Sunday, 13 December 2015

ဒုတိယကမ္ဘာစစ်ကာလ တရုတ်လိင်ကျွန်ဟောင်း ဂျပန်ထံမှ နစ်နာကြေးရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်

နောက် ၄နှစ်ဆိုရင် အသက်၁၀၀ပြည့်တော့မယ်ဟု ဝေရှောက်လန်းက ရှုံ့တွနေသည့် လက်လေးချောင်းကို ဝှေ့ယမ်းပြလျှက် ဂုဏ်ယူသောအပြုံးဖြင့် ပြောနေသည်။

သင့်လက်တွဲဖော် သင့်ကို လိမ်ညာနေသလားဆိုတာ သိရအောင်

လေ့လာတွေ့ရှိချက်တွေအရတော့ လက်ထပ်ထားတဲ့သူ၊ စေ့စပ်ထားတဲ့သူတွေထဲက ၆၀ရာခိုင်နှုန်းဟာ အပြင်မှာ တခြားတစ်ယောက်နဲ့ တစ်ခါလောက်တော့ အိပ်ဖူးကြပါတယ်တဲ့။ သူတို့ရဲ့ဇနီးမယားတွေကတော့ ဒီအကြောင်းကို လုံးဝကို မသိလိုက်ရတဲ့အဖြစ်ပေါ့။ ကဲ ဒီတော့ အိမ်ရှင်မတွေ၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ့် အနေအထားလေးတွေ ရှိပါတယ်။ အဲ့ဒီအတွက် ကိုယ့်ခင်ပွန်းယောင်္ကျား ကိုယ့်အပေါ် ဘယ်လိုဆက်ဆံနေသလဲ၊ သူ့မှာ ဘယ်လိုအကျင့်စရိုက်ရှိသလဲ စတာလေးတွေ ကြည့်ပြီး သူတို့ကိုယ့်ကို လိမ်ညာနေသလားဆိုတာ ကြည့်ကြည့်ရအောင်။

ဒီချုပ်ဦးဆောင်၍ နိုင်ငံတစ်ဝန်း အမှိုက်ကောက်

ကျောက်ပန်းတောင်းမြို့တွင် ဒီဇင်ဘာ ၁၂ ရက်က အမှိုက်ကောက်သန့်ရှင်းရေးပြုလုပ်နေစဉ် (ဓာတ်ပုံ − ဌေးအောင်)
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအများစုတွင် ဒီဇင်ဘာ ၁၂ ရက်ကစ၍ ဒီချုပ် ပါတီဝင်များ ဦးဆောင်သည့် အမှိုက်ကောက် လှုပ်ရှားမှုများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ထား၍ မဘသသို့ တိုင်မည်ဟု အမျိုးသမီးတစ်ဦးထံ ခြိမ်းခြောက်စာပို့သူကို အီလက်ထရွန်နစ်ဥပဒေဖြင့် အမှုဖွင့်

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ သင်တန်း ကျောင်းတစ်ခုတွင် လာရောက် လုပ်ကိုင်သည့် နိုင်ငံသားခြားတစ် ဦး၏ မြန်မာနိုင်ငံသားဇနီးကိုတယ် လီဖုန်း၊ အီးမေးလ်တို့ဖြင့် ခြိမ်း ခြောက်သူအား အီလက်ထရွန်း နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပ ဒေဖြင့် အမှုဖွင့်ထားကြောင်းသ တင်းရရှိသည်။

မြန်မာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုသူ တစ်သန်းကျော်ရှိ

မြန်မာနိုင်ငံတွင် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ တစ် သန်းကျော်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)အဖွဲ့က သတင်းထုတ်ပြန်သည်။

မိုးကုတ်ရတနာမြေမှ ရှစ်လအတွင်း ပတ္တမြားနှင့်ကျောက်မျက် ကျပ်သိန်း ၆,၉၀၀ ကျော်ဖိုး တူးဖော်ထွက်ရှိဟုဆို

မိုးကုတ်မြို့တွင် တူးဖော်ရရှိလာသော ကျောက်များကို ခွဲခြမ်း၍ ကျောက်မျက်ရတနာရှာဖွေနေသောလုပ်ငန်းခွင်ကိုတွေ့ရစဉ် (ဓာတ်ပုံ−မောင်တာ)
မိုးကုတ်ရတနာမြေမှ ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ပတ္တမြား၊ နီလာနှင့် ကျောက်မျက် ရတနာမျိုးစုံ တူးဖော်ထွက်ရှိမှု တန်ဖိုးကျပ်သိန်း ၆,၉၀၀ ကျော်ရှိ ကြောင်းတိုင်းအစိုးရအဖွဲ့စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံ က မန္တလေးတိုင်းဒေသကြီး လွှတ် တော်သို့ အစီရင်ခံစာ တင်ပြ သည်။

ထောပတ်သီးက ဘာတွေကောင်းလဲ

ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ
အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

ဒီချုပ်က မိမိကို ပြန်ကြားရေးဝန်ကြီး ခန့်အပ်မည်မဟုတ်ဟု ဦးရဲထွဋ်ဆို


ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီး ဆက်လက်ထားရှိပါက ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒကို အတိအကျသိ သည့် ပုဂ္ဂိုလ်မျိုးသာဖြစ်နိုင်ပြီး ၎င်းအား ဒီချုပ်က ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖွယ်မရှိ ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

ရန်ကုန်တွင် စီစီတီဗီဖြင့် စောင့်ကြည့်မည့် Police Command Center ဖွင့်ရန်စီစဉ်


မန္တလေးမြို့တွင် စတင်တပ်ဆင်အသုံးပြုနေသော Police Command Center ကိုတွေ့ရစဉ် (ဓာတ်ပုံ−အရည်ကြို)

ရန်ကုန်တိုင်းဒေသကြီး တွင်လည်း ယာဉ်ထိန်းရဲ Police Command Center လုပ်ဆောင် သွားရန် တင်ဒါခေါ်ယူမည်ဟု အ မှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ သတင်းရရှိသည်။

Saturday, 12 December 2015

အိန္ဒိယက ဂျပန်၏ ကျည်ဆန်ရထားကို ရရှိမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် နျူဆက်ဆံရေး နက်ရှိုင်းလာ

ဂျပန်သည် အိန္ဒိယ၏ ပထမဆုံးကျည်ဆန်ရထားကို တည်ဆောက်ရန် သက်သာသောနှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၂ဘီလျံကို အိန္ဒိယသို့ ချေးပေးမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံက ကြေညာခဲ့သည်။ ယင်းသို့အခြေအနေက နှစ်နိုင်ငံကြား ကာကွယ်ရေးနှင့် အရပ်ဘက်နျူကလီးယားဆက်ဆံရေး ပိုမိုနက်ရှိုင်းလာ ခြင်းလည်း ဖြစ်သည်။

အာဖဂန်က စပိန်သံရုံးအနီး လာရောက်တိုက်ခိုက်သည့် တာလီဘန်လေးဦးစလုံး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်အတွင်းရှိ စပိန်သံရုံးအနီး နိုင်ငံခြားသား ဧည့်ဂေဟာတစ်ခုကို တိုက်ခိုက်သည့် တာလီဘန်သေနတ်သမား လေးဦးစလုံး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂလီခုနစ်ဦးကို သုံးခွတွင် ဖမ်းမိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ ခိုးဝင်လာသော ဘင်္ဂလီလူမျိုး အမျိုးသား ခုနစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်က သုံးခွမြို့နယ် သူကြီးပတုပ်ကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကြည်လွင်က ဆိုသည်။

မိတ္ထီလာမြို့တွင် ပြောင်းလဲချိန်တန်ပြီစာတန်းပါ အမှိုက်ပုံးများ ချထားမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်း အချက်အချာကျသောနေရာများတွင် ပြောင်းလဲချိန်တန်ပြီစာတန်းပါ ဖိုက်ဘာအမှိုက်ပုံး ၅၅ လုံးချထားပေးမည် ဖြစ်ကြောင်း အဆိုပါမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ဆိုသည်။

ရွှေစက်တော်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်နေပြီး မန်းချောင်း စံချိန်တင် ရေကြီးရေလျှံခဲ့မှုကြောင့် ယခင်နှစ်များထက် အခက်အခဲများရှိနေ

ရွှေစက်တော်ပွဲတော် အောက်ခြေတော်ရာ သောင်ခုံတွင် မြေညှိလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ် 
နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိသည့် မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရန် တဲကျောင်း (တည်းခိုဆောင်)နှင့် ဆိုင်ခန်းများအတွက် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ပြင်ဆင် မှုများ ဆောင်ရွက်နေပြီး မိုးရာသီက မန်းချောင်း စံချိန်တင် ရေကြီးရေလျှံခဲ့မှုကြောင့် ယခင်နှစ်များထက် အခက်အခဲများ ကြုံတွေ့နေကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

တူရကီတပ်များ ဝင်ရောက်နေမှုကို အီရတ်နိုင်ငံက ကုလသမဂ္ဂကိုတိုင်ကြား

တူရကီစစ်တပ်၏ အီရတ် နိုင်ငံ မြောက် ပိုင်း သို့ ဝင်ရောက်တပ်စွဲခြင်း ကို အီရတ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ သို့ တိုင်ကြားလိုက် ကြောင်း အမေရိကန် သံတမန် က ပြောကြားလိုက်သည်။

ဒေါ်စု အမှိုက်ကောက်မည့် ကော့မှူးတွင် စည်ပင်က ပူးပေါင်းမည်

ဒေါ်အောင်ဆန်းစုကြည် အမှိုက်ကောက်မယ့် ကော့မှူးမှာ သက်ဆိုင်ရာစည်ပင်သာယာက ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

တစ်ပတ်အတွင်း ဖြေရှင်းပေးမည်ဆိုသည့် ထိုင်းစက်ရုံပိုင်ရှင်၏ ကတိမတည်လျှင် မြန်မာလုပ် သား ၇၀၀ ကျော် နောက်တစ်ကြိမ် ဆန္ဒပြမည်ဟုဆို

မြန်မာလုပ် သား ၇၀၀ ကျော်တို့၏ တောင်းဆို မှုအပေါ် တစ်ပတ်အတွင်းဖြေရှင်း ပေးမည် ဆိုသည့် Sri Siam Food Product စက်ရုံပိုင်ရှင်၏ ကတိစကား မတည်ခဲ့ပါက နောက်တစ်ကြိမ် ဆန္ဒ ပြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရ သက်တမ်းအတွင်း နိုင်/ကျဉ်းများ ပြန်လွှတ်ပေးမည် ဟု ယူဆကြောင်း

လက်ရှိအ စိုးရသက်တမ်းအတွင်း နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေး မည်ဟု ယူဆကြောင်း နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ မြန်မာနိုင်ငံ တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။ ''လွတ်နိုင်စရာ အလားအလာ တွေလည်း အများကြီးရှိတယ်။ ကြား ရတဲ့သတင်းတွေအရ တရားရုံးတွေ ကိုသွားနေတဲ့ ပုံစံတွေ အရ အမိန့် အမြန်ချနိုင်အောင် ဦးတည်နေတယ်'' ဟု ၎င်းကပြောသည်။

စည်းကမ်းနှင့်မညီသော မော်လမြိုင်ဆိပ်ကမ်းအခွန်ကောက်နေမှု အရေးယူသွားမည်ဟုဆို


မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ဘီလူးကျွန်း (ချောင်း ဆုံ)သို့ ဖြတ်သန်းသွားလာရာ မော် လမြိုင် ဘက်ကမ်းရှိ ဆိပ်ကမ်း များ တွင် ကောက်ခံလျက်ရှိသည့် ဆိပ် ကမ်းခွန် (ရေဝန်ခ)များနှင့် ပတ် သက်ပြီး တရားမျှတမှုမရှိပါက ကျန် အစိုးရသက်တမ်းအတွင်း အရေးယူ သွားမည်ဟု လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးလှထွန်းကပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါအောင်ကုမ္ပဏီ အစိုးရသစ်လက်ထက် မှသာ ကြေညာနိုင်ဖွယ်ရှိ

ရန်ကုန်မြို့သစ် စီမံကိန်း ပါဝင်သည့် နေရာတစ်ခုအားတွေ့ရစဉ် ။ ဓာတ်ပုံ- ရဲနောင်(ဖယ်ခုံ)
ရန်ကုန်မြို့ သစ်စီမံကိန်းဆိုင်ရာ တင်ဒါအောင် မြင် သည့် ကုမ္ပဏီကို အစိုးရသစ်လက် ထက်မှ သာ ကြေ ညာ နိုင်ဖွယ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။