ဒပြသူများကဗီနိုင်း ပိုစတာများ ကိုင်ဆောင် ကာ လက်ကိုင်စပီကာဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရပါသည်။

မြန်မာသမ္မတနှင့် ဘရာဇီးသမ္မတတို့ ကို International Crisis Group က ချီးမြှင့်သော ဂုဏ်ပြုညစာစားပွဲ ဧပြီတွင် ပြုလုပ်မည်


မြန်မာသမ္မတနှင့် ဘရာဇီးသမ္မတတို့ ကို International
Crisis Group က ချီးမြှင့်သော ဂုဏ်ပြုညစာစားပွဲ ဧပြီတွင်
ပြုလုပ်မည်

ဝါရှင်တန်၊ မတ် ၈ ။

နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ လေ့လာရေး
အဖွဲ့  International Crisis Group (ISG) သည် အဖွဲ့ မှ
ပေးအပ်သော “ငြိမ်းချမ်း ရေး ရှာဖွေမှု”ဆု In Pursuit of
Peace Award ကို ယခုနှစ် ၂၀၁၃ အတွက် ချီးမြှင့်ခံရသည့်
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတ လူ လာဒါဆေးလ်
ဗားတို့အား ဂုဏ်ပြုမည့် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို လာမည့်
ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ တော်၌ပြုလုပ်မည့် ယင်း ညစာစားပွဲသည် နိုင်ငံတကာ အစိုးရများ၊ သံတမန်ရေးရာနှင့်
ပြည်သူ့ရေးရာမူဝါဒ ကဏ္ဍများတွင် လူသန်းပေါင်းများစွာတို့ ဘဝပြောင်းလဲအောင်၊ ပဋိပက္ခကင်းမဲ့သည့် လောကတွင်
နေထိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့သော ခေါင်း
ဆောင်များကို အသိအမှတ်ပြု ချီးမြှင့်ပေးခြင်း ဖြစ်ကြောင်း အဖွဲ့ ၏ ကြေငြာချက်တွင် ဖေါ်ပြထားသည်။

အဖွဲ့ ၏ နာယကဖြစ်သူ သောမတ်စ် အာရ် ပစ်ကာရင်းက
ဆုပေးပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့ နှင့်ပတ်သတ်၍ “ကမ္ဘာ
ကြီးဟာ မှားယွင်းတဲ့ လမ်းကြောင်းဆီ ဦးတည်နေပုံရတဲ့
အချိန်မှာ မြန်မာနဲ့ ဘရာဇီး သမ္မတတွေကတော့ သူတို့ရဲ့
ပြည်သူတွေအတွက် ပိုကောင်းတဲ့လမ်းကြောင်း ဖေါ်ဆောင်
နိုင်တယ်ဆိုတဲ့ ဥပမာကောင်းတွေကို ပြသခဲ့ပါတယ်။နှစ်ပေါင်း
များစွာ ထီးကျန်ခဲ့ပြီးနောက် မြန်မာနဲ့ ဘရာဇီးကို ဒေသတွင်းနဲ့
နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှာ နိုင်ငံရဲ့ အခန်းကဏ္ဍ
မြင့်မားအောင်၊ ထူးခြားတဲ့ခြေလှမ်းတွေ ရရှိနိုင်အောင် ဒီသမ္မတ
နှစ်ဦးက ကူညီပေးခဲ့တဲ့ အတွက် ဆုနဲ့ ထိုက်တန်ပါတယ်”ဟု
ပြောဆိုထားသည်။

နှစ်စဉ်ပြုလုပ်သော ISG ၏ ညစာစားပွဲကို တက်ရောက်လိုသူ
များအနေဖြင့် လက်မှတ်များ ဝယ်ယူနိုင်ပြီး လက်မှတ်များတွင်
အဖွဲ့နာယက များနှင့် အတူထိုင်ရမည့် လူနှစ်ဆယ်စာစားပွဲတွင် ကြိုတင်လက်မှတ်တစ်စောင် (ဒေါ်လာ တစ်သိန်း) မှသည်
Diamond ၊ Gold ၊ Silver၊ Crystal အဆင့်လက်မှတ်များ
(ဒေါ်လာ ၇၅,၀၀၀ မှ ၁၅,၀၀၀ အထိ)နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း
အတွက် လက်မှတ်များ(ဒေါ်လာ ၅,၀၀၀ ၊ ၂,၅၀၀ ၊ ၁,၀၀၀)
အသီးသီး စီစဉ်ထားသည်ဟု သိရသည်။
Ref: ISG

ဇင်ယော်
http://www.facebook.com/ZinYawNews

ဝါရှင်တန်၊ မတ် ၈ ။

နိုင်ငံတကာ ပဋိပက္ခနှင့် အကျပ်အတည်းများ လေ့လာရေး အဖွဲ့  International Crisis Group (ISG) သည် အဖွဲ့ မှ
ပေးအပ်သော “ငြိမ်းချမ်း ရေး ရှာဖွေမှု”ဆု In Pursuit of Peace Award ကို ယခုနှစ် ၂၀၁၃ အတွက် ချီးမြှင့်ခံရသည့်
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတ လူ လာဒါဆေးလ် ဗားတို့အား ဂုဏ်ပြုမည့် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲကို လာမည့်
ဧပြီ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်

NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်
....................................................................
NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက် လိုက်ကြောင်း ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် က The Messenger သို့ပြောသည်။

"ဖြစ်တဲ့ပြဿနာက ၉ လပိုင်းကတည်းက ဖြစ်နေတာ ဗဟိုရုံးချုပ်မှာလည်း လာပြီး အကြိမ်ကြိမ် ရှင်းပြ ဆွေးနွေးခဲ့ပြီးပြီ ဘယ်လိုမှ အဆင်မပြေဘူး အခု ညီလာခံကို တက်တဲ့ ကိုယ်စားလှတွေကိုလည်း ကန့်ကွက်ပါတယ် ဒီနေ့အစည်းအဝေးလုပ်ပြီး နှုတ်ထွက်ဖို့သဘောတူဆုံးဖြတ်ခဲ့တာပါ" ဟု ဦးစောဒယ်နီယ် ကပြောသည်။
 
NLD ဗဟိုညီလာခံကျင်းပနေစဉ် ကယားပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက် လိုက်ကြောင်း ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌဟောင်း ဦးစော်ဒယ်နီယ် က The Messenger သို့ပြောသည်။

မြန်မာ့ရွှေရောင် ပုလဲများ ဟောင်ကောင်တွင် ရောင်းကောင်းခဲ့

မြန်မာ့ရွှေရောင် ပုလဲများ ဟောင်ကောင်တွင်
ရောင်းကောင်းခဲ့
Friday, March 8, 2013

တစ်နှစ်လေးကြိမ် ပြုလုပ်လေ့ရှိသည့် ဟောင်ကောင်
နိုင်ငံတကာကျောက်မျက်ရတနာပြပွဲ မတိုင်ခင် မကြာမီက
ပြုလုပ်ခဲ့သော မြန်မာ့ ရတနာ ပြပွဲတစ်ခု၌ မြန်မာ့ရွှေရောင်
ပုလဲများ မှာ ပြည်တွင်းတွင်ရောင်းချသည့်လေလံဈေးထက်
၃၀ ရာခိုင်နှုန်းခန့် ပိုရကာ ရောင်းကောင်းခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ပြသခဲ့သည့် GYSO Pearls and Jewellery
ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ချွိုင်ချီဝေက “ခင်ဗျားပြခန်းမှာ
ရွှေရောင် ပုလဲ တစ်လုံးမှ မတင်ဘူးဆိုရင်တော့ ဘယ်သူမှ လာရပ်ကြည့်ကြမှာမဟုတ်ပါဘူး ” ဟု ပြောကြားသည်။

၎င်း၏ အရောင်းပြခန်းသည် ပြပွဲတွင် တရုတ်ပြည်ပကြီးမှ
ရွှေရောင်ပုလဲများ လာရောက်ဝယ်ယူလိုသူများ၏ စိတ်ဝင်
တစားဖြင့် လာရောက် ကြည့်ရှုမှုများကို ကြုံတွေ့ ခဲ့ရသည်။

လေလံပြပွဲတွင် ခင်းကျင်းပြသခဲ့ပြီး “မြန်မာ့အာရုဏ်သစ်”
"New Dawn of Myanmar" ဟု အမည်ပေးထားသည့်
၁၉ မီလီမီတာ ပမာဏခန့် ပုလဲမှာ ကြမ်းခင်းဈေးဒေါ်လာ
၄၃၀၀ မှ စတင်ပြီး ဝယ်သူတစ်ဦးက အမည်မဖေါ်ပြသည့်
ဈေးတစ်ရပ်ဖြင့် ဝယ်ယူသွားခဲ့သည်။ ခန့်မှန်းမှုများအရမူ
ထိုပုလဲမှာ ဒေါ်လာ သုံးသောင်းမှ လေးသောင်းကြား ဈေးရ
သွားနိုင်ကြောင်း သတင်းက ဆိုထားသည်။

ဟောင်ကောင်တွင် ပြုလုပ်ခဲ့သော ယခုပြပွဲနှင့်ပတ်သတ်၍
ဆစ်ဒနီရှိ Macquarie Universityမှ မြန်မာ့စီးပွားရေး ကျွမ်းကျင်သူပညာရှင် ရှောင် တန်နယ်က ပြပွဲသည် အပြုသဘောဆောင်သော လက္ခဏာဖြစ်ကြောင်း ဆိုသည်။

၎င်းက “အတိတ်တုန်းကတော့ ဒီလိုလေလံပွဲတွေဟာ လျှို့ ဝှက်ကျင်းပခဲ့ကြတာပါ။ မြန်မာပြည်အပြင်ဘက်မှာ အခုလို ကျင်းပခဲ့တာကတော့ အစိုးရဟာ နိုင်ငံတကာ လုပ်ထုံးလုပ်
နည်းတွေအရ ပိုလုပ် ဆောင်လာတဲ့သဘောပဲ ဖြစ်ပါတယ်”
ဟု မှတ်ချက်ပေးပြောကြားသည်။

ဟောင်ကောင်သည် ကျောက်မျက်ရတနာဝယ်ယူလိုသူများ
အတွက် လျင်မြန်စွာဖွံ့ ဖြိုးလာနေသော ဈေးကွက်တစ်ခုဖြစ်ပြီး၊ ယခုပြပွဲ ပြုလုပ် ရောင်းချခဲ့သော ပုလဲနှင့် အခြားကျောက် မျက်ရတနာများအတွက် အခွန်ကောက်ခံမှု မထားသော
နေရာတစ်ခုလည်း ဖြစ်သည်။

Ref: South China Morning Post
The Myanma Age
 
Friday, March 8, 2013

တစ်နှစ်လေးကြိမ် ပြုလုပ်လေ့ရှိသည့် ဟောင်ကောင် နိုင်ငံတကာကျောက်မျက်ရတနာပြပွဲမတိုင်ခင်မကြာမီက ပြုလုပ် ခဲ့သော မြန် မာ့ရတနာပြပွဲတစ်ခု၌ မြန်မာ့ရွှေရောင်ပုလဲများမှာ ပြည်တွင်းတွင်ရောင်းချသည့်လေလံဈေးထက်၃၀ရာခိုင်နှုန်းခန့်ပိုရ ကာ ရောင်းေ ကာင်း ခဲ့ကြောင်း သိရသည်။