၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဖြစ်ပွားခဲ့သော တုန်လှုပ်ခြောက်ခြားဖွယ် ဘတ်စ်ကားပေါ် ဆေးကျောင်းသူအား ဂိုဏ်းဖွဲ့မုဒိမ်းကျင့်မှုမှ အသက်အငယ်ဆုံး ကျုးလွန်သူသည် စာရိတ္တပြုပြင်ရေး ထိန်းသိမ်းစင်တာမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ဘီဘီစီသို့ ပြောသည်။၎င်းအား ပြန်မလွှတ်ရန် စွဲချက်တင်ခြင်းများလည်း ရှုံးနိမ့်ခဲ့ပြီး လူအုပ်စုဝေးဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်၍ ရဲက နှိမ်နှင်းပြီး ဆန္ဒပြသူများကို ထိန်းသိမ်းထားခဲ့ရသည်။ ထိန်းသိမ်းထားခံရသူများတွင် မုဒိမ်းကျင့် ခံရသူ ဆေးကျောင်းသူ၏ မိဘဖြစ်သူများလည်း ပါဝင်သည်။
Monday, 21 December 2015
ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာမည့် ဂွာဒီယိုလာ၏နေရာတွင် အန်ဆလော့တီဖြင့်အစားထိုးမည်
ဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာသည် ရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ပြီး အန်ဆလော့တီက အစားထိုးတာဝန်ယူသွားမည် ဖြစ်သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ဂွာဒီယိုလာကို မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းများက ချိတ်ဆက်လျှက်ရှိသည်။ ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာသည် ၂၀၁၃ တွင် ဘိုင်ယန်မြူးနစ် သို့ရောက်လာခဲ့ပြီး အမှတ်ပေးဖလားနှစ်လုံးနှင့် ပိုကယ်ဖလားတစ်လုံး ရယူပေးထားသည်။
မုန်တိုင်းဒဏ်သင့် ဖိလစ်ပိုင်တွင် သေဆုံးသူဦးရေ ၄၅ ဦးအထိရှိလာ
မုန်တိုင်းနှစ်ခု၏ဘေးဒဏ်ကို ရင်ဆိုင်လိုက်ရသည့် ဖိလစ်ပိုင်နိုင်ငံတွင် မြို့ပြအချို့၌ ရေကြီးမှုများ ဖြစ်ပွားနေဆဲဖြစ်ကာ မြောက်ပိုင်းဒေသများတွင် မိုးများဆက်လက်ရွာ သွန်းနေခြင်းကြောင့် သေဆုံးသူဦးရေ ၄၅ ဦးအထိ မြင့်တက်လာကြောင်း သဘာဝဘေးစောင့်ကြည့်ရေးတာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း တိုင်ဖုန်းမုန်တိုင်း မေလာနှင့် လေဖိအားနည်းရပ်ဝန်း အွန်ယော့တို့ ဆင့်ပြီး ၀င်ရောက်ခဲ့သည့် ဖိလစ်ပိုင်တွင် မိုးများဆက်လက်ကာ ရွာသွန်းနေခြင်းဖြစ်သည်။
တရုတ်၏ အဓိကကျသော အကျိုးစီးပွားများကို လေးစားရန် အမေရိကန်ပြည်ထောင်စုအား တရုတ် တိုက်တွန်း
အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို ရပ်တန့်ခြင်း၊ တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ထိန်းချုပ်ထားသည့် ကျွန်းများအနီး စစ်ရေးကင်းလှည့်မှုများကို အဆုံးသတ်ခြင်းဖြင့် တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစိးပွားများကို လေးစားရန် လိုအပ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကိုပြော ကြားခဲ့သည်။
စစ်ကိုင်းတိုင်းမှာ ကျောက်စိမ်း တူးဖော်မှု အရှိန်အဟုန်မြင့်မား

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မော်လူးဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ လုပ်ကွက်တစ်ခုကို တွေ့ရစဉ်
စစ်ကိုင်းတိုင်း ကသာခရိုင်မော်လူးဒေသမှာ သက်ဆိုင်ရာက ကျောက်စိမ်းတူးဖော်ခွင့် တရားဝင်လုပ်ကွက် ၄၇ ကွက် သတ်မှတ်ပေးထားတဲ့အပြင် တရားမဝင် တူးဖော်နေကြတဲ့ ကုမ္ပဏီတွေဟာ နေ့စဉ် နေ့တိုင်း ကျောက် မိုင်းတွေခွဲပြီး စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေကြပါတယ်။
သမ္မတတာဝန်လွှဲပြောင်းပေးရေး အသေးစိတ်ကို ဒီဇင်ဘာ ၂၂ ရက်တွင် ထပ်မံဆွေးနွေးမည်

အာဏာလွှဲပြောင်းရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ − ဒီချုပ်ဖေ့စ်ဘွတ်ခ်)
နိုင်ငံတော်အကြီးအကဲ တာဝန် စနစ်တကျလွှဲပြောင်းရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အသွင်ကူးပြောင်းရေး ကော်မတီ တို့ လာမည့်ဒီဇင်ဘာ ၂၂ ရက် (အင်္ဂါနေ့)တွင် အသေးစိတ် ဆွေး နွေးကြမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
အိပ်ချိန်နည်းသူများ အစားအသောက် ပိုစားမိ၍ အဝလွန်လာနိုင်
တစ်ညတွင် အိပ်စက်ချိန်ခုနစ်နာရီထက် နည်းသူများသည် အစားပိုစားပြီး အချိုရည်များသောက်သုံးမှုပိုများလာနိုင်သဖြင့် အဝလွန်ဖြစ်လာနိုင်ကြောင်း Health Promotion အမေရိကန်ဂျာနယ်၌ ဖော်ပြ ထားသည့် လေ့လာမှုတစ်ခုအရ သိရသည်။
Sunday, 20 December 2015
လွှတ်တော်အသစ်တွင် အမျိုးသမီး အမတ်ပါဝင်မှု သုံးဆခန့် မြင့်တက်

ယခုလက်ရှိ လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု လေးရာခိုင်နှုန်းသာ ရှိသော်လည်း လာမည့် လွှတ်တော်အသစ်တွင်မူ ၁၂ ရာခိုင်နှုန်းခန့် ရှိလာမည် ဖြစ်သည့်အတွက် လွှတ်တော် တွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှု သုံးဆခန့် မြင့် တက်လာသည်ဟု Gender and Development Institute မှ ပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် အမျိုးသမီးပါဝင်မှု စစ်တမ်းတွေ့ရှိချက်တွင် ဖော်ပြထား သည်။
တောင်သမန်အင်းရေတွင် ခဲဓာတ်ပါဝင်မှုများ၍ ငါးများသေဆုံးဟုဆို
မန္တလေးမြို့တော်ရှိ တောင်သမန်အင်းရေအတွင်း ငါးများအသက် ရှင်ရန်ရှိရမည့် အောက်ဆီဂျင်ဓာတ်နည်းပါးနေပြီး ခဲဓာတ်ပါဝင်မှု များခြင်းကြောင့် ငါးများသေဆုံးရခြင်းဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး စမ်းသပ်တွေ့ရှိချက်အစီရင်ခံစာအရသိရသည်။
လွှတ်တော်အမတ်များ နိုင်ငံရေးပင်စင် ပေးသင့်၊ မပေးသင့် အမတ်အချင်းချင်း သဘောကွဲလွဲနေ

လက်ရှိ လွှတ် တော်ကိုယ်စားလှယ် သက်တမ်းကုန်ဆုံးပါ က နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံ စားခွင့်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့ သဘော ထား ကွဲလွဲမှုများရှိနေကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် အ ချို့က ပါလီမန်ခေတ်ကလည်း ပေးခဲ့သည့် အတွက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေ အနေပေါ် မူတည်ကာ သင့်တင့်လျောက် ပတ်တဲ့ အတိုင်းအတာဖြင့် ပေးသင့်ကြောင်း နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ကမူ နိုင်ငံ၏ ဆင်းရဲနေမှုကြောင့် မပေးသင့်သေး ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဟင်္သာတကားပစ္စည်းဆိုင်မှ ငွေထုပ်ခိုးယူသွားသည်ဆိုသည့် ရဟန်းကို CCTV ကြောင့် ၃နာရီအတွင်းဖမ်းမိ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပန်းပဲတန်းရပ်ကွက်ရှိ ကားစက်ပြင်လုပ်ငန်းနှင့် ကားပစ္စည်းအရောင်းဆိုင်ကောင်တာပေါ်မှ ငွေကျပ်သိန်းလေးဆယ်ဝန်းကျင်ထည့်ထားသည့်အထုပ်ကို ကာယကံရှင်ပိုင်ရှင်မသိဘဲ ကားပစ္စည်းဝယ်ယူရင်းခိုးယူသွားသည်ဟု ယူဆရသည့်ရဟန်းတစ်ပါးကို CCTV ကြောင့် ဟင်္သာတမြို့မအမှတ် ၁ရဲတပ်ဖွဲ့စခန်းက ၃နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာလ၁၇ရက်က သတင်းထုတ်ပြန်သည်။
အသစ်ဖွင့်လှစ်မည့်ကျောက်မျက်ဈေးသစ် ဆိုင်ခန်းဝယ်ယူခွင့်ယူထားသူများ ကြိုတင်ငွေပေးသွင်းသူနည်း၍ နောက်ဆုံးသတ်မှတ်ရက် ထပ်တိုး
အသစ်ဖွင့်လှစ်မည့် မန္တလေးမြို့ကျောက်စိမ်းနှင့်တွင်းထွက်ကျောက်မျက်ရတနာဈေးအတွင်း ဆိုင်ခန်းဝယ်ယူခွင့်စလစ် ယူထားသူများ ကြိုတင်ငွေ ပေးသွင်းသူနည်း၍ကြိုတင်ငွေ ပေးသွင်းခြင်း နောက်ဆုံးရက်ကို ဒီဇင်ဘာလ ၃၁ရက်နေ့သို့ သတ်မှတ်ရက်ထပ်မံတိုးပေးထားရကြောင်း ကျောက်စိမ်း ကျောက်မျက်ဈေးသစ် ဆိုင်ခန်းနေရာချထားရေး အဖွဲ့ ဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်သည်။
Saturday, 19 December 2015
လိင်ဆက်ဆံမှုမှ ကူးစက်နိုင်တဲ့ ရောဂါသစ် MG

ဆောင်းပါး
လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ရောဂါသစ်ပေမယ့် ၁၉၈၀ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ပညာရှင်တွေက အခုမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယာဉ်တင်သွင်းခွင့် ပါမစ်ပါ အကြောင်းအရာများ လာမည့်နှစ်ဆန်းမှစ၍ ပြောင်းလဲခွင့် မပြုတော့ဟုဆို
ပြည်ပမှ မော်တော် ယာဉ်တင်သွင်းခွင့်လျှောက်ထား ရာတွင် ပါမစ်၌ ဖော်ပြထားသည့် အချက်အလက်များထဲမှ ကားအ မျိုးအစားများကို ပြောင်းလဲတင် သွင်းခွင့်ပြုတော့မည် မဟုတ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
Myanmar Building Codes ကို လာမည့်နှစ်တွင် ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထား

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်း၍ ၂၀၁၂ ကစပြီး အဆောက်အဦးများ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများ (Myanmar Building Codes) ကို လာမည့်နှစ်အတွင်း အတည်ပြုပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထားကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်က မဇ္ဈိမသို့ ပြောသည်။
ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် ကားတင်သွင်းမှု တချို့ကိုရပ်ဆိုင်းရန်အကြံပြု

(ဓာတ်ပုံ မဇ္ဈိမ)
ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် လူတစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း(Luxury Goods)တင်သွင်းမှုများကို ရပ်ဆိုင်းနိုင်ရန် ပြည်လည်သုံးသပ်သင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီမှ အစိုးရသို့ အကြုံပြုထားသည်။
ရွှေ့ပြောင်းလုပ်သားများ၏ရပိုင်ခွင့်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတိုးမြှင့်ရန် အလုပ်သမားဝန်ကြီးက နိုင်ငံတကာသို့ တိုက်တွန်း
ရွှေ့ပြောင်းအ လုပ်သမားများအတွက် ရပိုင်ခွင့် နှင့် လူသားချင်းစာနာသောအ ထောက်အကူပေးနိုင်ရေး တိုးမြှင့် ဆောင်ရွက်ရန် ပူးတွဲမူဘောင် တစ်ရပ်ရေးဆွဲ အကောင်အထည် ဖော်သင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နိုင်ငံတကာသို့အ ကြံပြုပြောကြားခဲ့သည်။
နောက်အစိုးရ မတက်မီအထိ နေပြည်တော်ကောင်စီတွင် လုံခြုံရေးတင်းကျပ်မည်

နေပြည်တော်တွင် ရဲကားတစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
နောက်တက်လာမည့် အစိုးရသစ် အလွှဲအပြောင်းမပြုလုပ်မီကာလအထိ နိုင်ငံတော်သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ကောင်စီနယ်မြေရှိ လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ေQနသည်ဟု နေပြည် တော်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အလွယ်ကူဆုံးသော Youtube ဒေါင်းနည်း

၁။ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်
ကမ္ဘောဇကုမ္ပဏီနှင့် စင်ကာပူကုမ္ပဏီတစ်ခု ပူးပေါင်း၍ ငွေကြေးသက်သေခံ လုပ်ငန်း ဆောင်ရွက်မည်
ကမ္ဘောဇကုမ္ပဏီအုပ်စု သည် စင်ကာပူစတော့အိတ်ချိန်း အတွေ့အကြုံရှိ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ စတော့အိတ်ချိန်းဝင် ကုမ္ပဏီများအတွက် ငွေကြေး သက်သေခံ လုပ်ငန်း ကုမ္ပဏီအဖြစ် ပထမဆုံး လိုင်စင်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)



