Sunday, 31 May 2015

ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်


ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်


အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး

နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ရေသောက်နေစဉ် ဂိုးသွင်းခံလိုက်ရတဲ့ ဂိုးသမား ၈ဝ၆၄ဒေါ်လာ ဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။

ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်


ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။ 

ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။

Saturday, 30 May 2015

လှေစီးဒုက္ခသည်အရေး ဖြေရှင်းရန် အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူထောင်မည်


ဘန်ကောက်မြို့တွင် လှေစီးဒုက္ခသည်အရေး မြန်မာအပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက တက်ရောက်ဆွေးနွေးခဲ့သည် (EPA)
ပင်လယ်တွင်မျောပါနေ သည့် လှေစီးဒုက္ခသည်များ ကယ် ဆယ်ရေး ချက်ချင်းဆောင်ရွက် ရန် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထား သည့် ရာဇ၀တ်ဂိုဏ်းများအားဖိနှိပ် ရေးအတွက် အဓိကသက်ရောက် သော နိုင်ငံများအကြား အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူ ထောင်ရေး အပါအ၀င်အဓိက ဆောင်ရွက်ရမည့် ကဏ္ဍသုံးရပ် ကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ပြုလုပ်ခဲ့သည့် ‘‘အိန္ဒိယသမုဒ္ဒရာ ၌ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း မှုဆိုင်ရာ အထူးအစည်းအဝေး’’ အပြီးတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

မြိတ်ကျွန်းစုတွင် ဟိုတယ်ဆောက်ရန် ထိုင်းလုပ်ငန်းရှင်အချို့ ကမ်းလှမ်းထားဟုဆို

ထိုင်းလုပ်ငန်းရှင်အချို့ က မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကျွန်းတစ်ကျွန်း ကို တောင်းဆိုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြိတ်ကျွန်းစုရှိ ကျွန်းတစ် ကျွန်းကို အစိုးရထံမှ နှစ် ၅၀ ငှားရမ်းမည်ဖြစ်ပြီး လက်ရှိတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

‘‘ဟိုတယ်ကြီးပဲ အလုံးလေး ဆယ်ကျော်လောက် ဆောက်မယ် လို့ ပြောတယ်။ စီမံကိန်းက နှစ် ပိုင်းပါတယ်။ လေယာဉ်ကွင်းပါ ပါမယ်လို့ ပြောတယ်။ မြေငှားဖို့ ကျတော့ ဒေသဆိုင်ရာ အစိုးရနဲ့ ပဲဆိုင်တော့ အရင်ညှိနှိုင်းခိုင်းထား တာပါ’’ဟု ဒေါက်တာစိုင်းကျော် အုန်းက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ရပါက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြရန် ထောက်ခံပေးမည်ဖြစ် ကြောင်း မြိတ်ကျွန်းစုသည် ခရီးသွားလုပ်ငန်းအတွက် နေရာသစ်ဖြစ်ပြီး မတို့မထိရသေးသော သဘာဝပတ်ဝန်းကျင် နေရာများ ရှိပြီး Ecotourism (ဂေဟစနစ် ခရီးသွားလာရေး) နှင့် ရေကူးသမားများအတွက် အဓိကနေရာဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြိတ်ကျွန်းစုဘက် တွင် ပြည်တွင်းလုပ်ငန်းရှင် ဟို တယ်သာ အများစုဖြစ်ပြီး နိုင်ငံ ခြားပိုင် ဟိုတယ်နည်းပါးကာ နိုင်ငံခြားသားများကို ခွင့်ပြုလုပ်ကိုင် ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သည်ဟု မြိတ်မြို့မှ ကိုစိုးရန်အောင်က ပြော သည်။ ‘‘ထိုင်းသူဌေးတွေက ဒီဘက် က ကျွန်းတွေကို အကြောင်းပြုပြီး စီးပွားရှာနေတာ ရှိတယ်။ တကယ်လို့ အခုလို အလုပ်ကြီးသာ ခွင့်ပြု မယ်ဆိုရင် ဒီဘက်ကလူတွေ ထိုင်းဘက်ကို အလုပ်သွားလုပ်စရာ မလိုဘဲ အလုပ်အကိုင်တွေ ရလာ နိုင်တယ်’’ဟု ၎င်းက ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် ကျွန်း များတွင် မှီခိုနေထိုင်သည့် သက်ရှိ များပျက်စီးမှာ စိုးရိမ်မိကြောင်း ကော့သောင်းမြို့မှ ကိုအောင်ပြည့်ဖြိုးက ပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းစု ၈၀၀ ကျော်ရှိပြီး နိုင်ငံခြားသား ၀င်ရောက်ခွင့်ကို ၁၉၉၆ ၌ ခွင့် ပြုခဲ့ပြီး ၂၀၁၄ တွင် နိုင်ငံခြား သား ၂,၅၀၀ ဦးကျော် ၀င်ရောက်ခဲ့ သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
7 day
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်သည့် မြိတ်ကျွန်းစု (hotels-aroundtheglobe.info)

တောင်တရုတ်ပင်လယ်အတွင်း တရုတ် လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားဟု အမေရိကန်စွပ်စွဲ

တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကျွန်းများပေါ်တွင် တရုတ်က လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို တရုတ်က ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ ဆောက်လုပ်ထားသလို ကျွန်းတုများကိုပါ တည်ဆောက်ပြီး ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် အနောက်ပိုင်း ကွီတာမြို့မှ တောင်ဘက်ကမ်းခြေ ကရာချိသို့ ဦးတည် မောင်းနှင်နေသော ဘတ်စ်ကားများကို သေနတ်သမားများက အဓမ္မ တားဆီးပြီး ခရီးသည်များကို ဖမ်းဆီးခဲ့ခြင်းဟု ဘာလူချီစတန် ဒေသ အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော


တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံ ရေးသမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ကျောက်ခေတ်ဦးလက်ရာများ ဖြစ်နိုင်ဖွယ်ရှိသည့် နံရံဆေးရေးပန်းချီများတွေ့ရှိ

ရှမ်းပြည်နယ်တောင် ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်တွင် ကျောက် ခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသည့်နေရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။

အကြမ်းဖက်မှု ကိုအားပေးထောက်ခံ သည့်နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန်ပယ်ဖျက်


ဆယ်စုနှစ်ငါးနှစ်ကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှုအားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့သည်။
အမေရိကန်က ကျူးဘားကို ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်ရေးအဟန့်အတားဖြစ် ခဲ့သည့် အပြင် နိုင်ငံတကာ၏ အပယ်ခံလိုဖြစ်လာခဲ့သည်။

အမေရိကန်၏ ဆုံးဖြတ်ချက်က်ု ပယ်ဖျက်ရန် ကျူးဘားက တောင်းဆိုနေခဲ့သည်။ ကျူးဘားကို အကြမ်းဖက်မှုအားပေးသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်ပေးရေး ဧပြီလက သမ္မတအိုဘားမားက ကွန်ဂရက်သို့ အချိန် ၄၅ ရက်ပေးပြီးနောက် ယင်းသို့ဆုံးဖြတ်ချက်ချရန်ဖြစ်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အတည်ပြု ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံများစာရင်းတွင် အီရန်၊ ဆူဒန်နှင့် ဆီးရီးယားတို့သာ ကျန်တော့သည်။
mizzima

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီ များအား နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှတဆင့် ၾသစေၾထးလ် က ၾသစေၾထးလ် ဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်းပေးမည်ဟု သိရသည်။
ယင်းအကူအညီများအနက် သြစထြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများ အတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ဗလီတစ်ခုကို ဖောက်ခွဲတိုက်ခိုက်၍ လူ ၁၅ ဦးထိခိုက်ဒဏ်ရာရ

ဖိလစ်ပိုင်တောင်ပိုင်းစွန်းတွင် ဗလီတစ်ခုကို ပစ်မှတ်ထားပြီး ဖောက်ခွဲမှုနှစ်ရပ် ပြုလုပ်၍ ကလေးငယ်များအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကပြောသည်။
နင်ဒန်နာအိုတောင်ပိုင်းနယ်မြေ ဂျိုလိုမြို့က ဗလီကို ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။
ပထမဖောက်ခွဲတိုက်ခိုက်မှုတွင် ကလေးသုံးဦးအပါအဝင် လူငါးဦးဒဏ်ရာခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် နောက်ထပ်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရဲ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦးကို စတင် မဲပေးနိုင်ပြီ ဖြစ်သည်။
Miss Golden Land အလှမယ် များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ၀င်ရောက်ပြီး Page ကို Like ပေးရမည် ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။

အမျိုးသား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေး အစီအစဉ်ကို အသစ်ရေးရန် ကွန်ဂရက်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတအိုဘားမားက အမျိုးသားလုံခြုံရေးအေဂျင်စီ NSA၏ အငြင်းပွားဖွယ် ဖုန်းမှတ်တမ်းများဖမ်းယူခြင်းကို ခွင့်ပြုပေးမည့် ဥပဒေပြဌာန်းချက်သစ်ကို ကွန်ဂရက်က ရေးဆွဲပြဌာန်းရန်တိုက်တွန်းလိုက်သည်။
”ဒါကို သူတို့လုပ်ဆောင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ မြန်မြန်ဆန်ဆန်လုပ်ရမှာဖြစ်ပါတယ်။”အိုဘားမားကပြောခဲ့သည်။ တိုင်းချစ်ပြည်ချစ် ဥပဒေစီမံချက်များ ကိုကျယ်ပြန့်အောင် မလုပ်ဆောင်ပါက NSA ၏ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးကြိုးစားမှုများကို ခက်ခဲအကျပ်ရိုက်စေမည်ဖြစ်ကြောင်း အိုဘားမားက သတိပေး သည်။
တိုင်းချစ်ပြည်ချစ်ဥပဒေ ပုဒ်မ ၂၁၅ တွင် NSA ကို တယ်လီဖုန်းနှင့် စီးပွားရေးမှတ်တမ်းများကို အကြမ်းဖက်နှိမ်နင်းရေးစုံစမ်းမှုအရ ဖမ်းယူစုဆောင်းခွင့်ပြုထားသည်။
မေ ၃၁ ရက် ညသန်းခေါင်တွင် သက်တမ်းကုန်ဆုံးမည့် ယင်းပုဒ်မကို ဆီနိတ်လွှတ်တော်က မေ ၂၃ ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်တို့တွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့လုပ်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆီးနိတ်မှာ ဒီဥပဒေကို အတည်ပြု လုပ်ဆောင်ခြင်း မရှိလို့ ကျွန်တော်တို့က NSA ရဲ့ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးတွေကို ရိုးရှင်းလွယ်ကူစွာ မလုပ်နိုင်ဘဲဖြစ်ရမှာပါ။” အိုဘားမားက ပြောခဲ့သည်။
Ref: Press TV

လှေစီးဒုက္ခသည် ခေါ်ယူမည့်အရေး ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသဖြင့် မောင်တောခရိုင် တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည် အယောက် ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူရန် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

Friday, 29 May 2015

ယူတူး ဂီတအဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်

အိုင်းရစ် ဂီတအဖွဲ့ ယူတူးသည် ၎င်းတို့အဖွဲ့၏ လှည့်လည်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဒန်းနစ်(စ်)ရှီးဟန် သည် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ယူဆရသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို မိတ်ဆက်

ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသနဌာနက ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို စတင်မိတ်ဆက် ခဲ့သည်ဟု CNET သတင်းက ဖော်ပြထားသည်။