ည ၁၁ နာရီကျော်လျှင် အရက်၊ ဘီယာ ရောင်းချခွင့်မပေး ထားသည့် စတိုးဆိုင်များတွင် ရောင်းချခြင်းများ ပြုလုပ်နေ၍ သက်ဆိုင်ရာက အရှိန်မြှင့်ဖမ်းဆီး အရေးယူမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ပြုလုပ်နေကြောင်း သတင်းရရှိသည်။
ရန်ကုန်တွင် အရက်သေစာ သောက်သုံးမှု လျော့ကျရေးအ တွက်ကနဦး အနေဖြင့် အများပြည်သူပိုင် နေရာများ၌ သောက် စားခြင်းအား ကန့်သတ်ခြင်းကို ပထမအစီအစဉ်ဖြင့် စတင်လုပ် ဆောင်ခဲ့ပြီး ယခုဒုတိယအစီအ စဉ်တွင် ရောင်းချသည့် ဆိုင်များ ကို အရှိန်မြှင့် ဖမ်းဆီးခြင်းဖြစ် သည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
လက်ရှိ အရေးယူထားသည့် ဆိုင်အရေအတွက်ကိုမူ ထည့် သွင်းပြောကြားသွားခြင်းမရှိပေ။
‘‘ဒီရက်ပိုင်း အရမ်းဖမ်း တယ်။ ကျွန်တော်တို့က ယမကာ လိုင်စင်ရှိလို့ ရောင်းတယ်။ လိုင် စင်မရှိဘဲ ရောင်းနေတဲ့ဆိုင်ကိုကျ တော့ မျက်ကွယ်ပြုထားတယ်’’ဟု ည ၁၁ နာရီကျော်အထိအရက်၊ ဘီယာရောင်းချသဖြင့် အရေးယူခံ ထားရသည့် စတိုးဆိုင်ပိုင်ရှင်တစ် ဦးက ဆိုသည်။
Monday, 18 May 2015
မှောင်ခိုလှေများမှတစ်ဆင့် IS အကြမ်းဖက်သမားများ ဥရောပသို့ ဝင်ရောက်လျက် ရှိဟုဆို
IS အဖွဲ့သား လက်နက်ကိုင်အကြမ်းဖက်သမားများသည် မြေထဲပင်လယ်အတွင်းရှိ မှောင်ခိုဂိုဏ်းများ၏ ပို့ဆောင်မှုဖြင့် ဥရောပအတွင်းသို့ တရားမဝင်ဝင်ရောက်လျက်ရှိသည်ဟု လစ်ဗျားအစိုးရ အကြံပေးအရာရှိ တစ်ဦးက ပြောကြားကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
စုနိုင်မှ ဖြုတ်မည်
မေလ (၁၅) ရက်နေ့ သောကြောနေ့က အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို အရေးပေါ် အဆင့်မှာ ဆက်လက် ထားသွားဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာကြောင့် ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် ဆက်ပြီးထားဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါ့ကြောင့် ၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က သမ္မတ ဘီလ်ကလင်တန် ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုကိုလည်း နောက်ထပ် တစ်နှစ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။
ပွိုင့် ၂၂၀၂ အောင်ပွဲ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အခုဆိုရင် ကစဥ့် ကလျားထွက် ပြေးနေရပါပြီ။ လောက်ကိုင်အပါအ၀င် ဒေသတစ်ခုလုံးကို စစ်မီးတောက်လောင်စေခဲ့တဲ့ ကိုးကန့် သောင်းကျန်းသူအဖွဲ့ ထွက်ပြေးသွားရတဲ့သတင်းက ကျွန်တော်တို့ ပြည်သူတွေအတွက် ၀မ်းသာစရာသတင်း ဖြစ်ပါတယ်။ ဒေသခံကိုးကန့် တိုင်းရင်းသားတွေအတွက်ကတော့ အဲဒီအဖွဲ့ထွက်ပြေးသွားတာဟာ ၀မ်းသာပီတိ ဂွမ်းဆီထိသလို အပျော်မျိုးဖြစ်လို့နေ ပြန်ပါတယ်။
ဖားကန့်ဒေသတွင် ကျောက်စိမ်း အလွန်အကျွံ တူးဖော်ခြင်းမပြုရန် အမျိုးသားလွှတ်တော်သို့ တင်သွင်းမည်

ဖားကန့်ဒေသ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)
ဖားကန့်ဒေသတွင် ကျောက်စိမ်းအလွန်အကျွံ မတူးဖော်ရန် အမျိုးသားလွှတ်တော်တွင် တင်သွင်းဆွေး နွေးမည် ဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က The Daily Eleven သို့ ပြောကြားသည်။
ချစ်သူနှင့် ခိုးရာလိုက်ရန် ကုမ္ပဏီပိုင် ငွေကျပ်သိန်း ၂၀ ခိုးသူကို အရေးယူ
ချစ်သူနှင့် ခိုးရာလိုက် ပြေးရန်ကုမ္ပဏီပိုင်ငွေကျပ်သိန်းနှစ်ဆယ်ခိုးယူ သွားသူကို တစ်ရက်အတွင်း ဖ်ာထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်းသတင်းရရှိသည်။
မြန်မာ ၇၀ ကျော်အား လူကုန်ကူးသူများအနက် သံသယရှိ ထိုင်းတစ်ဦး ဖမ်းမိ ===== လူကုန်ကူးသူများက မြန်မာ ၇၀ ကျော်အား သစ်တောအတွင်း ထားခဲ့သော်လည်း ရုပ်ရည်ချောမောသော မြန်မာအမျိုးသမီးတစ်ဦးကို ခေါ်ဆောင်သွား
မြန်မာလုပ်သား ၇၀ ကျော်အား လူကုန်ကူး၍ တော တွင်းတစ်နေရာတွင် ပစ်ထားပြီး အမျိုးသမီးလေးဦး အဓမ္မပြုကျင့် ခံရမှု၌ ပါဝင်ပတ်သက်ခဲ့သည် ဟု သံသယရှိသော ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ချွန်ဖွန်ရွာ သူကြီးကို ထိုင်းရဲတပ်ဖွဲ့က မေလ ၁၆ ရက် တွင် ဖမ်းဆီးလိုက်ကြောင်း သ တင်းရရှိသည်။
ရှေ့တန်းမှ တပ်မတော်သားများအား ဂုဏ်ပြုသည့်အနေဖြင့် မွေးရေ/ကျေးလက် ၀န်ကြီးဌာနက ၀က်ကောင်ရေ ၃၀၀၊ ဆိတ် ၁၀ ကောင် ပေးပို့ဟုဆို

ကိုးကန့်ဒေသမှ တပ်မတော်သားများအတွက် ပေးပို့လိုက်သောဝက်များ (ဓာတ်ပုံ − ၀န်ကြီးဦးအုန်းမြင့် ဖေ့စ်ဘွတ်ခ်)
ကိုးကန့်တိမ်းရှောင်အဖွဲ့ခြေကုပ်ယူထားသော အဓိကတောင်ကုန်းများကို သိမ်းပိုက်အနိုင်ရခဲ့ကြသည့် အောင်ပွဲရတပ်မတော်သားများအတွက် မွေးရေ/ကျေးလက်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဂုဏ်ပြုသည့်အနေဖြင့် ၀က်ကောင်ရေ ၃၀၀ နှင့် ဆိတ်၁၀ကောင်အား ပေးပို့လိုက်ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်ဝန်းကျင်ရှိ ဆောက်လုပ်ရေးစီမံကိန်းများကို ပြန်လည်စိစစ်သုံးသပ်ရန် သမ္မတထံသို့ ဗိသုကာအသင်းအကြံပြု

ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံ၏ သင်္ကေတတစ်ခုဖြစ်သော ကမ္ဘာသိရွှေတိဂုံစေတီတော်ကို ဖူးတွေ့ရစဉ်။ မြို့ပြဖွံ့ဖြိုးလာမှုနှင့် အတူ အထပ်မြင့်အဆောက်အအုံများနှင့် ထုထည်ကြီးမားသည့် ဆောက်လုပ်ရေးစီမံကိန်းကြီးများကြောင့် ရွှေတိဂုံစေတီတော်ကို အဝေးမှဖူးတွေ့ရန် မြင်ကွင်းကွယ်နိုင်ခြင်း၊ ကြံ့ခိုင်မှုထိခိုက်နိုင်ခြင်းတို့ ဖြစ်လာမည် ကို ဗိသုကာပညာရှင်များနှင့် ပြည်သူများက စိုးရိမ်နေကြသည်။
အွန်လိုင်းတင်ရောင်းမယ့် မျိုးကြီးရဲ့သီချင်းတစ်ပုဒ်

မကြာမီထွက်ရှိမည့် အ ဆိုတော်မျိုးကြီး၏ ပြောင်းလဲခြင်း များ တေးစီးရီးတွင်ပါဝင်သော သီချင်းတစ်ပုဒ်ကို မေလ ၂၀ ရက် ၌ Myanmar Music Store မှ ဖြန့်ချိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
Sunday, 17 May 2015
၂၀၁၅ရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်ကို မဲစာရင်းပြုစုပြီးမှသာ ဆုံးဖြတ်မည်
၂၀၁၅ခုနှစ် နိုဝင်ဘာလဆန်းတွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် တည်ဆောက်မည့် မဲရုံအရေ အတွက်ကို မဲစာရင်း ပြုစုပြီးသည့် အချိန်မှသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကိုပြောသည်။
ပါလက်စတိုင်းခေါင်းဆောင်ကို ပုပ်ရဟန်းမင်းကြီး ချီးကျူး

ပုပ် Francis နဲ့ ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas ဗာတီကန်မှာ တွေ့ဆုံစဉ်။ (မေ ၁၆၊ ၂၀၁၅)
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ စနေနေ့က ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံပါတယ်။ ပါလက်စတိုင်းတွေနဲ့ ပထမဆုံး သဘောတူစာချုပ်တခုကို သိပ်မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ ပြင်ဆင် နေတယ်လို့ ဗာတီကန်နန်းတော်က ကြေညာအပြီး ရက်ပိုင်း အတွင်းမှာပဲ အခုလိုတွေ့ဆုံတာပါ။
ပြည်တွင်းငြိမ်းချမ်းအောင် ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့လို

သမ္မတဦးသိန်းစိန်ရှေ့မှောက်မှာ ၃၁ ရက် မတ်လ ၂၀၁၅ ခုနှစ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို နှစ်ဘက်ကိုယ်စားလှယ်ခေါင်းဆောင်တွေ အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြစဉ် (ဓာတ်ပုံ - မြန်မာငြိမ်းချမ်းရေးစင်တာ)
အမှန်တကယ် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ လိုလားတယ်ဆိုရင် အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုက် တွန်းပြောဆိုလိုက်ပါတယ်။ တနိုင်ငံလုံးအပစ်ရပ် စာချုပ်ချုပ်ဆိုနိုင်ရေး တိုင်းရင်းသား ခေါင်း ဆောင်တွေနဲ့ အစိုးရ ကြိုးပမ်းနေချိန်မှာ ဒီသီတင်းပတ်ထဲ တိုင်းရင်းဒေသအချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သလို မြန်မာစစ်တပ် ဘက်က စစ်အင်အား အလုံးအရင်း ထပ်မံတိုးချဲ့ချနေလို့ စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မန်းကျောက်စိမ်းဈေးကွက်အပွင့်လိုင်း အရောင်းအဝယ်သွက်

မန္တလေးမြို့ ကျောက်စိမ်းအရောင်းအဝယ် ဈေးကွက်တွင် အပွင့်လိုင်းကျောက်များသာ လတ်တလော အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မန္တလေးမြို့ကျောက်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူများထံမှ သိရ သည်။
ထင်းခုတ်နေသော ဒေသခံ ၁၅ ဦးထံမှ KIA အဖွဲ့ ဆက်ကြေးငွေများ ကောက်ခံ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ စက ကျေးရွာ(ဟောင်း)မှ ထင်းခုတ်နေ သော ဒေသခံများအား မေလ ၁၄ ရက် နေ့၊ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် KIA အဖွဲ့မှ ဆက်ကြေးငွေများ လာရောက်တောင်း ခံသွားကြောင်း သိရ သည်။
ဆေးခြောက်သုံးတာ ဆယ်ကျော်သက်တွေမှာ စိတ်ဝေဒနာ လုံးဝမဖြစ်စေပါ

မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး သမားတွေအတွက် သတင်းဆိုးလေးပါ။ လေ့လာမှု အသစ်တစ်ခုက ဆေးခြောက်ရှူတာ ဆယ်ကျော်သက်တွေမှာ စိတ်ဝေဒနာဖြစ်စေနိုင်တယ်ဆိုတဲ့ အမြင်ပေါ် သံသယဖြစ်မှုကို ဖယ်ရှားပစ်ခဲ့ပါတယ်။
အိုင်အက်စ်စစ် သွေးကြွများ ဥရောပသို့ ဒုက္ခသည်များနှင့်ရောနှော ခိုးဝင်လျှက်ရှိ

ရွှေ့ပြောင်းအခြေချဒုက္ခသည်များ လိုက်ပါလာသည့် လှေတစ်စင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters) ဒုက္ခသည်များကြားတွင် အိုအက်စ်များ ပုန်းဝှက်ပါလာလေ့ ရှိသည်ဟု ဆိုသည်။
လစ်ဗျား အရာရှိ တစ်ဦး၏ ဘီဘီစီသို့ ပြောကြားချက်အရ အိုင်အက်စ် တိုက်ခိုက်ရေးသမားများမှာ မြေထဲ ပင်လယ် ဒေသအတွင်းရှိ ဂိုဏ်းများမှတစ်ဆင့် ဥရောပသို့ ခိုးဝင်လာလျှက်ရှိသည်ဟု ဆိုသည်။ အစိုးရ အကြံပေး အက်ဗဒယ်ဘစစ် ဟာရွန်း၏ ပြောကြားချက်အရ လူမှောင်ခိုသမားများက ရွှေ့ပြောင်းအခြေချ များနှင့် ပြည့်ကျပ်နေသည့် လှေများပေါ်တွင် အိုင်အက်စ်စစ်သွေးကြွများကိုဝှက်ထည့်လာခဲ့သည်ဟုဆို သည်။
နည်းပြလောကသို့ ဝင်ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီ ပေါင်းထားသည့် နည်းပြအဖြစ်နှင့် ပြန်လာမည်ဟု ဂျရတ်ဆို

ကစားသမားဘဝမှ အနားယူပြီး နည်းပြလောကသို့ ဝင်ရောက်ဖြစ်ခဲ့ပါက ဖာဂူဆန်နှင့် အာစင်ဝင်းဂါး တစ်ဝက်စီ ပေါင်းစပ်ထားသည့် နည်းပြ တစ်ယောက် အဖြစ်နှင့်ပြန်လာမည်ဟု လီဗာပူးလ်မှ ထွက်ခွာတော့ မည့် အသင်းခေါင်းဆောင် ဂျရတ်က ပြောသည်။
အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်ကို အမေရိကန်ဝင်ရောက် သတ်ဖြတ်
IS ခေါ် အစွန်းရောက်အစ္စလမ်သူပုန်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ယောက်ကို အမေရိကန် Delta Force အထူးတပ်ဖွဲ့ဝင်တွေက ဆီးရီးယားနိုင်ငံအတွင်းထိ သောကြာနေ့ ညနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက် ပြီး သတ်ဖြတ်လိုက်ပါတယ်။
ဓာတုဆေးဂိုဒေါင်မီးလောင်မှု ငြှိမ်းသတ်စဉ် မီးသတ်သမား ၁၀ဦး အသက်ရှူကျပ်၍ ဆေးရုံရောက်

မီးလောင်မှုဖြစ်ပွားရာဓာတုဆေးဂိုဒေါင်သို့ လာရောက်ငြှိမ်းသတ်သော မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး အသက်ရှူကျပ်နေစဉ် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးစက်မှုဇုန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် ဓာတုဆေးဂိုဒေါင်ကို မီးငြှိမ်းသတ်ရာမှ မီးသတ်သမား ၁၀ဦး အသက်ရှူကျပ် ဝေဒနာကြောင့် ဆေးရုံသို့အရေးပေါ်တင်ပို့ကုသ ခဲ့ရကြောင်းသတင်းရရှိသည်။
Subscribe to:
Posts (Atom)

