Wednesday, 20 May 2015

အဆင့်မမီ ကျောင်းဆောက်လုပ်တဲ့ ကုမ္ပဏီများကို အရေးယူ

ပညာရေးဝန်ကြီးဌာနအောက်က စာသင်ကျောင်းတွေ ဆောက်လုပ်ရာမှာ အရည် အသွေးပြည့်အောင် ဆောက်လုပ်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုပြီး နာမည်ပျက်စာရင်းသွင်း အရေးယူနေကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးသန့်ရှင်းက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြည်သူ့ ဘဏ္ဍာငွေနဲ့ ဆောက်လုပ်တဲ့ကျောင်းတွေကို ကန်ထရိုက်ရရှိထားတဲ့ ကုမ္ပဏီတွေထဲက အရည်အသွေး မပြည့်မီတဲ့ ကုမ္ပဏီတွေကို အရေးယူမှုတွေ ရှိ မရှိ မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

လှေစီးဒုက္ခသည်တွေကို ဖိလစ်ပိုင်နဲ့ ဂမ္ဘီးယားနိုင်ငံ ခေါ်ယူမည်

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက လှေနဲ့ထွက်ပြေးသွားတဲ့ လူပေါင်း ၃ ထောင်လောက်ကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုဖို့အဆင့်သင့်ရှိနေတယ်လို့ မနေ့ကပြော လိုက်ပါတယ်။ ဒီကိစ္စအတွက် ဖိလစ်ပိုင်အစိုးရနဲ့ ခရစ်ယန်ကက်သလစ်ဘုရားကျောင်းက သဘောတူ ထားတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာစာချုပ်ကို ဖိလစ်ပိုင်က သဘောတူထားတဲ့အတွက် ထွက်ပြေး လာတဲ့ အဲဒီ့လူတွေကိုကူညီမယ်လို့ ပြောဆိုတာဖြစ်တဲ့ အကြောင်း၊ ဖိလစ်ပိုင်တရားရေးဝန်ကြီး Leila Lima နဲ့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Charles Jose တို့ က ပြောပါတယ်။

ဦးခင်အောင်မြင့်နဲ့အဖွဲ့ ဘယ်လာရုစ် သွားမည်

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံကို မကြာခင်ရက်ပိုင်းအတွင်း သွားရောက်ကြမယ်လို့ Belarusian News သတင်းက ဖေါ်ပြပါတယ်။ဘယ်လာရုစ် အမျိုးသားလွှတ်တော်ကောင်စီရဲ့ ဖိတ်ကြားချက်အရ မေလ ၂၁ရက်နေ ၂၄ ရက်နေ့အထိ သွားရောက်လည်ပတ်ကြမှာဖြစ်ကြောင်း သိရပါတယ်။ဦးခင်အောင်မြင့်နဲ့အဖွဲ့ဟာ ဘယ်လာရုစ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး၊ အခမ်းအနားတချို့ကို တက်ရောက်ကြမယ့်အပြင်၊ သမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးမှုဆိုင်ရာနေရာတွေကို လည်း သွားရောက်လေ့လာကြမယ်လို့ သတင်းမှာဖေါ်ပြ ပါတယ်။

လူဦးရေထိန်းညှိမှုဥပဒေ အမေရိကန် စိုးရိမ်

မြန်မာနိုင်ငံရဲ့ လူဦးရေထိန်းညှိမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနဲ့ တခြားဥပဒေကြမ်း သုံးခုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းတွေဟာ အန္တရာယ်ကြီးမားပြီး၊ လူနည်းစုတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို ပျက်ပြားသွားစေမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က  ဒါဟာ ကလေးမွေးဖွားနှုန်းအပေါ် ညီမျှမှုမရှိဘဲ တစ်ဘက်စောင်းနင်း အတင်းအဓမ္မထိန်းချုပ်ပြီး၊ ခွဲခြားဆက်ဆံတာကို တရားဝင်ဖြစ်အောင် ဖန်တီးတာသာဖြစ်တယ်၊ မျိုးဆက်ပြန့်ပွားခွင့်၊ အမျိုးသမီးအခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေအပေါ် လေးစားမှုရှိရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

မြန်မာတွေလျှော်ကြေးရဖို့ သံရုံးနဲ့ ကုမ္ပဏီညှိနိုင်း

အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေ မှာ ကျေးကျွန်တွေသဖွယ် ခိုင်းစေခံခဲ့ရသူ မြန်မာနိုင်ငံ သားတွေ လျော်ကြေးရရှိရေးအတွက် မြန်မာသံရုံးနဲ့ သက်ဆိုင်ရာကုမ္ပဏီတို့ ညှိနှိုင်းပြောဆိုနေကြပါတယ်။
ဒီကိစ္စအတွက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဆန်းမြင့်ဦး အပါအ၀င် သံရုံးအရာ ရှိတွေဟာ အင်ဒိုနီးရှားရှေ့နေများအသင်းက ရှေ့နေနှစ် ဦး၊ မြန်မာအလုပ်သမားတွေကိုခိုင်းစေခဲ့တဲ့ အင်ဒိုနီးရှား ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းနေ ကြကြောင်း ထိုင်းနိုင်ငံထုတ်နေးရှင်းသတင်းက ဖေါ်ပြ ပါတယ်။

လူအများ၏ ရန်ပြု သတ်ဖြတ်မှုခံရသည့် အမျိုးသမီးကို အကာအကွယ်မပေးသည့် အာဖဂန်ရဲများ ထောင်ဒဏ်ချမှတ်ခံရ

အမျိုးသမီးတစ်ဦးကို လူအုပ်ကြီးက ဝိုင်းဝန်းသတ်ဖြတ်နေချိန်၌ လုံလောက်သော အကာအကွယ်ပေးမှု မရှိခဲ့ဘဲ ဝတ္တရားပျက်ကွက်ခဲ့သည့် အာဖဂန်နစ္စတန် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ကဘူးလ်မြို့ရှိ တရားရုံးတစ်ခုက ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆော်ဒီတွင် အာဏာပါးကွက်သား အသစ်များ ခန့်အပ်ရန် လိုအပ်လာ

 သေဒဏ်ချမှတ်သည့် ပြစ်ဒဏ်စီရင်မှုများ တိုးပွားလာသည့်နောက် ဆော်ဒီအာရေဗျ အာဏာပိုင်များက အာဏာပါးကွက်သား အဖြစ် တာဝန်ထမ်းဆောင်ရန် အလုပ်ခေါ်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ အလုပ်ခေါ်စာတွင် ပါးကွက်သား ရာထူးအတွက် ရှစ်နေရာ တိုးမြှင့် ခန့်အပ်သွားမည်ဖြစ်ပြီး လျှောက်ထားသူများသည် အထူးပြု ပညာရပ်တစ်ခုခု တတ်မြောက်ထားရန် မလိုသော်လည်း လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို တိတိရိရိ ဖြတ်တောက်နိုင်ရမည်ဟု ဖော်ပြထားသည်။

ဒဂုံဆိပ်ကမ်းတွင် အကြွေးတောင်းရာမှ အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်ရှိ ကျူးကျော်နေအိမ် တစ်လုံးတွင် မေလ ၁၈ ရက် ည ၈ နာရီခွဲက အုပ်စုဖွဲ့ကာ အကြွေးလာရောက်တောင်းသူများနှင့် အိမ်ရှင်မိသားစု စကားများရန်ဖြစ်ရာမှ အကြွေးလာရောက်တောင်းသူ အုပ်စုအဖွဲ့က အမျိုးသားနှစ်ဦးကို ဓားရှည်များဖြင့် ဝိုင်းခုတ်မှုဖြစ်ပွား ခဲ့ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ကမ်းရိုးတန်းတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် ငါးဖမ်းလှေတစ်စီး နစ်မြုပ်

ရခိုင်ပြည်နယ်မြို့နယ် အချို့တွင် မေလ ၁၉ ရက် ညနေက မိုးသက်လေပြင်းများ ကျရောက်ခဲ့ရာ သံတွဲမြို့နယ်ကမ်းရိုးတန်း၌ငါးဖမ်းလှေတစ်စီးနစ်မြုပ်သွားကြောင်း သတင်းရရှိသည်။
သံတွဲမြို့နယ် ဂျိတ်တောရပ်ကွက်ရှိ ပင်လယ်ဝနှင့် ဆက်စပ်နေသောနေရာတွင် ရေလုပ်သားသုံး ဦးလိုက်ပါလာသည့် ငါးဖမ်းလှေ တစ်စီးနစ်မြုပ်သွားသဖြင့် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သံတွဲမြို့နယ် ရခိုင်လူမှု ကွန်ရက်မှ ဦးကျော်ဌေးဝင်းက မေလ ၁၉ ရက် ညနေတွင် 7Day Daily အား ပြောသည်။‘‘လောလောဆယ်တော့ လူတွေ လိုက်ဆယ်နေကြတယ်။ နောက်ဆက်တွဲတော့ မသိရသေးဘူး။

နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်းမှာ စောင့်ကြည့်ဆဲ အခြေအနေရှိ

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေထုမငြိမ်သက်မှုကြောင့် မတ်လ ၁၈ ရက်မှ နောက်ထပ် ၄၈ နာရီအတွင်း မြန်မာနိုင်ငံ နေရာအနှံ့ မိုးကြီးနိုင်ပြီး မုန်တိုင်း အခြေအနေမှာ စောင့်ကြည့်နေ ဆဲ အခြေအနေရှိသည်ဟု  မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က မေ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံ KNU နယ်မြေမှာ ကျင်းပမည်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံကို ဇွန်လ ၂ ရက်နေ့မှာ ကရင်အမျိုးသား အစည်း အရုံး KNU ရဲ့ နယ်မြေမှာကျင်းပဖို့ ရှိနေပြီး ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA နဲ့ တနိုင်ငံလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ချမှတ်ရေးတွေကို အဓိကထားဆွေးနွေးဖို့ရှိနေ ပါတယ်။

အမှတ်တရရုပ်ရှင်ပွဲတော်သို့ မီရှဲယိုး အပါအ၀င် နာမည်ကျော်အချို့ တက်ရောက်မည်


တတိယအကြိမ် ပြုလုပ် မည့် ‘‘အမှတ်တရ’’ နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘာကျော်မင်း သမီး မီရှဲယိုးအပါအ၀င် ဟောင် ကောင်၊ ပြင်သစ်နှင့် စင်ကာပူတို့ မှ နာမည်ကြီး သရုပ်ဆောင်မင်း သမီးများ လာရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရာမာဒီမှ အိုင်အက်စ်တပ်များကို တွန်းလှန်ရန် စေတနာ့ဝန်ထမ်း ပြည်သူ့စစ်များကို အီရတ်အစိုးရ ဖိတ်ခေါ်

ရာမာဒီမြို့ကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တွန်းလှန် တိုက်ထုတ်ရန်အတွက် ပြည်သူ့စစ်များအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒဖြင့် ပူးပေါင်းပါဝင်လာရန် ဖိတ်ခေါ်ကြောင်း အီရတ်အစိုးရက ကြေညာခဲ့သည်။

စတိတ် စင်ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ U2 အဖွဲ့မှ ဂစ်တာသမား The Edge

ကမ္ဘာကျော် ရော့်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ U2 အဖွဲ့မှ ဂစ်တာသမား The Edge ဟာ ကနေဒါနိုင်ငံ Vancouver မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း စတိတ်စင်ပေါ်ကနေ ပြုတ်ကျခဲ့ပါတယ်။

စွမ်းအင်က နိုင်ငံခြားကုမ္ပဏီနှင့် ပူးပေါင်းပြီး စက်သုံးဆီဈေးကွက် ပြန်ဝင်မည်

စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခြင်းကို နိုင်ငံခြားကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းကာ ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဟု သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး  လုပ်ငန်းသည် ၂၀၁၁ ခုနှစ်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးခဲ့ပြီးနောက် ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်းစေရန် တစ် ကျော့ပြန် ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူးဦးမြင့်ဇော် က ပြောသည်။

လူကုန်ကူးခံရသူများ အရေး မြန်မာနိုင်ငံ၌ တာဝန်ရှိဟု မလေး ဒုဝန်ကြီးချုပ်ပြော

ဒေသတွင်း နိုင်ငံများ ကြုံတွေ့နေ ရသည့် လူကုန်ကူးခံရသူများ အရေးတွင် မြန်မာနိုင်ငံ၌ တာဝန်ရှိကြောင်း မလေးရှား ဒုတိယ ၀န်ကြီးချုပ် Tan Sri Muhyiddin Yassin က မေလ (၁၈) ရက်နေ့က သတင်းထောက် များကို ပြောကြား လိုက်ကြောင်း Asiaone သတင်းဌာနက ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမည်ဟု ဦးတင်အေးဆို

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အဓိကကျသော အချက်သုံးချက်ကို ဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်သောကြောင့် လွတ်လပ်၍ တရား မျှတမည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက The Messenger Media သို့ ပြောကြားသည်။ အချက် သုံးချက်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်ချက်များ အတိုင်း မှန်ကန်မှု ရှိစေရေး၊ ပြည်တွင်း၊ ပြည်ပ စောင့်ကြည့် လ့လာသူများ ခေါ်ယူ ထားခြင်း၊ မဲရုံမှူးများ၊ ကော်မရှင် အဖွဲ့ဝင် အဆင့်ဆင့်က ဥပဒေနှင့် အညီ မလုပ်ဆောင် ပါက အရေးယူခြင်းများ ဖြစ်ကြောင်း ၎င်း ကရှင်းပြသည်။ လေ့လာသူတွေ ဖိတ်ထားတယ်။ လေ့လာ သူတွေက စောင့်ကြည့်တဲ့ အခါကျတော့၊ မတရား မလုပ်ရဲဘူးပေါ့။ သူတို့ ကတော့ ၀င်ပြောလို့ မရဘူး။ ဒါပေမဲ့ ရီပို့ရေးလို့ ရတယ်။ ပါတီတွေ၊ ကော်မရှင်တွေ ဥပဒေ မလိုက်နာဘူး။ ဘက်လိုက်တယ် ဆိုရင် ရီပို့ ရေးမယ်ပေါ့။ နောက် အရေးယူမယ့် ဥပဒေတွေရှိတယ် ဟု ဦးတင်အေးက ပြောသည်။

ဘင်္ဂါလီဆိုတိုင်း မြန်မာနိုင်ငံက ဖြစ်ရမှာလား


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှာ နေတဲ့ ဦးသာထွန်း ရေးသား ပေးပို့လိုက်တဲ့ စာကို မဇ္ဈိမစာဖတ်သူကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ ပေးပို့နေကျစာတွေက မိမိတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အဆင်မပြေမှုတွေကို ရေးသားပေးပို့ကြတာ ဖြစ်ပေမယ့် အခုရေးပို့လိုက်တဲ့ စာရဲ့ ထူးခြား ချက်ကတော့ နိုင်ငံအတွက် လူမျိုးအတွက် ရည်ရွယ်ပြီး ရေးခဲ့တဲ့ စာပါလို့ ဆိုပါတယ်။

ခြောက်ပွင့်ဆိုင် ထပ်တွေ့ဖို့ အစိုးရ လေးဖင့်နေဟု ဒေါ် အောင်ဆန်းစုကြည် ဝေဖန်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်၍ အစိုးရအနေနှင့် စိတ်ပါဝင်စားမှုမရှိကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရန် မခက်ခဲဟု သမ္မတ၏ ပြောဆိုမှု လက်တွေ့မဆန် ဟု ပါတီများ သုံးသပ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် အခက်အခဲမရှိနိုင်ဟု သမ္မတ ဦးသိန်းစိန်က မေ ၁၈ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ရာ ထိုသို့ ပြောကြားချက်မှာ  လက်တွေ့ မဆန်ဟု နိုင်ငံရေး ပါတီများက ဝေဖန်လိုက်သည်။