Wednesday, 15 August 2012
မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန်ကိစ္စ အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်း သတင်းစာရှင်းလင်း
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ သို့ရောက် ရှိနေသော စင်ကာပူနိုင်ငံအခြေစိုက် အမေရိကန်စင်ကာပူ စီးပွားရေးလုပ်ငန်းစု( AmCham Singapore Business ) ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံတွင်
လာရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကိစ္စရပ်နှင့် ပတ်သက်၍
သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၁၅ ရက်ည ၇ နာရီ က ရန်ကုန်မြို့ Park Royal မှ ပြုလုပ်ခဲ့သည်။
င၀န်မြစ်ရေကြီး ရေဘေးဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်နေ
ယခုလဆန်းပိုင်းမှစတင်၍ဖြစ်ပေါ်ခဲ့သော င၀န်မြစ်ရေကြီးမှုကြောင့် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့် မြို့နယ်များတွင်လည်း ရွာလုံးကျွတ်ပြောင်းရွှေ့ရမှုများပြုလုပ်နေရပြီး ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးနှင့်စားနပ်ရိက္ခာအကူအညီများ အမြန်ဆုံးလိုအပ်လျှက်ရှိနေသည်။
တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာသည့် မုန်တိုင်း KAITAK(14W) ဟောင်ကောင်အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်မည်
ဖိလစ်ပိုင်ပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် အပူပိုင်း မုန်တိုင်း KAI-TAK(ဖိလစ်ပိုင်အမည် HELEN)သည် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို ဖြတ်ကျော်တိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ် သို့ ရောက်ရှိကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပါသည်။
သြဂုတ်လ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် တွေ့မြင်ရသည့်
မုန်တိုင်း KAI-TAK(အပေါ်ပုံ)၇၂ နာရီနောက်ပိုင်း လေဖိအားနည်းရပ်ဝန်းအဆင့်မှ
အားပျော့ပျက်ပြယ်သွားမည့် မုန်တိုင်း KAI-TAK (14W) လမ်းကြောင်း နှင့်
မုန်တိုင်းအကြွင်းအကျန်များဆက်လက်ရွေ့လျားနိုင်မည့်
လမ်းကြောင်းခန့်မှန်းပုံ
တူရကီနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကြိုဆို
တူရကီနိုင်ငံခြားရေးဝန်ကြီး၏အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအ ဖွဲ့(OIC)မှအရာရှိများ၏မကြာ သေးမီ က သွားရောက်ခဲ့သော မြန်မာနိုင်ငံ ခရီးစဉ်အား မြန်မာနိုင်ငံဆိုင် ရာကုလသမဂ္ဂထိပ်တန်းကိုယ်စားလှယ်က ကြိုဆို လိုက်သည်။
အသိအမှတ်ပြု အကောင့် ပုံစံသစ်ကို Google ၏ လူမှုကွန်ရက်ဆိုက်တွင် ထပ်ဆောင်း ထည့်လာ
Google ကုမ္ပဏီမှာ ၎င်း၏ အွန်လိုင်း လူမှုကွန်ရက် ဝက်ဆိုက်အတွင်း
အသုံးပြုသူများကို Facebook နှင့် Twitter တို့တွင် ပေးထားသည့်
အသိအမှတ်ပြုအကောင့် ပုံစံကဲ့သို့သော ပုံစံသစ် တစ်မျိုးကို စတင် ဝန်ဆောင်မှု
ပေးလိုက်ပြီ ဖြစ်ကာ အသုံးပြုသူ အချို့ အနေဖြင့် ၎င်းတို့၏ သီးသန့် Google+
စာမျက်နှာထက် တွင် အမည်များကို တင်နိုင်တော့မည် ဖြစ်သည်။
ဖန်တီးလုပ်ကြံထားတဲ့ ဓါတ်ပုံတွေ အသုံးပြုပြီး သတင်းအမှား ထုတ်လွှင့်ခြင်း မပြုရန် ပြည်ပအခြေစိုက် တိဗက်ဘုန်းတော်ကြီးများအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာ
ဗုဒဘာသာနဲ့ မူဆလင် အုပ်စုတွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမား လာအောင် တိဗက်ဘုန်းတော်ကြီးတွေ ပါဝင်နေတဲ့ ဓါတ်ပုံတွေကို တစ်လွဲအသုံးချပြီး ဆောင်ရွက်နေတာတွေ မပြုလုပ်ဖို့၊ ဒီဓါတ်ပုံတွေကို ကမ္ဘာ
တစ်ဝှမ်းရှိ သတင်းမီဒီယာများအနေနဲက အသုံး မပြုကြဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။
တိဗက်
ဘုန်းကြီးတွေ ပါဝင်နေတဲ့ ဒီဓါတ်ပုံတွေကို မူဆလင်နိုင်ငံတွေက
ဝက်ဘ်ဆိုက်တွေမှာ ဖြန့်ဖြူးနေ တာ ဖြစ်ပြီး အဓိကအားဖြင့် ပါကစ္စတန်နိုင်ငံဟာ
မြန်မာနိုင်ငံက ဖြစ်စဉ်တွေကို သတင်းတင်ပြရာမှာ လူသေအလောင်းတွေရှေ့မှာ တိဗက်
ဘုန်းကြီးတွေ မတ်တပ်ရပ်နေတဲ့ ဓါတ်ပုံတွေ အသုံးပြ ဖော်ပြေ န ကြကြောင်း၊
ယင်းဓါတ်ပုံများမှာ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့က တိဗက်အရှေ့ပိုင်း
Kyegudo (Yushul) မှာ မြေငလျင်လှုပ်ခတ်ခဲ့စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံများသာ
ဖြစ်ကြောင်း Central Tibetan Administration က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့် အရောက်ပျံသန်းနိုင်မည့် ခရီးသည်တင်လေယာဉ်
လန်ဒန်မှ နယူးယော့ခ်သို့ တစ်နာရီဖြင့်
အရောက်ပျံသန်းနိုင်မည့် မျိုးဆက်သစ် ခရီးသည်တင် လေယာဉ် အမျိုး အစား တစ်ခုကို
အမေရိကန်တွင် သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ မြန်နှုန်း Mach 6ထိ
ပျံသန်းနိုင်ပြီး တစ်နာရီလျှင် မိုင်ပေါင်း(၄၅၀၀) ခရီးပေါက်မည့် လေယာဉ်
တစ်စင်းသည် အနာဂတ်ကာလ ခရီးသည် ပို့ဆောင်ရေး ကဏ္ဍတွင် အသုံးပြုလာနိုင်ဖွယ်
ရှိနေသည်။ လေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၅)ကျော် မောင်းနှင်နိုင်ခြင်းဖြင့်
လက်ရှိ လေယာဉ်များ ပျံသန်းနေသည့် ခရီးတာ အချိန်ရှည်လျားမှု ကို
လျှော့ ချနိုင်မည် ဖြစ်သည်။ အသံလွန်နှုန်းဖြင့် မောင်းနှင်သော X-51A
WaveRider လေယာဉ်သည် အမေရိကန် စစ်တပ်က ပိုင်ဆိုင်ပြီး နောက်ဆုံးပေါ်
Scarmjet နည်းပညာသုံး အင်ဂျင်ဖြင့် မိုင်နှုန်းမြင့် မားစွာ
မောင်းနှင်နိုင်ကြောင်း သိရသည်။
အိုင်အင်န်ဂျီအိုများအပေါ် အစိုးရ၏ ထိန်းချုပ်မှု လျှော့ပေါ့သက်သာလာ
ထိုင်းကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို နှစ်ရက်ကြာ ခရီး လာရောက်မည်
ထိုင်းကာကွယ်ရေးဝန်ကြီး
လေတပ်ဗိုလ်ချုပ်ကြီး Sukampol Suwannathat သည် မြန်မာနိုင်ငံသို့
၂ရက်ကြာ အလည်အပါတ်ခရီးအဖြစ်ယနေ့မနက်ပိုင်းကထွက်ခွာသွားခဲ့သ ည်။ခရီးစဉ်အတွင်း မြန်နိုင်ငံအ ကျဉ်းထောင် တွင် ဖမ်းဆီးခံထားရသော
ထိုင်းနိုင်ငံသား၉၂ဦး လွတ်မြောက်ရေးအတွက် ဆွေးနွေးမည်ဖြစ်ကြောင်း
ထိုင်း သတင်းအေဂျင်စီများသို့ပြောကြားခဲ့ကြောင့် Bernama သတင်းစာတွင်ဖေါ်ပြထားသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတကသိုလ် (ရန်ကုန်)သို့ ကိုလံဘီယာ နိုင်ငံနှင့် နီပေါနိုင်ငံတို့မှ လာရောက် လေ့လာ
ကိုလံဘီယာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ
ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့သည် သြဂုတ် ၁ဝ ရက် နံနက် ၁ဝ နာရီက
ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ် ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) သို့လာရောက်ပြီး
ဌာနတစ်ခုချင်း အလိုက် ကျောင်းသား၊ ကျောင်းသူများ စာတွေ့ လက်တွေ့ သင်ကြား နေမှုများ ကို ကြည့်ရှု လေ့လာ ကြသည်။
ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီ ကို ဆန္ဒပြမည်
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တွင် ခရိုင် / မြို့  နယ် ညီလာခံ ကျင်းပရေး ကော်မတီဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ ပါတီဝင် ၂၀၀ ကျော်က
ပါတီရုံးရှေ့  တွင် သြဂုတ်လ ၂၀ ရက်နေ့တွင် ဆန္ဒဖော်ထုတ်မည်ဟု ကော့သောင်းမြို့ နယ် NLD မှ ဦးမျိုးလွင် က ပြောကြားသည်။
""ဒုသမ္မတ(၂)အကြောင်းတစေ့တစောင်း""
စစ်တက္ကသိုလ်အပါတ်စဉ်(၁၆)၊အောင်ေ ဇယျတပ်ခွဲဆင်းဖြစ်ပါတယ်။တပ်မတော်(ရေ)တွင်ဒုဗိုလ်မှဗိုလ် ချုပ်ကြီး အထိတာဝန်ထမ်းဆောင်ခဲ့သည်။ဇီးကုန်းသားတယောက်ဖြစ်ပြီး ၊ လူရည်ချွန် ၂ ထပ်ကွမ်းရရှိခဲ့ ပါ တယ်။ အမေရိကန်/ အင်္ဂလန်တို့တွင်တပ်မတော်ဆိုင်ရာသင်တန်းများစွာတက်ရောက်ခဲ့သူဖြစ်ပါတယ်။
အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ) သင်တန်းတွင် မြန်မာ တပြည်လုံး ပထမ ရရှိခဲ့ပါတယ်။
ဥတ္တရရက္ခိတဒေသကိုလှမ်းမျှော်ကြည့်ခြင်း
သမ္မတကြီးနဲ့
ဗီအိုအေ ဦးသန်းလွင်ထွန်းတို့ရဲ့ တွေ့ဆုံမေးမြန်းခန်းအရ နောက်ဆုံးတော့
အစိုးရဟာ Social integration ဆိုတဲ့ မျိုချတဲ့နည်းလမ်းကို ရွေးလိုက်ပြီလို့
သတိပြုမိပါတယ်။
ဒီတစ်ခေါက်သမ္မတကြီးရဲ့ အင်တာဗျူးမှာ ပြောခဲ့တာဟာ ဟိုးတစ်ခါ UNHCR က အကြီးအကဲ Antonio Guterres ကိုပြောခဲ့တဲ့ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး ဒုက္ခသည်အဖြစ်လက်ခံထားပြီး တတိယနိုင်ငံက လက်ခံရင် ပို့ပေးမယ် ဆိုတဲ့စကားနဲ့တော့ လုံးဝနီးပါးဆန့်ကျင်ဘက်ပဲ။
ဒီတစ်ခေါက်သမ္မတကြီးရဲ့ အင်တာဗျူးမှာ ပြောခဲ့တာဟာ ဟိုးတစ်ခါ UNHCR က အကြီးအကဲ Antonio Guterres ကိုပြောခဲ့တဲ့ မြန်မာနိုင်ငံသားတွေမဟုတ်ဘူး ဒုက္ခသည်အဖြစ်လက်ခံထားပြီး တတိယနိုင်ငံက လက်ခံရင် ပို့ပေးမယ် ဆိုတဲ့စကားနဲ့တော့ လုံးဝနီးပါးဆန့်ကျင်ဘက်ပဲ။
"ပြည်သူတို့၏ တိုင်ကြားစာ အစိုးရအဖွဲ့ ကိုင်တွယ်မှု အားနည်း"
ပြည်သူတို့၏
တိုင်ကြားစာများအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့မှ ပြန်ကြား
ချက်နည်းပါးနေကြောင်း ပြည်သူ တို့၏ တိုင်ကြားစာနှင့် အသနားခံစာ
ဆိုင်ရာကော်မတီမှ သြဂုတ် ၁၃ ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့
အစီရင်ခံတင်သွင်းသည့်အထဲတွင် ပါရှိသည်။ ပြည်သူတို့၏ တိုင်ကြားစာနှင့်
အသနားခံစာ ဆိုင်ရာ ကော် မတီ သို့ တိုင်ကြားစာပေါင်း ၁ဝ၃၉ စောင် ရောက်
ရှိခဲ့ပြီး ကော်မတီမှ ပြည် ထောင်စုအစိုးရသို့ လွှဲပြောင်းပေး အပ်ရာတွင်
အစိုးရအဖွဲ့မှ ပြန်ကြားချက်များ လက်ခံရရှိမှု နည်းပါးနေသဖြင့်
လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ၊ အသနားခံစာ အမှုတွဲများအား
အချိန်နှင့် တစ်ပြေး ညီ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း အဆိုပါကော် မတီမှ
အစီရင်ခံခဲ့သည်။
ရန်ကုန်-ပုသိမ် ကားလမ်း အကန့်အသတ်မရှိ ပိတ်ထားရ
ရန်ကုန်-ပုသိမ် ကားလမ်းပေါ်ရှိကြိမ်ချောင်းတံတား အနီးတွင်ရေတိုက်စားမှုကြောင့်ကားလမ်းဆိုးဆိုးရွားရွား
ပျက်စီး သွားသဖြင့် ရန်ကုန်-ပုသိမ် ကားလမ်းကိုယနေ့(၁၅.၈.၂၀၁၂)မွန်း လွဲပိုင်းမှစတင်ပြီးအ ကန့်အသတ် မရှိ ပိတ်ထားရကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်ပုသိမ်မြို့ခံတ စ်ဦးကပြောသည်။
ယခင်ရက်များက ည၈း၀၀နာရီမှမနက်၅း၀၀နာရီအထိသာယာ ဉ်သွားလာမှုကိုပိတ်ထားခဲ့ခြင်ြး ဖစ်ကြောင်း လဲသိရသည်။
"လျှံထွက်နေသော မှောင်ခိုဈေးကွက်ကို အလဲထိုးတော့မည်ဟု ဆို"
မှောင်ခိုတင်သွင်းမှု
များပြားနေ၍ နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ဇူလိုင်လမှစကာ သိသိသာသာကျ
ဆင်း လာနေခြင်းကြောင့် ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဟု စီးပွား/ကူးသန်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ ''အရေးမယူတဲ့ အတွက် ပိုပြီး
ဆိုးလာဖို့ပဲ ရှိပါတယ်'' ဟု ပြည် ထောင်စုဝန်ကြီး က ပြောသည်။ နယ်စပ်
ကုန်သွယ်မှု အဓိက နေရာများဖြစ်သည့် မူဆယ်နှင့် မြ ဝတီ လမ်းကြောင်းတို့မှ နေ၍
ကန်ဒေါ်လာ ၅ သန်းမှ ၁ဝ သန်းအ ထိ မှောင်ခိုလုပ်နေကြကြောင်း၊ နယ်
စပ်ဂိတ်များမှ နေ၍ပါလမ်းကြောင်း တစ်ကြောင်းဖြင့် မှောင်ခိုလုပ်နေ ကြသည်ဟု
ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။
Subscribe to:
Posts (Atom)



.2.jpg)





