မေလ ၃၁ ရက်မှ စတင်ကာအစိုးရကို ဆန္ဒပြချင်စိတ်များကိန်းအောင်းနေသည်။ အထူးသဖြင့်တော့ စည်ပင်သာယာဌာနကို ဖြစ်သည်။ကိုယ်က အစိုးရသတ်မှတ်ထားသော ဆန္ဒပြခွင့်ပုဒ်မ ၁၈ တွေ၊ ဘာညာ သာရကာထွေလီ ကာလီသတ်မှတ်ချက်တွေကိုတော့ဖြင့် နားမလည်လှ။ မိမိလိုက်ပါချင်သော ဆန္ဒပြပွဲများကို လိုက်ပါခဲ့ဖူးသော်လည်း ကိုယ်တိုင်ဦးမဆောင်ခဲ့ဖူး။ ထို့ကြောင့် ခွင့်ပြုချက်မည် သို့ တင်ပြတောင်းခံရမည်လည်း မသိ။ သို့သော် ယမန်နေ့ကစ၍ စိတ်ထဲမှာ ကလိ ကလိ တရိရိဖြင့်ဆန္ဒပြချင်နေသည်ကိုသာ သိ သည်။
Saturday, 6 June 2015
ဖမ်းမိသမျှ လှေစီးဒုက္ခသည်များ ရခိုင်သို့ ပို့နေမှု စစ်တွေမြို့မိမြို့ဖအဖွဲ့ကန့်ကွက်မည်
ပင်လယ်ပြင်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လှေစီးဒုက္ခ သည်များအား ရခိုင်ပြည်နယ်အ တွင်းသို့ပို့ဆောင်နေသည့် အစိုးရ ၏ လုပ်ရပ်ကို ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့သည် အစိုးရအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ရပ် တန့်ရန် ဇွန်လ ၄ ရက်၌ ဆုံးဖြတ် လိုက်သည်။
စစ်တွေမြို့မှ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့် ဒေသခံများအ ကြား သြဇာကြီးသည့်အဖွဲ့အ စည်းတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လုပ်ငန်းအချို့ တွင် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့လည်းဖြစ်သည်။
စစ်တွေ မြို့မိမြို့ဖအဖွဲ့ သည် အစိုးရနှင့်ပူးပေါင်းဆောင် ရွက်နေသည့် မြို့နယ်အထောက် အကူပြုကော်မတီ၊ စည်ပင်သာ ယာကော်မတီ၊ နိုင်ငံသားစိစစ် ရေးကော်မတီနှင့် ဘင်္ဂါလီ၊ ၀ှိုက် ကတ်၊ လှေစီးဒုက္ခသည်များအား စိစစ်နေသည့် ကိစ္စများတွင် ပူး ပေါင်းဆောင်ရွက်မှုများ ပြုလုပ် တော့မည်မဟုတ်ကြောင်းစစ်တွေ မြို့မိမြို့ဖအဖွဲ့မှ ဦးသန်း ထွန်းက ပြောသည်။
ပြီးခဲ့သည့် မေလ တတိယ နှင့် စတုတ္ထပတ်အတွင်း မြန်မာ့ ရေပြင်တွင်တွေ့ရှိခဲ့သည့် လှေ စီးဒုက္ခသည် ၉၀၀ ကျော် ရခိုင် ပြည်နယ်သို့ ပို့ဆောင်နေသည့် အစိုးရ၏ အစီအစဉ်ကို မကျေနပ် ကြောင်း ပြသသည့်အနေဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ် ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အဖွဲ့မှ ဦးသန်းထွန်းက ပြော ကြားသည်။

ဖေ့စ်ဘွတ်ခ်သုံး၍ ခိုက်ရန်ဖြစ်ပွားပါက ကျောင်းထုတ်မည်ဟုဆို
ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅) အခြေခံပညာအထက် တန်းကျောင်းတွင် ဖေ့စ်ဘွတ်ခ်လူ မှုကွန်ရက်အသုံးပြုပြီး ခိုက်ရန်ဖြစ် ပွားသော ကျောင်းသား၊ ကျောင်း သူများကို ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ် ကြောင်း သတင်းထွက်ပေါ်နေ သည်။
အထက(၅) ဗိုလ်တထောင် ကျောင်းတွင် ကျောင်းသားများ ဖေ့စ်ဘွတ်ခ်သုံး၍ ရန်ဖြစ်ပါက ကျောင်းကထုတ်ပယ်မည့် စည်း ကမ်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ အထူးစည်းကမ်းအဖြစ် ထုတ်ပြန်လိုက်ကြောင်း ဇွန်လ ၃ ရက်၌ အင်တာနက်တွင် ပျံ့နှံ့နေခဲ့ သည်။
အထက်ပါ အကြောင်းအရာ နှင့်ပတ်သက်၍ အထက(၅)ဗိုလ် တထောင်ကျောင်းသို့ သွားရောက်မေးမြန်းခဲ့သော်လည်း ကျောင်းရှိ ဆရာ၊ ဆရာမများက လက်ခံတွေ့ဆုံခြင်းမရှိခဲ့သကဲ့သို့ ပြန်လည် ဖြေကြားခြင်းလည်း မရှိခဲ့ပေ။ ကျောင်းသား၊ ကျောင်းသူများ ဖေ့စ်ဘွတ်ခ်အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး ဆဲဆိုရန်ဖြစ်ခြင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်တွင် သူတစ်ပါးအ ကြောင်း မကောင်းရေးခြင်း၊ မှတ်ချက်ပေးခြင်း၊ ညစ်ညမ်းသောဓာတ်ပုံများ၊ စာများရေးသားခြင်း များပြုလုပ်ပါက ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ် ကြောင်း အဆိုပါ ကျောင်းစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်စာတွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ရာကျော်ကို လူကုန်ကူးသည့် ထိုင်းလူမျိုးအား စတင်စစ်ဆေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ရာကျော်ကို လူကုန်ကူးခဲ့သည့် ထိုင်းနိုင်ငံသားအပါအဝင် လူငါး ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။
မောင်တောမြို့နှင့် ထိစပ်နေ သည့် မြန်မာ့ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားများနှင့် ပတ်သက်၍ လူကုန် ကူးသူ အဓိကတရားခံ ထိုင်းအမျိုး သားတစ်ဦးကို မေလ ၂၉ ရက်၌ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် ၎င်းနှင့် ဆက်နွှယ်သူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထပ်မံဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။
ရန်ကုန်တွင် မိန်းကလေးချင်း ဓားထောက်လုယက်မှုဖြစ်ပွား
ရန်ကုန်တိုင်း တာမွေ မြို့နယ်တွင် အသက်(၂၀)ခန့် မိန်းကလေးချင်း ဓားဖြင့်ထောက်ကာ လုယက်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၄ ရက် ညနေက အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လစာထုတ်ပြီး ဧရာဝတီတိုင်း မော်ကျွန်းမြို့သို့ပြန်ရန် အချိန်မမီတော့သဖြင့် လမ်းမတော်မြို့နယ် (၁၅)လမ်းမှ ၎င်းနေထိုင်သည့် တာမွေမြို့နယ် (၁၃၃)လမ်းရှိ အဆောင်သို့ ပြန်ရန် ကားငှားစီးရာ လမ်းကြောင်းတူသည့် မိန်းကလေးတစ်ဦးနှင့် ပေါင်း၍ ငှားစီးခဲ့သည်။
(၁၃၅)လမ်း အရောက်၌ ကားအတူငှားစီးလာသည့် အသက်(၂၁)နှစ်အရွယ် မိန်းကလေးက တိုက်ခန်းလေးလွှာသို့ လိမ်ညာခေါ်ဆောင်သွားကာ ဓားထောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း တာမွေမြို့မရဲစခန်းမှ အမှုစစ်အရာရှိက ပြောကြားသည်။
တပ်ချုပ်ပါဝင်လှူဒါန်းသည့် ကြေးသွန်းခေါင်းလောင်းကြီးကို ထားဝယ် ရွှေတောင်စားစေတီတွင် ရေစက်ချလှူဒါန်း

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ပါဝင်လှူဒါန်းခဲ့ သည့် ကြေးပိဿချိန်တစ်သောင်းကျော် ရှိ မဟာခေါင်းလောင်းကြီးကို ထားဝယ်မြို့ ရွှေတောင်စားစေတီ တော်၌ ထားရှိရန် ရေစက်ချလှူ ဒါန်းခဲ့ပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မ တော်(ကြည်း၊ရေ၊လေ)မိသားစု များနှင့် စေတနာရှင် အလှူရှင် များက စုစုပေါင်းကျပ်သိန်းသုံးရာ ကျော်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
Friday, 5 June 2015
နိုင်ငံဒကာနှင့် ဒကာနိုင်ငံ
ဟိုတစ်ရက်က မိတ်ဆွေ တစ်ယောက် ရဲ့ ပွဲတပွဲကိုရောက်ခဲ့တယ်။ ပွဲဆိုပေမယ့် စားသောက် ဆိုင်တစ်ခုကို လှမ်းဖိတ်တာပါ။ ပါရဂူဘွဲ့ပြီးသွားလို့ ပျော်ရွှင်တဲ့ အနေနဲ့ နီးစပ်ရာမိတ်ဆွေတွေကို လှမ်းဖိတ်ပြီး ဧည့်ခံကျွေးမွေးတာ ပါ။ ဒီနေ့ကုန်ကျစရိတ်အားလုံးကို ငါဒကာခံမယ်လို့ ပြောပြီးအားရ ပါးရစားသောက်ကြပါလို့ ပြော နေတဲ့သူ့မျက်နှာမှာပီတိတွေကို တွေ့နေရတယ်။ ဒကာခံမယ်ဆို တဲ့စကားကိုကြားလိုက်တော့ အ ကြောင်းအရာတစ်ခုကို သွားသ တိရမိတယ်။
အိပ်မက်တွေလှပဖို့ ကမ္ဘာမြေကိုကာကွယ်စို့
လာမည့်ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်ပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့ သတိပေးသည့်အနေဖြင့် နှစ်စဉ်ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းလုံးကျင်းပကြဖို့ United Nations Environment (UNEP)က နှိုးဆော်တိုက်တွန်းထားပါသည်။
အွန်လိုင်းတွင် မဲစာရင်းကြည့်နိုင်သည့် ၀က်ဘ်ဆိုက်၌ အချက်အလက်မပြည့်စုံသေး
အွန်လိုင်းတွင် မဲစာရင်း ကြည့်ရှုနိုင်ရန်လွှင့်တင်ထားသည့် ၀က်ဘ်ဆိုက်မှာ လက်ရှိ၌ အချက်အလက်မပြည့်စုံသေးဘဲ ဇွန်လ ၂၂ ရက် နောက်ပိုင်းမှသာ တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေ သကြီး မြို့နယ် ၁၄ ခုအတွက် သာကြည့်ရှုနိုင်ပြီး ကျန်ပြည်နယ် နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် များအတွက် ဇွန်လ ၂၂ ရက် နောက်ပိုင်းမှသာကြည့်ရှုနိုင်မည် ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေ သကြီး မြို့နယ် ၁၄ ခုအတွက် သာကြည့်ရှုနိုင်ပြီး ကျန်ပြည်နယ် နှင့်တိုင်းဒေသကြီးများရှိ မြို့နယ် များအတွက် ဇွန်လ ၂၂ ရက် နောက်ပိုင်းမှသာကြည့်ရှုနိုင်မည် ဖြစ်သည်။
တရားမ၀င် ၀င်ရောက်လာသော စားသောက်ကုန်နှင့်ဆေးဝါးများကို ဖမ်းဆီးဖျက်ဆီးနေဟုဆို
မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများမှ တရားမ၀င် ၀င်ရောက်လာသည့် စားသောက် ကုန်နှင့် အိမ်သုံးဆေးဝါးများကို ဖမ်းဆီးဖျက်ဆီး အရေးယူနေ ကြောင်း သတင်းရရှိသည်။
တရားမ၀င်ကုန်ပစ္စည်းများ တင်သွင်းလာမှုကို ရွေ့လျားစစ် ဆေးရေးအဖွဲ့ (Mobile Team) များဖြင့် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၂နှစ်ကျော်ကာလအ တွင်း ကျပ်သန်းပေါင်း ၁,၃၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်း ဆီးရမိပြီးဖျက်ဆီးနိုင်ခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။
ဇွန်လ ၃ ရက်တွင်ပြုလုပ် သည့် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၌ Mobile Team နှင့်ပတ်သက် သည့် မေးမြန်းမှုကို ဦးဝင်းမြင့်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ အထူးဂရုပြုရမည်
မြန်မာနိုင်ငံ အလယ် ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးတိမ်တောင်ကြောင့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဇွန်လလယ်အထိ အထူးဂရုပြုရန် လို အပ်ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
လေထုတွင် ရေငွေ့ပါဝင်မှု၊ မတည်ငြိမ်သည့် လေထုအခြေ အနေကြောင့် မိုးတိမ်တောင်ကြီး များ အားကောင်းလာကာ နောက် ဆက်တွဲဘေးအန္တရာယ်ဖြစ်သည့် မိုးထစ်ချုန်းရွာသွန်းခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ မိုးသီးကြွေကျခြင်းများ ဖြစ် ပေါ်နိုင်ကြောင်း အထက်မြန်မာ ပြည်မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြော သည်။

လှိုင်သာယာရှိကျေးရွာငါးရွာတွင် ပန်းလှိုင်စီလုံ ဆေးရုံက အခမဲ့ကျန်းမာရေးစစ်ဆေးပေးမည်
ပန်းလှိုင်စီလုံဆေးရုံကလှိုင်သာယာမြို့နယ်ရှိ ရွာငါးရွာ တွင် အခမဲ့ကျန်းမာရေးစစ်ဆေးမှု များပြုလုပ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်ရှိ ညောင်ရွာ၊ ရှမ်းရွာ၊ ရေဥက္ကံ၊ ကစင်နှင့် သာယာကုန်းကျေးရွာတို့တွင် ဇူလိုင်တွင် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ပန်းလှိုင်စီလုံဆေးရုံမှ Talent Mana-gement ဒါရိုက်တာ ဒေါက်တာဇော်ဝင်းစန္ဒီကပြောသည်။
‘‘အဲဒီရွာတွေက ရွာလူကြီး တွေနဲ့တွေ့ပြီး ကျား၊ မ စာရင်း ကောက်မယ်။ ပြီးရင် ရောဂါတွေ စစ်ဆေးပေးမယ်။ ဆေးကုပေး မယ်။ အဖြစ်များတဲ့ရောဂါတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဦးစား ပေးစစ်ဆေးပေးသွားမှာပါ။ တစ် ခါကုရင်လူနာ ၅၀ ကနေ ၁၀၀ လောက်ကုပေးဖို့ မှန်းထားတယ်’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။

ကမ္ဘာတစ်ဝန်းလူငယ်များ တီထွင်ဆန်းသစ်မှုပြိုင်ပွဲတွင် မြန်မာအမျိုးသမီးတစ်ဦး ဆုရ
ကမ္ဘာတစ်ဝန်းမှ နည်းပညာရှင်နှင့် စွန့်ဦးတီထွင်လူငယ်များ အွန်လိုင်းမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်ရသည့် ကမ္ဘာ့လူငယ်များဆန်းသစ်တီထွင်မှုပြိုင်ပွဲ ၂၀၁၅ တွင် နှစ်ဦးရွေးချယ်၍ ဆုပေးခဲ့ရာ၌ မြန်မာနိုင်ငံမှ အမျိုးသမီးတစ်ဦး ဆုရရှိခဲ့သည်။
‘‘ဒီပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ လေးဦးဝင်ပြိုင်ခဲ့တာပါ။ အဲဒီထဲကမှ အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေရဲ့စီမံခန့်ခွဲမှုစနစ်နဲ့ ဝင်ပြိုင်ခဲ့တဲ့ မအိဖြူက ဆုရရှိခဲ့တာ ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းတင့်က ပြောကြားသည်။

စိုက်စရိတ်ချေးငွေ ကျပ် ဘီလီယံ ၄၀၀ ချေးယူခွင့် လွှတ်တော်အတည်ပြုပြီး ထပ်မံတိုးချေးပေးရန် ကိုယ်စားလှယ်များဆွေးနွေး
စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးရန် ဗဟိုဘဏ်ချေးငွေ ကျပ် ၄၀၀ ဘီလီယံချေးယူခွင့်ကို ပြည်ထောင်စု
လွှတ်တော်က အတည်ပြုပေးပြီး လယ်သမားများအား တစ်ဧကလျှင် ကျပ်နှစ်သိန်း နှုန်းချေးပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုက်သည်။
“ငါးဧကအောက် လုပ်ကွက်ငယ်လယ်သမားများကို စိုက်ပျိုးစရိတ် ကာမိအောင် ချေးပေးသင့် ပါတယ်။ ဒါ့အပြင် ငွေတစ်သိန်းကျပ်မှ ကျပ်နှစ်သိန်း တိုးမြင့်ချေးပေးနိုင်အောင် ဆောင်ရွက်သင့်ပါ တယ်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးစိန်းဝင်းက ဆွေးနွေးသည်။

ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲ ၄ နှစ်ပြည့်နှင့် ဒုက္ခသည်များအတွက် ရန်ပုံငွေလှုပ်ရှားမှု
ကချင်လွတ်မြောက်ရေး တပ်နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်း ၄ နှစ် တာကာလ၌ ကချင်ပြည်နယ် ဒုက္ခသည် စခန်းများတွင် စစ်ဘေးဒုက္ခသည် တသိန်းကျော် ရှိနေပြီး အကူအညီများ ဆက်လက် လိုအပ်နေကြောင်း သိရသည်။ဇွန်လ ၉ ရက်နေ့သည် တကျော့ပြန်စစ် ၄ နှစ်ပြည့်သောနေ့ဖြစ်ပြီး တည်ငြိမ်မှုမရှိခြင်း၊ တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းတို့ကြောင့် ဒုက္ခသည်များမှာ နေရပ်သို့ မပြန်နိုင်သေးကြောင်း ဇွန်လ ၆ ရက် စနေနေ့တွင် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ အထိမ်းအမှတ်ပွဲ လှုပ်ရှားမည့် ရန်ကုန် ကချင်လူငယ်များက ထုတ်ပြန်သည်။
Thursday, 4 June 2015
တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ခံရသူ ၃၅ ဦးထိရှိလာ
တောင်ကိုရီးယားတွင် မားစ်ရောဂါပိုးရှိသူ ၅ ဦးကို ထပ်မံတွေ့ရှိပြီးနောက် အဆိုပါရောဂါ ကူးစက်ခံရသူ အရေအတွက် ၃၅ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။
နောက်ထပ် ရောဂါပိုး ကူးစက်ခံရသူများတွင် ရောဂါရှင်များကို ကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်း နှစ်ဦးလည်း ပါဝင်ကြောင်း ဇွန်လ ၄ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကျန်သုံးဦးအနက် တစ်ဦးသည် ရောဂါပိုးရှိသူ တစ်ဦးနှင့် ဟိုတယ်ခန်း တစ်ခုတည်း အတူနေခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

ရေစုန်မျောနိုင်ငံရေးနှင့် ဆွေးနွေးပွဲယဉ်ကျေးမှု
ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်မှ သာ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊တိုးတက်ရေးတို့နှင့် ဆက်စပ် သော စိန်ခေါ်မှုများကို ဆောလျင် စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ အခြေခံဥပဒေ အကျပ်အတည်း ကြာလေလေ၊ တိုင်းရင်းသား ပြည်သူလူထုသည် ဆင်းရဲတွင်း နက်လေလေဖြစ်သည်။ သော့ ချက် ခေါင်းဆောင်များအကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် အကျပ်အတည်းများ အားဖြေလျှော့ကျော်လွှားနိုင်မည့် သဘောတူညီချက်တစ်ရပ်ကို ဆောလျင်စွာမရရှိနိုင်လျှင် တိုင်း ပြည်နှင့်ပြည်သူသည် ရေစုန်မျော မည်ဖြစ်သည်။ ထိရောက်သွက် လက်ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲယဉ်ကျေးမှုသည်သာ ရေစုန်မျောနိုင်ငံရေးကို ကုစားနိုင်မည်ဖြစ်သည်။
ဖျာပုံအနီးထိန်းသိမ်းခဲ့သည့် လှေစီးဒုက္ခသည်များကို စစ်ဆေးအတည်ပြုမှု ယနေ့စတင်
ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက်မှ တွေ့ရှိထိန်းသိမ်းခဲ့သည့် လှေစီးဒုက္ခသည် ၇၀၀ ကျော်အား စစ်ဆေးအတည်ပြုမှုလုပ်ငန်းစဉ်ကို ယနေ့ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ဇွန်(၄)ရက်က ရန်ကုန်ရှိနိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံတကာသံအမတ်များ ၊ဥရောပ သမဂ္ဂအသံမတ် ၊ ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီများ ၊ ပြည်တွင်းပြည်ပသတင်းထောက်များကို နိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုလှေစီးဒုက္ခသည် ၇၀၀ ကျော်သည် ယခုအချိန်တွင် ဟိုင်းကြီးကျွန်းမှတဆင့် ရခိုင်ပြည်နယ် ကမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒုံးကျည်ကျရောက် ပေါက်ကွဲပြီးနောက် ဟားမားစ် စစ်စခန်းများကို အစ္စရေး တုံ့ပြန်တိုက်ခိုက်
အစ္စရေးပိုင်နက်ဘက် ဒုံးကျည်ကျရောက် ပေါက်ကွဲမှုကို တုံ့ပြန်သည့် အနေဖြင့် အစ္စရေး တိုက်လေယာဉ်များက ဟားမားစ်တို့ စစ်ရေးလေ့ကျင့်ရာ နေရာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ ရက်တွင် ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း အစ္စရေး ပိုင်နက်ဘက် ကျရောက် ပေါက်ကွဲခဲ့ပြီးရာ နောက်တစ်ရက်တွင် အစ္စရေးက လေကြောင်းမှ တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ထောက်ခံသည့် အစွန်းရောက် အဖွဲ့တစ်ခုက ဂါဇာဘက်မှ အစ္စရေးပိုင်နက်သို့ ဒုံးကျည်ဖြင့် ပစ်ခဲ့ခြင်းမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေညာသည်။

ယန်ဇီမြစ် သင်္ဘောနစ်မြုပ်မှု သေဆုံးသူ အရေအတွက် ၆၅ ဦးထိ ရှိလာ
တရုတ်နိုင်ငံ၊ ယန်ဇီမြစ်အတွင်း ခရီးသည်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်မှု၌ သေဆုံးသူ အရေအတွက်သည် ၆၅ ဦးထိ ရှိလာကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ ရက် ညပိုင်းတွင် ရေငုပ်ရှာဖွေမှုများအရ နောက်ထပ် ရုပ်အလောင်း ၃၉ လောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့ကြောင်း CCTV သတင်းဌာနက ကြေညာခဲ့သလို အသေအပျောက် ပမာဏသည် ၆၅ ဦးထိ အတည်ပြုနိုင်ပြီဟု သိရသည်။ သို့သော်လည်း သက်ကြီးရွယ်အို အများစု အပါအ၀င် လူပေါင်း ၃၇၀ ကျော်မှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။
Subscribe to:
Posts (Atom)