Monday, 18 January 2016

နယ်သာလန်မှ မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ လှူဒန်း

လယ်ယာစိုက်ပျိုးရေနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းဦးစီးဌာနကို နယ်သာလန်နိုင်ငံ နိုင်ငံတကာပူပေါင်းဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Mrs. Reina Buijs က တာ/တမံစစ်ဆေးရာတွင် အသုံးပြုသည့် Prikstok မြေသားအရည်အသွေး ဆန်းစစ်မှုကိရိယာ အခု ၁၅၀ကို လှူဒါန်းခဲ့ကြောင်း နယ်သာလန်သံရုံးထုတ်ပြန်ချက်အရသိရသည်။
ရိုးရှင်းသည့်ကိရိယာတစ်ခုဖြစ်ပြီးနယ်သာလန်နိုင်ငံတွင်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများ၏ တာ/တမံများကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာရှည်ခံနိုင်ဝန်အားကိုစမ်းသပ်စစ်ဆေးနိုင်သည့် အတွက် အလွန်အသုံးဝင်သည့် ကိရိယာတစ်ဖြစ်ကြောင်းယင်းအပြင် ရေစိမ့်လွှာများကြွက်တွင်းများနှင့်ခြတွင်းများကို တာ/တမံများအတွင်း ရှာဖွေရာတွင် အလွန်အသုံးဝင်သော ကိရိယာ သိရသည်။

ရန်ကုန်မြို့တွင် ကားပါကင် ခွင့်ပြုမိန့် ဆက်လက်ဆောင်ရွက်မည်


မော်တော်ယာဉ် ဝယ်ယူအသုံးပြုသူတစ်ဦး အနေဖြင့် မိမိပိုင်ဆိုင်သည့် ဧရိယာအတွင်းယာဉ်ထားရှိရန် နေရာရှိမှသာ ကားဝယ်ယူသင့်တာကြောင့် ကားပါကင် ခွင့်ပြုမိန့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်း က ပြောကြားသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကားပါကင်ခွင့်ပြုမိန့် ထုတ်ပေးခြင်းဆိုင်ရာ ခရိုင်၊ မြို့နယ် စိစစ်ရေးအဖွဲ့များသို့ တင်းကြပ်စွာ ထိန်းကွပ် ဆောင်ရွက်လျက်ရှိပါတယ်၊ ကားပါကင် လျောက်ထားလို့ အခကြေးငွေ တောင်းခံမူများရှိပါက ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်" ဟု ဇန်နဝါရီလ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒုတိယဝန်ကြီးပွင့်ဆန်းက ပြောကြားခဲ့သည်။

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၁၆ အတွက် အလားအလာကောင်း

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၁၆ ခုနှစ်တွင် အလားအလာကောင်းများ ရှိနေပြီး ကမ္ဘာလှည့်ဧည့်သည်ဦးရေ ပို၍ တိုးများလာနိုင်ဖွယ်ရှိနေသည်။ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအထိ ခရီးသွားဧည့်သည် လာရောက်မှုက ၄ ဒသမ ၂ သန်းအထိရှိခဲ့သည်။ ၂၀၁၆ ဧပြီမကုန်မီ ဧည့်ဝင်ရောက်မှု ငါးသန်းအထိ ရောက်ရှိလာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်း ၄၇ ခု၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ၂၀၁၁ က စီမံကိန်း ၃၆ ခုမှ ဒေါ်လာ ၁ ဒသမ ၁၄ ဘီလီယံရရှိခဲ့သည်ထက် ၁ ဒသမ ၅ ဘီလီယံ တိုးပွားလာခဲ့ခြင်းဖြစ်သည်။

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းလျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံး ပြန်လည်စစ်ဆေးသင့်ကြောင်း MCPWC အကြံပြု

မြန်မာ - တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း လျော်ကြေးပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးအား အထူးစုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ပြန်လည် စစ်ဆေးသင့်ကြောင်း မြန်မာ - တရုတ် ပိုက် လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)က အစိုးရသို့ အကြံပြုပြောကြားလိုက်သည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Summit Park View Hotel တွင် ဇန်န၀ါရီ ၁၈ရက်နေ့က ပြုလုပ်သည့် " မြန်မာ - တရုတ် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ လူမှုတရားမျှတမှုကိုရှာဖွေခြင်း " စာအုပ်မိတ်ဆက်ပွဲနှင့် ဆွေးနွေးပွဲတွင် ယင်းကော်မတီ၏ ညှိနှိုင်းရေးမှူး ဦးရဲသိန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝှက်စာပို့စနစ်နှင့်ပတ်သက်သည့် မူဝါဒများ ပေါ်ပေါက်လာရန် နိုင်ငံပေါင်း ၂၀၀ ခန့်လက်မှတ်ရေးထိုး

နည်းပညာထုတ်ကုန်များအကြား လျှို့ဝှက်ကုတ်အသုံးပြု ၍ပို့ရသော လုံခြုံသည့် ဝှက်စာပို့စနစ် (Encryption)ကိုပိုမိုအားကောင်းလာစေမည့် မူဝါဒများ ပေါ်ပေါက်လာစေရန် လှုပ်ရှားမှုတွင် နိုင်ငံတကာမှ အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်နှင့်အတူ ပူးပေါင်း၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာ့ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO)က သတင်းထုတ်ပြန် သည်။

အီရတ်တွင် အမေရိကန် နိုင်ငံသားများ ပျောက်ဆုံးနေကြောင်း အမေရိကန်သံရုံး အတည်ပြု

ဘဂ္ဂဒက်မြို့လယ် တစ်နေရာကို တွေ့မြင်ရစဉ်
အီရတ်နိုင်ငံအတွင်း အမေရိကန် နိုင်ငံသားအချို့ ပျောက်ဆုံးနေကြောင်း ဘဂ္ဂဒက်မြို့တော် အခြေစိုက် အမေရိကန် သံရုံးက အတည်ပြု ပြောကြား ခဲ့သည်။

Thursday, 14 January 2016

ပြင်ဆင်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်အတည်ပြု

ကျေးရွာရပ်ကွက်အုပ်ချုပ် ရေးမှူးများ သက်တမ်းကို နိုင်ငံတော် သမ္မတ ၏ သက်တမ်းနှင့်အညီသတ်မှတ် ပြင်ဆင် ထားသည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို အမျိုးသားလွှတ်တော်က ယမန်နေ့က အတည်ပြုလိုက်သည်။
ဇန်န၀ါရီ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကို
ဒုတိယအကြိမ်ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးပြီးနောက် ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော

မြန်မာနိုင်ငံသို့ အကြမ်းဖက်သမားများ မဝင် ရောက်စေရန် အကြမ်းဖက်အုပ်စု များ၊ ယင်းအုပ်စုတို့နှင့်ဆက်နွှယ် သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကပြောသည်။

‘‘သူတို့ရဲ့ငွေကြေးနဲ့ရန်ပုံငွေ များကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ထိန်းချုပ်နိုင်ရန် ဘဏ်နှင့် ငွေရေး၊ ကြေးရေးအဖွဲ့အစည်း များထံသို့ တားမြစ်မိန့်ထုတ်ပြန်ပြီး ရန်ပုံငွေများအား စိစစ်ဆောင် ရွက်နေပါတယ်’’ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ် မှူးချုပ် ကျော်ဇံမြင့်က ပြောသည်။ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့်အမျိုးသားလွှတ်တော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကိုယ် စားလှယ်ဦးခင်မောင်ရီက အစွန်း ရောက်အကြမ်းဖက်သမားများ ဝင်ရောက်ခြင်းကိစ္စမျိုးအတွက် ကြိုတင်ကာကွယ်ရေးအစီအစဉ် များ၊ စောင့်ကြပ်ကြည့်ရှုသည့်စ နစ်နှင့် အရေးပေါ်ကိစ္စပေါ်ပေါက် လာပါက ဆောင်ရွက်နိုင်သည့်အ စီအစဉ်များနှင့်ပတ်သက်၍ မေး မြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Wednesday, 13 January 2016

မြန်မာ့တပ်မတော်က ပါကစ္စတန်လုပ် တစင်းလျှင် ဒေါ်လာ ၃၅ သန်းတန် JF-17 ဂျက်တိုက်လေယာဉ် ၁၆ စင်း ၀ယ်ယူခဲ့ဟုဆို

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်လုပ် JF-17 ဂျက်တိုက်လေ ယာဉ် ၁၆ စင်းကို အော်ဒါမှာယူခဲ့ ကြောင်းနှင့် မြန်မာသည် ပါကစ္စတန်ဂျက်တိုက်လေယာဉ်ကို ပထမဆုံး နိုင်ငံတကာဝယ်ယူသူဖြစ်ကြောင်း ပြည်ပသတင်းဝက်ဘ်ဆိုက်တခုက ဖော်ပြသည်။ ပါကစ္စတန်ဂျက်တိုက်လေယာဉ်ကို ၀ယ်ယူရန် အဇာဘိုင်ဂျန် နိုင်ငံနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့ကလည်း စိတ်ဝင်စားကြောင်း ပါကစ္စတန်သမ္မတ မာနွန်းဟူစိန်က မကြာသေးမီက ပြောကြားသည်။

အခြေခံပညာကဏ္ဍ အတန်းအသီးသီးအလိုက် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲလျက်ရှိ

သူငယ်တန်း သင်ရိုးညွှန်းတမ်း စာအုပ်သစ်အား တွေ့ရစဉ်
အခြေခံ ပညာကဏ္ဍ အတန်းအသီးသီး အလိုက် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲလျက်ရှိကြောင်း ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့ သိရသည်။

သမိုင်းဝင် နေရာဒေသများကို စနစ်တကျ စီမံကွပ်ကဲ ထိန်းသိမ်းထားရှိရေး

ယခုရက်ပိုင်းအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပေါင်းလောင်းတောင်ကြောပေါ်က ကျိုက်ထီးရိုးစေတီတွင် ဘုရားဖူးခရီးသည်များ လွန်စွာများပြားလှသည်ကို သတင်းများတွင် ဖတ်ကြရ ပါသည်။

ငါးကြိမ်မြောက် Ballon d'Or ဆုရှင် မက်ဆီကို Adidas မှ ပလက်တီနမ် ဖိနပ် လက်ဆောင်ပေးအပ်

ငါးကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် လီယွန်နယ်မက်ဆီကို ၎င်း၏ စပွန်ဆာကုမ္ပဏီဖြစ်သည့် adidas မှ ပလက်တီနမ်အစစ်ဖြင့် ပြုလုပ်ထားသော အဖြူရောင် ဖိနပ်တစ်ရံ လက်ဆောင်ပေးအပ်ခဲ့သည်။

ထားဝယ်မြို့တွင်းအမှိုက်ပုံးပုံစံအသစ် ၁၀ဝခန့်ထားရှိမည်ဟုဆို

ထားဝယ် မြို့တွင်းတွင် အမှိုက်ပုံးပုံစံအသစ် ၁၀ဝခန့်အထိ ထားရှိသွားမည်ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

လိပ်ကျွန်းအမှု အယူခံကာလ တစ်လထပ်တိုးရန် တောင်းဆိုမည်

လိပ်ကျွန်း အမှုသေဒဏ်ကျ မြန်မာနှစ်ဦးအတွက် အယူခံဝင်နိုင်ရေး အချိန်တစ်လထပ် တိုးတောင်းရန် ထိုင်းရှေ့နေအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အမှုဖွင့်လျှင် အချိန်ကြာမည်စိုးသဖြင့် လုပ်ခမရဘဲ ပိတ်လှောင်ခံ ထား ရသော ထိုင်းပုစွန်စက်ရုံမှ မြန်မာ လုပ် သား များ အိမ်ပြန်ခြင်းဖြစ် ဟုဆို


ထိုင်းပုစွန် စက်ရုံတွင်လုပ်ခမရဘဲ ပိတ်လှောင်ခံ ထားရခြင်းအပေါ် အမှုဖွင့်လျှင် အ ချိန်ကြန့်ကြာမည် စိုးသဖြင့် မြန်မာ လုပ်သားများ အိမ်ပြန်သွားကြခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအဖွဲ့ MAT မှ ပြန်ကြား ရေးတာဝန်ခံ ကိုစောမောင်က ပြော သည်။

စတော့ရှယ်ယာများ ပုံနှိပ်မီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာတို့မှ တစ်ဆင့် ကမ်းလှမ်းရောင်းချနေမှုများ ဥပဒေနှင့်အညီ အရေးယူမည်

စတော့ ရှယ်ယာများအား ပုံနှိပ်မီဒီယာများ နှင့် လူမှုကွန်ရက်စာမျက်နှာ (Facebook) တို့မှတစ်ဆင့် ကမ်းလှမ်း ရောင်း ချနေခြင်းကြောင့် အများပြည် သူများဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင် သဖြင့် ဥပဒေနှင့်အညီအရေးယူနိုင် ရန်ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေး ကော်မရှင်မှ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးသူခိုးဟု စွပ်စွဲခံရပြီး နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံခဲ့ရကာ ဆေးကုသမှုမရှိဘဲ ရဲစခန်းတွင် ၂၄ နာရီကျော် ထိန်းသိမ်းခံခဲ့ရသည့် အမျိုးသမီးက ပုဒ်မသုံးခုဖြင့် အမှုဖွင့်

မကွေးမြို့နယ် မိချောင်းရဲတိုက်နယ် စိုင်ကျကျေးရွာသို့ ဇန်န၀ါရီ ၅ ရက်က ရန်ကုန်တိုင်း ကျောက်မြောင်းမှ လက်ဝတ်ရတနာများ လာရောက်ရောင်းချသူ မယုယုချိုအား ကလေးသူခိုးဟု စွပ်စွဲပြီး ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ကျေးရွာနေ လူ ၃၀ ခန့်က နံရိုးနှစ်ချောင်း ကျိုးသည်အထိ ရိုက်နှက်ခံခဲ့ရကာ ဆေးကုသပေးမှုမရှိဘဲ မိချောင်းရဲ နယ်မြေစခန်းတွင် ၂၄ နာရီကျော် ထိန်းသိမ်းခံခဲ့ရခြင်းကြောင့် ရိုက်နှက်ခံခဲ့ရ သူက ကျေးရွာအုပ်ချုပ်ရေးမှူးပါ အဖွဲ့အား ပုဒ်မသုံးခုဖြင့် အဆိုပါ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ထိုရဲစခန်းစခန်းမှူးနှင့် မကွေးမြို့နယ် ရဲစခန်း တာဝန်ရှိသူများထံမှ သတင်းရသည်။

မိန်းကလေးငယ်များအား ပြည့်တန်ဆာအဖြစ် ခိုင်းစေနေသည့် အမျိုးသမီးကို နိုင်ငံခြားသားတစ်ဦး၏ သတင်းပေးမှုဖြင့် ဖမ်းမိ

မိန်းကလေးငယ်များ အား ပြည့်တန်ဆာအဖြစ်ခိုင်းစေ နေသည့် အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသားတစ်ဦး၏ သတင်း ပေးမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေ နမ်ဘီးယား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ (၃) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နိုင်ငံခြားဘာသာတက္ကသိုလ် ညနေပိုင်းသင်တန်းများ သင်တန်းသား ၁၀၀၀ ကျော်လက်ခံ

နိုင်ငံခြားဘာသာတက္ကသိုလ် ညနေပိုင်း သင်တန်းသားများ လက်ခံနေစဉ် (ဓာတ်ပုံ - YUFL)
နိုင်ငံခြားဘာသာတက္က သိုလ်(ရန်ကုန်)တွင် ဖွင့်လှစ်မည့် ညနေပိုင်း နိုင်ငံခြားဘာသာစကား သင်တန်းများအတွက် သင်တန်း သား ၁၀၀၀ ကျော်လက်ခံထားပြီး ဂျပန်ဘာသာစကားသင်တန်းမှာ သတ်မှတ်ထားသည့် လူဦးရေ ထက် နှစ်ဆခန့် တိုးမြှင့်လက်ခံခဲ့ရ ကြောင်း သတင်းရရှိသည်။