Thursday, 21 January 2016

မြွေကိုက်ခံရပါက စနစ်တကျရှေးဦးပြုစုခြင်း ပညာပေးနှိုးဆော်

မြွေဆိုးကိုက်သောအခါ မေးရိုးရှိကြွက်သားများက အဆိပ်အိတ်ကို ဖိနှိပ်သဖြင့် ဆေးထိုးအပ်ဖြင့်ထိုးသွင်းသကဲ့သို့ အဆိပ်များသည် ကိုက်သည့် နေရာအတွင်းသို့ ဝင်သွားပါသည်။ ကြွက်သားဖိအားဖြင့် ထိုးသွင်းခံရသော အဆိပ်ကို ပြန်ထုတ်ယူရန်မလွယ်ပါ။ မြွေဆိပ်သည် ကိုက်သောနေရာမှ ကိုယ်ခန္ခာတစ်ခုလုံးသို့ သွေးပြန်ကြောငယ်များ၊ သားငံရည်ကြောငယ်များမှ ပျံ့နှံ့ပါသည်။ ထိုအကြောများကို အနည်းငယ်ဖိရုံမျှဖြင့် သွေးစီးခြင်းကို ရပ်တန့်စေနိုင်သဖြင့် -

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြု

အင်းတော်ကြီးဘေးမဲ့တော(ဓာတ်ပုံ − အိဖြူမွန်)
မြန်မာနိုင်ငံ၏ ဒုတိယ မြောက်ရမ်ဆာရေတိမ်ဒေသအ ဖြစ် ကချင်ပြည်နယ်ရှိ အင်းတော် ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို အတည်ပြုသတ်မှတ် ကြောင်း သတင်းရရှိသည်။

Wednesday, 20 January 2016

ကျူရှင်စနစ် ကြီးစိုးနေမှုပြဿနာ အဖြေရှာတွေ့နိုင်မှာလား

နေပြည်တော်တွင် သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပနေစဉ်။ (ဓာတ်ပုံ - ပညာရေးဝန်ကြီးဌာန)
‘‘ကျူရှင်စနစ်ပျောက်ဖို့ဆို ရင် အောင်ချက် အဓိကထားတဲ့ စာမေးပွဲစနစ်ကို ပြောင်းပေးရမယ်။ သင်ကြားနည်းစနစ် ပြောင်းပေးရမယ်။ အဲဒါဆိုရင် ကျုရှင်က အလိုလိုပျောက်သွားလိမ့်မယ်’’ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

နိုင်ငံအတွက်အရေးကြီးသည့် မြန်မာစာစံစနစ်တစ်ခု ပြဿနာ

လာမည့်တစ်နှစ်အတွင်း ကွန်ပျူတာသုံး မြန်မာစာစံစနစ်အဖြစ် ယူနီကုတ်ကို နိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနှင့်မိုဘိုင်းဖုန်း အသုံးပြုသူအားလုံး ပြောင်းလဲသုံးစွဲရန် မြန်မာစာအဖွဲ့နှင့် ကွန်ပျူတာအသင်းချုပ်တို့က ဦးဆောင်၍ ပြီးခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။

ရေရှားမယ် ကြိုပြင်ထားပါ

ယခုနှစ်သည် အယ်လ်နီညိုရာသီဥတုနှစ်ဖြစ်၍ ရာသီဖောက်ပြန်ခြင်းများ ကြုံတွေ့ရပေမည်။ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
ယခုနှစ်သည် အယ်လ်နီညို ရာသီဥတုကို ပြင်းထန်စွာခံစားရ မည့်နှစ်ဟု ပညာရှင်များက ခန့်မှန်းထားကြပြီး အယ်လ်နီညိုအား ကောင်းမှုကြောင့် မိုးနည်းကာအပူဒဏ်ကို ဆိုးရွားစွာခံစားရတော့မည်ဖြစ်သည်။

၂၀၁၅ ခရီးသွားအ၀င် ယခင်နှစ်ထက် ထက်ဝက်ကျော်တိုး

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများ။ (ဓာတ်ပုံ-နစ်ကီ)
၂၀၁၅အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၄ဒသမ၇သန်းအထိ လာရောက်လည်ပတ်ခဲ့ပြီး ယမန်နှစ်ကထက် ၅၀ရာခိုင်နှုန်းကျော် တိုးတက်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လူသားအရင်းအမြစ် စိန်ခေါ်မှု ရင်ဆိုင်နေရသော အာရှဒေသ

(ဓာတ်ပုံ-THE straits times)
အာရှဒေသသည် လူသားအရင်းအမြစ်စိန်ခေါ်မှုဖြင့် ရင်ဆိုင်နေရပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း လုပ်သားအင်အားအရွယ်အစားနှင့် အရည်အသွေးတိုးတက်လာမှုများသည် အာရှဒေသကို ကမ္ဘာ့ကုန်ထုတ် ရောင်းဝယ်ဖောက်ကားမှု၏ ဗဟိုချက်ဖြစ်လာစေခဲ့သည်။ ယင်းနှင့်အတူ ဖွံ့ဖြိုးပြီး စီးပွားရေးအဆင့် အတန်းဝင်ငွေနှင့် လူနေမှုအဆင့်အတန်းဆီသို့ လျင်မြန်သော တိုးတက်မှုများကို ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော်အလုပ်သမားဈေး ကွက်လိုအပ်ချက်များကို လုပ်သားများ ဖြည့်ဆည်းနိုင်မှု လျော့ပါးလာနေသည်ဖြစ်ရာ အာရှဒေသက ရရှိခဲ့သည့် ထူးခြားသော ဖွံ့ဖြိုးတိုး တက်အောင်မြင်မှု လမ်းလွဲသွားနိုင်ပါသည်။

အစိုးရသစ်လက်ထက်တွင် ဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများက အလုပ်အကိုင်ရှားပါးမှုကို ဖြေရှင်းနိုင်

ရန်ကုန် MICT Park ၌ ဇန်န၀ါရီ ၁၆၊ ၁၇ ရက်များတွင် ပြုလုပ်ခဲ့သော အလုပ်အကိုင်ပြပွဲသို့ လာရောက်ကြသူများ။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ဖြေရှင်းရန် အစိုးရသစ်လက်ထက်ဝင်ရောက်လာမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်နေကြောင်း အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းကျွမ်းကျင်သူများက
ပြောသည်။

ရှေးဟောင်းမင်းလှခံတပ်သို့ ရေကြောင်းခရီးစဉ်မှ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာ

မင်းလှခံတပ်သို့ လာရောက် လည်ပတ်နေသည့် ကမ္ဘာလှည့် ခရီးသွားများကို ဇန်န၀ါရီလလယ်က တွေ့ရစဉ်
ပွင့်လင်းရာသီကာလတွင် မကွေးတိုင်း ရှေးဟောင်းမင်းလှခံတပ်သို့ ရေကြောင်းခရီးစဉ်မှ ကမ္ဘာလှည့်ခရီးသွား လာရောက် လေ့လာကြကြောင်း၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့ရှိ ရှေးဟောင်းမင်းလှခံတပ်သို့ ၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ကြောင်း ခရီးစဉ်မှ ကမ္ဘာလှည့် ခရီးသွား ၃၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ် တစ်ခုကို အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ်တစ်ခုကို အကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်နေကြောင်း သိရှိရသည်။

စီးပွားရေး အဆင်မပြေသဖြင့် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးကို ဓားဖြင့်ထိုးသတ်မှု ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွား

ဗိုလ်တထောင်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဗိုလ်တတောင် မြို့မရဲစခန်းက ဇန်န၀ါရီ ၁၉ ရက်တွင် စုံစမ်းသိရသည်။

'တူးပို့'စာလုံးအား သုံးစွဲနေမှု ရပ်တန့်မည်ဟု ထုတ်ပြန်ကြေညာ

Tuborg Beer ၏ 'တူးပို့'ဟူသော စာလုံးပေါင်းအား ဈေးကွက်တွင်း ဆက်လက်သုံးစွဲမှုကို ရပ်တန့်မည်ဖြစ်ကြောင်း Myanmar Carlsberg ကုမ္ပဏီက ဇန်န၀ါရီ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ပယ်ဖျက်ပေးရန် ဖရဲ၊ သခွားတောင်သူများ သက်ဆိုင်ရာသို့ တင်ပြမည်

ဈေးကွက်သို့ တင်ပို့မည့် ဖရဲသီးများ။ (ဓာတ်ပုံ-မျိုးမင်းဦး)
မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဖရဲ၊ သခွားစိုက်တောင်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ပယ်ဖျက်ပေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

NLD အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆို

ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ အစိုးရသစ်လက်ထက်တွင် အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကပြောကြားသည်။

အရက်နာမကျသည့် အရက်တစ်မျိုး တီထွင်အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာဖော်ပြ

မြောက်ကိုရီးယား သိပ္ပံပညာရှင်များက အရက်နာကျမှု လုံးဝမဖြစ်စေသည့် အရက်တစ်မျိုးကို တီထွင်လိုက်ကြောင်း ပြည်တွင်း မီဒီယာများ၏ အဆိုအရ သိရှိရသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသူ ပါးကွက်သား ဂျီဟတ်ဒီဂျွန် သေဆုံးပြီဟု အိုင်အက်စ် အတည်ပြု

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့၏ နာမည်ဆိုးဖြင့်ကျော်ကြားသူ ပါးကွက်သား ဂျီဟတ်ဒီဂျွန် သေဆုံးသွားပြီဟု အိုင်အက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြ၀တီမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မြ၀တီမြို့တွင် ဇန်န၀ါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က သေ နတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးကျည်ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြ၀တ်ီ ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြောက်ဦး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရန် ကျပ်သိန်းငါးထောင်ကျော် ခွင့်ပြု

မြောက်ဦး ရှေးဟောင်းဒေသရှိ ပြုပြင်ထိန်းသိမ်းရမည့် နန်းသားကန် (ဓာတ်ပုံ − မောင်ကံ)
၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းရေးလုပ်ငန်း ရှစ်ခု ဆောင် ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ ရန်ပုံငွေမှ ကျပ်သိန်း ၅,၃၀၀ ကျော် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

အာဆီယံစွမ်းအင် ၀န်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် အာဆီယံစွမ်းအင်ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယခုနှစ် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မန္တလေး-မြစ်ကြီးနား စာပို့ရထားစက်ခေါင်း မီးလောင်

မန္တလေးမှ မြစ်ကြီးနား သို့ ထွက်ခွာလာသော အဆန်စာ ပို့ရထားသည် မိုးညှင်းဘူတာသို့ မရောက်မီ ကာဒူဘူတာအနီးတွင် ရထားစက်ခေါင်းမီးလောင်ခဲ့ပြီး လောင်ကျွမ်းချိန် နာရီဝက်ကြာ မြင့်ခဲ့ကြောင်း မန္တလေးတိုင်း ဘူ တာကြီးမှ သတင်းရရှိသည်။