Sunday, 20 December 2015

လွှတ်တော်အသစ်တွင် အမျိုးသမီး အမတ်ပါဝင်မှု သုံးဆခန့် မြင့်တက်

ယခုလက်ရှိ လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် ပါဝင်မှု လေးရာခိုင်နှုန်းသာ ရှိသော်လည်း လာမည့် လွှတ်တော်အသစ်တွင်မူ ၁၂ ရာခိုင်နှုန်းခန့် ရှိလာမည် ဖြစ်သည့်အတွက် လွှတ်တော် တွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှု သုံးဆခန့် မြင့် တက်လာသည်ဟု Gender and Development Institute မှ ပြုလုပ်သည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် အမျိုးသမီးပါဝင်မှု စစ်တမ်းတွေ့ရှိချက်တွင် ဖော်ပြထား သည်။

တောင်သမန်အင်းရေတွင် ခဲဓာတ်ပါဝင်မှုများ၍ ငါးများသေဆုံးဟုဆို

မန္တလေးမြို့တော်ရှိ တောင်သမန်အင်းရေအတွင်း ငါးများအသက် ရှင်ရန်ရှိရမည့် အောက်ဆီဂျင်ဓာတ်နည်းပါးနေပြီး ခဲဓာတ်ပါဝင်မှု များခြင်းကြောင့် ငါးများသေဆုံးရခြင်းဖြစ်ကြောင်း စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်း၏ ပတ်ဝန်းကျင်ဆိုင်ရာအရည်အသွေး စမ်းသပ်တွေ့ရှိချက်အစီရင်ခံစာအရသိရသည်။

လွှတ်တော်အမတ်များ နိုင်ငံရေးပင်စင် ပေးသင့်၊ မပေးသင့် အမတ်အချင်းချင်း သဘောကွဲလွဲနေ

လက်ရှိ လွှတ် တော်ကိုယ်စားလှယ် သက်တမ်းကုန်ဆုံးပါ က နိုင်ငံရေးပင်စင် တစ်လုံးတစ်ခဲတည်း ခံ စားခွင့်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့ သဘော ထား ကွဲလွဲမှုများရှိနေကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ် အ ချို့က ပါလီမန်ခေတ်ကလည်း ပေးခဲ့သည့် အတွက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေ အနေပေါ် မူတည်ကာ သင့်တင့်လျောက် ပတ်တဲ့ အတိုင်းအတာဖြင့် ပေးသင့်ကြောင်း နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ကမူ နိုင်ငံ၏ ဆင်းရဲနေမှုကြောင့် မပေးသင့်သေး ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ဟင်္သာတကားပစ္စည်းဆိုင်မှ ငွေထုပ်ခိုးယူသွားသည်ဆိုသည့် ရဟန်းကို CCTV ကြောင့် ၃နာရီအတွင်းဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ပန်းပဲတန်းရပ်ကွက်ရှိ ကားစက်ပြင်လုပ်ငန်းနှင့် ကားပစ္စည်းအရောင်းဆိုင်ကောင်တာပေါ်မှ ငွေကျပ်သိန်းလေးဆယ်ဝန်းကျင်ထည့်ထားသည့်အထုပ်ကို ကာယကံရှင်ပိုင်ရှင်မသိဘဲ ကားပစ္စည်းဝယ်ယူရင်းခိုးယူသွားသည်ဟု ယူဆရသည့်ရဟန်းတစ်ပါးကို CCTV ကြောင့် ဟင်္သာတမြို့မအမှတ် ၁ရဲတပ်ဖွဲ့စခန်းက ၃နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ဒီဇင်ဘာလ၁၇ရက်က သတင်းထုတ်ပြန်သည်။

အသစ်ဖွင့်လှစ်မည့်ကျောက်မျက်ဈေးသစ် ဆိုင်ခန်းဝယ်ယူခွင့်ယူထားသူများ ကြိုတင်ငွေပေးသွင်းသူနည်း၍ နောက်ဆုံးသတ်မှတ်ရက် ထပ်တိုး

အသစ်ဖွင့်လှစ်မည့် မန္တလေးမြို့ကျောက်စိမ်းနှင့်တွင်းထွက်ကျောက်မျက်ရတနာဈေးအတွင်း ဆိုင်ခန်းဝယ်ယူခွင့်စလစ် ယူထားသူများ ကြိုတင်ငွေ ပေးသွင်းသူနည်း၍ကြိုတင်ငွေ ပေးသွင်းခြင်း နောက်ဆုံးရက်ကို ဒီဇင်ဘာလ ၃၁ရက်နေ့သို့ သတ်မှတ်ရက်ထပ်မံတိုးပေးထားရကြောင်း ကျောက်စိမ်း ကျောက်မျက်ဈေးသစ် ဆိုင်ခန်းနေရာချထားရေး အဖွဲ့ ဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်သည်။

Saturday, 19 December 2015

လိင်ဆက်ဆံမှုမှ ကူးစက်နိုင်တဲ့ ရောဂါသစ် MG

ဆောင်းပါး
လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ရောဂါသစ်ပေမယ့် ၁၉၈၀ ခုနှစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး ပညာရှင်တွေက အခုမှ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယာဉ်တင်သွင်းခွင့် ပါမစ်ပါ အကြောင်းအရာများ လာမည့်နှစ်ဆန်းမှစ၍ ပြောင်းလဲခွင့် မပြုတော့ဟုဆို

ပြည်ပမှ မော်တော် ယာဉ်တင်သွင်းခွင့်လျှောက်ထား ရာတွင် ပါမစ်၌ ဖော်ပြထားသည့် အချက်အလက်များထဲမှ ကားအ မျိုးအစားများကို ပြောင်းလဲတင် သွင်းခွင့်ပြုတော့မည် မဟုတ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

Myanmar Building Codes ကို လာမည့်နှစ်တွင် ပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထား

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်း၍ ၂၀၁၂ ကစပြီး အဆောက်အဦးများ တည်ဆောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများ (Myanmar Building Codes) ကို လာမည့်နှစ်အတွင်း အတည်ပြုပြဌာန်းနိုင်ရန် လွှတ်တော်သို့ တင်သွင်းထားကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်က မဇ္ဈိမသို့ ပြောသည်။

ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် ကားတင်သွင်းမှု တချို့ကိုရပ်ဆိုင်းရန်အကြံပြု

(ဓာတ်ပုံ မဇ္ဈိမ)
ကုန်သွယ်မှုလိုငွေကို လျော့ချနိုင်ရန်အတွက် လူတစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း(Luxury Goods)တင်သွင်းမှုများကို ရပ်ဆိုင်းနိုင်ရန် ပြည်လည်သုံးသပ်သင့်ကြောင်း စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီမှ အစိုးရသို့ အကြုံပြုထားသည်။

ရွှေ့ပြောင်းလုပ်သားများ၏ရပိုင်ခွင့်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးတိုးမြှင့်ရန် အလုပ်သမားဝန်ကြီးက နိုင်ငံတကာသို့ တိုက်တွန်း

ရွှေ့ပြောင်းအ လုပ်သမားများအတွက် ရပိုင်ခွင့် နှင့် လူသားချင်းစာနာသောအ ထောက်အကူပေးနိုင်ရေး တိုးမြှင့် ဆောင်ရွက်ရန် ပူးတွဲမူဘောင် တစ်ရပ်ရေးဆွဲ အကောင်အထည် ဖော်သင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က နိုင်ငံတကာသို့အ ကြံပြုပြောကြားခဲ့သည်။

နောက်အစိုးရ မတက်မီအထိ နေပြည်တော်ကောင်စီတွင် လုံခြုံရေးတင်းကျပ်မည်

နေပြည်တော်တွင် ရဲကားတစ်စီးကို တွေ့ရစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
နောက်တက်လာမည့် အစိုးရသစ် အလွှဲအပြောင်းမပြုလုပ်မီကာလအထိ နိုင်ငံတော်သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ကောင်စီနယ်မြေရှိ လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ေQနသည်ဟု နေပြည် တော်တိုင်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အလွယ်ကူဆုံးသော Youtube ဒေါင်းနည်း

၁။ Download ယူချင်တဲ့ Youtube ဗီဒီယိုကို ဖွင့်ပါ။
၂။ https နေရာတွင် s ကိုဖြုတ်

ကမ္ဘောဇကုမ္ပဏီနှင့် စင်ကာပူကုမ္ပဏီတစ်ခု ပူးပေါင်း၍ ငွေကြေးသက်သေခံ လုပ်ငန်း ဆောင်ရွက်မည်

ကမ္ဘောဇကုမ္ပဏီအုပ်စု သည် စင်ကာပူစတော့အိတ်ချိန်း အတွေ့အကြုံရှိ ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ စတော့အိတ်ချိန်းဝင် ကုမ္ပဏီများအတွက် ငွေကြေး သက်သေခံ လုပ်ငန်း ကုမ္ပဏီအဖြစ် ပထမဆုံး လိုင်စင်ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ကန်ပိုက်တီးနယ်စပ်မှ ယာဉ်ယန္တရားများ တင်သွင်းခွင့် ရပ်ဆိုင်း

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်မှ မြေသယ်ယာဉ် များကို ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ − မရန်)
အစိုးရလက်ကျန်သက်တမ်း အတွင်း ဖားကန့်ဒေသမှ ကျောက်စိမ်း များကို စက်ယန္တရားကြီးများဖြင့် တူး ဖော်နေကြောင်း သတင်းများထွက် ပေါ်လာပြီးနောက် မြန်မာ-တရုတ် နယ်စပ် ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ ယာဉ်၊ ယန္တရားများတင်သွင်း ခွင့်ကို အချိန်အကန့်အသတ်မရှိ ပိတ် လိုက်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ် နေကြောင်း သတင်းရရှိသည်။

Friday, 18 December 2015

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေး Police Commad Centre နှင့် ချိတ်ဆက်စောင့်ကြည့်နိုင်

မန္တလေးမြို့ပေါ်ရှိ ဘဏ်များလုံခြုံရေးကို ၂၄ နာရီ စောင့်ကြည့်နိုင်ရန် CCTV ကင်မ ရာများတပ်ဆင်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ Police Commad Centre မှ ချိတ်ဆက် စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် လုံခြုံရေး၊ မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို အရေးယူဆောင်ရွက်နိုင်ရေး နိုဝင်ဘာ တတိယပတ်ခန့်မှစတင် ၍ CCTV ကင်မရာအလုံး ၄၀ ခန့် တပ်ဆင်ပြီးစောင့်ကြည့်အရေးယူ နေပြီဖြစ်သည်။

ယခုနှစ်အတွင်း ကမ္ဘာတလွှားတွင် ရွှေ့ပြောင်းဒုက္ခသည် သန်း ၆၀ ကျော်ထိ ရှိလာ

ဂရိနှင့် မက်စီဒိုးနီးယား နယ်နိမိတ်အနီးတွင် တွေ့ရှိရသည့် ဆီးရီးယား ဒုက္ခသည်များ။
ကမ္ဘာတလွှားမှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းဒုက္ခသည်ဦးရေသည် ယခုနှစ်တွင် စံချိန်တင် ပမာဏအဖြစ် သန်း ၆၀ ကျော်မျှထိ မြင့်တက်လာကြောင်း သိရသည်။
ဆီးရီးယား ပြည်တွင်းစစ်နှင့် အခြားသော ပဋိပက္ခ အရှုပ်အထွေးများက ဒုက္ခသည်နှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ အရေအတွက် သိသိသာသာ မြင့်တက်လာစေသည့် အဓိက အကြောင်းရင်းအဖြစ် ကုလသမဂ္ဂက ဆိုသည်။

အွန်လိုင်းဝန်ဆောင်မှုများအတွက် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ Alibaba ကုမ္ပဏီနှင့်ပူးပေါင်း

ကမ္ဘာ့အကြီးဆုံး အွန် လိုင်းအရောင်းအ၀ယ် ၀က်ဘ် ဆိုက်များထဲမှ တစ်ခုဖြစ်သည့် Alibaba.com ကုမ္ပဏီသည် Infinity Global Solution ကုမ္ပဏီ နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိစီးပွား ရေးလုပ်ငန်းများ၊ ၎င်းတို့၏ ထုတ် ကုန်များကို နိုင်ငံတကာနှင့် ပြည် တွင်းဈေးကွက်တွင် အွန်လိုင်းပေါ် မှ ရောင်းချပေးနိုင်ရန် ၀န်ဆောင် မှုပေးမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

‘‘Alibaba ရဲ့ဝန်ဆောင်မှု အားလုံးကို ပြည်တွင်းက လုပ်ငန်း တွေနဲ့ ၀ယ်ယူသူတွေ အသုံးပြုနိုင် ဖို့အတွက် လိုအပ်တဲ့ သင်ကြားမှု တွေနဲ့ လမ်းညွှန်မှုတွေကို ပြုလုပ် ပေးသွားမှာဖြစ်ပါတယ်။ ဥပမာ Alibaba.com မှာ Gold Supplier အဖွဲ့ဝင်ရင် ဘယ်လိုလုပ်မလဲ၊ အဲဒီက ဘာတွေအကျိုးကျေးဇူးရနိုင် လဲဆိုတာတွေပေါ့’’ဟု Infinity Global Solution ကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာ ဦးဖြိုးဝေသောင်း စိန်ကပြောသည်။

စင်မြင့်ထက်ချော်လဲပေမယ့် ဟန်မပျက်ဆက်လျှောက်ခဲ့တဲ့ မေဘရဏီသော်ကို ပြည်တွင်းပြည်ပပရိသတ်များ ချီးကျူး

မယ်စကြ၀ဠာ ၂၀၁၅ အကြိုပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် မေဘရဏီသော်သည် ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်ရာတွင် ခြေချော်လဲကျခဲ့သော်လည်း ပြိုင်ပွဲ၌ ဟန်မပျက်ဆက်လျှောက်ခဲ့သောကြောင့် ပရိသတ်များက ချီးကျူးခဲ့ကြသည်။

ယင်းယှဉ်ပြိုင်မှုအစီအစဉ် ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့၌ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီးမယ်စကြ၀ဠာ ၂၀၁၅ အလှမယ်များက ပြိုင်ပွဲဝင်ဝတ်စုံသုံးစုံဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ဝန်ထမ်းတစ်ဦး အင်ဂျင်ထဲညပ်ပြီး သေဆုံးမှုအတွက် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်မှူးများကို ပျံသန်းခွင့် ဆိုင်းငံ့

စက်မှုဆိုင်ရာ ဝန်ထမ်းတစ်ဦး လေယာဉ်အင်ဂျင်ထဲ ညပ်ပြီး သေဆုံးခဲ့မှုအတွက် အဆိုပါ လေယာဉ်မှ လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့ကို အိန္ဒိယလေကြောင်းလိုင်းက ပျံသန်းခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရှိရသည်။
မွမ်ဘိုင်းတွင် အိန္ဒိယလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် AI619 လေယာဉ်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၆ ရက်က လေယာဉ်ကို ရုတ်တရက် စက်နှိုးလိုက်ခြင်းကြောင့် အနီးရှိ ဝန်ထမ်းကို လေယာဉ်အင်ဂျင်က စုပ်ယူသွားပြီး ဝန်ထမ်း သေဆုံးသွားခြင်း ဖြစ်သည်။

အသက်လေးဆယ်ကျော် အမျိုးသမီးတွေ စတိုင်ကျစေဖို့

အသက်အရွယ်ကြီးလာလေလေ စတိုင်ကျဖို့အတွက် အခွင့်အရေးနည်းသွားလေလို့တွေး နေသူတွေအတွက် ငယ်ရွယ်နုပျို ပြီး အမိုက်စားပုံလေးဖြစ်အောင် ပြင်ဆင်လို့ရတယ်ဆိုတာ သိထားရအောင် အကြံပြုချင်ပါတယ်။ရောင်စုံလည်ဆွဲများအသုံးပြုခြင်း - အသက်အရွယ်ရလာရင် အသားအရေ မွဲခြောက်လာ တတ်တာ ကြောင့် မျက်နှာတစ် ဝိုက်အရောင်ဟပ်ပြီး လင်းထင်း နေစေဖို့ လည်ဆွဲလေးတွေနဲ့ စတိုင်ထုတ်နိုင်ပါတယ်။