စာရေးဆရာသင်းရီ(ခ) ဦးသိန်းထွန်း ကွယ်လွန်ခြင်း တစ် လပြည့်ဆွမ်းကပ်လှူဒါန်းခြင်းနှင့် အောက်မေ့ သတိရဖွယ် အခမ်း အနားကို ဇာတိမြေသဲကုန်းမြို့ တွင် မေလ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီဝင်များ၊ လူ့ဘောင်သစ် ပါတီ အဖွဲ့ဝင်များ၊ စာပေအနု ပညာရှင်များ၊ ကာတွန်းဆရာများ က ဆရာသင်းရီ ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားသို့ တက်ရောက်၍ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
Thursday, 28 May 2015
စာရေးဆရာသင်းရီ ကွယ်လွန်ခြင်း တစ်လပြည့် ဇာတိမြေ သဲကုန်းမြို့တွင် ပြုလုပ်
စာရေးဆရာသင်းရီ(ခ) ဦးသိန်းထွန်း ကွယ်လွန်ခြင်း တစ် လပြည့်ဆွမ်းကပ်လှူဒါန်းခြင်းနှင့် အောက်မေ့ သတိရဖွယ် အခမ်း အနားကို ဇာတိမြေသဲကုန်းမြို့ တွင် မေလ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီဝင်များ၊ လူ့ဘောင်သစ် ပါတီ အဖွဲ့ဝင်များ၊ စာပေအနု ပညာရှင်များ၊ ကာတွန်းဆရာများ က ဆရာသင်းရီ ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနားသို့ တက်ရောက်၍ အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
ဟုမ္မလင်းမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခတ်၍ လူနှစ်ဦး သစ်ပင်ပိ သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီးတ မူးမြို့နယ်ရှိ အိုးဘိုကတောက် ကျေးရွာအနီးတွင် မိုးသက်လေ ပြင်းတိုက်ခတ်မှုကြောင့် သစ်ပင် လဲကျပိမိ၍ လူနှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မေလ ၂၆ရက် ည ၇နာရီ မိနစ် ၄၀ တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟုမ္မလင်းမြို့နယ် အိုးဘိုကတောက်ကျေးရွာအနောက် ဘက် နှစ်မိုင်ခန့်အကွာရှိ လယ် တောတဲအပေါ်သို့ လုံးပတ် ၄ပေ၊ အမြင့်ပေ ၆၀ ခန့်ရှိ အင်ပင်ကြီးလဲကျခဲ့သည်။
လယ်တောတဲအတွင်း ၀င် ရောက် ခိုနားနေသည့် အသက်(၂၇)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၂၆)နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့မှာ အင်ပင်ပိမိပြီး ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

မြန်မာသတင်းထောက်များအား လည်လှီးရန် ကျန်နေသေးကြောင်း နေမျိုးဝေ ပြောကြားချက်အပေါ် သတင်းသမားများ ဝေဖန်
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ သည် မြန်မာသတင်းထောက်များ အား လည်လှီးရန် ကျန်နေသေး ကြောင်း ပြောကြားချက်အပေါ် သတင်းထောက်များက ဝေဖန်ကြ သည်။
‘‘ဂျပန်သတင်းထောက်ကို လည်လှီးပြီးပြီ ဟုတ်သလားဟေ့။ အမေရိကန်သတင်းထောက်ကို လည်လှီးပြီးပြီ ဟုတ်သလားဟေ့။ မြန်မာသတင်းထောက်ကို လည် လှီးဖို့ပဲ ကျန်တော့တယ်ကွ’’ ဟု ဦးနေမျိုးဝေက နှစ်ကြိမ်တိုင်အော် ဟစ်၍ မေလ ၂၇ ရက်က ပြုလုပ် သည့် လှေစီးဒုက္ခသည်များအရေး ကန့်ကွက်ဆန္ဒပြသည့်ပွဲတွင် သ တင်းထောက်များအား ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
လှေစီးဒုက္ခသည်များအရေး ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဗဟန်းဗိုလ်စိန်မှန်ကွင်း၌ မပြုလုပ်မီ ဦးနေ မျိုးဝေက ဒီဗီဘီသတင်းဌာနမှ သတင်းတစ်ပုဒ်မှားနေသည်ဟု ဆိုကာ သတင်းနေရာမှားနေသည့် မြို့မှ ဆရာတော်တစ်ပါးကြွလာချိန်တွင် ယင်းဆရာတော်နှင့် တွေ့ဆုံပေးမည်ဟု ဒီဗီဘီ သတင်းထောက်များအား အသံချဲ့စက်ဖြင့် အော်ခေါ်ခဲ့သည်။

တာမွေ လမ်းဆုံတွင် Y ပုံစံ ခုံးကျော်တံတား တည်ဆောက်ရန် တင်ဒါခေါ်ယူ
ရန်ကုန်မြို့ တာမွေလမ်း ဆုံတွင် ၀ိုင် (Y) ပုံသဏ္ဌာန်ခုံးကျော် တံတားတစ်စင်းကို (၂၀၁၅ -၁၆ ဏ္ဍာနှစ်အတွင်း) တည်ဆောက် ရန် တင်ဒါများကို မေလ ၂၇ ရက် မှ စတင်ခေါ်ယူနေပြီဖြစ်ကြောင်း တင်ဒါခေါ်ယူရေးအဖွဲ့မှ သတင်း ရရှိသည်။တာမွေလမ်းဆုံ ၀ိုင်(Y) ပုံသ ဏ္ဌာန်ခုံးကျော်တံတားကို ဦးချစ် မောင်နှင့် ဗညားဒလလမ်းတွင် လေးလမ်းသွားနှင့် ဗညားဒလ လမ်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်း တွင်နှစ်လမ်းသွားခုံးကျော် တံတား တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်လိုသူများသည် တံတားတည်ဆောက်ရန် နည်းပညာစံချိန်စံညွှန်း အဆိုပြုလွှာနှင့် ဈေးနှုန်းအဆိုပြုလွှာများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တင်ဒါပုံစံကို ဇွန်လ ၅ ရက်မှ စတင် ၀ယ်ယူ၍ ဇွန်လ ၃၀ ရက်နောက် ဆုံးထားပြန်လည်ပေးပို့ရမည်ဟု ဖော်ပြထားသည်။
ကမ္ဘာ့ရော်ဘာဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်း မြင့်တက်
ရော်ဘာအစေးခြစ်ရာ သီကျော်လွန်၍ ခြံပိတ်ချိန်တွင် ကမ္ဘာ့ရော်ဘာဈေးမြင့်တက်မှု ကြောင့် ပြည်တွင်းရော်ဘာဈေး နှုန်း မြင့်တက်လာကြောင်း မြန် မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းမှ သတင်းရရှိ သည်။‘‘ခြံပိတ်ချိန်ရောက်မှ ဈေး တက်တော့ တကယ်စိုက်တဲ့ သူ တွေအခွင့်အရေးလက်လွတ်သ လိုပါပဲ’’ဟု အထက်ပါအသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြော သည်။
လွန်ခဲ့သည့် ၈၅ နှစ်ကတည်းက လက်တွဲခဲ့ဖူးသော ဂျာမန်ကုမ္ပဏီ ပြန်လည်မြှုပ်နှံမည်
ဂျာမနီနိုင်ငံမှ Thyssen Krupp ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း ဆိုင်ရာ နည်းပညာ အပါအဝင် ကုန်ထုတ်လုပ်ငန်း များ၌ ပြန်လည်ရင်းနှီးမြှုပ်နှံသွားမည်ဟု သတင်းရရှိ သည်။အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၃၀ မှ စတင်၍၁၉၈၇ ခုနှစ်အထိ မီးရထားဆိုင်ရာ လုပ်ငန်းများ ၌ လာရောက်ရင်းနှီးမြှုပ်နှံခဲ့သော ကုမ္ပဏီ ဖြစ်သည်။ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်ခြင်းနှင့် ပတ် သက်၍လိုအပ်သည့်နည်းပညာအထောက်အကူများနှင့် ဓာတ်လှေကား ဆိုင်ရာ နည်းပညာများ၊စက်မှုပစ္စည်းများကုန်သွယ်ရေးနှင့် မော်တော်ယာဉ် နည်းပညာ နယ်ပယ်များတွင် ရင်းနှီး မြှုပ်နှံသွားမည်ဟုဆိုသည်။
ထိုင်းနိုင်ငံမှ ကြက်သားနှင့် ကြက်ကလီစာ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ၀င်ရောက်နေ
ထိုင်းနိုင်ငံမှ ကြက်သား နှင့် ကြက်ကလီစာများသည်ကရင် ပြည်နယ်မှတစ်ဆင့် ရန်ကုန်ဈေး ကွက်သို့ ကုန်တင်ယာဉ်ကြီးများ ဖြင့် နေ့စဉ်တရားမ၀င်တင်သွင်း နေကြောင်း မြန်မာနိုင်ငံ မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရ ရှိသည်။
ထိုင်းနိုင်ငံ တရားမ၀င် တင်သွင်းနေသည့် ကြက်ဒိုင်များ ကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ကြေညာချက်ထုတ် ပြန်ထားသော်လည်း အရေးယူ ဆောင်ရွက်မှု မရှိသေး၍ ယခုကဲ့သို့ တင်သွင်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ပတ်သက်၍ လာဘ်စားမှုများ ရှိ၊ မရှိ စစ်ဆေး
ဇူးရစ်−ဆွစ်ဇာလန် ရှေ့နေချုပ်ရုံး (OAG) သည် ဖီဖာက ရုရှားနှင့် ကာတာတို့အား ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲများ ကျင်းပခွင့် ပေးခဲ့ခြင်းတွင် ငွေကြေးခဝါချမှုနှင့် ခြစားမှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးရန် ဖီဖာအိုင်တီစနစ်များထဲမှ ဒေတာအချက်အလက်များကို လွှဲပြောင်းရယူခဲ့သည်။
ဆွစ်အာဏာပိုင်များသည် ဖီဖာ၏ အိုင်တီဒေတာများကို ရယူခြင်းမှာ အထက်ပါ အမှုများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံ အထောက်အထားများအဖြစ် ရယူခြင်းဖြစ်သည်ဟု ဆိုသည်။
ဆွစ်အာဏာပိုင်များသည် ဖီဖာ၏ အိုင်တီဒေတာများကို ရယူခြင်းမှာ အထက်ပါ အမှုများတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခြေခံ အထောက်အထားများအဖြစ် ရယူခြင်းဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင်း အန္တရာယ်ရှိ ဓာတ်ကြိုးအားလုံးနီးပါး လဲလှယ်ထားပြီးဟုဆို
မိုးရာသီတွင် ဓာတ်ကြိုး ပြတ်ကျမှုများ လျော့နည်းစေရန် ရန်ကုန်မြို့တွင်းမှ အန္တရာယ်ရှိ ဓာတ်ကြိုးအားလုံးနီးပါး လဲလှယ် ထားပြီးဖြစ်ကြောင်း ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းမှ သတင်းရရှိသည်။သက်ဆိုင်ရာ လျှပ်စစ်ဌာန အနေဖြင့် ယင်းတို့လက်လှမ်းမီရာ အန္တရာယ်ရှိနေသည့် ဓာတ်ကြိုး များကို လိုက်လံလဲလှယ်တပ်ဆင် မှုများ ပြုလုပ်ထားခဲ့ပြီး အိကျနေ သော ဓာတ်ကြိုးများကိုလည်းပြင် ဆင်ထားသည်ဟု ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်ကပြောကြား သည်။
Wednesday, 27 May 2015
မသမာသူအချို့ကြောင့် စွန်းထင်းလာသော အငှားယာဉ်လောက
အလုံမြို့နယ် အလုံလမ်းပေါ်တွင် အငှားယာဉ်မောင်းတစ်ဦး ဦးဆောင်သော လူငါးဦးပါအဖွဲ့က နံနက်အစောပိုင်းအချိန် ရွှေတိဂုံဘုရားဖူးရန် လမ်းလျှောက်ထွက်လာသည့် လူငယ်သုံးဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ ကျောပိုးအိတ်တစ်လုံးကို လုယူထွက်ပြေးမှု မေလ ၂၁ ရက် နံနက်က ဖြစ်ပွားခဲ့သည်။ အလုခံရသူ လူငယ်များက အငှားယာဉ်အမျိုးအစား၊ အရောင်နှင့် ကားဘေးတွင် ကပ်ထားသော စီးတီးတက္ကစီနံပါတ်ကို မှတ်မိလိုက်ကြသည်။ အနီးအနားရှိ အလုံမြို့မရဲစခန်းတွင် လုယက်နာကျင်စေမှုဖွင့်ခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရာမှ လုယက်မှုကျူးလွန်ခဲ့သူများကို ၂၄ နာရီအတွင်း ဖမ်းမိခဲ့သည်။
အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅ သက်ဆိုးရှည်နေဦးမှာလား
ခေတ်အဆက်ဆက်အစိုးရကို အတိုက်အခံအဖြစ်ရပ်တည်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အားစုများကို အုပ်ချုပ်ရေးအဖွဲ့က အချိန်မရွေးဖမ်းဆီးထောင်ချနိုင်ခဲ့သည့် ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ပယ်ဖျက်ရေးဆွေးနွေးမှုမှာ အစိုးရသစ်လက်ထက် လွှတ်တော်အစည်းအဝေးများတွင် နှစ်ကြိမ်တိုင်တိုင် အလဲအကွဲရှုံးနိမ့်သွားပြီဖြစ်သည်။
ဒေသလုံးဆိုင်ရာ အကျပ်အတည်းဖြစ်လာသော လှေစီးဒုက္ခသည်များအရေး ဘယ်လိုအဖြေရှာ
ဒေသလုံးဆိုင်ရာ အကျပ်အတည်းတစ်ခုဖြေရှင်းရေးအတွက် မျှော်လင့်ချက်အလင်းရောင်တစ်မျှင်သည် မကြာမီပြုလုပ်တော့မည့် မြန်မာ-ထိုင်း-မလေးရှားသုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲအပေါ် တည်မှီနေပြီလား။ ဟုတ်သည်ဆိုလျှင် ပြဿနာဖြေရှင်းနည်းကို သုံးနိုင်ငံခေါင်းဆောင်များက မဖြစ်မနေ ဉာဏ်ပညာသုံး တွက်ချက်ကြရပါတော့မည်။ ပြီးခဲ့သည့်ရက်များက ကစားခဲ့သော ပင်ပေါင်ကစားနည်းဗျူဟာဖြင့် ပြဿနာကို ဗြဟ္မာ့ဦးခေါင်းကဲ့သို့ သဘောထားကာ ဟိုဘက် သည်ဘက် ပုတ်ထုတ်မှုမျိုးထက် ပိုကောင်းမွန်သောဗျူဟာကို သုံးကြရပါတော့မည်။ အထူးသဖြင့် မြန်မာတာဝန်ရှိသူများသည် နိုင်ငံ့ပုံရိပ်အတွက် ကြိုးစားကြရမည်။ ပြဿနာ၏ ဇာစ်မြစ်ကို အမြစ်တူးရှာဖွေဖော်ထုတ်ဖြေရှင်းကြရပါမည်။
အမြင့်ဆုံးမှာ ပျံလိုက်စမ်းပါ မြန်မာယူ-၂၀
မြန်မာအသင်းအပါအ၀င် ပြိုင်ပွဲဝင် ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ယူ-၂၀ ဘောလုံးပြိုင်ပွဲသည် မေလ ၃၀ ရက်တွင် စတင်တော့မည်ဖြစ်သည်။ ကမ္ဘာ့အဆင့်ဘောလုံးပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် သမိုင်းရေးထိုးထားသော မြန်မာယူ-၂၀ အသင်းသည်လည်း မေလ ၂၄ ရက်တွင် ပြိုင်ပွဲလက်ခံကျင်းပမည့် နယူးဇီလန်နိုင်ငံသို့ ကြိုတင်ရောက်ရှိနေပြီဖြစ်သည်။
မြန်မာ့ ရေပုတ်သင်မျိုးစိတ်သစ် တွေ့ရှိ
မြန်မာနိုင်ငံမှ ရေပုတ် သင်မျိုးစိတ်သစ်အပါအ၀င် မ ဟာမဲခေါင်ဒေသတွင်း ထူးခြား လှပသည့် မျိုးစိတ်သစ် ၁၃၀ ကျော်ကို သုတေသနပြုတွေ့ရှိခဲ့ ကြောင်း ကမ္ဘာလုံးဆိုင်ရာ သ ဘာဝပတ် ၀န်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ သတင်းရရှိသည်။
သုတေသနပြုတွေ့ရှိမှု၌ ထိတ်လန့်ဖွယ် အစွယ်များနှင့် လင်းနို့တစ်မျိုး၊ အဆိပ်ပြင်းမြွေ တစ်မျိုးနှင့် ကမ္ဘာ့ဒုတိယအကြီး ဆုံး အင်းဆက်မျိုးစိတ်သစ် ၁၃၉ မျိုးကို မဟာမဲခေါင်ဒေသအတွင်းတွေ့ရှိခဲ့ကြောင်း ယင်းအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
အပင်မျိုးစိတ် ၉၀၊ တွား သွားသတ္တ၀ါ ၂၃ မျိုး၊ ကုန်းနေရေ နေသတ္တ၀ါ ၁၆ မျိုး၊ ငါး ကိုးမျိုးနှင့် နို့တိုက်သတ္တ၀ါ တစ်မျိုးတို့ပါရှိပြီး ယင်းတို့အနက် မျိုးစိတ်အများအ ပြားသည် စီမံကိန်းများ၊ဆည်များ တည်ဆောက်ခြင်း၊ ဈေးကွက် တွင်ရောင်းဝယ် ဖောက်ကားခံရ ခြင်း၊ သစ်တောပြုန်းတီးမှုမြင့် တက်လာခြင်းတို့ကြောင့် မျိုးသုဉ်း မည့် အန္တရာယ်နှင့်ရင်ဆိုင်ရလျက် ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

ကဘူးလ် ဧည့်ဂေဟာတစ်ခုကို စီးနင်းရန် ကြိုးစားသည့် တာလီဘန်များကို လုံခြုံရေးတပ်ဖွဲ့ သုတ်သင်
အာဖဂန်နစ္စတန် နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ ဧည့်ဂေဟာတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည့် တာလီဘန် အကြမ်းဖက်သမား လေးဦးကို လုံခြုံရေး တပ်ဖွဲ့များက သုတ်သင်ခဲ့ကြောင်း သိရှိရသည်။
ကဘူးလ်ရှိ သံတမန် အသိုက်အဝန်းများ အဓိက ကျင်လည်သော ရပ်ဝန်းတစ်ခုဖြစ်သည့် ဝါဇာအက္ကဘာခန်း ရပ်ကွက်ရှိ ဧည့်ဂေဟာတစ်ခုကို တာလီဘန်တို့က စီးနင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို အပြီးသတ် သုတ်သင်နိုင်ရန် ခြောက်နာရီကြာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မိုးရာသီ ကော်ဖီပွဲတော် City Mart ဆိုင်ခွဲအားလုံးတွင် ပြုလုပ်မည်
မိုးရာသီကာလတွင် Coffee Fair အစီအစဉ်အား City Mart ရန်ကုန်နှင့် မန္တလေးရှိ ဆိုင်ခွဲများအားလုံးတွင် ဇွန်လ ၄ ရက်မှ ၁၇ ရက်ထိ ပြုလုပ်သွားမည်ဟု City Mart က ထုတ်ပြန်ထားသည်။
ယင်း Coffee Fair အစီအစဉ်တွင် ကော်ဖီတံဆိပ်များဖြစ်သည့် Boncafe, Moccona, Nescafe, Premier , Rich, Khao Shong, Chek Hup, Shwe La Win, Good Day, Pop Pop, Hign Land, Birdy, Davidoff Café, IIIy, Coffe Vergnano နှင့် Lavazza Café စသည့် ကော်ဖီမှုန့်၊ ကော်ဖီမစ်အမျိုးမျိုးနှင့် ကော်ဖီအရသာတို့ဖြင့် တွဲဖက်အသုံးပြုရသည့် Aliko Coffee Filter Bag, Dawn Condensed Milk, Equal Sweetener, Green Land Sugar အမှတ်တံဆိပ် စသည်တို့ကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။

အတိုးနှုန်းမြင့်သည့် တရုတ်အကြွေး အစိုးရတွင် အများဆုံးရှိနေ

ကြွေးမြီများကို အချိုးချလျှင် နိုင်ငံသားတဦးလျှင် အကြွေး ၅ သိန်းစီ တင်နေသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာအစိုးရက နိုင်ငံတကာသို့ ပေးရန်ရှိနေသော ကြွေးမြီများတွင် တရုတ်နိုင်ငံသို့ ပေးရန်ရှိသည့် အတိုး နှုန်းမြင့် ကြွေးမြီက အများဆုံး ဖြစ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အချက်အလက်များအရသိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအဆင့်မြှင့်တင်ရန် တင်ဒါလျှောက်ထားသည့်ကုမ္ပဏီ ၂၆ ခုရှိ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရေး အတွက်ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၁၆၂ ခုမှ တင်ဒါလျှောက်ထားခဲ့သော်လည်း ကုမ္ပဏီ ၂၆ ခုသာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ ဒုတိယဝန် ကြီး ဦးစိုးတင့်ကဆိုသည်။
ကလေးစစ်သား အသုံးပြုနေတဲ့ ‘၀’ အဖွဲ့ကို ဘယ်လို အရေးယူမလဲ ?
ကလေးစစ်သားအသုံးပြုမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာကပါ အလေးထားဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် အသုံးချတာဟာ လူ့အခွင့် အရေးချိုး ဖောက်တာဖြစ်သလို ကလေးတွေရဲ့ အနာဂတ်အတွက်လည်း ဆိုးကျိုးတွေ သက်ရောက်နေတဲ့ အတွက် လက်မခံနိုင်တာ ဖြစ်ပါတယ်။ အဲဒီကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (Unicef ) က ဖြေရှင်း ဆောင်ရွက်ပေးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေးကို စံနမူနာပြအဖြစ် အစိုးရတပ်က အသက်မပြည့်တဲ့ စစ်မှုထမ်းတွေကို မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံမှု၊ တားဆီးမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ဟာလည်း ကလေးစစ်သား အသုံးပြုနေတယ် ဆိုပြီး Unicef က ဖော်ပြထားပါတယ်။
Subscribe to:
Posts (Atom)