အောက်မှာ ကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းတွေ မလုပ်သင့်တဲ့အချက်လေးတွေကို လေ့လာကြရအောင်။
Wednesday, 1 July 2015
ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ
တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုးတွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံးနည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်းသိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ်ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။
အခြေခံဥပဒေပြင်ရေးဆန္ဒပြသည့် တကသ ကျောင်းသားခေါင်းဆောင်များ နေပြည်တော်တွင် NLD အမတ် ဇေယျာသော်နှင့် ကြိုတင်တွေ့ဆုံစီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ
ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် ဇွန်လ ၃၀ ရက် မွန်းလွဲပိုင်းက လူ ၂၅ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သော အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် တကသ ကျောင်းသား ဇေယျာလွင်နှင့်အဖွဲ့သည် NLD အမတ် ဇေယျာသော်နှင့် ဇွန်လ ၂၂ ရက် နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ စည်ပင်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးမှ စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာသော်က အခြေခံဥပဒေပြင်ဆင်ရေးကို ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည် ဖြစ်ပြီး စစ်တပ်က မထောက်ခံသည့်အတွက် ပြင်ဆင်ရန်အတွက် လိုအပ်သည့်ထောက်ခံမဲ မရနိုင်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေး အား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရေးနိမ့်ပြီးနောက် တစ်ပတ်အတွင်း တကသ ကျောင်းသားများ ဦးဆောင်ကာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့တွင် စတင်ဆန္ဒပြရန်၊ ထို့နောက် ဆန္ဒပြပွဲများကို အခြားမြို့ကြီးအသီးသီးတွင် ဆက်လက်ဆောင်ရွက်သွားရန်နှင့် ထိုဆန္ဒပြပွဲများကို NLD ပါတီအနေဖြင့် နောက်ကွယ်မှ ပံ့ပေးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း၊ ဤသို့ ပြုလုပ်ရခြင်းမှာ လွှတ်တော်ပြင်ပ နည်းလမ်း ဖြင့် စစ်တပ်ကို ဖိအားပေးရန် ဖြစ်ပြီး လူထုထောက်ခံမှု မြင့်မားလာခဲ့ပါက တစ်နိုင်ငံလုံးအနှံ့ တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ တကသ ကျောင်းသားများအနေဖြင့် ပြည်နယ်တိုင်းများသို့ ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ကာ အခြေခံဥပဒေပြင်ဆင်ရေး ကျောင်းသားဆန္ဒပြမှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလျက် ရှိကြောင်း သိရသည်။
အချိန်ပိုလုပ်ခဥပဒေ ပြန်လည်ပြင်ဆင်ရန်အိုဘားမားတိုက်တွန်း

အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ၎င်းအနေဖြင့် အမေ ရိကန်၏ အချိန်ပိုအလုပ်လုပ်ခြင်းဆိုင် ရာ လုပ်ထုံးလုပ်နည်းကို ပြန်လည်ပြင်ဆင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်လူလတ် တန်းစား များကို အကျိုးရှိစေရန်ဖြစ်ကြောင်း၊ သူ၏အစိုးရအနေဖြင့် နိုင်ငံရေးအောင် မြင်မှုများ ရရှိလာပြီး နောက် ယခုကဲ့ သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်

ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော် မတီ၏သဘောထား မှတ်ချက် အပေါ် မူတည်ပြီး မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြား ခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင် စုလွှတ်တော်တွင် ဆက်လက်ဆွေး နွေးဆုံးဖြတ်မည်ဖြစ်ကြောင်း သိရ သည်။
မဟာတံတိုင်းကြီး တဖြည်းဖြည်းပျောက်ကွယ်နေပြီဟု တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြ

၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်က ပေကျင်းမြောက်ပိုင်း မူရှန်ယုရှိ မဟာတံတိုင်းတစ်စိတ်တစ်ပိုင်းကို တွေ့ရစဉ်
တရုတ်နိုင်ငံတွင် မင်မင်းဆက်လက်ထက်က တည်ဆောက်ခဲ့သောမဟာတံတိုင်းကြီးသည် သဘာဝဘေးဒဏ်များနှင့် အိမ်ဆောက်ရန် အုတ်များခိုးယူခြင်း အစရှိသည့် မဆင်မခြင်လုပ်ရပ်များကြောင့် တံတိုင်းကြီး၏ ရာခိုင်နှုန်း ၃၀ ခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။
အင်ဒိုနီးရှားစစ်လေယာဉ် လူနေရပ်ကွက်ပေါ် ပျက်ကျ၊ အနည်းဆုံး လူ ၅၅ ဦး သေဆုံး

အင်ဒိုနီးရှားစစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်း ဟိုတယ် တစ်လုံးနှင့် နေအိမ်များပေါ်သို့ ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၅၅ ဦးခန့် သေဆုံးသွားခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထား သည်။
မန္တလေးမြို့တွင် Iron Cross Unplugged Show ပထမဆုံး ကျင်းပမည်

Show ပွဲပြုလုပ်မှု နည်းပြီး လက်မှတ်ပေါက်ဈေး အဆမတန် မြင့်တက်လေ့ရှိသည့် Iron Cross အဖွဲ့က မန္တလေး မြို့တော်တွင် ပထမဆုံးအကြိမ် Unplugged ရှိုးပွဲကို ဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ်၌ ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သည့် ဦးသူရက ပြောကြားသည်။
အနည်းဆုံးလုပ်အားခ ကျပ် ၃၆၀၀ သတ်မှတ်ရန် အဆိုပြုချက် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ကန့်ကွက်မည်

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခသတ်မှတ်ရန် လုပ်အားခ သတ်မှတ်ရေးကော်မတီ ဖြစ်သည့် အမျိုးသားကော်မတီက အဆိုပြုသတ်မှတ်သည့် ကျပ် ၃၆၀၀ နှုန်းထားကို ကန့်ကွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MTUF) မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းဝေက ပြောကြားသည်။
ယနေ့မှစတင်ကာ နှစ်နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင်ခွင့်ပြုလိုက်သည့် '၆ဂ'အက္ခရာယာဉ်နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ သတ်မှတ်သက် တမ်းကျော်လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ခ တစ်နှစ်စာ၏ ၅ဝ ရာ ခိုင်နှုန်းကို ပေးဆောင်ရမည်

ယနေ့မှစတင်ကာ နှစ်နှစ်လျှင်တစ်ကြိမ် မှတ်ပုံတင် ခွင့်ပြုလိုက်သည့် '၆ဂ'အက္ခရာယာဉ် နှင့်အထက် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်များ သတ်မှတ်သက်တမ်းကျော် လွန်ပါက ဒဏ်ကြေးအဖြစ် မှတ်ပုံတင်ခ တစ်နှစ် စာ၏ ၅ဝ ရာခိုင်နှုန်း ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံး မှ သိရသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် ကူညီဆောင်ရွက်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငရုတ်ကောင်းမြို့နယ်ခွဲ၊ ကျီးချောင်း ကျေးရွာအုပ်စု အတွင်းရှိ ငရုတ်ကောင်း တောင်ကျေးရွာ၊ ဆင်မှုန်ကျေးရွာနှင့် ၀က်ကော်ကျေးရွာများ၌ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တောင်ကျရေများခြင်း၊ ချောင်းရေတက်ခြင်းများကြောင့် ချောက်ကမ်းပါးများ ပြိုကျပြီး လူနေအိမ် ၁၄၈ လုံး ရေ၀င်ပျက်စီးခြင်း၊ အလျား ၂၀ ပေ၊ အနံ ၆ ပေရှိ သစ်သားတံတားနှင့် လမ်းများ ပျက်စီး ခြင်းများကြောင့် လူဦးရေ ၄၉၀ ဦးအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများက ယာယီ ရွှေ့ပြောင်းပေးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ရေပြန်ကျသွား သဖြင့် ပျက်စီးနေသော နေအိမ်၊ လမ်း၊ တံတားများအား ပြန်လည် ပြင်ဆင် ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ဘ၀အတွက် ကြိုတင်စီစဉ်မထားသင့်တဲ့ အရာများ

တချို့အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘဝမှာပြုလုပ်မယ့် အရာတွေကို ကြိုတင်အစီအစဉ်တွေ ချမှတ်တတ်ကြ ပါတယ်။ ဥပမာ- ၂၇ နှစ်မှာ စေ့စပ်မယ်၊ ၃၀ နှစ်မှာ လက်ထပ်မယ်၊ ၃၁ နှစ်မှာ ကလေးယူမယ် အဲလိုမျိုး တွေပေါ့။ ဒါပေမယ့် ဒီလို ဘဝမှာagenda တွေ ထားရှိမယ်ဆိုရင် သီအိုရီ အရတော့ အကောင်းဆုံး နည်းလမ်းတော့ ဖြစ်ပါတယ်။ တစိုက်မတ်မတ်လျှောက်လှမ်းဖို့မှာကျတော့ မသင့်တော်ပြန်ပါဘူး။ လူတိုင်း သိသင့်တဲ့ အချက်တွေကတော့ အသက်ရှင်နေတဲ့ ဘဝတစ်လျှောက် ၁၀၀ ရာခိုင်နှုန်း ကြိုတင် အစီအစဉ် ဆွဲလို့မရတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ လူတိုင်း ကိုယ့်စိတ်ကူး အိပ်မက်တွေဆီ ပညာရှိရှိ နဲ့ ဂရုတစိုက် လုပ်ကိုင်ဖို့ ရွေးချယ်သင့်ပါတယ်… ဒါပေမယ့် အချုပ်အနှောင်တွေ ကြားကနေ ကြိုးပမ်းနေတာမျိုးတော့ မဖြစ်သင့်ပါဘူး။
ကဗျာရေးသည့် ထိုင်းလယ်သူမလေး လူမှုကွန်ရက်တွင် ရေပန်းစား (DVB)

ဓာတ်ပုံ – women.kapook.com
ခုရက်ပိုင်းအတွင်း ထိုင်းလူမှုကွန်ရက်စာမျက်နှာမှာ ကဗျာရေးတဲ့ လယ်သူမလေးတယောက် အကြောင်း လူကြိုက်များပြီး ရေပန်းစားနေပါတယ်။
ဖွဲ့စည်းပုံမှ ပုဒ်မ-၄၃၆(ခ)ကို ပြင်ဆင်နိုင်ပါက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အထောက်အကူပြုမည်ဟု သူရဦးရွှေမန်းဆို

ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံဆွေးနွေးဆုံးဖြတ် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်း အဆက် ပုဒ်မ-၄၃၆(ခ) ပါ ပြဋ္ဌာန်းချက်များ ကို ပြင်ဆင်နိုင်ပါ က တိုင်းရင်းသား စည်းလုံးညီညွတ် ရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးအတွက် အထောက်အကူပြုနိုင် မည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယင်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်လိုက် သည်။
ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် ကချင်လွတ် လပ်ရေးအဖွဲ့ (KIA) တပ်တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကာ တိုက်ပွဲကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့သည်ဟု KIO နှင့် ဖားကန့် ဒေသခံများက ပြောသည်။
တန့်ဆည်တွင် လက်နက်ခဲယမ်းများ ဖမ်းမိ
မန္တလေးမြို့တွင် ဖမ်းဆီး ရမိခဲ့သော လက်နက်များနှင့် ဆက်စပ် သက်သေ များကို စစ်ဆေးရာမှ တရားမ၀င် လက်နက်ကိုင်ဆောင်သူ တစ်ဦးအား တန့်ဆည်မြို့နယ်တွင် ယခုလ (၃၀)ရက်နေ့၌ ထပ်မံ ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ထံမှ သိရသည်။
အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရန် ပြည်ခိုင်ဖြိုး ပါတီထံ အကြံဉာဏ် တောင်းမည်
မကြာသေးမီက ထွက်ရှိလာသော အကျဉ်းထောင် ဥပဒေအား ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဖိတ်ကြား ဆွေးနွေး အကြံဉာဏ် တောင်းခံသွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သတင်း ရရှိသည်။
ရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပူးတွဲပြုလုပ်နိုင်

အခုနှစ် နိုဝင်ဘာလဆန်းထဲမှာကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ရက်က လွှတ်တော်မှာ အတည်ပြုထားတဲ့ ပုဒ်မ ၅၉(ဃ)ပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုပါ ပူးတွဲကျင်းပသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေး အစပိုင်းမှာ ပြောဆိုလိုက်ပါတယ်။
လက်နှစ်ဖက် မရှိပေမယ့် အရာအားလုံးကို လုပ်နိုင်သူ

လက်နှစ်ဖက်တော့ မရှိပါဘူး။ ဒါပေမဲ့ အရာရာကို လုပ်နိုင်စွမ်းရှိပါတယ်။ မွေးရာပါ လက်နှစ်ဖက် မပါဝင် ခဲ့တာ ဖြစ်ပေမယ့် ဘ၀ကို လုံးဝအရူံးပေး ခဲ့ခြင်းမရှိဘဲ အရာအားလုံးကို လေ့လာသင်ယူ ခဲ့တာကြောင့် လေ ယာဉ်မောင်း လိုင်စင်ကိုတောင် ရယူနိုင်ခဲ့ပါ တယ်။ ဒါဟာ ထူးခြားမူဖြစ်ပြီး လက်နှစ်ဖက် မရှိသူတွေ ထဲမှာ ပထမဆုံး လေယာဉ် မောင်းနှင်နိုင်သူအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ကွမ်ဒို ကစားနည်းမှာလည်း ခါးပတ်နက်ကို ရယူထား ပါတယ်။
ရွှေစင်စကြ်ာ ယာဉ်တိုက်မှုတွင် ယာဉ်ပိုင်ရှင်များမှ တာဝန်ယူမှုမရှိ

ရွှေစင်စကြ်ာကား ယာဉ်တိုက်မှုတွင် ထိခိုက် ဒဏ်ရာရှိခဲ့သူ ခရီးသည်အား ရွှေစင်စကြ်ာ ဂိတ်ပိုင်၊ ယာဉ်ပိုင်ရှင် များမှ တာဝန်ယူမှု တာဝန်ခံမှု မရှိကြောင်း ၎င်း၏ မိသားစုဝင်များက ဇွန်လ(၃၀)ရက်နေ့တွင် The Messenger Media သို့ ပြောကြားခဲ့သည်။
သမ္မတနှင့် ဒုသမ္မတများ ပါတီ လုပ်ငန်းများ၌ ပါဝင်မှုကို တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်

ပြည်ခိုင်ဖြိုး ပါတီမှ တင်သွင်းသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ) ပြင်ဆင်ချက်တွင် သမ္မတနှင့် ဒုသမ္မတများမှ ပါတီ လုပ်ငန်းများ၌ ပါဝင်ပတ်သက်မှု မရှိစေရ ဆိုသည့် ပုဒ်မအား ပယ်ဖျက် ထားခြင်းကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ကန့်ကွက် ပြောဆိုသည်။
Subscribe to:
Posts (Atom)