ရန်ကုန်မှာ ကားပါကင် ရှားပါး၊ ယာဉ်ကြောကြပ်တာကို အကြောင်းပြုပြီး စည်ပင်သာယာရေး ကော်မတီဟာ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်ဝင်ရင် နေ့အလိုက် ငွေကောက်ခံတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ အကြောင်းကတော့ နယ်မှတ်ပုံတင်နဲ့ ကားတွေ ရန်ကုန်မှာ ထားပြီး အသုံးမပြုကြစေဖို့ ဖြစ်ပါတယ်။ ဒီ စနစ် အလုပ်ဖြစ်တယ်၊ မဖြစ်ဘူး၊ အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ အသာထားလို့ အများပြည်သူတွေဆီကနေ “ငွေကောက်” တဲ့ အလုပ်ကို အားကျဟန် တူပါရဲ့။ မန္တလေးကလည်း ရန်ကုန်ကို အတုခိုး ငွေကောက်တာ လုပ်ပါတယ်။ မေလ ၁ ရက်နေ့ကစ မန္တလေး မှတ်ပုံတင် မဟုတ်တဲ့ ကားတွေကို ငွေကောက်တာ ဝေဖန်မှုတွေ များလွန်းလို့ မေလ ၄ ရက် နေ့လယ်လောက်မှာပဲ ငွေကောက်တာ ရပ်ဆိုင်းလိုက်ရပါတယ်။ ကားပါကင် ရှားပါးတာ၊ ယာဉ်ကြောကြပ်တဲ့ ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းတာ မှန်ပါသလား။ သူများဆီမှာရော ဘယ်လို ဖြေရှင်းနေကြသလဲ၊ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်။
Wednesday, 6 May 2015
မြန်မာ့စီးပွားရေးအခြေအနေ Serge Pun ဆွေးနွေး
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ဆိုရင် အစိုးရနဲ့ စီးပွားရေး အသိုင်းအ၀ိုင်း အပါအ၀င် အဘက်ဘက်က ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတဦးဖြစ်တဲ့ Serge Pun က ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က ၀ါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့ ပြုလုပ်တဲ့ ဟောပြောပွဲ အပြီး ဗွီအိုအေနဲ့ သီးသန့်ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံ မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြို့ကြီးအချို့ နေ့အပူချိန် ဆက်လက်မြင့်တက်
ရန်ကုန်အပါအဝင် နေပြည်တော်၊ မန္တလေးနှင့် မြို့ကြီးအချို့တွင် ယခုရက်ပိုင်း အတွင်း နေ့အပူချိန်များ မြင့်တက်နေ ပြီး ဆက်လက်၍လည်း မေလကုန်အထိ ဒေသအချို့တွင် နေ့အပူချိန်များ မြင့်တက်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။
နေ့အပူချိန်များ ဆက်လက် မြင့်တက်လာနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောဆိုသည်။

ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ ဇွန်လလယ်တွင်ပြုလုပ်မည်
ကရင်အမျိုးသားညီလာခံကျင်းပနိုင်ရန်အတွက် အကြိုညီလာခံတစ်ရပ် ရန်ကုန်မြို့၌ လာမည့်ဇွန်လလယ်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အဆိုပါအကြိုညီလာခံကျင်းပရေးအတွက် KUPC ပဉ္စမအကြိမ်မြောက်အစည်းအဝေးကို မေ ၁ ရက်မှ ၂ ရက်အထိ နှစ်ရက်ကြာ ပဲခူးမြို့ ၁၀ မိုင်ရှိ Shwe Pyi Resort ၌ပြုလုပ်ခဲ့ပြီး အကြိုညီလာခံကျင်းပရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကာ KUPC ပြည်နယ်နှင့် တိုင်းဒေသကြီးအဖွဲ့ခွဲရှစ်ဖွဲ့မှ စာတမ်းရှစ်စောင်တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
"အကြိုညီလာခံက ဇွန် ၁၈၊ ၁၉၊ ၂၀ လောက်မှာဖြစ်မယ်။ ရက်ကတော့ ခန့်မှန်းလျာထားတာပေါ့။ အဲဒါ ရန်ကုန်မှာပဲလုပ်မယ်" ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။

ဝန်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်
ဝန်ထမ်းများရရှိသည့် လစာဝင်ငွေကို အရစ်ကျစနစ်ဖြင့် စုဆောင်းပြီးအိမ်ဝယ်ယူနိုင်သည့် စနစ် မကြာမီစတင်နိုင်တော့မည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောသည်။ယင်းစနစ်တွင် အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းများ အကျုံးဝင် မည်ဖြစ်ပြီး နိုင်ငံတကာ၌ ၀န်ထမ်းများလစာကို လစဉ်စုဆောင်းကာ အိမ်ရာဝယ်နိုင်မည့် စနစ်များရှိပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း အဆိုပါညွှန်ကြားရေးမှူးက ဆိုသည်။‘‘ဒီစနစ်ပေါ်လာရင် အစိုးရ က လက်ရှိဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းတွေကို လက်လှမ်းမီသွားလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။
တောင်သမန်အင်း သေဆုံးခြင်း
လေအဝေ့တွင် ပုပ်အဲ့အဲ့ငါးညှီနံ့က ထောင်းထောင်း ထလာသည်။ ရန်ကုန်-မန္တလေးလမ်းမဘက်မှ ကွေ့ဝင်လာပြီး မိနစ်ပိုင်းမျှ ဆိုင်ကယ်မောင်းနှင်လိုက်သည်နှင့် မည်စည်ပင်အုပ်အုပ်ကြီးများရှိသော တောင်သမန်အင်းစောင်းကို ရောက်သည်။ အမြဲနေထိုင်သူများအတွက် ထူးခြားမှုမရှိသော်လည်း တောင်သမန်အင်းရေပြင်ကို ဖြတ်တိုက်လာသည့် လေပြည်က တစ်ခါတစ်ရံလာလည်သည့် ခရီးသွားဧည့်သည်များအတွက်တော့ အသက်ရှုကျပ်စေသည်။ တသုန်သုန်တိုက်ခတ်နေသည့် လေပြေက အေးမြလတ်ဆတ်မှုမရှိဘဲ တောင်သမန်အင်းဝန်းကျင်တွင် ပုပ်အဲ့အဲ့ငါးညှီနံ့များ ပျံ့လွင့်နေသည်။
မြောက်ကိုရီးယားတွင် ဖမ်းဆီးထားသော တောင်ကိုရီးယားနှစ်ဦးသည် မြောက်ကိုရီးယားကို သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံ
သူလျှိုမှုဖြင့် မြောက်ကိုရီးယား တွင် တရားစွဲဆိုခံနေရသော တောင် ကိုရီးယားနိုင်ငံသားနှစ်ဦးသည် တောင် ကိုရီးယားအတွက် သူလျှိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြုံယမ်း၌ ပြုလုပ်သော CNN ၏ အင်တာဗျူးတွင် ဝန်ခံခဲ့ သည်ဟု AFP သတင်းအရ သိရသည်။
ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား ရေမြောင်းထဲဟင်းရွက်ခူးစဉ် ဓာတ်လိုက်သေဆုံး
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရေမြောင်းထဲဆင်းပြီး ပိန်းရွက်ခူးတဲ့ မြန်မာ အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြပါတယ်။
မေ ၅ ရက် မနက်ခင်း ၁၁ နာရီခွဲအချိန်က ချင်းမိုင်မြို့ ကန်းကနုတ် -၁၉ စီမံကိန်းအိမ်ရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးကြောင်း အကြောင်းကြားချက်အရ သွားရောက်စစ်ဆေးရာမှာ မဲ့ခါချောင်းထဲက ပိန်းပင်တွေကြား အသက် ၂၀ ကျော်ရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးနေတာ တွေ့ရတယ်လို့ ချင်းမိုင်မြို့မရဲစခန်း တာဝန်ကျ ဒုရဲမှူး ဆူဝစ် ဗန်ယိုက သတင်းထောက်တွေကို ပြောပါတယ်။
ဆိုလာပြားခွဲဝေရေးကိစ္စ မပြေလည်၍ ခန္တီးတွင် ပြည်ခိုင်ဖြိုး ပါတီဝင် နှစ်ဆယ်ဦးပါတီမှ နုတ်ထွက်
ကျေးလက်ဒေသ မီးလင်းရေးအစီအစဉ်အရ ချပေး သော ဆိုလာပြားများခွဲဝေသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်မှ လာရောက်ဖြေရှင်းပေး ခြင်းမရှိ၍ ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီအလုပ်အမှုဆောင် အပါအ၀င် ပါတီဝင် နှစ်ဆယ်ဦး နုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ခန္တီးမြို့ ကင်းတော်ကျေးရွာ ကို ၂၀၁၂ တွင် ကျေးရွာ မီးလင်းရေးအစီအစဉ်ဖြင့် ဆိုလာပြားများချပေးရန် ရွာရှိ အိမ်ခြေစာရင်း ကောက်ခံခဲ့ရာ မူလရွာအိမ်ခြေစာရင်းအဖြစ် ၁၄၆ လုံး တင်ပြပေးခဲ့သည်ဟု သိရသည်။
ခန္တီးမြို့ ကင်းတော်ကျေးရွာ ကို ၂၀၁၂ တွင် ကျေးရွာ မီးလင်းရေးအစီအစဉ်ဖြင့် ဆိုလာပြားများချပေးရန် ရွာရှိ အိမ်ခြေစာရင်း ကောက်ခံခဲ့ရာ မူလရွာအိမ်ခြေစာရင်းအဖြစ် ၁၄၆ လုံး တင်ပြပေးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံ AA အဖွဲ့ဝင် အယောက်နှစ်ဆယ်ကို ရုံးတင်စစ်ဆေးမည်
တပ်မတော်မှ ဖမ်းဆီးထားသည့် ရက္ခိုင့်တပ်မတော် AA အဖွဲ့ဝင်များကို ရုံးတင်စစ်ဆေးနိုင်ရန် မြို့နယ်တရားရုံးတွင် မေ ၅ ရက်က ယမန်ယူလိုက်သည်ဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်က မဇ္ဈိမကိုပြောသည်။
ကျောက်တော်မြို့နယ် အတွင်းမှ ဖမ်းဆီးစစ်ဆေးခဲ့သူများအနက် အချို့ကို ပြန်လည်လွှတ်ပေးပြီး ကျန်ရှိသည့် အယောက်နှစ်ဆယ်ကို ရုံးတင်စစ်ဆေးမည်ဟု ရဲတပ်ဖွဲ့မှူးက ပြောသည်။
"ရုံးတင်မှာက ၂၀ ယောက်ပါ၊ သူတို့ကို ယမန်ယူပြီး အမှုတည်ဆောက်ပြီးရင် ရုံးတင်စစ်ဆေးမှာပါ"ဟု ပြောသည်။
ယမန်ယူပြီး ၁၅ ရက်အတွင်း ရုံးထုတ်ကာ စစ်ဆေးမည်ဖြစ်ပြီး လက်ရှိတွင် အမှုတည်ဆောက်လျှက်ရှိသည် ဟုဆိုသည်။

မြို့ပေါ်ရပ်ကွက်များအထိ KIA အဖွဲ့ ဆက်ကြေးကောက်ခံ မှုကြောင့် ဒေသ ခံပြည်သူများ စိုးရိမ်ထိတ်လန့်လာ
ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်ရပ်ကွက်များနှင့် ယင်းမြို့ပတ်ဝန်းကျင်ရှိ ဟန်ထက်ကျေးရွာတို့တွင်နေထိုင်သော နေအိမ်များအား KIAအဖွဲ့မှ ဆက်ကြေးငွေများပေးဆောင်ရန် ခြိမ်းခြောက်ပြောဆိုသွားကြောင်း ယင်းဒေသခံ အချို့ထံမှ သတင်းရရှိ သည်။
အဆိုပါဖြစ်စဉ်မှာ မေလ ၁ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်တွင် မန်စီမြို့ပေါ်ရှိ ရှမ်းလူမျိုးများ အများဆုံး နေထိုင်သည့် မောရ၀တီ ရပ်ကွက်အပါအ၀င် တစ်ခြားသော ရပ်ကွက် ၅ ခု နှင့် ယင်းမြို့ပတ်ဝန်းကျင် အနီးရှိ ဟန်ထက်ကျေးရွာအတွင်းမှ နေအိမ်များအား တစ်အိမ်ထောင်လျှင် ဆက်ကြေးငွေ ၃၀၀၀၀ ကျပ်နှုန်းပေး ဆောင်ရန် KIA အဖွဲ့မှ ကောက်ခံ သွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်းပိတ်ပင်မှုကိစ္စ တွေ့ဆုံ ရှင်းပြဖို့ တပ်မတော်ကို စာနယ်ဇင်းကောင်စီ တောင်းဆို
ဦးဖုန်ကြားရှင်ရဲ့ MNDAA ကိုးကန့်တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေကို မီဒီယာတွေမှာ မဖော်ပြဖို့ အစိုးရတပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ထံ အကြောင်းကြားထားမှုနဲ့ ပတ်သက်လို့ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံရှင်းပြဖို့ စာနယ် ဇင်းကောင်စီ (ယာယီ) က ဒီကနေ့ အကြောင်းပြန်လိုက် ပါတယ်။
တပ်မတော်ရဲ့ အကြောင်းကြားစာအပေါ်မှာ မေးခွန်း ထုတ်စရာတွေ ရှိနေတာကြောင့် တိုက်ရိုက်တွေ့ဆုံဖို့ အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ စာနယ်ဇင်းကောင် စီ(ယာယီ) ရဲ့ ဒုတိယဥက္ကဌ ဦးဖိုးသောကြာက ပြော ပါတယ်။
တပ်မတော်ရဲ့ အကြောင်းကြားစာအပေါ်မှာ မေးခွန်း ထုတ်စရာတွေ ရှိနေတာကြောင့် တိုက်ရိုက်တွေ့ဆုံဖို့ အကြောင်းပြန်လိုက်တာဖြစ်တယ်လို့ စာနယ်ဇင်းကောင် စီ(ယာယီ) ရဲ့ ဒုတိယဥက္ကဌ ဦးဖိုးသောကြာက ပြော ပါတယ်။
“၀” အဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုလုပ်ငန်းများဟာ တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးမား
မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုတွေဟာ လူတစ်ဦးတစ်ယောက်မှသည် တိုင်းပြည်တစ်ခုလုံးကိုပါ အန္တရာယ်ပေးနေသောကြောင့် တစ်ကမ္ဘာလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတာဖြစ်ပါတယ်။ အလားတူ မြန်မာနိုင်ငံ မှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေ ပေမယ့် တရုတ်-မြန်မာနယ်စပ်မှာတော့ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိနေဆဲပါ။ ဒါဖြင့်ရင် မူးယစ်ဆေးဝါးတွေ ဘယ်ကလာသလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါ မူးယစ်ရာဇာတွေလို့ နာမည်ကြီးလှတဲ့ “၀” ဒေသက လာတာ လို့ သိရပါတယ်။
Tuesday, 5 May 2015
ဝရုန်းသုန်းကား ပြည်နယ်

ရှမ်းပြည်နယ်သို့ ရောက်သွားသည့် ခရီးသည် တိုင်းဒေသခံ လက်နက်ကိုင်အဖွဲ့များ အမြောက်အမြား ရှိနေခြင်း၊ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တောင်ဘက်ပိုင်းရှိ ထိုင်းနိုင်ငံ နယ်စပ် အနီးတွင် ၎င်းတို့ လှုပ်ရှားနေကြခြင်းကို သတိမထားမိဘဲ နေနိုင်ကြမည် မဟုတ်ပါ။ သူတို့က သေနတ်များ ကိုင်ဆောင်ထားကြပြီး သူတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်များလည်း တပ်ဆင်ထားကြသည်။ ဓာတ်ဆီဆိုင် များနှင့် စီးပွားဖြစ် သီးနှံများ စိုက်ပျိုးခြင်းမှသည် မက်သဖက်တမင်းနှင့် တခြား မူးယစ်ဆေးဝါးများ ရောင်း ဝယ်ခြင်းအထိ လုပ်ကိုင်နေကြ၏။
ရင်ဘတ်နှင့် ၀မ်းဗိုက်တို့မှ ဒဏ်ရာများကြောင့် တေးနုယဉ်သေဆုံးရခြင်းဖြစ် သည်ဟု မှုခင်းဆရာဝန်ထွက်ဆို

တေးနုယဉ်သေဆုံးမှုသည် ရင်ဘတ်နှင့် ၀မ်းဗိုက်တို့ တွင် ရရှိခဲ့သောဒဏ်ရာများကြောင့် သေဆုံးခဲ့ခြင်း ဖြစ် သည် ဟု မေလ ၄ ရက် ရုံးချိန်းတွင် မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။
လွတ်မြောက်လာသူအမျိုးသမီးများ ဘိုကိုဟာရမ်အဖွဲ့၏ ရက်စက်မှု များကိုပြန်ပြော
ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဘိုကိုဟာရမ်လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးထားခြင်းမှ ပြန်လည် လွတ် မြောက်လာသူ အမျိုးသမီး များသည် ဘိုကိုဟာရမ် အဖွဲ့၏ရက်စက်မှုများကို ပြန်လည်ပြောပြခဲ့ကြသည်။
အသက်(၁ဝ၁)နှစ် အရွယ်အဘိုးအိုတစ်ဦး နီပေါငလျင်အပျက်အစီးများ ကြားမှ အသက်ရှင်လွတ်မြောက်

နီပေါငလျင် အပျက်အစီးများအောက်တွင် ခုနစ်ရက်ကြာ ရုန်းကန်ခဲ့ရ ပြီးနောက် ယမန်နေ့တွင် အသက်(၁ဝ၁)နှစ်အရွယ်ရှိ ဒေသခံအဘိုးအိုတစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်း ဒေးလီး မေးလ် သတင်းဌာနက ယမန်နေ့တွင်ဖော်ပြထားသည်။
လစ်ဗျားပင်လယ်အတွင်းမှ ဒုက္ခသည် ၅ဝဝဝ ကျော်ကို အီတလီနှင့် ပြင်သစ် သင်္ဘောများကယ်တင်

လစ်ဗျားနိုင်ငံကမ်းခြေမှ ပင်လယ်အတွင်းသို့ စွန့်စားထွက်ခွာလာသည့် ရွှေ့ပြောင်း နေထိုင်သူ ၅၈ဝဝ ခန့် ကို အီတလီနှင့်ပြင်သစ်သင်္ဘောများက ကယ်တင်နိုင်ခဲ့ကြောင်းနှင့် သေဆုံးသူ ၁ဝ ဦး၏ အလောင်းများကို ဆယ်ယူနိုင်ခဲ့ကြောင်း အေဘီစီသတင်းဌာနက ယနေ့ ဖော်ပြထားသည်။
မတေးနုယဉ်၏ ဒဏ်ရာများမှာ သေစေနိုင်ကြောင်း မှုခင်းဆရာဝန် ထွက်ဆို
ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးကို စစ်ဆေးလျက်ရှိသော သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ် အသတ်ခံရမှုအပေါ် မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ ရုံးချိန်း၌ မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းက သေဆုံးသူ မတေးနုယဉ်၏ ဒဏ်ရာများမှာ သေစေနိုင်သော ဒဏ်ရာများဖြစ်ကြောင်း ထွက်ဆိုလိုက်သည်။
စစ်တပ်က မီဒီယာကို အမိန့်ပေးနိုင်သလား
စစ်တပ်သည် စည်းကမ်းကို အခြေပြုသည့် အဖွဲ့အစည်းဖြစ်ပြီး အမိန့်နှင့် အုပ်ချုပ်သည်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဟူသည့် စကားသည် စစ်တပ်သဘောကို စကားလုံးကျစ်ကျစ်နှင့် အဓိပ္ပာယ် ဖော်ဆောင်ခြင်းဟု မြန်မာပြည်သူ အများစုက နားလည်ထားကြသည်။
Subscribe to:
Posts (Atom)

.jpg)