အခုရက်ပိုင်းအတွင်း နိုင်ငံခြားသတင်းဌာနတွေ စိတ်အဝင်စားဆုံး ပြဿနာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နောက်တက်မယ့် သမ္မတနဲ့ သူ့ရဲ့ နေရာယူမှု အပိုင်းပါ။ နိုင်ငံခြား သတင်းဌာနတွေကို တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့်မရပေ မယ့် အစိုးရအဖွဲ့သစ်ကို သူပဲ ဦးဆောင်မယ်၊ သမ္မတရဲ့ အထက်မှာနေမယ်၊ သမ္မတဆိုတာဟာ ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားရမှာဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ရမှာ ဖြစ်တယ်။ စသဖြင့် ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။
Thursday, 12 November 2015
သမိုင်းကိုကြိုရေးခြင်း
နိုင်ငံတော်သမ္မတဦးသိန်း စိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့ရဲ့လက်ထဲမှာ စာအုပ်တစ် အုပ်ရှိနေပါတယ်။ စာအုပ်ရဲ့ အမည်ကတော့ ‘၂၁ ရာစုမြန်မာ့ သမိုင်း’ပဲဖြစ်ပါတယ်။ စာအုပ်ထဲ မှာတော့ ဗလာစာမျက်နှာများသာ ပါဝင်ပါတယ်။ စာလုံးတွေကို တော့ နိုင်ငံတော်သမ္မတနဲ့ ကာ ကွယ်ရေးဦးစီးချုပ်တို့ကရေးထည့် ကြရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်သမိုင်းကိုပုံဖော်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်ပါတယ်။
ရန်အောင်မင်္ဂလာကင်းဘုရားကြီး ရင်ပြင်တော်တွင် ကားများ ညအိပ်ညနေ ထားခွင့်ပြု၍ ဒေသခံများ ဝေဖန်
ပြည်မြို့ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မင်္ဂလာကင်းဘုရား စေတီတော်မြတ်ကြီး ရင်ပြင်တော် တွင် ကားများ ညအိပ်ညနေ ထား ခွင့်ပြုထားခြင်းကို မသင့်လျော် ကြောင်း ဒေသခံများက ဝေဖန်ပြောကြားသည်။စေတီတော် ရင်ပြင်တွင် ကားများ ညအိပ်ညနေ အချိန် ကြာမြင့်စွာ အခကြေးငွေယူပြီး ထားရှိခွင့် ပြုထားခြင်းကြောင့် ဘုရားဖူး ပြည်သူများ အမြင်၌် မသင့်လျော်ကြောင်း၊ ဘာသာ ရေးပွဲတော်ရက်များတွင် ရင်ပြင် တော်ပေါ်၌ ဆီမီးပူဇော်ရန်ပင် ကားများစွာရှိနေ၍ အခက်အခဲ များရှိနေကြောင်း ဒေသခံအချို့ က ပြောသည်။
‘‘ရင်ပြင်တော်ပေါ်ကို ကား မောင်းတက်တယ်။ ကားမောင်း တက်တဲ့ မုခ်ဦးဝအောက်ခြေဆို အနည်းငယ်တောင်အက်ကြောင်း လိုက်နေတယ်။ ရှေးဟောင်းဘု ရားကြီးလည်းဖြစ်၊ ရင်ပြင်တော် ပေါ်မှာ ကားတွေအပြည့် ထား ခွင့်ပြုတာက မသင့်လျော်ဘူးလို့ ထင်တယ်’’ဟု ပြည်မြို့လမ်းရှည် လမ်းနေ ဒေသခံတစ်ဦးက ပြော သည်။

ဟုမ္မလင်းတွင် လွှတ်ကျောင်းထားသော နွားကို သတ်ဖြတ် ရောင်းချခဲ့သူ ငါးဦးအား အရေးယူပေးရန် တိုင်ကြား
ဟုမ္မလင်းမြို့နယ် ဇီးပင် သာကျေးရွာတွင် လွန်ခဲ့သည့် နှစ် ပတ်ကျော်က ပျောက်ဆုံးခဲ့သော နွားကို သတ်ဖြတ် ရောင်းချသူ ငါးဦးအား ပိုင်ရှင်က နိုဝင်ဘာ ၁၀ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ဟုမ္မလင်းမြို့နယ် ဇီး ပင်သာကျေးရွာနေ အသက် (၅၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပိုင်ဆိုင်သော အသက်လေးမိုး (၄ နှစ်)ခန့်ရှိသည့် နီညိုရောင် နွားမတစ်ကောင်ကို ဇီးပင်သာ ကျေးရွာ ချင်းတွင်းမြစ်တစ်ဖက်ကမ်း ယာတောအတွင်း လွှတ်ကြောင်းထားခဲ့ရာ ယင်းနေ့ညနေတွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခြင်း တရုတ်၊ အမေရိကန် အပါအ၀င် နိုင်ငံတကာကြိုဆို
မြန်မာ့ရွေးကောက်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ခြင်းကို အမေရိကန်၊ တရုတ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာက ကြိုဆိုချီးကျူးခဲ့ကြပြီး ရွေးကောက်ပွဲ လွန်ကာလ အကူအညီများပေး ရန် ကြေညာခဲ့ကြသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာ့ရွေးကောက်ပွဲ အောင်မြင်မှုကို ကြိုဆိုပြီး ရွေး ကောက်ပွဲလွန်ကာလတွင် အကူအညီပေးမည်ဖြစ်ကြောင်း ကတိပြုသည်။ ‘‘မြန်မာအထွေထွေရွေး ကောက်ပွဲဟာ မျှော်လင့်ထားတဲ့ အတိုင်း ပြီးဆုံးခဲ့ပါတယ်။ တရုတ် က အဲဒါကို ကြိုဆိုပါတယ်။ မြန် မာနိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းဖို့ အတွက် ဥပဒေနဲ့အညီ ရွေးကောက်ပွဲလွန်ကာလ နိုင်ငံရေးအစီအစဉ်ကို ဆက်ဖော်ဆောင် သွားပါစေလို့ မြန်မာရဲ့ ရင်းနှီးချစ် ကြည်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ တရုတ်က ဆန္ဒပြုပါတယ်။ မြန်မာရဲ့ ဖိတ်ကြားမှုနဲ့ တရုတ်ရဲ့ အာရှ ရေးရာသံတမန် Sun Guo Qiang ဟာ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်မှုမှာ ပါဝင်ခဲ့ပါတယ်။ မြန် မာရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ သက်ဆိုင်တဲ့ အကူအညီနဲ့ အ ထောက်အပံ့တွေ ဆက်ပေးသွား ဖို့ တရုတ်က အဆင်သင့်ပါ’’ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟုန် လီက ပြောကြားကြောင်း CCTVသတင်းဌာနက ဖော်ပြသည်။
စီး/ကူးဒုဝန်ကြီး ဒေါက်တာပွင့်ဆန်း မရမ်းကုန်းတွင် ဒီချုပ်အမတ် ဒေါက်တာမေ၀င်းမြင့်ကို ရှုံးနိမ့်
လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်းကို ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်းမြင့်က မဲအပြတ်အသတ်ဖြင့်အနိုင်ရကြောင်း မရမ်းကုန်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူက ပြော သည်။
ဒေါက်တာပွင့်ဆန်းသည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု၍ ပြည်သူ့လွှတ် တော်အတွက် မရမ်းကုန်းမြို့နယ် မှ ၀င်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ ခဲ့ပြီးနောက် စီးပွား/ကူးသန်း ဒုတိ ယ၀န်ကြီးဖြစ်လာခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ဒီချုပ်ပါတီမှ ဒေါက်တာမေ၀င်း မြင့်က ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကိုအနိုင်ရခဲ့သည်။ ယခုနိုဝင်ဘာ ၈ ရက် တွင် ကျင်းပပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးမှ ဒေါက်တာပွင့်ဆန်းကို ဒီချုပ်မှ ဒေါက်တာမေ၀င်းမြင့်က မဲအ ပြတ်အသတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဝိုင်အရက်ကိစ္စကြောင့် ပြင်သစ်-အီရန် နိုင်ငံတော် ညစာစားပွဲ အစီအစဉ် ဖျက်သိမ်း
ဝိုင်အရက် ထည့်သွင်းမတည်ခင်းရန် တောင်းဆိုမှုကြောင့် အီရန်သမ္မတ ဟာဆန်ရူဟာနီကို ကြိုဆိုဧည့်ခံမည့် နိုင်ငံတော် ညစာစားပွဲအစီအစဉ်ကို ပြင်သစ်အစိုးရက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ယခုသီတင်းပတ်ကုန်တွင် ရူဟာနီသည် ဥရောပသို့ လည်ပတ်မှုခရီးစဉ် စတင်မည်ဖြစ်ရာ ၎င်းကိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက စီစဉ်ထားသည်။ မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သော အီရန်အနေဖြင့် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်လိုသဖြင့် အဆိုပါညစာစားပွဲတွင် ဝိုင်အရက် ထည့်သွင်းတည်ခင်းမှုမပြုရန် တောင်းဆိုရာ ပြင်သစ်က ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဝိုင်အရက်သည်ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ထုတ်ကုန်တစ်ခုလည်း ဖြစ်သည်။
Wednesday, 11 November 2015
နေ့သစ်များဆီ ဦးတည်လာသည့် တရုတ်-တိုင်ပေ ဆက်ဆံရေး
နှစ်နိုင်ငံ သမ္မတတို့ လက်ဆွဲ နှုတ်ဆက် လိုက်သည့် အချိန် ပိုင်းသည် သမိုင်းဝင်အခိုက်အတန့် ဖြစ်ခဲ့သည်။ ယင်းသည် ၁၉၄၉ နောက်ပိုင်း တရုတ်သမ္မတ တစ် ဦးနှင့် တိုင်ပေသမ္မတ တစ်ဦးတို့ ပထမဆုံးအကြိမ် မျက်နှာချင်း ဆိုင်တွေ့ဆုံမှုလည်း ဖြစ်လာသည်။နိုဝင်ဘာ ၇ ရက်က တရုတ် သမ္မတ စီကျင်းပင်နှင့် တိုင်ပေ သမ္မတ မာယင်ကျောင်းတို့သည် ကြားနိုင်ငံ တစ်ခုဖြစ်သည့် စင်ကာပူတွင် တွေ့ဆုံခဲ့ကြသည်။ ခေါင်းဆောင် နှစ်ဦးစလုံးက အဆို ပါ တွေ့ဆုံမှုကို အလွန်အမင်း အ ရေးမပါလေဟန် သတိကြီးစွာ စီ စဉ်ခဲ့သည့်တိုင် ခါးသီးလှသည့် အတိတ်သမိုင်း ရှိခဲ့သည့် နိုင်ငံများ ကြား ဆက်ဆံရေးသည် နေ့သစ် များဆီ အစပြု ဦးတည်လာပြီဟု နိုင်ငံတကာက မှတ်ယူခဲ့ကြသည်။
ကမ္ဘောဇအက်ဖ်စီအသင်းကို ရှမ်းယူနိုက်တက်အမည် ပြောင်းလဲယှဉ်ပြိုင်မည်
ရှမ်းပြည်နယ်ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ထိပ်တန်းကလပ် ကမ္ဘောဇအက်ဖ်စီအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် ရှမ်းယူနိုက်တက်အသင်းဟု အမည်ပြောင်းလဲ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
သတင်း ရရှိသည်။‘‘လက်ရှိအသင်းအမည်က ကုမ္ပဏီကို ကိုယ်စားပြုထားသလို ဖြစ်နေတယ်။ ကျွန်တော်တို့အ သင်းက ရှမ်းပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့အသင်းပါ။ ဒါ ကြောင့် အသင်းအမည်ကို ပြောင်း လဲလိုက်တာပါ’’ဟု အသင်းအမှု ဆောင် အရာရှိချုပ် ဦးဝင်းမြင့်ဦး ကပြောသည်။
ထို့အပြင် ကမ္ဘောဇအသင်း သည် လာမည့်နှစ်တွင် မြန်မာ့ထိပ် တန်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းတစ်ဦးတည်း ပိုင် ဆိုင်သည့် အသင်းအဖြစ်မှ ရှမ်း ပြည်နယ်မှ အခြားစီးပွားရေးလုပ် ငန်းရှင်သုံးဦးနှင့် ပူးတွဲပိုင်ဆိုင် သည့် အသင်းအဖြစ်သို့ ပြောင်းလဲ မည်ဖြစ်ကြောင်း ဦးဝင်းမြင့်ဦးက ဆိုသည်။

ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ဟု ဆိုကြသူအများစုမှာ အမှန်တကယ် ဓာတ်မတည့်ခြင်းမဟုတ်
ပင်နီဆီလင်ဆေးနှင့်ပတ်သက်၍ ဆိုးကျိုးတုံ့ပြန်မှုတစ်ခုဖြစ်ပြီး နောက် ဆရာဝန်တစ်ဦး၏ ထင်မြင်ယူဆချက်အပေါ် အခြေခံ၍ ယင်းဆေးနှင့်ဓာတ်မတည့်ဟု ယူဆသူ အများစုသည် အမှန်တကယ်ဓာတ်မတည့်ခြင်းမဟုတ်ဟုသုတေသနအသစ်တစ်ရပ်က ဆိုထားသည်။ လူအများစုသည် ပင်နီဆီလင်ဆေးနှင့်မတည့်ပါက ထပ်မသုံးတော့ဘဲ အန္တရာယ်ပိုများသော ပိုးသတ်ဆေးများနှင့် ကုသမှုခံယူပြီး မလိုအပ်သောအန္တရာယ်နှင့် ကြုံတွေ့စေသည်ဟု အမေရိကန်သုတေသနပညာရှင်များက ပြောသည်။အမေရိကန် ၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြားသည် ပင်နီဆီလင်ဆေးနှင့်ဓာတ်မတည့်ကြောင်း၊ သို့ရာတွင် ပင်နီဆီလင်ဆေးကြောင့် ပြင်းထန်သောတုံ့ပြန်မှု ရှိသည်ဟုဆိုသော လူ ၉၀ ရာခိုင်နှုန်းခန့်မှာ ၎င်းတို့ဘဝတစ်လျှောက်လုံး ဓာတ်မတည့်ခြင်းမဟုတ်ကြောင်း အမေရိကန်ရောဂါထိန်း ချုပ်တားဆီးရေးဌာန(CDC)က ပြောသည်။ သုတေသနပညာရှင်များသည် ပင်နီဆီလင်ဆေးနှင့် ဓာတ်မတည့်ဟုဆိုသော လူနာ
၁၅ ဦး ဆေးမှတ်တမ်းများကို လေ့လာခဲ့ကြသည်။ လူနာအားလုံးမှာ ဆေးဓာတ်မတည့်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပင်နီဆီလင်အကြောဆေးကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်ဟု သုတေသနပညာရှင်များက လေ့လာတွေ့ရှိသည်။
၁၅ ဦး ဆေးမှတ်တမ်းများကို လေ့လာခဲ့ကြသည်။ လူနာအားလုံးမှာ ဆေးဓာတ်မတည့်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပြီး ပင်နီဆီလင်အကြောဆေးကို ဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်သည်ဟု သုတေသနပညာရှင်များက လေ့လာတွေ့ရှိသည်။
Monday, 9 November 2015
ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းတွင် နော်ဝေဦးဆောင်၊ အာရှတွင် စင်ကာပူက ထိပ်တန်းဖြစ်
ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှု အညွှန်းကိန်းအတွက် နိုင်ငံ၁၄၂ခုအား စစ်တမ်းကောက်ယူမှုတစ်ခုတွင် စင်ကာပူက အာရှတွင် နောက်တစ်ကြိမ် ထိပ်တန်းစာရင်း ၀င်လာပြန်သည်။
ကမ္ဘာ့အဆင့်တွင် စင်ကာပူက အဆင့် ၁၇ ရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ခုတက်လာသည်။ ကမ္ဘာလုံးဆိုင်ရာချမ်းသာကြွယ်ဝမှု အညွှန်းကိန်း 2015 Prosperity Index ကို လန်ဒန်အခြေစိုက် ပညာရှင်အကြံပေးအဖွဲ့ Legatum Institute က နိုဝင်ဘာ ၂တွင် ထုတ်ပြန်ခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင်မူ စင်ကာပူက အဆင့်-၃ နေရာတွင် ရှိနေခဲ့ပြီး နယူးဇီလန်က အဆင့်-၄နှင့် သြစတြေးလျက အဆင့်-၁၂ အသီးသီးရရှိထားသည်။

ကြိမ်၊ ဝါး ပစ္စည်းတွေကို ပြည်ပတင်ပို့ပြီး Made in Myanmar ဆိုတာကို သိစေမယ်လို့ ကြိမ်၊ ဝါး အသင်းပြော
ပြည်တွင်းထုတ် ကြိမ်၊၀ါးနဲ့ သစ်တောထွက် ပစ္စည်းတွေကို နိုင်ငံခြားဈေးကွက် အသစ်တွေမှာ တင်ပို့ရောင်းချနိုင်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကြိမ်၊၀ါးပစ္စည်း ထုတ်လုပ်ရောင်းချသူများ အသင်းက ပြောဆိုထားပါတယ်၊ လက်ရှိတင်ပို့နေတဲ့ ဈေးကွက်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကိုပဲ တင်ပို့နိုင်တာဖြစ်ပါတယ်။ အခုတိုးချဲ့သွားမယ့် ဈေးကွက်တွေထဲမှာ ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်က နိုင်ငံတစ်ချို့ပါဝင်လာပါတယ်။မြန်မာနိုင်ငံရဲ့ ကြိမ်၊ဝါး ထုတ်ကုန်ပစ္စည်းတွေကို စိတ်ဝင်စားလာတဲ့ နိုင်ငံတွေ ရှိလာတာကြောင့်ရယ် နောက်ပြီး ဒီပစ္စည်းတွေကြောင့် Made in Myanmar ဆိုတာကို သိလာပြီး နိုင်ငံရဲ့ ခရီးသွား လုပ်ငန်းတွေမှာလည်း ပိုပြီးအကျိုးရှိ လာနိုင်တဲ့အတွက် ဈေးကွက်အသစ်၊ ဖောက်သည် အသစ် ရှာဖွေ ချဲ့ထွင် ကြိုးစားရတာလို့ ဆိုပါတယ်။
Friday, 6 November 2015
အားလပ်ရက်မှာ လည်ပတ်စရာ၊ ရုပ်သေးပွဲ သွားရအောင်
ဒီတစ်ပတ် အားလပ်ရက်မှာတော့ လည်ပတ်စရာ နေရာတွေ၊ စားသောက်စရာဆိုင်တွေ ထက် မြန်မာ့ရိုးရာ ရုပ်သေး ဇာတ်ရုပ်လေးတွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခံစားနိုင်ဖို့ နေရာလေးတစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်။နေရာကတော့ ရန်ကုန်မြို့ လယ်ကောင်၊ ဆူးလေမှာရှိတဲ့ Eassy Htwe Oo Myanmar ရုပ် သေးရုံပါပဲ။
ထွေးဦးမြန်မာရုပ်သေးရုံကို ဇွန်လကစပြီး ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ကြာမြင့်ပါပြီ။ Eassy Htwe Oo Myanmar ရုပ်သေးရုံမှာဆိုရင် မြန်မာ့ရိုးရာ အနုပညာ တစ်ခုဖြစ်တဲ့ ကြိုးဆွဲရုပ်သေးရုပ်မျိုးစုံရဲ့ အလှအပနဲ့ အကမျိုးစုံကို ရင်သပ်ဖွယ်ရှုစားရမှာ ဖြစ်ပါတယ်။
ရုပ်သေးကြည့်ရှုသူတွေကို ပွဲမစခင်မှာ မြန်မာ့ရုပ်သေးသမိုင်း ကြောင်းကို ရှင်းလင်းပြောကြားပါ တယ်။ ပြီးရင်တော့ ရုပ်သေးပွဲကို နတ်ကန်တော့နဲ့စဖွင့်ပါတယ်။

ရုရှားလေယာဉ် ပျက်ကျခြင်းသည် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ဟုဆို
အီဂျစ်ပိုင် ဆီနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင် လေယာဉ်သည် ဗုံးပေါက်ကွဲမှု တစ်ခုကို တွေ့ကြုံခဲ့ခြင်း ဖြစ်နိုင်သည့် အထောက်အထားအချို့ တွေ့ရှိလာကြောင်း သိရသည်။
အမေရိကန်နှင့် ဗြိတိန် ထောက်လှမ်းရေး ဌာနများက ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ် ကိုယ်ထည် အတွင်းပိုင်းမှ ပေါက်ကွဲထွက်လာသည်ဟု ယုံကြည်ရသည့် အခြေအနေများ ရှိနေကြောင်း ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က Airbus 321 အမျိုးအစား လေယာဉ်သည် အီဂျစ်ရှိ ရှမ်အယ်လ်ရှိတ်ခ် အပန်းဖြေစခန်းမြို့မှ ပျံတက်လာပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဆီနိုင်းတွင် လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လေယာဉ်ကို ပစ်ချခဲ့ခြင်းဟု ကြေညာသော်လည်း ယင်းကို ရုရှား စုံစမ်းရေး အရာရှိများက ပယ်ချထားသည်။

Thursday, 5 November 2015
အမေရိကန် သမ္မတတစ်ဦး အနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် အိုဘားမား စီစဉ်
အမေရိကန် သမ္မတ တစ်ဦးအနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် ဘာရတ် အိုဘားမားက စီစဉ်နေကြောင်း သိရှိရသည်။လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ညီလာခံ တစ်ခုသို့ တက်ရောက်ရာ၌ လာအိုသို့ အိုဘားမား သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ထိပ်တန်း အကြံပေး တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ဆင်းရဲနွမ်းပါးသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စီးပွားရေးအရ တရိပ်ရိပ် တိုးတက်လာနေသည့် အရှေ့တောင်အာရှ နိုင်ငံတွင် အာဆီယံ ညီလာခံ ကျင်းပရာ၌ အိုဘားမား တက်ရောက်မည် ဖြစ်သည်။ ဗီယက်နမ် စစ်ပွဲကာလ အတွင်းတွင် လာအိုသည် အမေရိကန်၏ ဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရဖူးပြီး မည်သည့် အမေရိကန် သမ္မတကမျှ အဆိုပါ နိုင်ငံသို့ သွားရောက်ခဲ့ဖူးခြင်း မရှိချေ။
အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည် ကျပ် ၅,၀၀၀ တန် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့်ထုတ်လုပ်ပြီး ဝယ်ယူလိုပါက ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းမည်ဟုဆို
သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ငါးထောင် ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေမည် ဖြစ်ပြီး ဝယ်ယူလိုပါက ကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက နိုဝင်ဘာ ၄ ရက် ည ၈ နာရီသ တင်းတွင် ကြေညာသည်။
ငါးထောင်ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေရာတွင် ထူးခြားချက်မှာ အစိုးရအဖွဲ့ ငါးနှစ်တာသက်တမ်း ဟု မသုံးနှုန်းဘဲ‘ပြည်ထောင်စုအ စိုးရအဖွဲ့ ပထမသက်တမ်း’ဟု သုံး နှုန်းထားခြင်းဖြစ်ပြီး ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခြင်းဖြစ်၍ ဝယ်ယူလိုပါက မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းအ ရောင်းဆိုင်များတွင် ငွေကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဟုဆို သည်။ အထိမ်းအမှတ်အတွက် ထုတ်ဝေသည့်ငွေဒင်္ဂါးသည် ငွေ စင်ငွေသား ၉၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေး ချိန် ၂၀ ဂရမ်နှင့် အချင်း ၂၅ မီလီ မီတာရှိသည်ဟုဆိုသည်။

Wednesday, 4 November 2015
အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားမှု အမေရိကန် ရုတ်သိမ်း
အမေရိကန်အစိုးရက အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားအား ရုတ်သိမ်းပေးလိုက်ပြီဖြစ်ရာ အီရန်သို့ ဆေးဝါးပစ္စည်းများ တင်ပို့နိုင်ခွင့် ရပြီဖြစ်သည်။
အီရန်သို့ အခြေခံဆေးဝါးများ တင်ပို့ခြင်းကို ၂၀၁၂ ခုနှစ်တွင်းက တားမြစ်ပိတ်ဆို့ထားမှုအား အမေရိကန် နိုင်ငံခြားရေးရာပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာန OFAC က ပြန်လည်သုံးသပ်ကာ ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်မထုတ်ပြန်
အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ ကျွန်းဆောက်လုပ်မှုများအား ရည်ညွှန်းပြောဆိုမှုမပြုလုပ်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့ စည်းရုံးခဲ့သည့်နောက် အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတစ်ခုက ပူးတွဲကြေညာချက်ပြုလုပ်မည့် အစီအစဉ်များကို ဖျက်သိမ်းလိုက်သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၄ တွင်ပြောကြားခဲ့သည်။
"ကျွန်တော်တို့ နားလည်ထားတာကတော့ ပူးတွဲကြေညာချက် ထုတ်ပြန်မှာမဟုတ်ပါဘူး"ဟု အမည်မဖော်သော ၄င်းအရာရှိက ပြောသည်။ အာဆီယံ ၁၀နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့် ယင်း၏ ဒေသတွင်း မိတ်ဖက်များသည် ကွာလာလမ်ပူတွင် နှစ်ပတ်လည်စည်းဝေးပွဲများ ပြုလုပ်လျက်ရှိသည်။

ပါတီမှထုတ်ပယ်သည့် သတင်းသူရဦးရွှေမန်းမသိရသေးဟု ကိုယ်ရေးအရာရှိပြော
သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်သည်ဆိုသည့် သတင်းကို ၎င်းတို့ကိုယ်တိုင်ပင် မသိသေးကြောင်း သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဝင်းသိန်းက မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့အဲဒီလိုသတင်းကော၊ ပြည်ခိုင်ဖြိုးနဲ့ ပက်သက်တဲ့သတင်းဘာမှမကြားပါဘူး။ တွေ့ကိုမတွေ့သေးဘူးလို့" ဟု ၎င်းကတုန့်ပြန်ပြောဆိုသည်။
သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိအပြင် ၎င်းအနီးတွင်အတူရှိနေကြသည့် အောင်နိုင်ရေးအဖွဲ့ဝင်အချို့ကလည်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်သည်ဆိုသည့်အကြောင်းကို သူရဦးရွှေမန်းကိုယ်တိုင်နှင့် ၎င်းကိုယ်ရေးအရာ ရှိတို့ကလည်း ပြောဆိုခြင်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။

Tuesday, 3 November 2015
ဓါးခုတ်ခံရသူ ဦးနိုင်ငံလင်း ဆိုက္ကားအစီး ၅၀၀ ဖြင့် မနက်ဖြန် မဲထပ်ဆွယ်မည်
သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရာမှ ဓါးခုတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အမတ်လောင်းလည်းဖြစ်၊ လက်ရှိပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သည့် ဦးနိုင်ငံလင်း က နိုဝင်ဘာ ၄ ရက်တွင် ယင်းမြို့နယ်အတွင်း ဆိုက္ကားအစီးရေ ၅၀၀ နှင့်အတူ မဲဆွယ်စည်းရုံးရေး ထပ်မံပြုလုပ်မည်ဟု ၄င်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်း က မဇ္ဈိမကို အတည်ပြုသည်။
"လမ်းလျောက်နိုင်တယ်။ ဆရာဝန်ကလည်း အလုပ်ဖြစ်လို့ ခွင့်ပြုပါတယ်။ တစ်ချို့လက်ချောင်းတွေတော့ လှုပ်လို့ မရသေးဘူး။ ဒါပေမယ့် မဲဆွယ်ဖို့ကလည်း ၂ ရက်ပဲ ကျန်တော့တယ်။ ကိုနိုင်ငံလင်းကလည်း ထပ်လုပ်ချင်လို့ မနက်ဖြန် မဲဆွယ်စည်းရုံးရေးထပ်ဆင်းမှာပါ။" ဟု ၄င်းကပြောသည်။

Subscribe to:
Posts (Atom)