Tuesday, 5 March 2013

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသားတစ်ဦး လက်မောင်းကိုက်ခဲ ၍ ဆေး ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။

Samsung Galaxy S4 လာတော့မယ်

Samsung Galaxy S4 လာတော့မယ်
Tuesday, March 5, 2013

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

Samsung ဟာ ပြီးခဲ့တဲ့လတုန်းက နာမည်ကြီး နည်းပညာဝက်ဆိုဒ် ၊ မဂဇင်း အယ်ဒီတာတွေကို ဖိတ်ကြားစာတွေ ပေးပို့ခဲ့ပြီး "Be Ready 4 the Next Galaxy." ဆိုတဲ့ စာသားပါတဲ့ ဗူးလေးတွေကို ပေးပို့ခဲ့ပါတယ်။

အသစ်ထွက်မယ့် မျိုးဆက်သစ် ဂလက်ဆီဖုန်းတွေကို နယူးယောက်မှာ သီးသန့်မိတ်ဆက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဘယ်လိုနည်းပညာအသစ်တွေ ပါမလဲဆမ်ဆောင်းက ထွက်ရှိမယ့် မျိုးဆက်သစ် Galaxy S 4 မှာ eye-tracking software လို့ ခေါ်တဲ့
နည်းပညာ အသစ် ပါဝင်လာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

နယူးယောက် တိုင်းမ် သတင်းစာကတော့ ဒီဖုန်းဟာ အသုံးပြုသူရဲ့ မျက်လုံးစေစားရာကိုကြည့်ပြီး အလိုအလျောက် အလုပ်လုပ်ပေးနိုင်လိမ့်
မယ်လို့ ဆိုပါတယ်။ဥပမာပြောရရင်တော့ အသုံးပြုသူတစ်ယောက်က စာဖတ်နေတုန်း အောက်ဆုံးနားရောက်သွားရင် ၊ လက်နဲ့  နှိပ်စရာ မလိုဘဲနဲ့  eye-tracking software ကနေပြီး သူ့ အလိုလို အောက်ဘက် ရွေ့သွား
တာမျိုး၊ နောက်စာမျက်နာတခုကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။

ဒီနည်းပညာတွေနဲ့ ပတ်သက်ပြီးတော့လည်း Samsung ဟာ အမေရိကမှာ မူပိုင်ခွင့် ပြုလုပ်ပြီးကြောင်း သတင်းထွက်နေပါတယ်။

ဒါကြောင့် Samsung ဟာ သူ့ရဲ့နည်းပညာသစ်တွေဖြစ်တဲ့ "Samsung Eye Scroll" and "Eye Pause" တို့ကို Galaxy S 4 မှာ ထည့်သွင်းဖွယ်ရှိကြောင်း သိရပါတယ်။

ပါဝင်နိုင်မယ့် နည်းပညာများ
1.eight-core Exynos processor, a separate eight-core graphics processing unit
2.4.99-inch Super Amoled display, 2GB of RAM
3. 13-megapixel rear camera with 1080p video capability, a 2-megapixel front-facing camera
4. the latest version of Android, known as 4.2.2 Jelly Bean.

ဆမ်ဆောင်းရဲ့Galaxy S 4 ကြော်ငြာကို ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ လင့်မှာ ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?feature=player_embedded&v=dIEfNaNCkKM

http://blog.irrawaddy.org/2013/03/samsung-galaxy-s4.html#sthash.uXhDSPpT.dpuf
 
 
Tuesday, March 5, 2013

Samsung ကုမ္မဏီက သူတို့ရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Galaxy S 4 ကြော်ငြာကို အင်တာနက် Youtube မှာ တင်ပြီးတော့ လာမယ့် ၁၄ ရက်နေ့ မှာ ပရိသတ်နဲ့  စတင် မိတ်ဆက်ပွဲပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

တောင်ဥက္ကလာ ၄ ရပ်ကွက်တွင် ပုတ်ပ္ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတွေ့ရှိ



ရန်ကုန်၊ မတ် ၎

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊(၄)ရပ်ကွက် ကေတုမာလာ (၄) လမ်းထိပ်ရှိ ငမိုးရိပ်ချောင်းလက်တက်
ရေပေါက်ကြည့် ချောင်းအတွင်း ပုတ်ပ္ပွနေသည့် အမျိုးသမီးရုပ်အလောင်း တစ်ခုကို မတ်လ ၃ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်က တွေ့ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှုးရုံးထံမှ စုံးစမ်းသိရှိရသည်။

UN ဌာနေ ကိုယ်စားလှယ် စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


Tuesday, March 5, 2013

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ် (Mr. Ashok Nigam) ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်တွင် လေ့လာပြီးနောက် ယမန်နေ့က စစ်တွေဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။

အခွန်ကောက်ခံခြင်းနှင့် နိုင်ငံသား မှတ်ပုံတင် ကိစ္စရပ်များကို အီးစနစ်ဖြင့် ဆောင်ရွက်တော့မည်



တစ်နိုင်ငံလုံးဆိုင်ရာ အခွန်ကောက်ခံခြင်း၊ နိုင်ငံသား မှတ်ပုံတင် ကိစ္စရပ်များကို နည်းပညာအခြေခံသည့် အီလက်ထရောနစ် စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ် ထွန်းဦး က ပြောကြားသည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ


 
Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ် ပြောကြား ထားသည်။

ပိုက်ဆံမရှိသော်လည်း လှူဒါန်းနိုင်သော အလှူ (၇) မျိုး



အခါတစ်ပါး၌ လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင် မမြင် ဖြစ်နေပါသည်။ အဘယ့်ကြောင့် မအောင်မမြင် ဖြစ်ပါသနည်း” ဟု မေးလျှောက်သည်။

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

မြောက်အမေရိက ဒေသအတွင်း ဖြစ်ပွားခဲ့သော ထူးခြား ဖြစ်စဉ်များ

အမေရိကန် နိုင်ငံ။ ၂ဝ၁၂ ခုနှစ်အတွင်းအမေရိကန် နိုင်ငံ၌ ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်



ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture  အဖြစ် ဆောင်    ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

စိုင်းနော်ခမ်းကို ဘယ်လို သေဒဏ်ပေးခဲ့သလဲ

 

စိုင်းနော်ခမ်းကို သေဒဏ်စီရင်တဲ့ Lethal injection ပုံစံကို နိုင်ငံတော်တော်များများ အသုံးပြုကြပါတယ်။

HIV ကုနိုင်မယ့် လမ်းစတွေ့

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင်   တွေက ထုတ်ပြန် လိုက်ပါတယ်။

Monday, 4 March 2013

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

မတ် ၄ ရက်၊ ၂၀၁၃

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

CMJ စက်ရုံက မြန်မာ အလုပ်သမားတွေရဲ့ ဒီကနေ့ အခြေအနေတွေကို ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုခင်ဇော်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။

" အခုကျွန်တော်တို့ဆီမှာ မြန်မာနိုင်ငံကနေ လာရောက်ဖြေရှင်းပေးကြတယ်၊ ဒဏ်ရာရတဲ့သူ ၄ ဦးရဲ့ ဆေးစာကို ယူပြီး ရဲစခန်းမှာအမှုဖွင့်ပြီး တရားပြန်စွဲတဲ့သဘောမျိုးလုပ်ပြီး နစ်နာကြေးတောင်းခံပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နည်း သူ့ဟန်နဲ့ အပြင်မထွက်ပဲနေကြတယ်၊ တခြားကုမ္ပဏီ ဝန်ထမ်းတွေဆီက အလှူငွေတွေကောက်ခံပြီး ထောက်ပံ့ကူညီဖို့ လုပ်နေတယ်"

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား တစ်ထောင့် သုံးရာကျော်ဟာ စက်ရုံက ကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှု၊ လစာငွေနည်းပါးမှု စတာတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။

မနေ့ကတော့ အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့  ဂျော်ဒန်နိုင်ငံသားတချို့က ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီစက်ရုံမှာ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပြီး အမျိုးသားဦးရေ ၁၀၀ ကျော် နဲ့ အမျိုးသမီးငယ် ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA
ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိ သူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့ မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ 

မတ် ၄ ရက်၊ ၂၀၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် ဒေါ်လာ သန်း ၄၅၀ ပေးမယ့် အစီအစီအစဉ်ထဲက ဒေါ်လာသန်း ၁၉၀ ကို အမေရိကန်က ချက်ချင်းပေးမှာဖြစ်တယ်လို့ အီဂျစ်ကို
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးရောက်ရှိခဲ့တဲ့ ဝန်ကြီး ကယ်ရီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံက စွန့်ဦးတီထွင်သူတွေနဲ့ လူငယ်တွေကို အားပေးကူညီဖို့ အမေရိကန်အစိုးရ က နောက်ထပ် သန်း ၆၀ ထောက်ပံ့မယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ ဘဘောထားကွဲမှုတွေ ကြီးကြီးမားမားရှိနေတဲ့ အီဂျစ်နိုင်ငံ တည်ငြိမ်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပါမယ်လို့ သမ္မတမော်စီက အာမခံခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာ ၄.၈ ဘီလျံ အကူအညီပေးရေးအတွက် လနဲ့ချီ သဘောတူမှု မရနိုင်သေးတာကို အပြီးသတ် သဘောတူညီမှုရရှိအောင်လုပ်ပါမယ်လို့လည်း အီဂျစ်သမ္မတ မော်စီက ကတိပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းတုန်းကတော့ ကိုင်ရိုမြို့လယ်က Tahrir ရင်ပြင်မှာ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား အထိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မတည်ငြိမ်သေးတဲ့ Port Said မြို့မှာလည်း အလားတူ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။

VOA
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီ အာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE
------------------------------------------------

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။

အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သား နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက် အလက်တွေကို အလိုအလျောက် ဖျက်ဆီး သွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။

ဒါကြောင့် myIDkey ကို ကမ္ဘာ့ အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ် လိုက်ကြောင်း သိရပါတယ်။

Ref: gadgets
From : Yoyarlay

http://bit.ly/15qhmry

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။
အသံနဲ့မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ ရတာ မျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေ ရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမကခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလို အလျောက်ဖျက်ဆီးသွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

Sunday, 3 March 2013

ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် လျာထားငွေ မူလအတိုင်းအတည်ပြု


တနင်္ဂနွေနေ့၊ မတ်လ ၀၃ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၃၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လျာထားငွေကို မူလအတိုင်း အတည်ပြုလိုက်ကြောင်း မတ်လ ၁ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်ပုံမှန် အစည်းအဝေးမှ သိရသည်။

မအူပင် ပလောင်ရွာ တွင် ၁၄၄ ပြန်လည် ရုပ်သိမ်း



ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၊ ပလောင်ကျေးရွာ ရှိ ဒေသခံလယ်သမားများ နှင့် ရဲတပ်ဖွဲ့ဝင်တို့ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အော့ချက်စ် ငါးမွေးကန် တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပုဒ်မ- ၁၄၄ ထုတ်ပြန်ထားခြင်းကို မတ်လ ၂ ရက်နေ့ ည ၇ နာရီ တွင် ပြန်လည် ရုပ်သိမ်း ခဲ့ကြောင်း မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအေးသောင်းက ပြောကြားသည်။

Saturday, 2 March 2013

မြန်မာအစိုးရ နိုဘယ်ဆု ရနိုင်တယ်လို့ ဖင်လန်ဝန်ကြီးချုပ်ဟောင်းပြော

Photo: မြန်မာအစိုးရ နိုဘယ်ဆု ရနိုင်တယ်လို့ ဖင်လန်ဝန်ကြီးချုပ်ဟောင်းပြော

ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။

ဥရောပခရီးစဉ် လှည့်လည်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖင်လန်နိုင်ငံကို ရောက်ရှိနေစဉ်အတွင်း မာတီ Martti Ahtisaari နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရဟာ ကြားဖြတ်အစိုးရလိုမျိုးထက် ပိုပြီးရလဒ်တွေ မြန်မြန်ဆန်ဆန် ရရှိအောင်ဆောင်ရွက်နိုင်ကြောင်း၊ အပြောင်းအလဲဟာ အတွင်းအဇ္ဈတ္တက လာတာဖြစ်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အနေနဲ့ မြန်မာနိုင်ငံ အသွင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသာ ပြည့်ပြည့်၀၀ အောင်မြင်အထမြောက်သွားပြီဆိုရင် မြန်မာအစိုးရဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လောင်းစာရင်းမှာ ထိပ်တန်းက ပါဝင်သွားမှာဖြစ်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Martti Ahtisaari က ပြောပါတယ်။

အလားတူ ဖင်လန်သမ္မတ Sauli Niinistoe ကလည်း ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံအတွက် ယူရိုငွေ ၆ သန်းခွဲကူညီဖို့ ကြေညာခဲ့ပါတယ်။ အဲဒီရန်ပုံငွေထဲကနေ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အထိ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန် ၀န်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။
ဥရောပခရီးစဉ် လှည့်လည်နေတဲ့ သမ္မတဦးသိန်းစိန်ဟာ ဖင်လန်နိုင်ငံ ကို ရောက်ရှိနေစဉ်အတွင်း မာတီ Martti Ahtisaari နဲ့ တွေ့ဆုံခဲ့ပါ တယ်။

Friday, 1 March 2013

ထိုင်းအစိုးရ မူဆလင် သူပုန်နဲ့ ဆွေးနွေးမည်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ စစ်သား အစောင့်အရှောက်နှင့် ဆွမ်းခံထွက်နေစဉ်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ စစ်သား အစောင့်အရှောက်နှင့် ဆွမ်းခံထွက်နေစဉ်။

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသမှာ ဆယ်နှစ်နီးပါး ဖြစ်ပွါးနေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် သွားအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းအစိုးရက အဓိက မူဆလင်သူပုန်အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ ပထမဆုံးအကြိမ်အဖြစ် သဘောတူလိုက်ပြီဖြစ်ပါတယ်။

မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)



မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်တက်လှမ်း နိုင်တော့မည် ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများ အဟန့်အတား အနှောင့် အယှက် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်၊ ပြောင်း လဲ မှုများနှင့် လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲ၊  ပြည်သူ တစ်ဦးချင်း စီက စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလ များအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလ
များအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် သဘာဝဓာတ်ငွေ့
တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်
Friday, March 1, 2013

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အဘက်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလများအတွင်း ကျောင်းသား/ကျောင်းသူများ အဆင်ပြေလွယ်ကူစွာ စာပေလေ့ကျင့်ကျက်မှတ်နိုင်ရေး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အောက်ဖော်ပြပါစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ သန်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀ အား ဖြန့်ဖြူးပေးထားပါကြောင်း အသိပေးအပ်ပါသည်-

(၁) အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)
(၂) ကျောက်ဆည် ဆင်မင်း(၁)နှင့်ဆင်မင်း(၂)ဘိလပ်မြေစက်ရုံ
(၃) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)
(၄) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ချောက်နှင့်ကျောက်ဆည်ဒေသ
များမှ စက်ရုံငယ်(၈)ရုံ
(၅) ကြံခင်းဘိလပ်မြေစက်ရုံ
(၆) သရက်ဘိလပ်မြေစက်ရုံ
(၇) ကျောက်ဆွယ်ကျိုးသံမဏိစက်ရုံ

Ministry of Energy, Myanmar
စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အဘက်ဘက်မှဖြည့်ဆည်း ဆာင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ် ၀င်တန်း စာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန် ကာလများ အတွင်း ကျောင်းသား /ကျောင်းသူများ အဆင်ပြေလွယ်ကူစွာ