Monday, 11 May 2015

နားအတွင်းသို့ ရေ သို့မဟုတ် ဆီ ဝင်ရောက်ပါက နား မှိုစွဲသည့် ရောဂါ ဖြစ်ပွားနိုင်

ရာသီဥတု ပူပြင်းမှုကြောင့် နားပေါက်အတွင်း နားဆီခန်းခြောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ရေထည့်သော အကျင့်သည် နား မှိုစွဲသည့်ရောဂါ ဖြစ်ပွားနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ပါရဂူ တစ်ဦး က ပြောကြား ခဲ့သည်။ ရေနှင့်ဆီများ နားအတွင်း ထည့်သွင်းခြင်း သို့မဟုတ် မတော်တဆ ဝင်ရောက်ခြင်း များသည် နားအင်္ဂါ အတွင်းရှိ ပြွန်ထဲ၌ရှိသော နားစည်နှင့် ၎င်း၏ အနီးတစ်ဝိုက်တွင် နားဖာ ချေးထုတ်သော အကျိတ်၊ အဆီကျိတ်များရှိကာ ယင်းအကျိတ်များသည် ရာသီဥတုပူလာပါက ခန်းခြောက်တတ်သော သဘော ဖြစ်တတ်သဖြင့် ရေထည့်ခြင်းက နားမှိုစွဲသည့် အခြေအနေမျိုး ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

လားရှိုးတွင် ဗုံးပေါက်ကာ ၃နှစ်အရွယ်ကလေးသေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အဝေးပြေးကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းဝင်း ဝန်ထမ်း အိမ်ရာ တွင် မေလ ၉ရက် နံနက် ၁၁နာရီက ဗုံးပေါက်ကွဲမှုဖြစ်ကာ ၃နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး မိဘ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ ဒု-ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး(၁)ရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

KIA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထင်းခွေသွားသော ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှ ထင်းခွေ သွားသော ဒေသခံတစ်ဦးသည် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ မေလ ၇ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေး ရွာ၊ အောင်မင်္ဂလာ ရပ်ကွက်နေ ဦးနော်နန်၊ အသက် ၆၅ နှစ်၊ ကချင်/ ခရစ်ယာန်၊ တောင် သူနှင့် ဒေါ်ဂျာနန် အသက် ၆၃ နှစ်၊ ကချင်/ ခရစ်ယာန် တို့ ၂ ဦးသည် မဖိန်းကွင်းတောအတွင်းသို့ ထင်းခွေ သွားရောက်ချိန်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးနော်နန်မှာ ၀မ်းဗိုက်၊ လက်မောင်းနှင့် ခြေထောက်နေရာများတွင် ထိခိုက် ဒဏ်ရာ များ ရရှိခဲ့ကြောင်း သိရသည်။

ကလေးမြို့ ဒိုးနွယ်ရွာ၌ မူးယစ်ဆေးဖြတ်စခန်း ဖွင့် ဆေးစွဲနေသူများကို ကုသပေးမည်

စစ်ကိုင်းတိုင်းဒေ သကြီး ကလေးမြို့နယ် ဒိုးနွယ်ရွာရှိ သာသနာ့ဗိမာန် ကျောင်းတိုက်၌ ဆေး ဖြတ် စခန်း ဖွင့်လှစ်ကာ မူးယစ်ဆေး စွဲနေသူများကို မေ ၉ ရက်မှ ၂၂ ရက်အထိ ဆေးကုသပေး၍ မူးယစ် ဆေးဖြတ် ရေး ကူညီပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဦးပိန်တံတားအကြီး စားပြင်ဆင်မှုအတွက် ကျပ် သိန်းနှစ်ထောင်ကျော် ပြည်ထောင် စု အစိုးရ ဘတ်ဂျက် မှ တောင်း ခံထားဟုဆို

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဦးပိန်တံတား အကြီးစားပြင်ဆင်မှုအတွက် ကျပ် သိန်းပေါင်း နှစ်ထောင်ကျော်ကို ပြည်ထောင်စုအစိုးရဘတ်ဂျက်မှ တောင်းခံထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။

ရဲစခန်း၏ ဆင့်ခေါ်မှုကို မလာရောက်ပါက ကျောင်းသားများကို လိုက်ဖမ်းမည်

ထားဝယ်မြို့မ ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသည့် ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားငါးဦးကို ရဲစခန်းတွင် လာရောက်စစ်ဆေးခံရန် ဆင့်ခေါ်ထားသည်ကို မလာရောက် ပါက အိမ်တွင် လိုက်လံဖမ်းဆီးမည် ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

စွန့်ပစ်ထားခံရမှုကြောင့် အစာရေစာ ငတ်မွတ်နေသည့် မြန်မာ ၄၆ ဦးကို ထိုင်းအာဏာပိုင်များ ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံ Chumphon ခရိုင်ရှိ တောထဲတွင် ထိုင်းပွဲစားများက ပစ်ထားခဲ့သဖြင့် အစာရေစာ ငတ်ပြတ် နေသည့် မြန်မာ ၄၆ ဦးကို မေလ ၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထပ်မံတွေ့ရှိခဲ့ကြောင်း မန်နေဂျာ အွန်လိုင်းသတင်း တစ်ရပ်တွင် ဖော်ပြသည်။

ခရမ်းလွန်ရောင်ခြည်နှင့် အရေပြားရောဂါများ

အရေပြားဟာ ခန္ဓာကိုယ် အပူချိန်များခြင်း၊ ခြောက်သွေ့ခြင်း၊ လေတိုက်ခြင်း၊ နေလောင်ခြင်း၊ ခရမ်းလွန် ရောင်ခြည် သင့်ခြင်းကြောင့် အရေပြားရောဂါ အမျိုးမျိုးခံစားရပါတယ။် ကူးစက်ရောဂါ ယားနာအမျိုးမျိုးကို ဖြစ် စေ ပါတယ်။ အသက်အရွယ်အလိုက် အရေပြားပြောင်းခြင်း အသက်အရွယ်ကြောင့် အရေပြားဟာ ပြောင်း လာ တယ်။ အသက်အရွယ် အလိုက်ပြောင်းတာကို မလွန်ဆန်နိုင်ပေမယ့် ပြင်ပအကြောင်း အရင်းကြောင့် အရေပြားပြောင်းတာကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ ပြင်ပအကြောင်းရင်းကြောင့် အရေပြား ပြောင်းခြင်း ပြင်ပအကြောင်း အရင်းကြောင့် အရေပြားပြောင်းရတာဟာ ခရမ်းလွန် ရောင်ခြည် ကြောင့်ဖြစ်တာ၊ နေရောင်ထိတဲ့ မျက်နှာ၊လည်ပင်း၊ လက်ဖမိုးတို့မှာ တွေ့ရများတယ်။ မတ်လက ခရမ်းလွန် ရောင်ခြည် အမှတ်၁၂ ဒသမ ၇ ထိရောက်တယ်။ ပုံမှန် ၈-၁အထိရှိသင့်တယ်။ ယခုအခါ ခရမ်းလွန်ရောင် ခြည် ကြောင့် အရေပြားအောက်ပိုင်း အထိအရောင်ပြောင်းခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ အရေပြား ရောဂါ အမျိုးမျိုးဖြစ်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ PR စနစ် ကျင့်သုံးနိုင်မည် မဟုတ်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ပြောကြား

ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ကျင်းပရန်ရှိသော ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးနိုင်တော့မည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆားဘီးယား နိုင်ငံသို့ရောက်ရှိ

(ဓာတ်ပုံ - Senior General Min Aung Hlaing Facebook) 
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် မေလ ၁၀ ရက် နံနက်တွင် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းသတင်း ရရှိသည်။

လပွတ္တာမြို့နှင့် ပြင်စလူမြို့နယ်ခွဲများတွင် သောက်သုံးရေ ပြတ်လပ်မှု နေ့စဉ်ကြုံတွေ့နေ

လပွတ္တာမြို့နယ်နှင့် ပြင်စလူမြို့နယ်ခွဲ ဒေသများတွင် သောက်သုံးရေ ရှားပါးမှုကြောင့် သောက်သုံးရေ ထောက်ပံ့ပေးနေသည်ကို တွေ့ရစဉ်
လပွတ္တာမြို့နှင့် ပြင်စလူမြို့နယ်ခွဲ ဒေသများတွင် သောက်ရေကန်များ ခန်း ခြောက် လာခြင်းများကြောင့် သောက်သုံးရေရှားပါးမှုကို နေ့စဉ်ကြုံ တွေ့နေ ကြောင်း သတင်းရရှိသည်။

အမေရိကန်ရောက် ပညာတတ်တွေရဲ့ အကူအညီရဖို့ NNER ကြိုးပမ်း

ရောက်ရှိနေတဲ့ မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် NNER ကိုဦးဆောင်နေသူဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ်။ (ဓာတ်ပုံ- Zawana Shen) 
အမေရိကန်ပြည်ထောင်စုမှာ ပညာသင်တတ်မြောက်လာတဲ့ မြန်မာ လူမျိုးတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ကူညီပေးနိုင်ရေး NNER ကို ဦးဆောင်နေတဲ့ ဒေါက်တာ သိန်းလွင်က သူရဲ့အမေရိကန်ခရီးစဉ်အတွင်းမှာ စည်းရုံးဟောပြောနေပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဒေါက်တာသိန်းလွင်ရဲ့ အမေရိကန်ခရီးစဉ် ကို ဆက် သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘာကြီးအား ပြောင်းလဲစေသော နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု စာအုပ်တွင် လုပ်ကြံခံခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များ၏ ဓာတ်ပုံနှင့်အတူ ဒေါ်အောင်ဆန်း စုကြည်၏ ဓာတ်ပုံကိုပါ ယှဉ်တွဲဖော်ပြမှုအပေါ် ဝေဖန်မှုများရှိနေ

ကမ္ဘာ့နိုင်ငံအသီးသီးမှ လုပ်ကြံခံရသော ခေါင်းဆောင်များအကြောင်းကို “ကမ္ဘာကြီးအား ပြောင်းလဲစေသော နိုင်ငံရေးလုပ်ကြံ သတ်ဖြတ်မှု” ဟု ခေါင်းစဉ်တပ် ရေးသားထုတ်ဝေသော စာအုပ်တွင် လုပ်ကြံခံခဲ့ရသော ကမ္ဘာ့ခေါင်းဆောင်များ၏ ဓာတ်ပုံနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုပါ ယှဉ်တွဲဖော်ပြ ထုတ်ဝေမှုအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

တိုင်ဖွန်းမုန်တိုင်း ဖိလစ်ပိုင်မြောက်ပိုင်းသို့ ဝင်ရောက်ဖွယ်ရှိ၍ လူ ၁၀၀၀ကျော် ရွှေ့ပြောင်းပေးနေပြီ

တိုင်ဖွန်းမုန်တိုင်း နိုအယ် (Noul)သည် ဖိလစ်ပိုင်မြောက်ပိုင်းကို ချဉ်းကပ်လာစဉ် ရုတ်တရက်ရေကြီးပြီး မြေပြိုမှုများဖြစ်ပေါ်ကာ ဆူနာမီသဖွယ် မုန်တိုင်းလှိုင်းလုံးများလည်း တက်လာနိုင်ဖွယ်ရှိသည်ဟု အစိုးရအေဂျင်စီများက သတိပေးထားပြီး လူပေါင်း ၁၀၀၀ကျော်ကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဆိုသည်။
အစိုးရ မိုးလေဝသစောင့်ကြည့်ရေး ဌာနခွဲအကြီးအကဲ အက်စပရန်ဖာ ကာယာနန်၏ ပြောကြားချက်အရ မုန်တိုင်း၏ ရွေ့ရှားနှုန်းမှာ အတန်ငယ်နှေးကွေးသွားခဲ့ပြီ ဖြစ်သော်လည်း လေပြင်းတိုက်နှုန်း တစ်နာရီ ၁၂၇မိုင်ဖြင့် အားကောင်းနေဆဲ ဖြစ်ပြီး စနေနေ့ နေ့လယ် (သို့မဟုတ်)ညနေတွင် ပင်မကျွန်း လူဇွန်၏ မြောက်ဖျားကို ဝင်ရောက်တိုက်ခတ်နိုင်သည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။

လူတောသို့ တိုးခဲ့ကြရာဝယ်


(တစ်)
ပတ်စပို့ဆိုလား ဘာဆိုလား။ ရွတ်ရဆိုရတာ ပါးစပ်ထဲမှာ ခိုးလိုးခုလုနဲ့။ အင်္ဂလိပ်လိုကတော့ passport လို့ပေါင်းတာပါပဲ။ အဲ.. ပြောရဦးမယ်။ အင်္ဂလိပ်ဘာ သာမှာ pass ဆိုတာက ကျော်တာ၊ဖြတ်တာ၊ port ဆိုတာက ဆိပ် ကမ်းဆိုတော့ကာ ပတ်စပို့ကို ပေါင်းလိုက်တော့ ဆိပ်ကမ်းဖြတ် ကျော်ခွင့်လက်မှတ်ပေါ့။ ဟုတ် ဘူးလား။ အင်းလေ ရှေးယခင် မဆွတုန်းက အရပ်ဒေသတစ်ခုနဲ့ တစ်ခု ကူးလူးဆက်ဆံအသွား အပြန်လုပ်ကြရာမှာ ဆိပ်ကမ်း တွေကတစ်ဆင့်ပဲ လုပ်ခဲ့ကြပုံရ တာကိုး။ ဒေသတစ်ခုကို ဝင်ခြင်း၊ ထွက်ခြင်းပြုတယ်ဆိုတာ အကြင် အရပ်ဒေသတစ်ခုရဲ့ ဆိပ်ကမ်းကို ကျော်ခြင်း၊ ဖြတ်ခြင်းပဲဥစ္စာ။ အနို့ ကြောင့် ပတ်စပို့ (passport)ဟူလို။

မြဝတီရုပ်သံလိုင်းတစ်ခုတွင် ကျွဲ၊ နွားခတ်ပြိုင်ပွဲ လွှင့်ခြင်းကို ကန့်ကွက်


MWD CHANNEL မှ ကြော်ငြာထားသော နွားရိုင်းသတ်ပွဲအစီအစဉ်ပုံ
မြဝတီမှတ်တမ်းရုပ်ရှင်ရုပ် သံလိုင်းတွင် ကျွဲ၊ နွားခတ်ပြိုင်ပွဲ များထုတ်လွှင့်ပြသမည့် အစီအ စဉ်ကို ပြသခြင်းမပြုရန် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (APO)က တရားဝင် ကန့်ကွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အလိုတော်ရိနိုင်ငံရေးကျဆုံးပါစေ

အလိုတော်ရိနိုင်ငံရေး သည် ရှေးမြန်မာမင်းများ လက်ထက်က တည်းက အရေးပါခဲ့သည်။ အလို တော်ရိများသည် နိုင်ငံရေးခေတ် သမိုင်းအဆက်ဆက် တိုင်းပြည် နှင့် တိုင်းရင်းသား ပြည်သူလူထု ကို ဒုက္ခပေးလျက် အသားထဲက လောက်ထွက်ခဲ့ကြသည်။ အကျိုး စီးပွား၊ ထင်ပေါ်ကျော်ကြားမှု၊လုပ် ပိုင်ခွင့်တို့ကို ငါးစာသဖွယ်ချိတ်ဆွဲ ထားသည့် ငါးမျှားတံတွင် သိသိ ချည်းနှင့် မိနေသော အလိုတော်ရိ ပညာရှင်ကြီးများသည် ခေတ် သမိုင်း၏ သိုးမည်းများပင်ဖြစ် သည်။

Sunday, 10 May 2015

ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို ဒေါ်အောင်ဆန်းစုကြည်ချီးကျူး


မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်လာနိုင်သူတစ်ဦးအဖြစ် သတ် မှတ်ခံထားရသော သြဇာအာဏာ ကြီးမားသည့် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက အတိုက်အခံ ခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထား သည်ဟု ပြောကြားလိုက်ပြီး နောက် နိုင်ငံရေးပြိုင်ဘက်သူရ ဦးရွှေမန်း၏ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ထားကို မြန်မာလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က မေလ ၇ ရက်တွင်ချီး ကျူးလိုက်သည်။

ဆေး(၁) တွင် ဖွင့်လှစ်မည့် အင်္ဂလိပ်စာသင်တန်း လျှောက်ထားခွင့်ရရန် ညလုံးပေါက် လာရောက်စောင့်ဆိုင်းမှုများ ဖြစ်ပေါ်

ရန်ကုန်ဆေးတက္ကသိုလ် (၁)တွင် SEAMEO ကဖွင့်လှစ်မည့် Communication in English Course ဒီပလိုမာသင်တန်းတက် ရောက်ခွင့်ရရန် မေလ ၈ ရက် ညနေက လူဦးရေ ၅၀၀ ကျော်ညလုံးပေါက်လာရောက် စောင့် ဆိုင်းခဲ့ကြသော်လည်း သင်တန်း တက်ရောက်မည့်သူများပြားလွန်းသည့်အတွက် သင်တန်းရက်ကိုရွှေ့ဆိုင်းခဲ့သည်။
SEAMEO Regional Centrefor History and Tradition (SEAMEO CHAT) သည် ယခင် ရန်ကုန်တက္ကသိုလ် သီရိဆောင် တွင် သင်ကြားပေးရာမှ ၂၀၁၄ ၌ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) ၀င်းအတွင်းရှိ ငါးထပ်အ ဆောက်အအုံသို့ ပထမဆုံးပြောင်းရွှေ့သင်ကြားခဲ့ခြင်းဖြစ်သည်။
လာရောက်လျှောက်ထားသူ မှာ ထင်ထားသည်ထက်ပိုမိုများ ပြားခဲ့ကာ ကျောင်းသားမိဘများနှင့် ကျောင်းသားအချို့မှာ နံနက် ၃ နာရီကျော်သည်အထိ စောင့်ဆိုင်းခဲ့ကြသည်။

အစိုးရတပ်နှင့် ကေအိုင်အေ မန်စီမြို့နယ်တွင် လေးရက်ဆက်၍ တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် ကေအိုင် အေတို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေအတွင်း တိုက်ပွဲများ လေးရက် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်မှ လေကြောင်းကပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။
ကေအိုင်အေတပ်မဟာ(၃) နယ်မြေတပ်ရင်း (၁၂)ဒေသဖြစ် သည့် နမ့်လင်းပါ ဒေသများနှင့် တပ်ရင်း (၂၇) မဂရန်ဒေသများ တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ကေအိုင်အေ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။
‘‘ဒီနေ့လည်း မနက် ၆ နာရီ ကနေဖြစ်တယ်။ ပြီးတော့ ညနေ ပိုင်းမှာလည်း ဖြစ်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ဆိုသည်။