Monday, 11 January 2016

သစ်တောပြုန်းတီးမှု ကာကွယ်ရန် စနစ်မကျသည့် သစ်ခုတ်လှဲစနစ် ဖျက်သိမ်းမည်

သစ်ထုတ်လုပ်ရာတွင် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သော ခုတ်လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့်စနစ် Modified Procedure ကို ယခုနှစ် သစ်ထုတ်ရာသီမှစ၍ ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်သစ်တောရေးရာဝန် ကြီးဌာနမှ သတင်းရရှိသည်။
သစ်တောများမှ တိုင်းပြည် ၀င်ငွေရှာဖွေခဲ့သည့် နှစ်များအ တွင်း သစ်မထုတ်လုပ်မီ သတ် မှတ်ဧရိယာရှိ ကန့်သတ်လုံးပတ် ပြည့်မီသော သစ်ပင်များ ရွေးချယ် ၍ တံဆိပ်ကပ် ပင်ထောင်ရိုက် သည့်စနစ်ကို ပယ်ဖျက်ကာ ခုတ် လှဲပြီးသစ်ကိုသာ တံဆိပ်ရိုက် ရောင်းချသည့် Modified Procedure စနစ်ကို ကျင့်သုံးခဲ့ သည်။

ပါရီရဲစခန်းကို တိုက်ခိုက်ရန် ကြိုးစားသူသည် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်နေ

ဓားဖြင့်ရမ်းကားသူကို နှိမ်နင်းပြီးနောက် ပြင်သစ်ရဲတပ်ဖွဲ့ မိုင်းရှင်းပညာရှင် တစ်ဦး ချဉ်းကပ်စစ်ဆေးနေစဉ်။
ပါရီမြို့တော် အနီးတွင် ရဲစခန်းတစ်ခုကို တိုက်ခိုက်ရန် ကြိုးစားခဲ့သူသည် ဥရောပသို့ ခိုလှုံဝင်ရောက်လာသည့် ရွှေ့ပြောင်းဒုက္ခသည် တစ်ဦးဖြစ်ကြောင်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပါရီမြောက်ပိုင်း ရဲစခန်း တစ်ခုအနီးတွင် မြက်ခုတ်ဓား တစ်လက်နှင့် ဖောက်ခွဲရေး ကိရိယာ အတုတစ်ခုတို့ကို ကိုင်ဆောင် ရမ်းကားနေသည့် အမျိုးသား တစ်ဦးကို လုံခြုံရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့သည်။

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီကွယ်လွန်

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီသည် အသက် ၆၉ နှစ်အရွယ်၊ ဇန်နဝါရီ ၁၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


၎င်း၏ သားဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဒန်ကန်ဂျုံးစ်က ကင်ဆာရောဂါဖြင့် ဖခင်ကွယ်လွန်သွားကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့သည်။

“ဘိုဝီဟာ မိသားစုဝင်တွေ စုံစုံညီညီ ရှိနေချိန်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားပါတယ်။ သူဟာ ကင်ဆာရောဂါကို ၁၈ လကြာအောင် ရဲရဲရင့်ရင့် ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Saturday, 9 January 2016

ဟားခါး မိုးကြီးရေဘေးဒုက္ခသည်များအတွက် နေအိမ် ထက်ဝက်ပြီးစီး

ချင်းပြည်နယ်အတွင်း ၂၀၁၅ခုနှစ်အတွင်း မြေပြိုမှု ဖြစ်ပွားစဉ်။ (ဓာတ်ပုံ- MNA)
ချင်းပြည်နယ် ဟားခါးဒေသရှိ မိုးကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အိမ်ရာများအတွက် ပြန်လည်ဆောက်လုပ် ပေးလျက်ရှိရာ မူလမျှော်မှန်းချက်၏ ထက်ဝက်ဖြစ်သော အလုံးရေ ၂၀၀ ပြီးစီးသွားပြီဟု သိရသည်။

ထိုင်းနိုင်ငံ၌ ကလေးများနေ့ ကျင်းပရာပွဲလမ်းသဘင်တွင် ပွဲစင်ပြိုကျမှုဖြစ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇန်နဝါရီ ၉ ရက် ကလေးများနေ့ကျင်းပရာ ဆီယမ်ပါရာဂွန်ရှော့ပင်းစင်တာတွင် ပွဲစင်ပြိုကျမှုဖြစ်ခဲ့ပြီး ကလေးများအပါအဝင် လူ ခုနှစ်ဦး ဒဏ်ရာရခဲ့သည်။

သီရိလင်္ကာသမ္မတက မိမိအားလုပ်ကြံရန် စီစဉ်ခဲ့သူအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာသမ္မတ မစ်သရီပါလသီရိသေနက သမ္မတသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းအား လုပ်ကြံရန်စီစဉ်ခဲ့မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် တမီးလ်သူပုန်တစ်ဦးကို ဇန်န၀ါရီ ၉ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။

မင်္ဂလာဈေး ဒုတိယအကြိမ်မီးလောင်မှု တန်ဖိုးကျပ်သိန်းပေါင်း ၃၆၀၆၀၂ခန့် ဆုံးရှုံးဆိုင်ခန်းပေါင်း ၁၆၃၈ ခန်းလောင်ကျွမ်းခဲ့

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု ကို မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်နေသည့် မြင်ကွင်းများ - ဓာတ်ပုံ - ထားထားဝေ
မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ အဆင့်မြင့်မင်္ဂလာဈေး ကြီး မီးလောင်ကျွမ်းမှုတွင် ဆိုင်ခန်း ပေါင်း ၁၆၃၈ ခန်းလောင် ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၆၀၆၀၂ ခန့်ဆုံးရှုံးခဲ့ရကြောင်း မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူး သန်းဦးက ပြောသည်။

မင်္ဂလာဈေးမှ မီးလောင် ဆိုင်ခန်းများအတွက် ရွှေမင်္ဂလာဈေး အပေါ်ထပ်တွင် ယာယီနေရာ ပြန်ပေးမည်

ဇန်နဝါရီလ ၉ ရက်က နံနက် ပိုင်းက မီးလောင်ကျွမ်း မှုဖြစ် ပွားခဲ့ သည့် မင်္ဂလာဈေး မြင်ကွင်း နှင့် မီးလောင်ကျွမ်းနေစဉ် မီးသတ်တပ် ဖွဲ့ဝင်များ ငြိမ်း သတ်နေ မှု မြင်ကွင်းများ - ဓာတ်ပုံ - ၀င်းကျော်မင်း ၊ ထားထားဝေ
မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှ ဆိုင် ခန်းများအား ရွှေမင်္ဂလာဈေးအပေါ် ထပ်တွင် နေရာပြန် လည်ချထားပေး ရန်အတွက်စီစဉ်ထားကြောင်း မင်္ဂလာ ဈေးသာယာရေးမှ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအရေး နှစ်နိုင်ငံဆွေးနွေး

ထိုင်း-မြန်မာ နှစ်နိုင်ငံ လုပ်သား အရေး ဆွေးနွေးပွဲပြုလုပ်စဉ်
ပထမနေ့၌ ဘတ်ကတ်ကိုင်ဆောင်ထားသူများအတွက် CI ကတ်ထုတ်ပေးရေးအချက်ကို မူအားဖြင့် သဘောတူ
++++++++++++++++++++++++++++++++++++++++++++++
ထိုင်း-မြန်မာနှစ်နိုင်ငံလုပ်သားအရေးဆွေးနွေး ပွဲ ပထမနေ့၌ ထိုင်းနိုင်ငံအတွင်းယာ ယီနေထိုင်ခွင့်ကတ်(ဘတ်ကတ်) ကိုင် ဆောင်ထားသည့် မြန်မာလုပ်သား ငါးသိန်းဝန်းကျင်ခန့်အတွက် CI (မည် သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်)ထုတ်ပေးရေး အချက် သာ မူအားဖြင့် သဘောတူညီမှုရရှိ ထားကြောင်း သိရသည်။

ညောင်ရမ်း မင်းသား၏ နောက်ဆုံး နေ့ရက်များနှင့် အခြားစာတမ်းများ

ယခုသီတင်းပတ်တွင်တော့ သမိုင်းဆိုင်ရာ စာအုပ်တစ်အုပ်ကို မိတ်ဆက် ဖော်ပြလိုပါသည်။ ထိုစာအုပ်ကား သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်း (ငြိမ်း) ရေးသားထားသော စာတမ်း၊ ဆောင်းပါးများကို စုစည်း ဖော်ပြထားခြင်း ဖြစ်ပြီး အကြောင်းအရာအစုံစုံ၊ အထူးသဖြင့် ကုန်းဘောင်ခေတ် ကာလ အခြေအနေများကို ဖတ်ရှုကြရမည် ဖြစ်သည်။

သင်ဟာ အိမ်ထောင်မပြုပဲ ကလေးမွေးစားဖို့ စဉ်းစားနေသူဆိုရင် မမွေးစားခင် ဒီအချက်လေးတွေ မဖြစ်မနေ သိထားဖို့လို

ခုခေတ်မှာ အမျိုးသမီးတော်တော်များများက အိမ်ထောင်မပြုချင်ဘူး၊ ကလေးတော့ လိုချင်တယ် ဆိုသဖြင့် သူတို့ခံစားချက်တွေ ဖွင့်ဟလာကြပါတယ်။ အိမ်ထောင်တစ်ခု တည်ဆောက်ရာမှာ ရေရှည် ဒီလူနဲ့အတူ ကိုယ်လိုချင်တဲ့၊ သွားချင်တဲ့ ပန်းတိုင်ကို လျှောက်နိုင်ပါ့မလား၊ တစ်ယောက်နဲ့တစ်ယောက် နားလည်သည်းခံမှုတွေနဲ့အတူ ဘ၀ခရီးကို သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ကိုယ့်အိမ်ထောင်ဖက်က ဖောက်ပြန်ခဲ့သည်ရှိသော် ဒီကိစ္စမျိုးကို ဘယ်လိုကိုင်တွယ်မလဲ စတဲ့ အတွေးတွေက အိမ်ထောင်ပြုချင်စိတ်ကို လျှော့ချပစ်လိုက်ပေမယ့် မိန်းမသားတွေမှာ မွေးကတည်းက ပါလာတဲ့ မိခင်စိတ်ကြောင့် ကလေးတွေမြင်ရင် ကလေးလေးတစ်ယောက်လောက် လိုချင်တယ်။ မွေးချင်တယ်စတဲ့ ရောဂါကလည်း ရှိနေတတ်ကြပါတယ်။ တကယ်လို့များ သင်ဟာ လူ့ပတ်ဝန်းကျင်မှာ ကလေးအဖေမရှိပါပဲ ကလေးအမေတစ်ယောက်အဖြစ် ရပ်တည်တော့မယ်လို့ စဉ်းစားမိရင် ကလေးကို မမွေးစားခင် ဒီအချက်လေးတွေ အရင်စဉ်းစားစေချင်ပါတယ်။

ပိတ်ထားသော နိုင်ငံပိုင် မွေးမြူရေးအစာစပ် စက်ရုံများ အစိုးရသစ်လက်ထက် ပြန်ဖွင့်နိုင်ရန် ကြိုးပမ်းမည်

လုပ်ငန်းအရှုံးပေါ်သဖြင့် ပိတ်ထားသော နိုင်ငံတော်ပိုင်မွေး မြူရေးအစာစပ်စက်ရုံခြောက်ခု ကို အစိုးရသစ်လက်ထက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုစား နေကြောင်း မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာ ထုတ်လုပ်ရောင်းဝယ်သူ များအသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူးကပြောသည်။

ဆင်းရဲနွမ်းပါးသော ကျောင်းပြင်ပကလေးငယ်များအတွက် ရေဦးတွင် ပညာဒါနကျောင်း ဖွင့်

ရေဦးမြို့ပေါ်ရှိ လူငယ်များ စုပေါင်းဖွဲ့စည်းထားသော မီးအိမ် ရှင်အဖွဲ့သည် ဆင်းရဲချို့တဲ့နွမ်း ပါးသော ကျောင်းပြင်ပကလေး ငယ်များအတွက် မီးအိမ်ရှင်ပညာ ဒါနကျောင်း စတင်ဖွင့်လှစ်သင် ကြားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အမေရိကန်ကူညီသော မြေငလျင်တိုင်းတာရေးစက် အသစ်များ ငါးမြို့တွင် တပ်ဆင်မည်

မိုဘိုင်းဖုန်းဖြင့် ချိတ် ဆက်အသုံးပြုနိုင်သည့် မြေငလျင်တိုင်းတာရေးနည်းပညာမြင့်စက် အသစ်များ ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ငါးမြို့တွင် ယခုလ အတွင်း တပ်ဆင်အသုံးပြုမည်ဟု အထက်မြန်မာပြည် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

ဆင်းရဲနွမ်းပါးသော ကျောင်းပြင်ပကလေးငယ်များအတွက် ရေဦးတွင် ပညာဒါနကျောင်း ဖွင့်

ရေဦးမြို့ပေါ်ရှိ လူငယ်များ စုပေါင်းဖွဲ့စည်းထားသော မီးအိမ် ရှင်အဖွဲ့သည် ဆင်းရဲချို့တဲ့နွမ်း ပါးသော ကျောင်းပြင်ပကလေး ငယ်များအတွက် မီးအိမ်ရှင်ပညာ ဒါနကျောင်း စတင်ဖွင့်လှစ်သင် ကြားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တစ်နှစ်အတွင်း ကားပါကင် ထောက်ခံချက် ငါးသောင်းကျော် ခွင့်ပြုခဲ့

ရန်ကုန်တွင် ကားစီးရေများလာသည်နှင့်အမျှ ကားပါကင်ပြဿနာ ပိုမိုကြီးမားလာသည် (ဓာတ်ပုံ − စိုင်းဇော်)
၂၀၁၅ တွင် ရန်ကုန်တိုင်း အတွင်း၌ ကားပါကင်ထောက်ခံ ချက် ငါးသောင်းကျော် ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Friday, 8 January 2016

မြောက်ကိုရီးယား၏ ဗုံးစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ရှိ စပီကာများကို တောင်ကိုရီးယားပြန်ဖွင့်

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို တုံ့ပြန်ကန့်ကွက်သည့်အနေဖြင့် နယ်စပ်အနီးရှိ စပီကာများကို တောင်ကိုရီးယားစစ်တပ်က ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၈ ရက်မှစ၍ စပီကာများကို ပြန်ဖွင့်ခဲ့သလို မြောက်ကိုရီးယားက တိုက်ခိုက်လာနိုင်သည့် အခြေအနေကို တုံ့ပြန်ရန်အတွက် စပီကာများ အနီးတွင်လုံး စစ်သည်အင်အားကို တိုးမြှင့်ထားလိုက်ကြောင်း တောင်ကိုရီးယား စစ်တပ်က ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက်ကြောင့် မွေးမြူရေးငါး ပြည်ပတင်ပို့မှု လျာထားချက် ပြည့်မီနိုင်ဖွယ်မရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် နည်း ပညာလိုအပ်ချက်ကြောင့် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွင်း ငါးမွေး မြူရေးလုပ်ငန်းမှ ပြည်ပတင်ပို့မှု ဝင်ငွေလျာထားချက်ပြည့်မီနိုင် ဖွယ်မရှိကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မွေးမြူရေးငါးများ ပြည်ပတင်ပို့ ရာမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရရှိရန် မျှော်မှန်းထားသော် လည်း အခက်အခဲများ ကြုံတွေ့ နေရသည့်အပြင် နိုင်ငံတကာဈေး ကွက်ဝင် ငါးမျိုးသစ်များ မွေးမြူ ရန် ရင်းနှီးမြှုပ်နှံငွေနှင့် နည်းပညာ လိုအပ်ချက်များ ရှိနေခြင်းဖြစ် သည်။

စည်ပင်ပိုင်ဈေးများ အဆင့်မြှင့်တင်မှု မေလတွင် အပြီးသတ်မည်၊ ပျံကျဈေးသည်များကို ဦးရာလူစနစ်ဖြင့် နေရာပေးမည်ဟု ဆို

စည်ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေးအဖြစ် မြှင့်တင်နေ ပြီး မေလတွင် အပြီးသတ်နိုင်မည်ဖြစ်ကာ ပျံကျဈေးသည်များ ဈေးရောင်းချရန် ဆိုင်ခန်းနေရာကို အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်ပေးသည့် စနစ်များ အသုံးပြုတော့မည် မဟုတ်ဘဲ ဦးရာလူစနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ အတွင်းရှိ စည် ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေး အဖြစ် ၂၀၁၅ ဇွန်လကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ မေလအတွင်း ဈေး ၁၆ ခုလုံးအပြီးသတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ စုံစမ်းသိ ရသည်။

တန်နှစ်သောင်း သိုလှောင်နိုင်မည့် အအေးခန်းစက်ရုံ တည်ဆောက်ရန် ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံ

ဥရောပနိုင်ငံများသို့ အ ရည်အသွေးမြင့် ရေထွက်ကုန်များ တင်ပို့နိုင်ရန် တန်ချိန်နှစ်သောင်း သိုလှောင်နိုင်သော ကွန်ပျူတာ စနစ်သုံး အအေးခန်းစက်ရုံတည် ဆောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးထွန်းအေးက ပြောသည်။

အင်းစိန်မြို့နယ် အနောက် ကြို့ကုန်းရပ်ကွက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေငါးဧကပေါ်တွင် ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် အေးခဲသော အအေးခန်းတစ်ခုကို အမေရိကန် ဒေါ်လာ ခြောက်သန်းကုန်ကျခံ တည်ဆောက်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းထားခြင်းဖြစ်သည်။