Wednesday, 5 September 2012

ခြင်ဆေးခွေမီးမှ ပရိဘောဂ စက်ရုံ မီးလောင်

 
 
မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

အန်အယ်လ်ဒီ ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ပါတီဝင်အဖြစ်က ယာယီရပ်ဆိုင်း

ပြီးခဲ့တဲ့ လပိုင်းက ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အန်အယ်လ်ဒီ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ ခန့်အပ်တာကို မကျေနပ်လို့ အဖွဲ့ဝင်တချို့ လမ်းပေါ်ထွက် ဆန္ဒပြတာကို ခေါင်းဆောင်ခဲ့သူ ဦးမြင့်ကျော်နဲ့ ဦးဝင်းရွှေတို့ ၂ ဦးကို ပါတီဝင် အဖြစ်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

SSA တောင်ပိုင်းနှင့် “၀” တပ်ဖွဲ့ ဆက်ဆံရေး တင်းမာနေ

 From- irrawaddy 
 
ရှမ်းပြည်နယ် ပန်ဆိုင်း ဒေသ၌၂၀၁၀ ပြည့်
 မတ်လကကျင်းပသော စစ်အစိုးရနှင့်
 အပစ်အခတ်ရပ်စဲရေး ပြုလုပ်သည့် နှစ် 
၂၀ မြောက် အခမ်းအနားတွင် UWSA တပ်ဖွဲ့ဝင်များ
 စစ်ရေးပြနေကြစဉ် (ဓာတ်ပုံ – Shanland)
ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့နှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားနေကြာင်း သတင်းရရှိသည်။

KIA အမာခံ ပြည်သူ့စစ်များက ဂျာဝမ်တံတားအား ဆင်ဖြင့် ဖြိုချဖျက်ဆီး

 From- kachin daily news
KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ အမာခံပြည်သူ့စစ်အဖွဲ့ဝင်တွေဖြစ်တဲ့ တန်ဂွန်း ဦးဆောင်သော အဖွဲ့ဝင် (၃၀) ခန့်ဟာ စက်တင်ဘာလ (၃) ရက်နေ့က ဂျာဝမ်တံတားကို ဆင်တွေနဲ့ ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

““ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ရေဘေးသင့်ပြည်သူများထံသွားရောက်စဉ် ပြောကြားသည့် မိန့်ခွန်း””

အဓိကလာရတဲ့အကြောင်းရင်းကတော့ ရေဘေးကြောင့်ထိခိုက်သွားတဲ့ ရပ်ကွက်တွေ အခြေအနေ လာပြီး လေ့လာဖို့ပါ။ လေ့လာဖို့ဆိုပေမယ့်လည်း ရပ်ကွက်တိုင်းတော့မရောက်နိုင်ပါဘူး။ ရပ်ကွက်နှစ်ခုပဲ သွားလိုက် တယ်ဆိုပေမယ့် အခြေခံပြဿနာတွေကတော့ အားလုံးတူမယ်ထင်ပါတယ်။ ပထမတစ်ချက် ကတော့ ဘာဖြစ်လို့ ဒီလိုရေထထကြီးလဲပေါ့နော်။
မိုးတွင်းတိုင်း ရေကြီးတဲ့ရပ်ကွက်တွေရှိတယ်။

မြောက်ကိုရီးယားပါလီမန်အစည်းအဝေး ပြုလုပ်၍ စီးပွားရေးနှင့်ဆိုင်သော ဥပဒေပြုဖွယ်ရှိ

တစ်နှစ်လျှင် ၂ ကြိမ်ခန့်ပြုလုပ်လေ့ရှိသော ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံ၏ ပါလီမန်အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့တွင်ပြုလုပ်မည်ဖြစ်ရာ တရုတ်နှင့်သဘောတူထားသောစီးပွားရေးကိစ္စများအတွက် ဥပဒေ ပြုရန်ဖြစ်ဖွယ်ရှိကြောင်း CNA သတင်းတွင်ဖောပြထားသည်။ရာဘာတံဆိပ်တုံးလွှတ်တော်ဟု လူအများကသတ်မှတ်ထားသော မြောက်ကိုရီးယား ကွန်မြူနစ်ပါလီမန် အစည်းအဝေးသည် အစိုးရဘတ်ဂျက်အသုံးစားရိတ်ကိုအတည်ပြုရန်နှင့် အစိုးရအဖွဲ့ဝင်များခန့်အပ်ခြင်းများပြုလုပ်ရန် တစ်နှစ်လျှင် ၁ ကြိမ် ၂ ကြိမ်ခန့် ကျင်းပလေ့ရှိသည်။

"ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့်ရောင်းမည်"

From- AF Ijournal
ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်းထုတ်ပြန် ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်း ချပေးမည် ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။
''လုပ်ကိုင်ခွင့်ရရှိဖို့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက်လည်း အလုံးစုံ နီးပါး ပြင်ဆင်ထား ပြီးပါပြီ။ လောလောဆယ် ငါးထောင်နှုန်း သတ်မှတ် ထားပေမယ့် နောက်ပိုင်း အလကားပေးဖို့ အထိ ဆောင်ရွက်ပေးသွားမှာပါ'' ဟု ရွှေ ပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြော သည်။

"ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ခွင့်ရလျှင် ဖုန်းတစ်လုံး ငါးထောင်နှင့်ရောင်းမည်"

From- AF Ijournal
ဆက်သွယ်ရေးကော်ပိုရေးရှင်းတွင် လုပ်ကိုင်ခွင့်ရရှိက သတင်းထုတ်ပြန် ထားသည့်အတိုင်း ဖုန်းတစ်လုံးလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်း ချပေးမည် ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောသည်။
''လုပ်ကိုင်ခွင့်ရရှိဖို့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက်လည်း အလုံးစုံ နီးပါး ပြင်ဆင်ထား ပြီးပါပြီ။ လောလောဆယ် ငါးထောင်နှုန်း သတ်မှတ် ထားပေမယ့် နောက်ပိုင်း အလကားပေးဖို့ အထိ ဆောင်ရွက်ပေးသွားမှာပါ'' ဟု ရွှေ ပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြော သည်။

ဝန်ထမ်းများအပေါ် ဥပဒေနဲ့ ပြောဆိုခြိမ်းခြောက်ခြင်းကို ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဒေါ်စုကြည် အားကိုးနဲ့ အမေ့ ဘေးနားမှာ နေတဲ့ ကောင် ငါ့ကို ဘာမှတ်လဲ မင်းတို့ကို အလုပ်ဖြုတ်ပစ်လို့ ရတယ် ဟုဆိုတာ တာဝန်ကျ ၀န်ထမ်းများကို ချိန်းခြောက်မှု ဖြစ်ပွားခဲ့တယ် လို့ သိရှိရပါတယ်... အဲဒီလို ခြိမ်းခြောက်မှုတွေ ကြောင့် တာဝန်ကျ ဆေးရုံအုပ်ကြီးနှင့် တကွ သက်ဆိုင်ရာ ဌာနမှ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီအဖွဲ့ ချုပ်ထံ သို့ စာရေးပြီး တိုင်တန်းထားသော်လည်း အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မရှိသေး ( အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရေးယူဆောင်ရွက်ပေးမှု တစ်စုံတစ်ရာ ထုတ်ပြန် ကြေငြာထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်...)
၎င်းစာကို အောက်တွင် ဖတ်ရူ့ နိုင်ပါသည်...

သမ္မတကို တရားစွဲမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း


ပြည်ထောင်စုလွှတ်တော်ရဲ့ခုံရုံးအပေါ်စွပ်စွဲချက် သမ္မတဆောင်ရွက်မပေးရင် သမ္မတကိုပါ စွပ်စွဲပြစ်တင်မှုတွေရှိလာနိုင်ဟုဆို လွှတ်တော်နှစ်ရပ်က အခြေခံဥပဒေ ခုံရုံးအပေါ် စွပ်စွဲပြစ်တင်တာတွေ ကို ပြည်ထောင်စုလွှတ်တော်နာယက ကနေတစ်ဆင့် သမ္မတထံပေးပို့သွားမှာဖြစ်ပြီး သမ္မတက ဆောင်ရွက်မပေးရင် သမ္မတ ကိုပါ စွပ်စွဲပြစ်တင်တာတွေရှိ လာနိုင်တယ် လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကပြောပါတယ် ပြည်ထောင်စုလွှတ်တော်နာယက ကနေ သမ္မတဆီပို့
ရမယ် သမ္မတက ခုံရုံးကိုစာထုတ်ရမယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရိုသေလေးစားလိုက်နာ တဲ့သမ္မတ ဖြစ်

“ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် စတင်ကျင်းပ”

ဒုတိယအကြိမ်မြောက် ၀ဿန်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို တာမွေမြို့နယ် မဟာသန္တိ သုခကျောင်းတော်ကြီးတွင် ယနေ့ နံနက်၌စတင်ကျင်းပပြုလုပ်ခဲ့သည်။ ဖွင့်ပွဲကို တေးရေးဆရာကိုနေ၀င်းမှ ခွန်အားပြည့်မိငယ်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ၄င်း၏သားဖြစ်သူ ရဲရင့်မြင့်မိုရ် မှလည်း သီချင်းတစ်ပုဒ်ဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။

လုပ်ငန်းခွင်ကြောင့် အဝမလွန်ရလေအောင် ...........

အလုပ်ခွင်မှာ ကိုယ်ခန္ဓာလှုပ်ရှားမှုမရှိတဲ့ အလုပ်လုပ်ရသူတွေအနေနဲ့ အလုပ်မသွားခင် ဒါမှမဟုတ် အလုပ်ကပြန်လာချိန်မှာ နာရီဝက်လောက်အချိန်ပေးပြီး အားကစားလုပ်သင့်ပါတယ်။ ခက်ခဲနေတယ်ဆိုရင် လုပ်ငန်းခွင်မှာပဲ ကိုယ်လက်လှုပ်ရှား ဖြစ်စေမယ့် လွယ်ကူတဲ့နည်းတွေရှိပါတယ်။

၁။ အလုပ်ကို လမ်းလျှောက်ကာ သွားပါ။ လုပ်ငန်းခွင်နဲ့ နေအိမ်က နီးတယ်ဆိုရင် လမ်းလျှောက်ပြီးသွားပါ။ ဝေးလို့ ဘတ်စကားစီးရမယ်ဆိုရင် အလုပ်မရောက်ခင် တစ်မှတ်တိုင်အလိုမှာ ဆင်းပြီးအလုပ်ဆီကို လမ်းလျှောက်သွားပါ။ အလုပ်ကို ကားမောင်းပြီး သွားတယ်ဆိုရင် အလုပ်နဲ့ ဝေးတဲ့နေရာမှာ ကားပါကင်ထိုးပြီး အလုပ်ဆီကို လမ်းလျှောက်သွားပါ။

မြန်မာ့ အပြောင်းအလဲ ဟန်ချက်မညီ

 From: Irrawaddy
 
အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ သွားရာလမ်းသည် မည်သည့်နိုင်ငံတွင်မျှ စိတ်ကူးယဉ်သလို မဖြစ်ဘဲ ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများ၊ ခါးသီးသော အမှန်တရားများနှင့် ရင်ဆိုင်ဖြတ်သန်း ရမြဲဖြစ်သည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အခြေချစ မြန်မာနိုင်ငံ တွင်လည်း စစ်ဗိုလ်ချုပ် တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ဦးဆောင်ပြုလုပ်နေသော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အပြောင်းအလဲကို အလုပ်မတွင်စေသော ဘက်မညီမျှမှုများ ရှိနေကြောင်း မြင်တွေ့ နေ ရသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်မှု တိုင်းရင်းသား ၀န်ကြီးများ ပါဝင်လို

From- irrawaddy

နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တိုင်းရင်းသား
ပါတီများအပါအ၀င် မဟာမိတ် ၁၀ ပါတီ ခေါင်းဆောင်
များနှင့် သမ္မတ ဦးသိန်းစိန် ဇူလိုင်လ အတွင်း က
 တွေ့ဆုံစဉ် (ဓာတ်ပုံ – Hmuu Zaw / Facebook)
ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများသည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်
များတွင်ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့် ကိစ္စများကို သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ဆွေးနွေးမည် ဟုသိရသည်။

နိုင်ငံကူးလက်မှတ်ကို ၈၈ အဖွဲ့အတွင်း ခွဲခြား ထုတ်ပေး

From- irrawaddy

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Micasa ဟိုတယ်တွင်
 မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ 
(MILI)၊ မြန်မာနိုင်ငံ နားမကြားသူများ၏ လူ့စွမ်းအား
 အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန (DRC) တို့နှင့် ၈၈ မျိုးဆက်
 ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးစဉ်
နိုင်ငံရေးအကျဉ်းသားဟောင်းများ
အား နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် တပြေးညီ သတ်မှတ်ချက် မရှိခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီးများကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက တင်ပြထားကြောင်း သတင်းရရှိသည်။
“တယောက်ချင်း ပေးနေတဲ့ ပုံစံမျိုးထက်ကို လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အားလုံးကို တပြေးညီ ပုံစံတခု သတ်သတ်မှတ်မှတ် ရှိသင့်တယ်ဆိုတာကို ပြည်ထောင်စုအဆင့် ၀န်ကြီးများကို ပြောထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားေ ခါင်းဆောင် ဦးကိုကိုကြီးက ဧရာဝတီ သို့ ပြောသည်။

တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက်ကောင်း ...............



တင်ပါးကြီးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကြောင်း လေ့လာချက်အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံးကြီးခြင်း သည် ဗိုက်ပူခြင်း ထက်စာလျှင် ကျန်းမာရေးကို ဆိုးရွားစေသော ကိုယ်လက်စထရော အမျိုးအစားကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ်ပေးသည့် ကျန်းမာရေးအတွက် ကောင်းသော ကိုယ်လက်စထရော အမျိုးအစားကို   မြင့်တက်စေကြောင်း လေ့လာချက် အသစ်များအရ သိရသည်။

KNU နဲ့ အစိုးရ ဆက်ရန်ရှိသေးသည်

From- irrawaddy

အစိုးရနဲ့ ဘားအံမှာ ဆွေးနွေးခဲ့တဲ့ KNU အဖွဲ့ ဒီကနေ့ မြ၀တီကို ပြန်ရောက်လာပါပြီ

နှစ်ဘက်တပ် အပြောင်းအရွှေ့နေရာချထားရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရရှိခဲ့တဲ့အတွက် ထပ်မံပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျရင် အသေးစိပ်ပြန်ညှိနှိုင်းကြဖို့  ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ KNU က အထွေထွေ အတွင်းရေးမှူးနော်စီဖိုးရာစိန်ဦးဆောင်တဲ့ အဖွဲ့တို့ မနေ့က ဘားအံမြို့မှာ သဘောတူညီခဲ့ကြ ပါတယ်။ဒီလ ၄ - ၅ ရက်နေ့တွေက ဘားအံမှာလုပ်ခဲ့တဲ့ နှစ်ဘက်အကြား ဒုတိယအကြိမ်ပြည်ထောင်စု

နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်္ကာပူပိုင် ရေနံတင် သင်္ဘော ပြန်ပေးဆွဲခံရ

နိုင်ဂျီးရီးယားနိုင်ငံ Guinea ပင်လယ်ကွေ့အနီးတွင် စင်္ကာပူပိုင် သင်္ဘောသား၂၃ဦးပါဝင်သော   ရေနံတင်သဘောင်္ကို ပင်လယ်ဒမြတို့မှ ပြန်ပေးဆွဲခဲ့သည်။ ရက်သတ္တပါတ် ၂ပါတ်အတွင်း တတိယမြောက်ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။
 နိုင်ဂျီးယားနိုင်ငံမှ ထွက်ခွာလာသော သင်္ဘောပေါ်သို့ မည်သို့ ပင်လယ်ဓါးပြတို့ရောက်ရှိခဲ့ခြင်းကို မသိရှိသေးကြောင်းနှင့် နိုင်ဂျီးနီးယားနိုင်ငံအာဏာပိုင်တို့ထံ အရေးယူဆောင်ရွက်ပေးရန်အကြောင်းထားကြောင်း မလေးရှားနိုင်ငံအခြေစိုက် နိုင်ငံတကာပင်လယ်ရေကြောင်းဌာနမှ အကြီးအကဲ Noel Choongက ယနေ့ဗုဒ္ဓဟူးနေ့တွင် အေအက်ပီသတင်းဌာနသို့ပြောကြားခဲ့သည်။ 

ချမှတ်ထားသည့်စည်းကမ်းများ တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန် အဌားယာဉ်မောင်းများတောင်းဆို

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အဌားယာဉ်မောင်းများမှ ၎င်းတို့ အပေါ်ချမှတ်ထားသည့်စည်းကမ်းများသည် တရားမျှတမှုမရှိ၍ ပြုပြင်ပေးရန်တောင်းဆိုကြောင်း မီဒီယာရှင်းလင်းပွဲပြုလုပ်သည်။

ထိုရှင်းလင်းပွဲကို ဒဂုံမြို့နယ်စိန်ဂျွန်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဌားယာဉ်လုပ်ငန်းအလုပ်ရုံဝန်း၌ ယနေ့နံနက်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" ကျွန်တော်တို့ကို ထုတ်ထားတဲ့ စည်းကမ်းချက်အချို့ ကယဉ်မောင်းတွေအတွက်နစ်နာတယ်။ကျွန်တော်တို့ပြုပြင်ပေးစေချင်တဲ့အချက် (၈) ချက်ကို စာတင်ထားတယ်။" ဟု ယာဉ်မောင်း ဦးအောင်မောင်းကပြောသည်။

ပိုင်နက်အငြင်းပွားမှုကြောင့်တင်းမာမှုပြင်းထန်နေစဉ် ဟီလာရီကလင်တန်နှင့် တရုတ်သမ္မတတွေ့ဆုံ

ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်တက်နေစဉ်အချိန်တွင် အမေရိကန်နိုင် ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် တရုတ်သမ္မတ ဟူဂျင်တောင်နှင့် တရုတ်နိုင်ငံ   ဘေဂျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂ရက်ကြာအလည်အပတ်ရောက်ရှိလျက်ရှိသော အမေရိကန်နို င်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်သမ္မတ ဟူဂျင်တောင်နှင့်ဆွေးနွေးပွဲအစတွင် အမေရိကန်-တရုတ်ဆက်ဆံရေးမှာ ခိုင်မာကျစ်လစ်သောအခြေခံပေါ်တွင် ရှိနေကြောင်း အမေရိကန်နို င်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကပြောကြားသည်။