Wednesday, 17 October 2012

Viber ဆော့ဖ်ဝဲကိစ္စ ဝေဖန်သံများညံ

အင်တာနက်စနစ်ချိတ်ဆက်ထားသောမိုဘိုင်းဖုန်းများမှတစ်ဆင့်ပည်ပသို့ဖုန်းခေါ်ဆိုနိုင်သည့်Viber ဆော့ဖ်ဝဲ စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားမ၀င်ကြောင်း သတ်မှတ်ပြီး အသုံးပြုခွင့် ပိတ်မည် ဟူသော သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးအပေါ် ဝေဖန်မှုများပေါ်ထွက်လျက်ရှိသည်။

"တစ်ကမ္ဘာလုံးသုံးနေတဲ့ ဆော့ဖ်ဝဲကို ဘယ်နိုင်ငံက အော်ပရေတာကမှ ပိတ်တာမကြားဖူးဘူး။ နိုင်ငံတကာ သုံးလို့ ရနေပြီးမှ ဘာလို့ ကိုယ့်နိုင်ငံမှာ ဒီလိုပြည်သူတွေ အဆင်ပြေနေပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ နည်းလမ်းတွေကို ပိတ်ပင်နေရတာလည်းဆိုတာ အခုတလောဖြစ်နေတယ်"ဟု ရန်ကုန်အခြေစိုက် နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးကပြောသည်။

ကန်ဒေါ်လာ အဟောင်းအနွမ်းများလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်

 
 
ကန်ဒေါ်လာ အဟောင်းအနွမ်း၊ အစုတ်အပြဲများကို အစိုးရပိုင်ဘဏ် များနှင့် ပုဂ္ဂလိကဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေးတော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ထုတ်ဖော်ပြောသည်။

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲ တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အ ခကြေးငွေ များ တောင်းခံနေသည့် အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

http://sphotos-b.ak.fbcdn.net/hphotos-ak-prn1/523770_480995021941141_2096893718_n.jpg

မကွေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ ၂၀၁၀ အငြင်းပွား ဖွယ် ရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အစုလိုက်အပြုံလိုက် ကူးပြောင်းခဲ့ကြောင်း သိရ သည်။

Monday, 15 October 2012

ပခုက္ကူမြို့၌ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ပခုက္ကူမြို့ တွင် သံဃာတော်များ၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဆန္ဒထုတ်ဖော်ကို ပခုက္ကူမြို့ရှိ ဗောဓိမဏ္ဍိုင် စာသင်တိုက်မှ သံဃာ အပါး ၅၀၀ ခန့်က စတင်ခဲ့ခြင်းဖြစ်ကာ အမှတ်(၁) ရပ်ကွက် မဟာဝိဇယာ ရာမ ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ရောက်ရှိချိန်၌ အဆိုပါ စာသင် တိုက်မှ သံဃာ အပါး ၃၀၀ ခန့်က ထပ်မံပူးပေါင်းခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှု စတင်


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် သတင်း ထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ သံဃာတော် များနှင့် လူထု၏ ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန် ပစိဖိတ်ဒေသ စစ်ဦးစီးမှူးနှင့် အဖွဲ့ မြန်မာပြည် ရောက်

အမေရိကန် စစ်တပ်မှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်ပြီး အရပ်ဘက် အရာရှိများနှင့် ၀ါရင့် စစ်အရာရှိများ ပါဝင်သော လူဦး ရေ ၃၀ ခန့်ရှိ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ 

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ

 
 
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခု ကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။

ခရစ်တော်၌ အိပ်ပျော်သွားသော ကေအင်န်ယူ ဗဟိုတရားရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော၏ ဈာပနာအား ကေအင်န်ယူဌာနချုပ် သေလေထတွင် ပြုလုပ်မည်

ခရစ်တော်၌ အိပ်ပျော်သွားသော ကေအင်န်ယူ ဗဟိုတရားရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော၏ ဈာပနာ အား ကေအင်န်ယူဌာနချုပ် သေလေထတွင် ပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အသက် ၆၅ နှစ်ရှိ ဖဒိုစောဒေးဗစ်ထောသည် အောက်တိုဘာ ၁၄ ရက် ည ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် အဆုတ်ရောဂါဖြင့် ခရစ်တော်၌ အိပ်ပျော်သွားခြင်းဖြစ်သည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၏ ရှင်းလင်း ပြောကြားချက်

(Sky Net - Up to Date တွင် ထုတ်လွှင့်မှုမှ)

(ဒုတိယဝန်ကြီး) နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန နဲ့ အစ္စလ်ာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC တို့အကြား ရခိုင်ပြည်နယ် လူသားချင်းစာ နာထောက်ထားသည့်အကူအညီများ ပေးအပ်သွားရေး ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို (၁၁-၉-၂၀၁၂) ရက်နေ့ မှာ နတလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

(Sky Net) ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကိုလည်း ရှင်းပြပေးစေ လိုပါ တယ်။

ကြေးနီတောင်စီမံကိန်းဒေသက မူလတန်းကျောင်းသူ ကျောင်းသားတွေ ဆန္ဒပြ


Monday, 15 October 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiKEbAM5PpnsXVpxWQL027kEu9gfsD9yITE4y4EnrElQYFDdPpHfH4W7WAOSmvjJkiv1L6220TsFoaig_NApX-Jej4bM2SGNJjl5PLEi-00vee3lVlCbtWcVFLkJ_eeVrFk9K6DxJG8DU/s1600/264100_427826890588273_1058016681_n.jpg

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ အပိတ်ခံထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်းကျောင်းသား (၁၀၀) ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

(၂၁) ကြိမ်မြောက်ရန်ကုန်မြို့တော်ဝန်ဖလားမျက်မမြင်လမ်းလျှောက်ပွဲ

နိုင်ငံတကာမျက်မမြင် လမ်းလျှောက်တုတ်နေ့ (၂၁) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကို အောက်တိုဘာ (၁၅)ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်တွင် ပြည်သူ့ရင်ပြင်မှ စတင်ကာ ရန်ကုန်မြို့တော်ခန်းမအထိ ၃ မိုင်ခရီးအား နိုင်ငံတစ်ဝန်းရှိ မျက်မမြင်ဦးရေ (၇၀၀)ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း-- Eleven Media Group

ဒီမိုကရေစီကိုအကြောင်းပြ၍ ဗရမ်းဗတာမလုပ်ရန်သူရဦးရွှေမန်းပြော

Monday, 15 October 2012 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပထမအကြိမ် သင်းလုံးကျွတ်ပါတီညီလာခံအား ၂၀၁၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့မှ(၁၇)ရက်နေ့
အထိ(၄)ရက်တိုင်တိုင် နေပြည်တော် ဒက်္ခိဏသီရိမြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

KIA နှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် အစိုးရကမ်းလှမ်း

တပ်မတော်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့် KIA (ကချင်လွတ်မြောက်ရေး တပ်မတော်) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားရန် အဆိုပြုချက်တစ်ရပ် အောက်တိုဘာလ ၁၀ ရက်နေ့က ပေးပို့ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြန်လည်ဖြေကြား သည်။  အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကျင်းပသော

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦး အစားထိုး ပြောင်းလဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်မှ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ငါးဦး အစားထိုး ပြောင်းလဲခြင်း၊ ကြေညာချက်အမှတ် (၄၀/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက် (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်) နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြိတ်ခရိုင် တရားရုံကို ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ဘိန်းစာမှုန့်ဖြူးသွားခဲ့တဲ့ ရမ်းကားမှုကြီး

Monday, October 15, 2012 မြတ်လေးငုံ 


၂၀၁၂ ခုနှစ် အောက်တိုဘာလ၊ ၁၂ ရက်နေ့ နေ့လည် တွင် မြိတ်မြို့ ခရိုင် နှင့် မြို့နယ် တရားရုံတွဲဖွင့်ထားသည့် ရုံးအား အမည်မသိ မူးယစ်ဆေးဝါး သမားများ တံခါး ရိုက်ချိုးဖျက်ဆီး ဝင်ရောက်ပြီး ၊ စားပွဲခုံများဖျက်ဆီးပြီး ငွေ ၅၀၀၀၀ ကျပ် ယူဆောင်သွားသည့် အပြင် ဘိန်းစာမှုန့်များ ပစ်ဖြန်းထားခဲ့သည်ဟု နှီးစပ် ရဲတပ်ဖွဲံဝင်တစ်ဦးဆီမှ သတင်းရရှိပါသည်။

သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသားများ ပြန်လည် ရင်ကြား စေ့ရေးနှင့် စည်းလုံး ညီညွတ်ရေး အခြား တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေး ပါတီများကို အားပေး

Monday, 15 October 2012


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင် ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပထမအကြိမ် ပါတီညီလာခံသို့ တက်ရောက် လာသော တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစဉ်။

မျှော်စင်ကျွန်းတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပမည်

Monday, 15 October 2012


မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ Gandamar Wholesale မှ အဓိကပံ့ပိုးကူညီ ကာ တောင်ကလေး ရိုးရာလက်ဝှေ့အသင်း၊ ရတနာစံတော် ကုမ္ပဏီနှင့် မြန်မာမီဒီယာဂရု(ပ်) တို့ပူး ပေါင်း စီစဉ်သည့် ''လက်ခုပ်သံညံမစဲ မျှော်စင်ကျွန်းမှ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ'' ကို အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီတွင် ကရဝိက်ဥယျာဉ်မျှော်စင်ကျွန်း ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်

ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ

ကျောက်နီမော်ကျေးရွာရှိ စရဖရုံးအားဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသောအကျဉ်းသား ထွန်းဝင်း(ခေါ်)ဂျော်မာ လာဒိန် အသက်-၃၉န
နှစ် အဘ-သန်းအောင် သည် ထောင်မှူး တင်စိုးနှင့် ပူးပေါင်း    ကာ ထောင်
ပြင်ပတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက်နိုင်တော့သည့် တရုတ်

 

တရုတ်နယ်စပ်မြို့ ဖြစ်သော ရွှေလီရှိ Everything is good ကျောက်စိမ်းကုမ္ပဏီ အရောင်းပြခန်းတွင် လာရောက်သော ဧည့်သည်များသည် ပြထား သော အရာများထဲမှ အမဲရောင် ကျောက်တုံး တစ်ခုကို အာရုံ ကျ နေကြသည်။ တစ်ဖက်တွင် အနည်းငယ် လှီးပြထားရာ အတွင်းမှ အစိမ်းရောင် နှင့် ခရမ်း ရောင် ကို မြင်နေရပြီး ၄င်းသည် အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေပါသည်။ ၄င်းသည် မြန်မာနိုင်ငံမှ အရည် အသွေး မြင့်မားသော ကျောက်စိမ်းဖြစ်ပြီး နားလည်သော တရုတ် ဖောက်သညများက ကမ္ဘာပေါ်တွင် အကောင်းဆုံးဟု ဆိုကြပြီး တန်ဖိုးကိုလည်း ဒေါ်လာ (၁.၂)သန်းဟု ကပ်ထားပါသည်။