Friday, 26 June 2015

မန္တလေးမြို့ အဆောင်တွင် အမျိုးသမီးတစ်ဦး အကူအညီမပါဘဲကလေးမွေးရာမှ သွေးလွန်သေဆုံး


မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ် ဦးတည်း ကလေးမီးဖွားရာမှ သွေး လွန်၍ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီးအဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက် ညနေက အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ၎င်း၏အခန်းအတွင်း က လေးမီးဖွားနေသည်ကို အဆောင် မှူးနှင့် အဆောင်သူများက တွေ့ ရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သွေးလွန်သေဆုံးသွားခြင်းဖြစ်ပြီး ကလေးမှာအသက်ရှင် ကျန်းမာ လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုကို စဉ်းစားတော့မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးတော့ မစဉ်းစား ဘူး။ ခြောက်ပွင့်ဆိုင်အကြောင်း၊ မစဉ်းစားတော့ဘူး။စဉ်းစားနေရင် လည်း နည်းနည်းအချိန်ပိုကုန်တာ ပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ ဆက်ပြီးလုပ်သွားတော့မယ်’’ဟု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ် အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေစိတ်ဓာတ်ကျစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ်သည် သိပ်ပြီး ထူးထူးဆန်းဆန် မဟုတ်အံ့သြစရာ မဟုတ်ဟုဆိုပြီး ပြည်သူတွေအနေနှင့် စိတ်ဓာတ်ကျစရာမလိုဘဲရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည် မဲခွဲဆုံးဖြတ်မှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"အခြေခံဥပဒေ အရေးကြီးပုဒ်မများ ပြင်ဆင်ရန်မဲခွဲမှု ရှုံးနိမ့်"

သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ)သည်နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊စသည့်အမြင်များရှိရမည်အစားနိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။

ဖားကန့်ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်သွင်းတိုက်ခိုက်

ဖားကန့်မြို့နယ်ရဲစခန်း ၀င်းအတွင်းသို့ လက်လုပ်မိုင်းနှစ် လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲရိပ်သာအဆောက်အအုံအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ဒေသလုပ် လက်လုပ် မိုင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံရခြင်းဖြစ်ပြီး မိုးညှင်းခရိုင် ဒုရဲတပ်ဖွဲ့မှူး ဖားကန့်မြို့နယ်ရဲစခန်း သို့ လာရောက်နေချိန်နှင့် တိုက် ဆိုင်နေကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းအချို့က ပြော သည်။

Thursday, 25 June 2015

အမေရိကန်က အရှေ့ ဥရောပတွင် လက်နက်များချထားတော့မည်

တင့်ကားများ ခြေလျင်တိုက်ခိုက် ရေးယာဉ်များနှင့်အမြောက်များ အ ပါအဝင် လက်နက်ကြီးများကို အမေ ရိကန်က ပထမဆုံး အကြိမ် အလယ် နှင့် အရှေ့ဥရောပနိုင်ငံများတွင်ကြို တင်ချထားတော့မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက အက်စ်တိုး နီးယားမြို့တော်တွင် ပြောခဲ့သည် ကို The Global Times သတင်း တွင်ဖော်ပြသည်။

သယံဇာတမှ ရရှိသည့် ၀င်ငွေအား စစ်ဆေးနိုင်ရန် အစိုးရ၀န်ကြီးဌာနများမှ ရရှိသည့် အခွန်ငွေကို လန်ဒန်အခြေစိုက် Moore Stephan စာရင်းစစ်အဖွဲ့က စတင်ကောက်ယူ

သဘာဝသယံဇာတမှ ရရှိသည့် ၀င်ငွေအား တိုက်ဆိုင်စစ်ဆေးနိုင်ရန် လန်ဒန်အခြေစိုက် Moore Stephan အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ သိရသည်။

ဘာသာရေးကျမ်းစာ အာဂုံဆောင်ပြိုင်ပွဲ ကျင်းပကာ အမျိုးသမီးလိင်ကျွန်များ ISIS ချီးမြှင့်

ယာဇီဒီလူနည်းစု ဘာသာဝင်များနှင့် ခရစ်ယာန် ဘာသာဝင် အမျိုးသမီးများကို စစ်သုံ့ပန်းများအဖြစ် ပြန်ပေးဆွဲထားသော ISIS များသည် ၎င်းတို့ထိန်းချုပ်ရာ ဒေသအတွင်း တိုက်ခိုက်ရေးသမားများ အတွက် ဘာသာရေးကျမ်းစာ အာဂုံဆောင်ပြိုင်ပွဲများ ပြုလုပ်ပေးကာ ဆုရရှိသူကို အမျိုးသမီး လိင်ကျွန် ချီးမြှင့် သည်ဟု Fox News သတင်းတစ်ရပ်က ISIS ၏ လူမှုကွန်ရက်အပေါ် လှုပ်ရှားမှုများအား စောင့်ကြည့်သည့် အဖွဲ့များကို ကိုးကားလျက် ဖော်ပြထားသည်။

သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄၀ ခန့်ရှိလာ

ဓာတ်ပုံ − ရိုက်တာ 
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်ရှိအချိန်ထိ ဖြစ်ပွားသူ ကိုးထောင် ကျော် နှင့် သေဆုံး သူ လေးဆယ်ဦးခန့် ရှိလာ ကြောင်း သတင်းရရှိသည်။

အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်နိုင်လျှင် ငြိမ်းချမ်းရေးရရန် ခက်ခဲမည်ဟု သူရဦးအောင်ကိုပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်ဆင်နိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲ များရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် သူရဦးအောင်ကိုက ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။

လူရိုင်းများ နေထိုင်တဲ့ကျွန်း

Indigenous လူမျိုးများဟာ ကမ္ဘာအနှံ့မှာ ရှိပြီး နေထိုင်အသက်ရှင်မှု ကွဲပြားပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် အရီဇိုးနား ပြည်နယ်မှာ နေထိုင်မှုများပြီး အင်ဒီယန်း လူမျိုးလို့လည်း သိထားပါ တယ်။ သူတို့ရဲ့ ရုပ်ရည်ဟာ အနောက်တိုင်းနဲ့ မတူပဲ အာရှနဲ့ ပိုလို့ နီးစပ်ပါတယ်။ 

တအာင်းပလောင်အမျိုးသား ပါတီခေါင်းဆောင်နှစ်ဦးကို RCSS/SSA တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ် တအာင်းပလောင်အမျိုးသားပါတီဥက္ကဌ မိုင်အောင်ခမ်းနဲ့ အတွင်းရေးမှူး တို့ကို ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA အမှတ် ၁၃၇ တပ်ရင်းက ပြီးခဲ့တဲ့ဇွန်လ ၂၀ရက်နေ့က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပါတီတာဝန် ရှိသူတွေက ပြောပါတယ်။

ရှင်ဂျန်းမှာ ရဲဂိတ်ကို တိုက်ခိုက်မှု ၁၈ ဦး သေဆုံး

တရုတ် နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်က ရဲတပ်ဖွဲ့ စစ်ဆေးရေး ဂိတ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု အတွင်း အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာ တစ်ခုက ဆိုပါတယ်။

ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ တစ်ပိုဒ်ချင်းစီအလိုက် ယနေ့ မဲခွဲဆုံးဖြတ် အတည်ပြုမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) ပါ ပြင်ဆင်ချက်များပါရှိသည့် ဥပဒေမူကြမ်းကို ယနေ့ (ဇွန် ၂၅ ရက်) တွင် ပြုလုပ်မည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် တစ်ပုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ် အတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် အခြေခံဥပဒေ ဘယ်နှစ်ရာခိုင်နှုန်းနဲ့ ပြင်ဆင်နိုင်သလဲ (အခြေခံဥပဒေ ပြင်ဆင်ရေး “ကကြီး” “ခခွေး”)

●ပြင်ဆင်ရေး ဒီဘိတ်●
လက်ရှိကာလမှာ ပြည်တွင်းက နိုင်ငံရေးစိတ်ဝင်စားသူတွေ၊ နိုင်ငံတကာက လေ့လာသူတွေ အထူး အာရုံစိုက် စိတ်ဝင်စားနေတာကတော့ လွှတ်တော်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒီဘိတ်ပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အသီးသီးရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကလည်း စိတ်ဝင် တစား စောင့်ကြည့်ရတဲ့အနေအထား ဆိုရင်လည်း မမှားပါဘူး။ ကိုယ်စားလှယ်အချို့ရဲ့ ဆွေးနွေးချက် တွေမှာ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေကို ရည်ညွှန်း ဆွေးနွေးသွားကြတာတွေလည်း တွေ့ရှိ ရပါတယ်။ ပြောရရင် သမ္မတအုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ်၊ အာဏာသုံးရပ် အညီအမျှ (အညီအမျှ) ခွဲခြားပြီး အပြန်အလှန်ထိန်းကျောင်းရေးစနစ်နဲ့ ပတ်သက်လာရင်ပဲ ဖြစ်ဖြစ် အမေရိကန် အခြေခံဥပဒေကို အတော်များများက ကိုးကားကြတာလည်း တွေ့ရှိရပါတယ်။

ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲသူအပေါ် သေဒဏ်စီရင်

ဘော်စတွန်မာရသွန်အပြေးပြိုင်ပွဲ ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သူ Dzhokhar Tsarnaev ကို ၂၀၁၃ ခုနှစ်က လူ ၃ ဦးသေဆုံးပြီး၊ ၂၆၄ ဦး ဒဏ်ရာရခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုအတွက် တရားဝင် သေဒဏ်စီရင်ချက် ချလိုက်ပါတယ်။

ဓားစာခံတွေ ပြန်ရွေးနိုင်ခွင့် အမေရိကန်ပေါ်လစီ အိုဘားမားပြောင်းလဲ

အမေရိကန်ဓားစာခံတွေ လွတ်မြောက်ရေးအတွက် ပြန်ပေးသမားတွေနဲ့ စေ့စပ်ဖို့ ဒါမှမဟုတ် ပြန်ပေးငွေ ပေးပြီး ဓားစာခံတွေကို ပြန်ရွေးယူဖို့ ကြိုးစားတဲ့ မိသားစုတွေကို ရာဇ၀တ်မှုနဲ့ စွဲဆိုဖို့ ခြိမ်းခြောက်တော့မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမား က ပြောကြားလိုက်ပါတယ်။

နယ်ခြားစောင့်တပ်သား လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်-မြန်မာ မကြာမီ ဆွေးနွေးမည်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြန်မာရေပိုင်နက်အတွင်း တစ်ဖက်နိုင်ငံမှ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးရမိ ( ဓာတ်ပုံ- MOI) 
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်သားကို ပြန်လည်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ဒီတစ်ရက်၊ နှစ်ရက်အတွင်း ဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ် (BGB) အကြီးအကဲက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Wednesday, 24 June 2015

ကယားပြည်နယ်တွင်းရှိ သောက်သုံးရေ လုံလောက်မှုမရှိသည့် ကျေးရွာပေါင်း ၅ဝ ကျော်ကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

ကယားပြည်နယ် တွင်းရှိ သောက်သုံးရေလုံလောက် မှုမရှိသည့်ကျေးရွာပေါင်း ၅ဝ ကျော် ကို သောက်သုံး ရေ ရရှိရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကယားပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အမေရိကန် စစ်ပွဲသုံးလက်စွဲစာအုပ်က ဂျာနယ်လစ်များကိုလည်း တိုက်ခိုက်နိုင်ဟု လမ်းညွှန်ထား

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ပွဲစည်းမျဉ်းများနှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ်တစ် အုပ်ကို ထုတ်ပြန်ခဲ့ရာမှာ ရန်သူကို သတ်ဖြတ်သည့် လက်ခံနိုင်ဖွယ် နည်းလမ်းအသေးစိတ်ကို ဖော်ပြ ထားသည့်အပြင် ထိုစာအုပ် ထဲတွင် ဂျာနယ်လစ်များသည်လည်း အကြမ်းဖက်သမားများဖြစ်နိုင်ကြောင်း ပြောကြားထားသည်ဟု ဆိုသည်။